ေလဆိပ္အနီး ေျမပိုင္ဆိုင္မႈရမည့္ လံုးခ်င္း အေရာင္းျပပြဲ
×

လာမယ့္ႏွစ္မွာ trending ျဖစ္မယ့္ မိတ္ကပ္Look က ၂၀၁၇ခုႏွစ္နဲ႔ ဘယ္လိုကြာျခားမႈေတြ ရွိမလဲ၊ ဘယ္လို ဆန္း သစ္မႈေတြ ျဖစ္လာအံုးမလဲဆုိတာကို အလွအပႀကိဳက္တဲ့ ပ်ိဳေမေလးေတြ သိခ်င္ၾကမယ္ထင္ပါတယ္။ ဒီေတာ့… beauty blogger ေတြေတာ္ေတာ္မ်ားမ်ား လက္ခံထားၾကတဲ့ လာမယ့္ႏွစ္မွာ trending ျဖစ္လာမယ့္ မိတ္ကပ္ Look ကဘယ္လိုျဖစ္မလဲဆိုတာကို အခုပဲ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ႏႈတ္ခမ္းဖူးဖူး
ႏႈတ္ခမ္းပါးေလးနဲ႔ ရိုးရိုးရွင္းရွင္းလွတာမ်ိဳး မဟုတ္ေတာ့ဘဲ ႏႈတ္ခမ္းဖူးဖူးအလွမ်ိဳးက ပိုၿပီး လူႀကိဳက္မ်ားလာဖို႔ ရွိတယ္ လို႔ ဆိုပါတယ္။ ႏႈတ္ခမ္း Filler ထိုးတာကလည္း တစ္စထက္တစ္စ ပိုၿပီးတြင္က်ယ္လာေတာ့ ႏႈတ္ခမ္းဖူးဖူး၊ ထူထူ ေလးကို မိန္းကေလးအမ်ားစုက အႀကိဳက္ေတြ႔ေနၾကပါတယ္။ ႏႈတ္ခမ္းဖူးဖူးေလးျဖစ္ေစမယ့္ Lip Balm နဲ႔ ႏႈတ္ ခမ္းသားဖူးဖူး စိုစုိေလးျဖစ္ေနေစမယ့္ ႏႈတ္ခမ္းနီမ်ိဳး ေခတ္စားလာႏုိင္ပါတယ္။

(၂) Cat Eyeliner
အိုင္းလိုင္နာကလည္း အလွႀကိိဳက္တဲ့ပ်ိဳေမေတြအတြက္ မရွိမျဖစ္ အလွကုန္ပစၥည္းတစ္မ်ိဳးပါပဲ။ လာမယ့္ႏွစ္မွာေတာ့ မ်က္လံုးကို အိုင္းလိုင္နာအမည္းေတြျခယ္တဲ့ makeup Look ကလည္း trending ျဖစ္လာအံုးမွာပါ။ မ်က္လံုးအလွကို ဝင့္ၾကြားေစမယ့္ cat eyelinerလိုမ်ိဳး သိသာထင္ရွားလြန္းတဲ့ အိုင္းလိုင္နာျခယ္နည္းေတြ ျပန္လည္ေခတ္စားလာဖို႔ ရွိပါတယ္။

(၃) အေရာင္ေတာက္ေတာက္အိုင္းရွဲဒိုး
အခုလတ္တေလာ အြန္လိုင္းေရွာ့ပင္းဝက္ဘ္ဆိုက္ေတြမွာ အေရာင္ေတာက္ေတာက္ အိုင္းရဲွဒိုးေတြကို ပိုၿပီးဝယ္ ယူေနၾကတာကို ေတြ႔ရပါတယ္။ မိန္းကေလး ၆၃ရာခုိင္ႏႈန္းေလာက္က အေရာင္ေတာက္တဲ့ အိုင္းရွဲဒိုးေတြကို ႀကိဳက္ႏွစ္သက္ၾကတဲ့အတြက္ လာမယ့္ႏွစ္မွာလည္း ဒီလိုေတာက္ပတဲ့အိုင္းရွဲဒိုးေတြ ေခတ္စားလာအံုးမွာပါ။

(၄) သဘာဝဆန္တဲ့မိတ္ကပ္Look
မိတ္ကပ္ထူထူႀကီးေတြ လိမ္းမယ့္အစား သဘာဝဆန္တဲ့ အလွတရားေလးက ပိုၿပီးဆြဲေဆာင္မႈ ရွိပါတယ္။ ေဖာင္ေဒးရွင္းကိုလည္း အသားနဲ႔တစ္ထပ္တည္းက်တဲ့ ကာလာမ်ိဳးေရြးခ်ယ္သင့္ၿပီးေတာ့ သဘာဝဆန္ ဆန္ေလးအ တုိင္း လွေနမယ့္ မိတ္ကပ္ Look မ်ိဳးက လာမယ့္ႏွစ္မွာ trending ျဖစ္လာမယ့္ makeup trend တစ္ခုပါပဲ။

