AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

(1) ဆရာ အေလးမတာေတြလုပ္လြန္းရင္ အရပ္ထြက္တာေႏွးတယ္ ၾကားဖူးပါတယ္ဆရာ။ အဲ့ဒီ အယူအဆ မွန္လားမွားလား သိပါရေစဆရာ။

(2) က်ေနာ္သားအတြက္ အရပ္ရွည္ေစျခင္လို႔ လမ္းၫႊန္မႈေလးေပးပါခင္ဗ်ား၊ ကေလးက အသက္ ၁ဝ ႏွစ္ ျပည့္ပါေတာ့မယ္၊ ေဆးအေနနဲ႔ ဘယ္လိုအမ်ိဳးစားေတြနဲ႔ အေထာက္ကူျဖစ္ႏိုင္ပါသလဲခင္ဗ်၊ စားေဆး၊ ထိုးေဆး ရွိတယ္လို႔ ၾကားလို႔ပါ။ ကေလးရဲ႕ ယခုအရပ္အျမင့္က ၄’-၂” ပါ၊ ဖခင္ 5′-၄”၊ မိခင္ 5′-၁” ရွိပါတယ္၊ မ်ိဳး႐ိုးကေတာ့ အရပ္အရမ္းမႏွိမ့္ပါ။ ကေလးရဲ႕ႏွစ္ဖက္အဖိုး၂ ေယာက္လုံး ဖခင္ထက္အရပ္ရွည္ၾကၿပီး၊ အဖြား၂ေယာက္လုံးလဲ မိခင္ထက္ အရပ္ရွည္ၾကပါသည္၊ က်ေနာ္တို႔ ၂ ေယာက္သာပုေနေသာေၾကာင့္၊ ကေလးလဲ အရပ္ပုမွာေၾကာက္လို႔ ကူညီလမ္းျပေပးပါခင္ဗ်၊ အသက္တူကေလးမ်ားနဲ႔ ယွဥ္လွ်င္ပုေနပါသည္၊ က်န္းမာေရးေကာင္းပါသည္၊ အရပ္အျမင့္ ၄’-၂”၊ လက္ရွိပါင္ခ်ိန္ ၆၈-၇ဝ ပါ၊

(3) မဂၤလာပါ ေဒါက္တာ။ က်ေနာ့္သမီးက ၁၆ ႏွစ္ပါ။ အရပ္က ၅ ေပ၊ ၁၃၈ ေပါင္။ အရပ္ရွည္ ေစခ်င္လို႔ပါ။ ကိုယ္အေလးခ်ိန္ က်ဖို႔ကို ေရကူးပါတယ္။ ကိုယ္ကာယလဲ ကစားေနပါတယ္၊ ဒါေပမဲ့လို႔ အရပ္ပုေနလို႔ ေဆးတိုက္ခ်င္လို႔ပါ။ အရပ္ရွည္ေစမဲ့ ေဆး ရွိပါသလား။

(4) ကြၽန္ေတာ့္သူငယ္ခ်င္းအတြက္ေမးတာပါ။ အသက္က (၂၃) ႏွစ္ ေယာက္်ားေလးပါ။ သူကအရပ္ (၅) ေပ သာသာေလာက္ပဲရွိပါတယ္ဆရာ။ သူ႔မိဘေတြကေတာ့မပူပါဘူးဆရာ။ သူကအရပ္ရွည္ေအာင္ဆိုၿပီး Mega ten နဲ႔ Tall and tallဆိုတဲ့ေဆးႏွစ္မ်ိဳးေသာက္ေနတာ တစ္လေလာက္ရွိပါၿပီဆရာ။ အဲဒီ့ေဆးေတြက တကယ္ အရပ္ရွည္လား။ ၿပီးေတာ့စြဲေသာက္ရမွာလား။ အရပ္ရွည္ေအာင္ ဘယ္လိုေနထိုင္ရမယ္ ဘာေဆးေတြကို ေသာက္ရမလဲ သိခ်င္လို႔ပါဆရာ။

