(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

SHINee အဖြဲ႕ဝင္ Jonghyun က မိမိကုိယ္ကိုယ္ ေသေၾကာင္းၾကံရတဲ့အေၾကာင္းကို စာေရးၿပီးထားခဲ့တာျဖစ္ပါတယ္။

သူ႔ရဲ႕အခင္ဆံုးသူငယ္ခ်င္းတစ္ဦးျဖစ္တဲ့ Dear Cloud အဖြဲ႕ဝင္ Nine9 က Jonghyun ရဲ႕မိသားစု ခြင့္ျပဳခ်က္နဲ႔ အဲဒီစာကို ျပသခဲ့တာျဖစ္ပါတယ္။

"သူ႔ရဲ႕ေသတမ္းစာကို ကၽြန္မ အခုလို ျပသသင့္ရဲ႕လားဆုိတာ ကၽြန္မ မေဝခြဲတတ္ပါဘူး။ ဒါေပမဲ့ သူ ကမာၻႀကီးက ထြက္ခြာသြားခဲ့ရင္ သူ႔ရဲ႕ ေနာက္ဆံုးစကားေတြကို ျပသေပးဖို႔ ေတာင္းဆုိထားခဲ့လို႔ပါ" လုိ႔ Nine9 က ဆိုထားပါတယ္။

ကိုရီးယားဘာသာစကားနဲ႔ Jonghyun ေရးသားခဲ့တဲ့စာရဲ႕အဓိပၸာယ္ကေတာ့...

"ကၽြန္ေတာ္ဟာ ဟိုးအတြင္းပိုင္းထဲကေန က်ဳိးျပတ္ေၾကမြေနပါၿပီ။ ကၽြန္ေတာ့္ဆီကို တျဖည္းျဖည္းခ်င္း ၀ါးၿမိဳေနတဲ့ စိတ္ဓာတ္က်ဆင္းမႈက ေနာက္ဆံုးမွာ ကၽြန္ေတာ့္တစ္ကိုယ္လံုးကို ဝါးၿမိဳသြားၿပီ။ သူ႔ကို ကၽြန္ေတာ္ အႏုိင္မတိုက္ႏိုင္ခဲ့ဘူး။ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတ္ အရမ္းမုန္းတီးတယ္။ အဆက္စပ္မရွိတဲ့ ကၽြန္ေတာ့္ရဲ႕ အမွတ္တရေတြကို ဖမ္းဆုပ္ၿပီး အတူတကြ ပူးေပါင္းေပးဖို႔ ကၽြန္ေတာ္ ေအာ္မိတယ္။

ဒါေပမဲ့ ဘာတံု႔ျပန္မႈမွ မရဘူး။  အသက္ကို ေကာင္းေကာင္း႐ွဴႏုိင္ဖို႔ ကၽြန္ေတာ္ကိုယ္ ကၽြန္ေတာ္ မလုပ္ႏုိင္ဘူးဆုိရင္ အသက္႐ွဴမႈကို ရပ္တန္႔လိုက္တာက ပိုေကာင္းပါတယ္။ ကၽြန္ေတာ့္အတြက္ ဘယ္သူ႔မွာ တာဝန္ရွိလဲလို႔ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ေမးလိုက္တယ္။ ကၽြန္ေတာ္ပဲေလ။ ကၽြန္ေတာ္တစ္ေယာက္တည္း ေရရြတ္မိတယ္။

အဆံုးသတ္အေၾကာင္း ေျပာဖုိ႔က လြယ္ပါတယ္။ တကယ္အဆံုးသတ္ဖို႔က ခက္တယ္။ အဲဒီလို ခက္ေနလို႔သာ ကၽြန္ေတာ္ အခုထိ အသက္ရွင္ေနတာ။ ကၽြန္ေတာ္ ထြက္ေျပးခ်င္တယ္လို႔ ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ေျပာမိတယ္။ ဟုတ္တယ္... ကၽြန္ေတာ္ ထြက္ေျပးခ်င္တယ္။

ကိုယ့္ကိုယ္ကိုယ္ဆီကေရာ..ခင္ဗ်ားတုိ႔ဆီကေရာ။ အဲဒီမွာ ဘယ္သူရွိလဲလို႔ ကၽြန္ေတာ္ ေမးမိတယ္။ ကၽြႏ္ေတာ္ပဲ ျဖစ္ေနျပန္တယ္။

