ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# ZawGyiျဖင့္ဖတ္ရန္

လူႀကိဳက္မ်ားသည့္ စစ္ပြဲဂိမ္းမ်ားအျပင္ အေမရိကန္ စစ္ဘက္သုံး သတင္း ကြန္ရက္မ်ားအတြင္း ေဖာက္ထြင္းဝင္ ေရာက္ခဲ့သည့္ ျမန္မာဟက္ကာ M4L အဖြဲ႕မွ အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Thein Htun Win အမည္ရွိ လူငယ္ေလးတစ္ဦး ထြက္ေပၚလာေၾကာင္း ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၃ ရက္တြင္ အေမရိကန္ အစိုးရ ေရွ႕ေနမ်ားက ေျပာၾကားသည္။

“ေ႐ႊျမန္မာေတြအတြက္ ဂုဏ္ယူစရာပါဗ်ာ ယေန႔မ်က္ေမွာက္ေခတ္မွာ ယခုလို ပါရမီရွင္ဆိုတာ တကယ္ပဲရွားပါးပါတယ္။ ခုဆိုရင္ ကြၽန္ေတာ္တို႔အဖြဲ႕ထဲက ဒီလူငယ္ေလးဟာ အေမရီကန္ ဝက္ဆိုဒ္ေပါင္း ၃၀ ေက်ာ္ႏွင့္ ေဆာ့ဝဲလ္ ဂိမ္းေပါင္းေျမာက္မ်ားစြာကို ဟက္ထားႏိုင္ခဲ့ပါၿပီ။ ယခုလို ဟက္လို႔ ရထားတဲ့ အက်ိဳးအျမတ္ထဲက မိဘမဲ့ ကေလးမ်ားေက်ာင္းတို႔ ဘိုးဘြားရိပ္သာတို႔ သြားေရာက္လႉဒါန္းမွာပါ” ဟု M4L အဖြဲ႕ေခါင္းေဆာင္ ဦးသားစစ္မွ ဆိုသည္။

အဆိုပါ ဟက္ကာသမားေလးသည္ ရဟတ္ယာဥ္မႉးမ်ား ေလ့က်င့္ရာတြင္ အသုံးျပဳသည့္ ပ႐ိုဂရမ္မ်ားႏွင့္ ယေန႔အခ်ိန္ထိ ထုတ္လႊင့္ျခင္း မရွိေသးသည့္ စစ္ပြဲဂိမ္းမ်ား ျဖစ္ ေသာ”Gears of War 3″င့္ “Call of Duty: Modern Warfare 3” ဂိမ္းမ်ားအတြင္း ေဖာက္ထြင္း ဝင္ေရာက္ခဲ့ၿပီး အေမရိကန္ ေဒၚလာသန္း ၁ဝဝ တန္ဖိုးရွိ ေဆာ့ဖ္ဝဲလ္မ်ားႏွင့္ သတင္းအခ်က္ အလက္မ်ားကို ေဖာက္ထြင္း ခိုးယူသြားခဲ့ေၾကာင္း လက္ေထာက္ ေရွ႕ေနခ်ဳပ္ လက္စ္လိုင္းကား လ္ဝဲလ္က ေျပာၾကားသည္။

အဆိုပါ ဟက္ကာေလးသည္ အေမရိကန္ ရဟတ္ယာဥ္မႉးမ်ား ေလ့က်င့္ရာတြင္ အသုံးျပဳသည့္ ေဆာ့ဖ္ဝဲလ္မ်ားမွ အေမရိကန္ ေဒၚလာသန္းေပါင္းမ်ားစြာ တန္ဖိုးရွိသည့္ Xboxဂိမ္းမ်ားအထိ အဆင့္ျမင့္ နည္းပညာသုံး အေမရိကန္ ထုတ္ကုန္ ပစၥည္းမ်ားတြင္ အသုံးျပဳထားသည့္ ကုန္သြယ္မႈ လွ်ိဳ႕ဝွက္ သတင္းအခ်က္ အလက္မ်ားကို ေဖာက္ထြင္း ခိုးယူ ခဲ့ၾကေၾကာင္း လက္စ္လိုင္းကား လ္ဝဲလ္က ထပ္ေလာင္းေျပာၾကားသည္။