(5) ကြၽန္ေတာ့္နာမည္ (့) လို႔ေခၚပါတယ္။ အရပ္နဲနဲထပ္ရွည္လာေအာင္ ဘာေဆးေတြ ေသာက္ရမလဲ၊ ဘာေတြ လုပ္ရမလဲ။ ကြၽန္ေတာ္ အသက္ ၂ဝ ႏွစ္ျပည့္ပါၿပီ။ ဒါေပမဲ့ ကြၽန္ေတာ့္ အရပ္က ၅ ေပကေန မတက္လာဘူး။
က်ေနာ္က အရပ္ နဲနဲရွည္တယ္။ က်ေနာ့္ခ်စ္သူက အရပ္ပုတယ္ခင္ဗ်။ က်ေနာ္က ၅ ေပ ၈ လက္မ သူက ၅ ေပ ဆိုေတာ့ အေတာ္ကြာေနပါတယ္။ သူငယ္ခ်င္းေတြကလဲ စၾကတာေပါ့။ အဲဒါ သူက ေဒါက္ဖိနပ္စီးခ်င္ေနတယ္။ ဒါေပမယ့္ စီးလိုက္တိုင္း သူ႔ ေျခဖဝါးႂကြက္တက္ပါတယ္။ ဘာေၾကာင့္အဲလိုျဖစ္ပါလဲ သိခ်င္ပါတယ္။ ေကာင္းေအာင္ ကုသလို႔ ရပါသလား။

(6) ဘားဆြဲရင္ လက္ပဲရွည္လာမယ္၊ အရပ္မရွည္လာႏိုင္ဘူးတဲ့။ အဲဒါမွန္ပါသလားခင္ဗ်ာ။

“လူ႔အရပ္ဆိုတာ Skelton သူ႔အ႐ိုးတည္ေဆာက္မႈမွာ မူတည္တယ္။ တိုက္တာအိမ္ေတြလိုဘဲ။ ခက္တာက အိမ္တိုင္ကို ဒီအတိုင္းထားၿပီး ေခါင္မိုးကို ပိုျမင့္ေအာင္ အမိုးကို ခြၽန္တက္ေပးတာက ရႏိုင္တယ္။ လူကို အဲလိုလုပ္မရပါ။ အ႐ိုးကို ပိုခိုင္ေအာင္သာ ေဆးနဲ႔လုပ္ႏိုင္တယ္။ ပိုရွည္ေစဘို႔ မရပါ။ လူတေယာက္ဟာ အ႐ြယ္ေရာက္ခ်ိန္ေနာက္မွာ ပိုအရပ္ မရွည္ေတာ့ပါ။” စိတ္ပ်က္မသြားပါနဲ႔။ ဆက္ဖတ္ေစခ်င္ပါတယ္။

လူတေယာက္ရဲ႕ အရပ္ကို Genetic background မ်ိဳးဗီဇေနာက္ခံ နဲ႔ Environmental factors ပါတ္ဝန္းက်င္ အေၾကာင္းတရားေတြကေန သက္ေရာက္တယ္။ သိပ္ရွည္လြန္းတာကို Gigantism ေခၚၿပီး၊ သိပ္ပုလြန္းရင္ Dwarfism ေခၚတယ္။ ဒီ ၂ မ်ိဳးမဟုတ္သမွ် ပုံမွန္ခ်ည္းသာျဖစ္ပါတယ္။ သမိုင္းမွာ အရွည္ဆုံးလူသားဟာ ၈ ေပ၊ ၁၁ လကၼနဲ႔ အေမရိကန္က Pershing Wadlow လို႔ မွတ္တမ္းတင္ထားၿပီး၊ ကေန႔အခ်ိန္မွာ တူရကီက Sultan Kösen က ၈ ေပနဲ႔ ၃ လကၼရွိတယ္။ တ႐ုတ္အမ်ိဳးသမီး Yao Defen က ၇ ေပနဲ႔ ၇ လကၼခြဲ ရွိတယ္။