ကၽြန္ေတာ္ ဘာေၾကာင့္ေသတာလဲလို႔ ေမးရင္ေတာ့ အေျဖကေတာ့ ကၽြန္ေတာ္ ေျခကုန္လက္ပန္းက်သြားလို႔ပါပဲ။ ကၽြန္ေတာ္ ခံစားခဲ့ရတယ္၊ ေတြေဝခဲ့တယ္။  ေျခကုန္လက္ပန္းက်ၿပီး နာက်င္ေနတာကို ခ်မ္းေျမ့ေပ်ာ္ရႊင္မႈအျဖစ္ ဘယ္လိုေျပာင္းရမလဲ ကၽြန္ေတာ္ မသိဘူး။ နာက်င္မႈပဲရွိတယ္။ ဒီလိုမလုပ္ဖို႔ သူတုိ႔က ကၽြန္ေတာ့္ကို ေအာ္တယ္။

ဘာေၾကာင့္လဲ ကၽြန္ေတာ္ အဆံုးသတ္ခ်င္တဲ့ နည္းလမ္းနဲ႔ ဘာလို႔ အဆံုးမသတ္ႏိုင္ရတာလဲ။ ဘာေၾကာင့္ ကၽြန္ေတာ္ နာက်င္ရတာလဲဆုိတာကို ရွာေဖြဖို႔ သူတုိ႔က ေျပာတယ္။ ကၽြန္ေတာ္လည္း ေကာင္းေကာင္းသိတာေပါ့။ ကၽြန္ေတာ့္ေၾကာင့္ ကၽြန္ေတာ္ နာက်င္ရတာ။

အားလံုးက ကၽြန္ေတာ့္အမွားေတြ။ ကၽြန္ေတာ့္ရဲ႕လိုအပ္ခ်က္ေၾကာင့္ျဖစ္တာ။ ေဒါက္တာေရ..ခင္ဗ်ားၾကားခ်င္တာ အဲဒါလား။ မဟုတ္ဘူး။ ကၽြန္ေတာ္ ဘာအမွားမွ မလုပ္ခဲ့ဘူး။ ျငင္သာတဲ့အသံေလးက ကၽြန္ေတာ့္ရဲ႕ပင္ကိုစ႐ိုက္ကို အျပစ္တင္ေနခ်ိန္မွာ  ဆရာဝန္ျဖစ္တာ လြယ္လိုက္တာလို႔ ကၽြန္ေတာ္ ေတြးေနမိတယ္။

ကမာၻႀကီးနဲ႔ အခ်င္းမ်ားဖို႔က ကၽြန္ေတာ့္အတြက္ မဟုတ္ဘူး။ ေက်ာ္ၾကားတဲ့ဘဝက ကၽြန္ေတာ့္အတြက္ ဘယ္ေတာ့မွ မဟုတ္ခဲ့ဘူး။ နာက်င္ရတဲ့ အဓိက အေၾကာင္းရင္းက အဲဒါပဲ။ ကၽြႏ္ေတာ္ နာမည္ႀကီးလို႔ပဲ။ ဘာလို႔မ်ား ကၽြန္ေတာ္ ဒါကို ေရြးခ်ယ္မိပါလိမ့္။ အရမ္းကို ရယ္စရာေကာင္းတယ္။ ကၽြန္ေတာ္ ဘာေၾကာင့္ ဒီေလာက္ထိ ေနႏိုင္တာလဲဆုိတာ အံ့ၾသစရာျဖစ္ေနတယ္။

ကၽြန္ေတာ္ ဘာေျပာႏုိင္မွာလဲ။ ကၽြန္ေတာ္ေကာင္းေကာင္းလုပ္ခဲ့တယ္လို႔ပဲ ေျပာပါ။ ကၽြန္ေတာ္ အရမး္ႀကိဳးစားခဲ့တယ္လို႔ ေျပာပါ။ ခင္ဗ်ားတို႔ မျပံဳးႏုိင္ဘူးဆုိရင္ေတာင္ ကၽြန္ေတာ့္ခရီးမွာ ကၽြန္ေတာ့္ကို အျပစ္မဆုိပါနဲ႔။ ခင္ဗ်ားတုိ႔ ေကာင္းေကာင္းလုပ္ခဲ့ပါတယ္။ ခင္ဗ်ားတို႔ ေကာင္းေကာင္းႀကိဳးစားခဲ့ပါတယ္။ Good Bye "

