မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×




from G fatt & Nan Su ‘s IG

Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #
အဆိုတော် G fatt နဲ့ နန်းဆုရတီစိုးတို့ စုံတွဲကတော့ အနုပညာလောကရဲ့ မနဲ့မောင် စုံတွဲတွေထဲက တစ်တွဲပါ။ ချစ်သူတွေပါလို့တော့ အတိအလင်းပြောတာမျိုးမရှိပေမယ့် သူတို့ စုံတွဲကတော့ IG နဲ့ fb Post တွေကို ကြည့်ရင် သူတို့နှစ်ယောက်တွဲနေတယ်ဆိုတာကို သိနိုင်ပါတယ်။

အစပိုင်းမှာတော့ G Fatt နဲ့ နန်းဆု တို့ တွဲနေပြီဆိုပြီး သတင်းတွေထွက်ခဲ့ပေမယ့် ကာယကံရှင်တွေဘက်က ဘာမှ မပြောတော့ တကယ်လား၊ ကောလာဟလလားဆိုပြီး ပရိသတ်တွေက ဝေခွဲမရ ဖြစ်ခဲ့ပါသေးတယ်။

ဒါပေမယ့်နောက်ပိုင်းမှာတော့ သူတို့ရဲ့ FB ၊IG တို့ကို ခြေရာခံပြီးရလာတဲ့ ရလဒ်တွေရယ်၊ နန်းဆုရဲ့ “ရူးအောင်ချစ်ရသူ” မှာ G fatt က မျက်နှာမပြဘဲ ပါဝင်သရုပ်ဆောင်ပေးခဲ့တာက သူတို့တွဲနေတယ်ဆိုတာကို ပိုသေချာသွားစေခဲ့တာပါ။ IG မှာ ပုံတွေတင်ပေမယ့် မျက်နှာကိုတော့ အခုထိ ဖွက်ပြီး တင်နေတုန်းပါ။ G fatt ပြည်ပခရီးစဉ်၊ ပြည်တွင်းခရီးစဉ်တွေ သွားတိုင်းမှာ ရန်ကုန်မှာကျန်နေခဲ့တဲ့ ချစ်သူ နန်းဆု ကို video call နဲ့အလွမ်းသည်နေတဲ့ ပုံတစ်ချို့ကို G fatt က သူ့ရဲ့ IG မှာ တင်ထားတာကို တွေ့ရပါတယ်

from G fatt & Nan Su ‘s IG

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top