လူေတြ ပ်မ္းမွ် အရပ္ဘယ္ေလာက္ရွည္သလဲဆိုတာ အေတာ္ကြဲျပားတယ္။ မလြဲႏိုင္တာက ေယဘုယ် ေယာက္်ားေတြက မိန္းမေတြထက္ ရွည္တယ္။ မိန္းကေလးေတြဟာ သူတို႔ ရွိေနေတာ့မဲ့ အရပ္အေမာင္းကို ေယာက္်ားေလးေတြထက္ ေစာၿပီး ေရာက္လာၾကတယ္။ အပ်ိဳျဖစ္တာက လူပ်ိဳျဖစ္တာထက္ ေစာလို႔ျဖစ္ပါတယ္။ Genetics မ်ိဳးဗီဇက အဓိကက်တယ္။ ၆ဝ-၈ဝ% က မိဘေတြရဲ႕ အရပ္နဲ႔ ဆက္စပ္ႏိုင္တယ္။ မိခင္ ကိုယ္ဝန္ေဆာင္စဥ္က အစားအေသာက္နဲ႔လဲ ဆိုင္ႏိုင္တယ္။ ကေလးဘဝမွာ စားတဲ့နဲ႔လဲ ဆိုင္ႏိုင္တယ္။

လူ႔အရပ္ရွည္မႈဟာ Long bones ေခၚတဲ့ အ႐ိုးရွည္ေတြက အဓိကျဖစ္တယ္။ ေပါင္႐ိုးနဲ႔ ေျခသလုံး႐ိုး။ ဒါေတြ ဆက္ မရွည္ေတာ့ခ်ိန္မွာ ရပ္တန႔္သြားတယ္။ Epiphyseal plates ဆိုတာ ပိတ္သြားခ်ိန္မွာ ဆက္မရွည္ေတာ့ဘူး။ အ႐ိုးရွည္ေတြထိပ္မွာရွိတဲ့ အဲဒီ အ႐ိုးႏုေတြက အ႐ြယ္အလိုက္ တေျဖးေျဖး မာလာၿပီး အ႐ိုးမာေတြ ျဖစ္လာတယ္။ ေျခေထာက္ပိုင္းက လူ႔အရပ္နဲ႔ တဝက္ေလာက္ဆိုင္တယ္။ Ossification အ႐ိုးမာေတြ ျဖစ္လာတဲ့ အသက္ အပိုင္းအျခားေတြ ရွိတယ္။ အ႐ိုးစုတခုၾကည့္ၿပီး သူ႔အရပ္ေရာ အသက္ပါ မွန္းလို႔ရတယ္။

• မိန္းကေလး ၅-၁၂ ႏွစ္ နဲ႔ ေယာက္်ားေလး ၅-၁၄ ႏွစ္ေတြမွာ အမ်ားဆုံးေသာ အ႐ိုးေတြက Hard bone အ႐ိုးမာေတြ ျဖစ္ၾကၿပီ။
• ၁၇-၂ဝ ႏွစ္ေရာက္ရင္ လက္ နဲ႔ လက္ျပင္႐ိုးေတြမွာျဖစ္ၿပီ။
• ၁၈-၂၃ ႏွစ္ေရာက္ရင္ ေျခေထာက္ပိုင္း အ႐ိုးေတြျဖစ္မွာျဖစ္ၿပီ။
• ၂၃-၂၅ ႏွစ္မွာ ရင္ၫႊန႔္႐ိုး၊ ညႇပ္႐ိုး နဲ႔ ခါး႐ိုးေတြက ျဖစ္ၾကၿပီ။ အသက္ အစိတ္မွာ အားလုံးျပည့္စုံသြားမယ္။ အသက္ ၂၅ ေက်ာ္ရင္ မရွည္ခ်င္နဲ႔ေတာ့။