အသက္ ၂၇ ႏွစ္အရြယ္  Jonhyun ဟာ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ ကာဗြန္မိုေနာက္ဆုိဒ္ေငြ႕ကို ႐ွဴၿပီး ကိုယ့္ကိုယ့္ကိုယ္ သတ္ေသသြားခဲ့တာျဖစ္ပါတယ္။

Source : Mirror

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version ျဖင့္ ဖတ္ပါ #
SHINee အဖွဲ့ဝင် Jonghyun က မိမိကိုယ်ကိုယ် သေကြောင်းကြံရတဲ့အကြောင်းကို စာရေးပြီးထားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့အခင်ဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ Dear Cloud အဖွဲ့ဝင် Nine9 က Jonghyun ရဲ့မိသားစု ခွင့်ပြုချက်နဲ့ အဲဒီစာကို ပြသခဲ့တာဖြစ်ပါတယ်။

"သူ့ရဲ့သေတမ်းစာကို ကျွန်မ အခုလို ပြသသင့်ရဲ့လားဆိုတာ ကျွန်မ မဝေခွဲတတ်ပါဘူး။ ဒါပေမဲ့ သူ ကမ္ဘာကြီးက ထွက်ခွာသွားခဲ့ရင် သူ့ရဲ့ နောက်ဆုံးစကားတွေကို ပြသပေးဖို့ တောင်းဆိုထားခဲ့လို့ပါ" လို့ Nine9 က ဆိုထားပါတယ်။

ကိုရီးယားဘာသာစကားနဲ့ Jonghyun ရေးသားခဲ့တဲ့စာရဲ့အဓိပ္ပာယ်ကတော့...

"ကျွန်တော်ဟာ ဟိုးအတွင်းပိုင်းထဲကနေ ကျိုးပြတ်ကြေမွနေပါပြီ။ ကျွန်တော့်ဆီကို တဖြည်းဖြည်းချင်း ဝါးမြိုနေတဲ့ စိတ်ဓာတ်ကျဆင်းမှုက နောက်ဆုံးမှာ ကျွန်တော့်တစ်ကိုယ်လုံးကို ဝါးမြိုသွားပြီ။ သူ့ကို ကျွန်တော် အနိုင်မတိုက်နိုင်ခဲ့ဘူး။ ကျွန်တော့်ကိုယ်ကျွန်တေ် အရမ်းမုန်းတီးတယ်။ အဆက်စပ်မရှိတဲ့ ကျွန်တော့်ရဲ့ အမှတ်တရတွေကို ဖမ်းဆုပ်ပြီး အတူတကွ ပူးပေါင်းပေးဖို့ ကျွန်တော် အော်မိတယ်။

ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရဘူး။  အသက်ကို ကောင်းကောင်းရှူနိုင်ဖို့ ကျွန်တော်ကိုယ် ကျွန်တော် မလုပ်နိုင်ဘူးဆိုရင် အသက်ရှူမှုကို ရပ်တန့်လိုက်တာက ပိုကောင်းပါတယ်။ ကျွန်တော့်အတွက် ဘယ်သူ့မှာ တာဝန်ရှိလဲလို့ ကျွန်တော့်ကိုယ်ကျွန်တော် မေးလိုက်တယ်။ ကျွန်တော်ပဲလေ။ ကျွန်တော်တစ်ယောက်တည်း ရေရွတ်မိတယ်။

အဆုံးသတ်အကြောင်း ပြောဖို့က လွယ်ပါတယ်။ တကယ်အဆုံးသတ်ဖို့က ခက်တယ်။ အဲဒီလို ခက်နေလို့သာ ကျွန်တော် အခုထိ အသက်ရှင်နေတာ။ ကျွန်တော် ထွက်ပြေးချင်တယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ပြောမိတယ်။ ဟုတ်တယ်... ကျွန်တော် ထွက်ပြေးချင်တယ်။

ကိုယ့်ကိုယ်ကိုယ်ဆီကရော..ခင်ဗျားတို့ဆီကရော။ အဲဒီမှာ ဘယ်သူရှိလဲလို့ ကျွန်တော် မေးမိတယ်။ ကျွန်တော်ပဲ ဖြစ်နေပြန်တယ်။

