×

အသက္ ၁၈ နွစ္အရြယ္ျဖစ္တဲ့ ဆယ္ေက်ာ္သက္ေကာင္ေလး David Aguilar ဟာေမြးကတည္းက လက္တစ္ ဖက္မပါခဲ့တဲ့အတြက္ လက္အတုတစ္ဖက္ကို ျပဳလုပ္ဖို႕အိမ္မက္မက္ခဲ့ဖူးပါတယ္။ ယခု Christmas မွာေတာ့ သူဟာ သူ႔အိမ္မက္ကို အေကာင္အထည္ေဖာ္နိုင္ခဲ့ပါတယ္။

David ကသူူ႔ရဲ႕ အိမ္မက္ျဖစ္တဲ့ လက္အတုကို lego တံုးေလးေတြနဲ႔ တီထြင္္ခဲ့ျပီး ပစၥည္းအရာ၀တၳဳမ်ားကို ကိုင္တြယ္နိုင္ေၾကာင္း ဗီဒီယိုရိုက္ မွတ္တမ္းတင္ခဲ့ပါတယ္။

David ရဲ႕ လက္ဟာ ငယ္ငယ္က ေကာင္းေကာင္းမဖြံျဖိဳးခဲ့တဲ့အတြက္ လက္တစ္ဖက္ကို အသံုးျပဳနိုင္ခဲ့ျပီး အခုလည္း အဲ့ဒီလက္တစ္ဖက္တည္းနဲ႔ ကေလးကစားစရာအရုပ္ေတြကို စုေပါင္းျပီးတီထြင္ခဲ့ပါတယ္။ David ကေတာ့ သူရဲ႕လက္တုကို လႈပ္ရွားလိုက္တဲ့အခါမွာ လက္ေခ်ာင္းေလးေတြ လႈပ္သြားျပီး ပစၥည္းအခ်ိဳ႕ကိုလည္း ကိုင္တြယ္ျပခဲ့ပါတယ္။

David ဟာလက္ရွိမွာေတာ့ အထက္တန္းတက္ေနျပီး စက္မႈနည္းပညာကို သင္ယူေနပါ တယ္။ IT နဲ႔ စက္ရုပ္တီထြင္ရာမွာ စိတ္၀င္စားျပီး အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ခ်င္တယ္လို႔ ေျပာခဲ့ပါတယ္။ သူကိုယ္တိုင္ တီထြင္ထားတဲ့ Lego အတံုးေလးေတြနဲ႔ အသက္ဝင္ေနတဲ့ လက္အတုကို ရႈစားၾကည့္ပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: POPOLAY

# Unicode Version ျဖင့္ ဖတ္ပါ #
အသက် ၁၈ နှစ်အရွယ်ဖြစ်တဲ့ ဆယ်ကျော်သက်ကောင်လေး David Aguilar ဟာမွေးကတည်းက လက်တစ် ဖက်မပါခဲ့တဲ့အတွက် လက်အတုတစ်ဖက်ကို ပြုလုပ်ဖို့အိမ်မက်မက်ခဲ့ဖူးပါတယ်။ ယခု Christmas မှာတော့ သူဟာ သူ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

David ကသူူ့ရဲ့ အိမ်မက်ဖြစ်တဲ့ လက်အတုကို lego တုံးလေးတွေနဲ့ တီထွင်ခဲ့ပြီး ပစ္စည်းအရာဝတ္ထုများကို ကိုင်တွယ်နိုင်ကြောင်း ဗီဒီယိုရိုက် မှတ်တမ်းတင်ခဲ့ပါတယ်။

David ရဲ့ လက်ဟာ ငယ်ငယ်က ကောင်းကောင်းမဖွံဖြိုးခဲ့တဲ့အတွက် လက်တစ်ဖက်ကို အသုံးပြုနိုင်ခဲ့ပြီး အခုလည်း အဲ့ဒီလက်တစ်ဖက်တည်းနဲ့ ကလေးကစားစရာအရုပ်တွေကို စုပေါင်းပြီးတီထွင်ခဲ့ပါတယ်။ David ကတော့ သူရဲ့လက်တုကို လှုပ်ရှားလိုက်တဲ့အခါမှာ လက်ချောင်းလေးတွေ လှုပ်သွားပြီး ပစ္စည်းအချို့ကိုလည်း ကိုင်တွယ်ပြခဲ့ပါတယ်။

David ဟာလက်ရှိမှာတော့ အထက်တန်းတက်နေပြီး စက်မှုနည်းပညာကို သင်ယူနေပါ တယ်။ IT နဲ့ စက်ရုပ်တီထွင်ရာမှာ စိတ်ဝင်စားပြီး အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။ သူကိုယ်တိုင် တီထွင်ထားတဲ့ Lego အတုံးလေးတွေနဲ့ အသက်ဝင်နေတဲ့ လက်အတုကို ရှုစားကြည့်ပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit: POPOLAY
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top