ဒိေနာက္ပိုင္းမွာ နဲနဲ ရွည္လာႏိုင္တာလဲရွိပါတယ္။ အသက္သိပ္ႀကီးခ်ိန္မွာေတာ့ ဆက္မရွည္ေတာ့တာ ေသျခာတယ္။ Inter-vertebral discs ေခၚတဲ့ ေက်ာ႐ိုးမႀကီးက အ႐ိုးေတြၾကားက အ႐ိုးႏုေလးေတြအေပၚမွာ မူတည္လို႔ အဲလိုျဖစ္တယ္။ အားတက္စရာေျပာရရင္ ေၾကာ႐ိုးမႀကီးမွာ အ႐ိုးေပါင္း ၃၃ ခုရွိေပမဲ့ ၂၄ ခုက တခုနဲ႔တခု ဆက္မသြားၾကဘဲေနရစ္တယ္။ ဒီအခ်က္ကို အရပ္ရွည္ဘို႔ အသုံးခ်ႏိုင္တယ္လို႔ ဆိုတယ္။ ေၾကာ႐ိုးမႀကီးဟာ လူ႔အရပ္ရဲ႕ ၃၅% နဲ႔ဆိုင္တယ္။ ဒီအခ်က္ကို ေကာင္းေကာင္း အသုံးခ်ရမယ္လို႔ ဆိုပါတယ္။

ေလ့က်င့္ခန္းနဲ႔ အရပ္ရွည္ဘို႔လုပ္တာကို ေကာင္းတယ္လို႔ အားေပးသူေတြက ဒီလိုလုပ္တာက Growth Hormone ႀကီးထြားေစတဲ့ေဟာ္မုန္းကို ထုတ္ေစေအာင္လုပ္ရာက်တယ္လို႔ပါ ဆိုတယ္။ ဆရာဝန္ေတြက ေျပာတာေတာ့ မဟုတ္ပါ။

Stretching Exercises ထိေရာက္တဲ့ အရပ္ရွည္ေလ့က်င့္ခန္း ၄ မ်ိဳး

(၁) Hanging တြဲလဲခိုနည္း၊

(၂) Yoga stretch ေယာဂ ဆန႔္တန္းနည္း၊

(၃) Swim ေရကူးနည္း နဲ႔

(၄) Pelvic Shift တင္ပါးလွည့္ေပးနည္း။

(၁) Yoga stretch ေယာဂ ဆန႔္တန္းနည္း၊
(က) Standing Forward Bend မတ္တပ္ရပ္ရင္း ေရွ႕ကိုကုန္းနည္း၊ ဒူးႏွစ္ဖက္လဲဆန႔္တန္းေနပါေစ။ ေျခေထာက္ခ်င္း တေပခြဲကားထားပါ။ ေက်ာ၊ ခါး၊ တင္ပါး၊ ေပါင္၊ ေျခသလုံးေတြ တင္းေနပါေစ။ အစမွာ လက္ဖဝါးေတြက ေပါင္မွာကပ္ထားၿပီး ေအာက္ဖက္ဆီတန္းဆင္းေစပါ။ လက္ေတြက ေအာက္ကို ေရာက္ႏိုင္သေလာက္ ေရာက္ပါေစ။ လက္ဝါးေတြကို ေျခသလုံး-ေပါင္ကိုကပ္ထားရင္ အထက္ေအာက္လုပ္ေပးႏိုင္တယ္။

(ခ) Downward Facing Dog ခါးကုန္း-မ်က္ႏွာေမွာက္နည္း၊ သူတို႔ေခၚတဲ့နာမည္က ေခြးပါလို႔ ဗမာေတြနဲ႔ မကိုက္ဘူး။ Adho Mukha Svanasana သကၠတဘာသာ(သသၤက႐ိုက္ဘာသာ) နဲ႔လဲနာမည္ရွိတယ္။ ေယာဂနည္းထဲကပါ။ ေမွာက္လွ်က္ ခါးကိုျမႇင့္ထားပါ။ လက္ေတြက ပခုံးနဲ႔အတူကားထားပါ။ လက္ဝါးကို ၾကမ္းျပင္ထိၿပီး တေတာင္ဆစ္ေနရာက ကိုယ္ဖက္မွာရွိပါေစ။ အသက္ေအာင့္ထားၿပီး ေျခမေတြကို ေျခေပၚမွာ မတ္တပ္ရပ္ေတာ့မလိုသေဘာ ျပဳျပင္ပါ။ အသက္ရွဴထုတ္ရင္း ေျခကိုဆန႔္တန္းပါ။ လက္ကလဲျမင့္လာေစရမယ္။ ဒူးမေကြးေနပါနဲ႔။ အစမွာ မရေသးလဲ ႀကိဳးစားပါ။ လုပ္ႏိုင္သေလာက္ ၾကာၾကာလုပ္ပါ။ ပခုံးကလဲ ျပားထားပါ။ ကိုယ္အေလးခ်ိန္ကို မွ်တေနပါေစ။