(၅) Red highlighter
၂၀၁၇ ခုႏွစ္အတြင္းမွာေတာ့ ေျပာင္လက္လက္ Highlighter ေတြက ပိုၿပီး အသံုးျပဳတာမ်ားတယ္လို႔ ဆိုရပါမယ္။ ဒါေပမယ့္ လာမယ့္ႏွစ္မွာေတာ့ အနီေရာင္ဟိုက္လိုက္က ပိုၿပီးေခတ္စားလာႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
လာမယ့်နှစ်မှာ trending ဖြစ်မယ့် မိတ်ကပ်Look က ၂၀၁၇ခုနှစ်နဲ့ ဘယ်လိုကွာခြားမှုတွေ ရှိမလဲ၊ ဘယ်လို ဆန်း သစ်မှုတွေ ဖြစ်လာအုံးမလဲဆိုတာကို အလှအပကြိုက်တဲ့ ပျိုမေလေးတွေ သိချင်ကြမယ်ထင်ပါတယ်။ ဒီတော့… beauty blogger တွေတော်တော်များများ လက်ခံထားကြတဲ့ လာမယ့်နှစ်မှာ trending ဖြစ်လာမယ့် မိတ်ကပ် Look ကဘယ်လိုဖြစ်မလဲဆိုတာကို အခုပဲ ဖော်ပြပေးလိုက်ပါတယ်။

(၁) နှုတ်ခမ်းဖူးဖူး
နှုတ်ခမ်းပါးလေးနဲ့ ရိုးရိုးရှင်းရှင်းလှတာမျိုး မဟုတ်တော့ဘဲ နှုတ်ခမ်းဖူးဖူးအလှမျိုးက ပိုပြီး လူကြိုက်များလာဖို့ ရှိတယ် လို့ ဆိုပါတယ်။ နှုတ်ခမ်း Filler ထိုးတာကလည်း တစ်စထက်တစ်စ ပိုပြီးတွင်ကျယ်လာတော့ နှုတ်ခမ်းဖူးဖူး၊ ထူထူ လေးကို မိန်းကလေးအများစုက အကြိုက်တွေ့နေကြပါတယ်။ နှုတ်ခမ်းဖူးဖူးလေးဖြစ်စေမယ့် Lip Balm နဲ့ နှုတ် ခမ်းသားဖူးဖူး စိုစိုလေးဖြစ်နေစေမယ့် နှုတ်ခမ်းနီမျိုး ခေတ်စားလာနိုင်ပါတယ်။

(၂) Cat Eyeliner
အိုင်းလိုင်နာကလည်း အလှကြိုက်တဲ့ပျိုမေတွေအတွက် မရှိမဖြစ် အလှကုန်ပစ္စည်းတစ်မျိုးပါပဲ။ လာမယ့်နှစ်မှာတော့ မျက်လုံးကို အိုင်းလိုင်နာအမည်းတွေခြယ်တဲ့ makeup Look ကလည်း trending ဖြစ်လာအုံးမှာပါ။ မျက်လုံးအလှကို ဝင့်ကြွားစေမယ့် cat eyelinerလိုမျိုး သိသာထင်ရှားလွန်းတဲ့ အိုင်းလိုင်နာခြယ်နည်းတွေ ပြန်လည်ခေတ်စားလာဖို့ ရှိပါတယ်။

(၃) အရောင်တောက်တောက်အိုင်းရှဲဒိုး
အခုလတ်တလော အွန်လိုင်းရှော့ပင်းဝက်ဘ်ဆိုက်တွေမှာ အရောင်တောက်တောက် အိုင်းရဲှဒိုးတွေကို ပိုပြီးဝယ် ယူနေကြတာကို တွေ့ရပါတယ်။ မိန်းကလေး ၆၃ရာခိုင်နှုန်းလောက်က အရောင်တောက်တဲ့ အိုင်းရှဲဒိုးတွေကို ကြိုက်နှစ်သက်ကြတဲ့အတွက် လာမယ့်နှစ်မှာလည်း ဒီလိုတောက်ပတဲ့အိုင်းရှဲဒိုးတွေ ခေတ်စားလာအုံးမှာပါ။

(၄) သဘာဝဆန်တဲ့မိတ်ကပ်Look
မိတ်ကပ်ထူထူကြီးတွေ လိမ်းမယ့်အစား သဘာဝဆန်တဲ့ အလှတရားလေးက ပိုပြီးဆွဲဆောင်မှု ရှိပါတယ်။ ဖောင်ဒေးရှင်းကိုလည်း အသားနဲ့တစ်ထပ်တည်းကျတဲ့ ကာလာမျိုးရွေးချယ်သင့်ပြီးတော့ သဘာဝဆန် ဆန်လေးအ တိုင်း လှနေမယ့် မိတ်ကပ် Look မျိုးက လာမယ့်နှစ်မှာ trending ဖြစ်လာမယ့် makeup trend တစ်ခုပါပဲ။

(၅) Red highlighter
၂၀၁၇ ခုနှစ်အတွင်းမှာတော့ ပြောင်လက်လက် Highlighter တွေက ပိုပြီး အသုံးပြုတာများတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် လာမယ့်နှစ်မှာတော့ အနီရောင်ဟိုက်လိုက်က ပိုပြီးခေတ်စားလာနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top