အႀကီးတန္းသတင္းေထာက္ – ေနထူးႏိုင္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Search Myanmar

# Unicode Version ျဖင့္ ဖတ္ပါ #

လူကြိုက်များသည့် စစ်ပွဲဂိမ်းများအပြင် အမေရိကန် စစ်ဘက်သုံး သတင်း ကွန်ရက်များအတွင်း ဖောက်ထွင်းဝင် ရောက်ခဲ့သည့် မြန်မာဟက်ကာ M4L အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Thein Htun Win အမည်ရှိ လူငယ်လေးတစ်ဦး ထွက်ပေါ်လာကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်တွင် အမေရိကန် အစိုးရ ရှေ့နေများက ပြောကြားသည်။

“ရွှေမြန်မာတွေအတွက် ဂုဏ်ယူစရာပါဗျာ ယနေ့မျက်မှောက်ခေတ်မှာ ယခုလို ပါရမီရှင်ဆိုတာ တကယ်ပဲရှားပါးပါတယ်။ ခုဆိုရင် ကျွန်တော်တို့အဖွဲ့ထဲက ဒီလူငယ်လေးဟာ အမေရီကန် ဝက်ဆိုဒ်ပေါင်း ၃၀ ကျော်နှင့် ဆော့ဝဲလ် ဂိမ်းပေါင်းမြောက်များစွာကို ဟက်ထားနိုင်ခဲ့ပါပြီ။ ယခုလို ဟက်လို့ ရထားတဲ့ အကျိုးအမြတ်ထဲက မိဘမဲ့ ကလေးများကျောင်းတို့ ဘိုးဘွားရိပ်သာတို့ သွားရောက်လှူဒါန်းမှာပါ” ဟု M4L အဖွဲ့ခေါင်းဆောင် ဦးသားစစ်မှ ဆိုသည်။

အဆိုပါ ဟက်ကာသမားလေးသည် ရဟတ်ယာဉ်မှူးများ လေ့ကျင့်ရာတွင် အသုံးပြုသည့် ပရိုဂရမ်များနှင့် ယနေ့အချိန်ထိ ထုတ်လွှင့်ခြင်း မရှိသေးသည့် စစ်ပွဲဂိမ်းများ ဖြစ် သော”Gears of War 3″င့် “Call of Duty: Modern Warfare 3” ဂိမ်းများအတွင်း ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီး အမေရိကန် ဒေါ်လာသန်း ၁ဝဝ တန်ဖိုးရှိ ဆော့ဖ်ဝဲလ်များနှင့် သတင်းအချက် အလက်များကို ဖောက်ထွင်း ခိုးယူသွားခဲ့ကြောင်း လက်ထောက် ရှေ့နေချုပ် လက်စ်လိုင်းကား လ်ဝဲလ်က ပြောကြားသည်။

အဆိုပါ ဟက်ကာလေးသည် အမေရိကန် ရဟတ်ယာဉ်မှူးများ လေ့ကျင့်ရာတွင် အသုံးပြုသည့် ဆော့ဖ်ဝဲလ်များမှ အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် Xboxဂိမ်းများအထိ အဆင့်မြင့် နည်းပညာသုံး အမေရိကန် ထုတ်ကုန် ပစ္စည်းများတွင် အသုံးပြုထားသည့် ကုန်သွယ်မှု လျှို့ဝှက် သတင်းအချက် အလက်များကို ဖောက်ထွင်း ခိုးယူ ခဲ့ကြကြောင်း လက်စ်လိုင်းကား လ်ဝဲလ်က ထပ်လောင်းပြောကြားသည်။

အကြီးတန်းသတင်းထောက် – နေထူးနိုင်

ဖိုးသူတော် (www.phothutaw.com)
Credit: Search Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top