(ဂ) Head to Knee ဒူး-ေခါင္း နည္း။ Janu Shirshasana position လို႔ေခၚတယ္။ ေယာဂနည္းပါဘဲ။ ခါးဆန႔္ေနပါေစ။ အသက္ျပင္းျပင္းရွဴရင္းလုပ္ပါ။ ၾကမ္းျပင္မွာ ထိုင္ခ်၊ ကိုယ္ေရွ႕မွာ ဒူးဆန႔္တာကေနစပါ။ ဒူးတဖက္ကို ကိုယ္ဆီ ေကြးယူပါ။ အဂၤလိပ္စာလုံး (ပီ) လိုေနမယ္။ တင္ပါးကို ၾကမ္းက မကြၽေစနဲ႔။ မ်က္ႏွာက ဆန႔္ေနတဲ့ေျခဆီမူေနဘို႔ရာ ကိုယ္က နဲနဲ လွည့္ေပးဘို႔ လိုႏိုင္ဆယ္။ အသက္ရွဴတုံးမွာ လက္ကို ေခါင္းေပၚျမႇင့္ပါ။ ခါးဆန႔္ထားရင္း ကိုယ္ကို တေျဖးေျဖး ေရွ႕ကိုင္းပါ။ အသက္ရွဴထုတ္ပါ။ တင္ကိုလဲ မေကြးေစနဲ႔။ အလိုက္သင့္ျပင္စရာလိုတာေတာ့ျပင္ေပးပါ။ ေကြးေနတုံးမွာ ေပါင္ေတြတင္းထားပါ။ ေရွ႕ကိုကိုင္းၿပီးရင္ လက္ကို တေျဖးေျဖးခ်င္း ေအာက္ခ်ၿပီး ေျခေထာက္ကိုဆုပ္ကိုင္ပါ။ ေရွ႕ဆန႔္ပါ။ ေနာက္တဖက္ကိုလဲ အဲလိုဘဲလုပ္ပါ။ ေျဖးေျဖးလုပ္ပါ၊ အသက္ျပင္းျပင္းရွဴပါ။

သိပ္ဆင္းရဲတဲ့ အရပ္ေဒသေတြမွာ ဥပမာ စစ္ပြဲေတြ၊ အာဟာရ ခ်ိဳ႕တဲ့တာေတြေၾကာင့္ အခ်ိန္ေတြၾကာလာရင္ လူေတြအမ်ားစုက အရပ္ပုမယ္။ ဒုတိယ-ကမာၻစစ္ကာလ ဂ်ပန္ေတြ အရပ္ပုၾကတာ ဗမာေတြအသိဘဲ။ အခု မပုၾကေတာ့တာ ဘာလို႔လဲ။ ၂၅-၁၁-၂ဝဝ၂ ထုတ္သတင္းမွာ ႏြားႏို႔ေသာက္လို႔ပါလို႔ ေျပာတာ ရွိတယ္။ လူငယ္ေတြ ႏြားႏို႔ေသာက္ မ်ားလာတာ ၁ဝ ႏွစ္အတြင္း အဆ ၅ဝဝ ေတာင္ရွိသတဲ့။ ေပါင္မုံ႔လဲ အမ်ိဳးစုံေအာင္ စားသတဲ့။ ေဈးခ်ိဳတဲ့ Bumper rice ဆန္ထက္ေတာင္ ေပၚျပဴလာ ျဖစ္လာတယ္။ ဒါေၾကာင့္ ေပါင္မုံ႔စားႏႈန္းက ၁၁ ဆ တက္လာတယ္။ ကိတ္မုံ႔စားတာလဲ ပိုမ်ားလာတယ္။ ဒါေၾကာင့္ ၁ဝ ႏွစ္သမီးေလးေတြက သူတို႔အမေတြထက္ ၁ လကၼပိုရွည္လာၾကတယ္။ အေလးခ်ိန္လဲ ၁ ေပါင္တိုးလာၾကတယ္။ ေယာက္်ားေလး-မိန္းကေလးေတြက စစ္မျဖစ္ခင္ကထက္ ၃ ေပါင္ပိုေလးၿပီး လကၼဝက္ ပိုရွည္လာၾကတယ္။