ကျွန်တော် ဘာကြောင့်သေတာလဲလို့ မေးရင်တော့ အဖြေကတော့ ကျွန်တော် ခြေကုန်လက်ပန်းကျသွားလို့ပါပဲ။ ကျွန်တော် ခံစားခဲ့ရတယ်၊ တွေဝေခဲ့တယ်။  ခြေကုန်လက်ပန်းကျပြီး နာကျင်နေတာကို ချမ်းမြေ့ပျော်ရွှင်မှုအဖြစ် ဘယ်လိုပြောင်းရမလဲ ကျွန်တော် မသိဘူး။ နာကျင်မှုပဲရှိတယ်။ ဒီလိုမလုပ်ဖို့ သူတို့က ကျွန်တော့်ကို အော်တယ်။

ဘာကြောင့်လဲ ကျွန်တော် အဆုံးသတ်ချင်တဲ့ နည်းလမ်းနဲ့ ဘာလို့ အဆုံးမသတ်နိုင်ရတာလဲ။ ဘာကြောင့် ကျွန်တော် နာကျင်ရတာလဲဆိုတာကို ရှာဖွေဖို့ သူတို့က ပြောတယ်။ ကျွန်တော်လည်း ကောင်းကောင်းသိတာပေါ့။ ကျွန်တော့်ကြောင့် ကျွန်တော် နာကျင်ရတာ။

အားလုံးက ကျွန်တော့်အမှားတွေ။ ကျွန်တော့်ရဲ့လိုအပ်ချက်ကြောင့်ဖြစ်တာ။ ဒေါက်တာရေ..ခင်ဗျားကြားချင်တာ အဲဒါလား။ မဟုတ်ဘူး။ ကျွန်တော် ဘာအမှားမှ မလုပ်ခဲ့ဘူး။ ငြင်သာတဲ့အသံလေးက ကျွန်တော့်ရဲ့ပင်ကိုစရိုက်ကို အပြစ်တင်နေချိန်မှာ  ဆရာဝန်ဖြစ်တာ လွယ်လိုက်တာလို့ ကျွန်တော် တွေးနေမိတယ်။

ကမ္ဘာကြီးနဲ့ အချင်းများဖို့က ကျွန်တော့်အတွက် မဟုတ်ဘူး။ ကျော်ကြားတဲ့ဘဝက ကျွန်တော့်အတွက် ဘယ်တော့မှ မဟုတ်ခဲ့ဘူး။ နာကျင်ရတဲ့ အဓိက အကြောင်းရင်းက အဲဒါပဲ။ ကျွန်တော် နာမည်ကြီးလို့ပဲ။ ဘာလို့များ ကျွန်တော် ဒါကို ရွေးချယ်မိပါလိမ့်။ အရမ်းကို ရယ်စရာကောင်းတယ်။ ကျွန်တော် ဘာကြောင့် ဒီလောက်ထိ နေနိုင်တာလဲဆိုတာ အံ့သြစရာဖြစ်နေတယ်။

ကျွန်တော် ဘာပြောနိုင်မှာလဲ။ ကျွန်တော်ကောင်းကောင်းလုပ်ခဲ့တယ်လို့ပဲ ပြောပါ။ ကျွန်တော် အရမ်းကြိုးစားခဲ့တယ်လို့ ပြောပါ။ ခင်ဗျားတို့ မပြုံးနိုင်ဘူးဆိုရင်တောင် ကျွန်တော့်ခရီးမှာ ကျွန်တော့်ကို အပြစ်မဆိုပါနဲ့။ ခင်ဗျားတို့ ကောင်းကောင်းလုပ်ခဲ့ပါတယ်။ ခင်ဗျားတို့ ကောင်းကောင်းကြိုးစားခဲ့ပါတယ်။ Good Bye "

အသက် ၂၇ နှစ်အရွယ်  Jonhyun ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကာဗွန်မိုနောက်ဆိုဒ်ငွေ့ကို ရှူပြီး ကိုယ့်ကိုယ့်ကိုယ် သတ်သေသွားခဲ့တာဖြစ်ပါတယ်။

Source : Mirror

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top