• လူေတြမွာ ေက်ာလွ်ားရွည္သူနဲ႔ ေပါင္တံရွည္သူ မတူဘူး။ Long-legged beauty, Long Elegant Legs, Sexy Legs, Hot legs ဆြဲေဆာင္မႈရွိတဲ့ ပူေလာင္ေစတဲ့ နာမဝိသေသနေတြ အမ်ားႀကီး ရွိတယ္။
• ေက်ာရွည္သူက ထိုင္ေနရင္ မပုသလိုဘဲ။ ေပါင္ပိုရွည္သူ ထိုင္ရင္ မရွည္သလို ထင္ရတယ္။
• အမ်ိဳးသမီးေတြ အရပ္ ၄ ေပ ၁၁ လကၼထက္နိမ့္ရင္ တင္ပါးဆုံကြင္း က်ဥ္းလို႔ ကေလးေမြးဖြါးရာမွာ ခက္ႏိုင္တယ္။
• ရွည္ရင္ အားကစားမွာ ကြၽမ္းဘား၊ ၿပိဳင္ကားေမာင္းတာေတြမွာ အားသာၾကတယ္။
• အရပ္ရွည္သူေတြက ဖက္ရွင္မယ္လုပ္လို႔ရတယ္။ ႐ုပ္ရွင္မင္းသမီးျဖစ္ႏိုင္တယ္။ ေဘာလုံး ဂိုးဖမ္းသူဟာ ရွည္တာ တပမ္းသာတယ္။
• အရပ္ရွည္တာက ႏွလုံးက်န္းမာေရးေကာင္းတယ္လို႔ ဆိုတာရွိသလို ကင္ဆာျဖစ္မွာေတာ့ စိုးရတယ္လို႔ဆိုတာလဲ ရွိတယ္။ သိပ္ရွည္ေနသူေတြမွာေတာ့ ႏွလုံး-ေသြးေၾကာအတြက္ မေကာင္းျပန္ဘူး။
• ဘားဆြဲရင္ လက္ရွည္တယ္ဆိုရင္ ခါးလဲရွည္ႏိုင္တာေပါ့။ ဘားတန္းဆြဲရင္ ခါးကလဲ ဆန႔္ရတယ္။ ေျခကလဲ ဆန႔္ရတယ္။

ေနာက္အႀကံေကာင္းေတြကေတာ့ အာဟာရျပည့္ဝဝ စားသုံးပါ။ က်န္းမာေနေစရမယ္။ ကိုယ္လက္-ေလ့က်င့္ခန္း၊ ဆန႔္တန္းမႈပါတဲ့ အားကစား ဥပမာ ေရကူး၊ တင္းနစ္ ကစားေပးပါ။ ဘာတန္းကေန ေအာက္တြဲေလာင္းခ်နည္းလုပ္ပါ။ အေနအထိုင္ကအစ ျပင္ပါ။ ခါးမတ္မတ္ထိုင္၊ ခါးဆန႔္လမ္းေလွ်ာက္ပါ။ တေန႔ ၈ နာရီအိပ္စက္ပါ။ အရပ္ရွည္ခ်င္သူေတြ စားဘို႔ေကာင္းတဲ့ေဆးနဲ႔ အစာမွာ ဗီတာမင္ (ဒီ)၊ (ပ႐ိုတင္း)၊ ဗီတာမင္ (ေအ)၊ (ကယ္လ္စီယန္) နဲ႔ ဓါတ္ဆားေတြ ပါသင့္တယ္။

အရပ္ရွည္ေဆးေတြေၾကာ္ညာၿပီးေရာင္းတာရွိေပမဲ့ ကြၽန္ေတာ္ေတာ့ ေထာက္ခံခ်က္ မေပးႏိုင္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာတင့္ေဆြ
#Unicode Version#


(1) ဆရာ အလေးမတာတွေလုပ်လွန်းရင် အရပ်ထွက်တာနှေးတယ် ကြားဖူးပါတယ်ဆရာ။ အဲ့ဒီ အယူအဆ မှန်လားမှားလား သိပါရစေဆရာ။

(2) ကျနော်သားအတွက် အရပ်ရှည်စေခြင်လို့ လမ်းညွှန်မှုလေးပေးပါခင်ဗျား၊ ကလေးက အသက် ၁ဝ နှစ် ပြည့်ပါတော့မယ်၊ ဆေးအနေနဲ့ ဘယ်လိုအမျိုးစားတွေနဲ့ အထောက်ကူဖြစ်နိုင်ပါသလဲခင်ဗျ၊ စားဆေး၊ ထိုးဆေး ရှိတယ်လို့ ကြားလို့ပါ။ ကလေးရဲ့ ယခုအရပ်အမြင့်က ၄’-၂” ပါ၊ ဖခင် 5′-၄”၊ မိခင် 5′-၁” ရှိပါတယ်၊ မျိုးရိုးကတော့ အရပ်အရမ်းမနှိမ့်ပါ။ ကလေးရဲ့နှစ်ဖက်အဖိုး၂ ယောက်လုံး ဖခင်ထက်အရပ်ရှည်ကြပြီး၊ အဖွား၂ယောက်လုံးလဲ မိခင်ထက် အရပ်ရှည်ကြပါသည်၊ ကျနော်တို့ ၂ ယောက်သာပုနေသောကြောင့်၊ ကလေးလဲ အရပ်ပုမှာကြောက်လို့ ကူညီလမ်းပြပေးပါခင်ဗျ၊ အသက်တူကလေးများနဲ့ ယှဉ်လျှင်ပုနေပါသည်၊ ကျန်းမာရေးကောင်းပါသည်၊ အရပ်အမြင့် ၄’-၂”၊ လက်ရှိပါင်ချိန် ၆၈-၇ဝ ပါ၊

(3) မင်္ဂလာပါ ဒေါက်တာ။ ကျနော့်သမီးက ၁၆ နှစ်ပါ။ အရပ်က ၅ ပေ၊ ၁၃၈ ပေါင်။ အရပ်ရှည် စေချင်လို့ပါ။ ကိုယ်အလေးချိန် ကျဖို့ကို ရေကူးပါတယ်။ ကိုယ်ကာယလဲ ကစားနေပါတယ်၊ ဒါပေမဲ့လို့ အရပ်ပုနေလို့ ဆေးတိုက်ချင်လို့ပါ။ အရပ်ရှည်စေမဲ့ ဆေး ရှိပါသလား။

(4) ကျွန်တော့်သူငယ်ချင်းအတွက်မေးတာပါ။ အသက်က (၂၃) နှစ် ယောက်ျားလေးပါ။ သူကအရပ် (၅) ပေ သာသာလောက်ပဲရှိပါတယ်ဆရာ။ သူ့မိဘတွေကတော့မပူပါဘူးဆရာ။ သူကအရပ်ရှည်အောင်ဆိုပြီး Mega ten နဲ့ Tall and tallဆိုတဲ့ဆေးနှစ်မျိုးသောက်နေတာ တစ်လလောက်ရှိပါပြီဆရာ။ အဲဒီ့ဆေးတွေက တကယ် အရပ်ရှည်လား။ ပြီးတော့စွဲသောက်ရမှာလား။ အရပ်ရှည်အောင် ဘယ်လိုနေထိုင်ရမယ် ဘာဆေးတွေကို သောက်ရမလဲ သိချင်လို့ပါဆရာ။

(5) ကျွန်တော့်နာမည် (့) လို့ခေါ်ပါတယ်။ အရပ်နဲနဲထပ်ရှည်လာအောင် ဘာဆေးတွေ သောက်ရမလဲ၊ ဘာတွေ လုပ်ရမလဲ။ ကျွန်တော် အသက် ၂ဝ နှစ်ပြည့်ပါပြီ။ ဒါပေမဲ့ ကျွန်တော့် အရပ်က ၅ ပေကနေ မတက်လာဘူး။
ကျနော်က အရပ် နဲနဲရှည်တယ်။ ကျနော့်ချစ်သူက အရပ်ပုတယ်ခင်ဗျ။ ကျနော်က ၅ ပေ ၈ လက်မ သူက ၅ ပေ ဆိုတော့ အတော်ကွာနေပါတယ်။ သူငယ်ချင်းတွေကလဲ စကြတာပေါ့။ အဲဒါ သူက ဒေါက်ဖိနပ်စီးချင်နေတယ်။ ဒါပေမယ့် စီးလိုက်တိုင်း သူ့ ခြေဖဝါးကြွက်တက်ပါတယ်။ ဘာကြောင့်အဲလိုဖြစ်ပါလဲ သိချင်ပါတယ်။ ကောင်းအောင် ကုသလို့ ရပါသလား။

(6) ဘားဆွဲရင် လက်ပဲရှည်လာမယ်၊ အရပ်မရှည်လာနိုင်ဘူးတဲ့။ အဲဒါမှန်ပါသလားခင်ဗျာ။

“လူ့အရပ်ဆိုတာ Skelton သူ့အရိုးတည်ဆောက်မှုမှာ မူတည်တယ်။ တိုက်တာအိမ်တွေလိုဘဲ။ ခက်တာက အိမ်တိုင်ကို ဒီအတိုင်းထားပြီး ခေါင်မိုးကို ပိုမြင့်အောင် အမိုးကို ချွန်တက်ပေးတာက ရနိုင်တယ်။ လူကို အဲလိုလုပ်မရပါ။ အရိုးကို ပိုခိုင်အောင်သာ ဆေးနဲ့လုပ်နိုင်တယ်။ ပိုရှည်စေဘို့ မရပါ။ လူတယောက်ဟာ အရွယ်ရောက်ချိန်နောက်မှာ ပိုအရပ် မရှည်တော့ပါ။” စိတ်ပျက်မသွားပါနဲ့။ ဆက်ဖတ်စေချင်ပါတယ်။

လူတယောက်ရဲ့ အရပ်ကို Genetic background မျိုးဗီဇနောက်ခံ နဲ့ Environmental factors ပါတ်ဝန်းကျင် အကြောင်းတရားတွေကနေ သက်ရောက်တယ်။ သိပ်ရှည်လွန်းတာကို Gigantism ခေါ်ပြီး၊ သိပ်ပုလွန်းရင် Dwarfism ခေါ်တယ်။ ဒီ ၂ မျိုးမဟုတ်သမျှ ပုံမှန်ချည်းသာဖြစ်ပါတယ်။ သမိုင်းမှာ အရှည်ဆုံးလူသားဟာ ၈ ပေ၊ ၁၁ လက္မနဲ့ အမေရိကန်က Pershing Wadlow လို့ မှတ်တမ်းတင်ထားပြီး၊ ကနေ့အချိန်မှာ တူရကီက Sultan Kösen က ၈ ပေနဲ့ ၃ လက္မရှိတယ်။ တရုတ်အမျိုးသမီး Yao Defen က ၇ ပေနဲ့ ၇ လက္မခွဲ ရှိတယ်။

လူတွေ ပျမ်းမျှ အရပ်ဘယ်လောက်ရှည်သလဲဆိုတာ အတော်ကွဲပြားတယ်။ မလွဲနိုင်တာက ယေဘုယျ ယောက်ျားတွေက မိန်းမတွေထက် ရှည်တယ်။ မိန်းကလေးတွေဟာ သူတို့ ရှိနေတော့မဲ့ အရပ်အမောင်းကို ယောက်ျားလေးတွေထက် စောပြီး ရောက်လာကြတယ်။ အပျိုဖြစ်တာက လူပျိုဖြစ်တာထက် စောလို့ဖြစ်ပါတယ်။ Genetics မျိုးဗီဇက အဓိကကျတယ်။ ၆ဝ-၈ဝ% က မိဘတွေရဲ့ အရပ်နဲ့ ဆက်စပ်နိုင်တယ်။ မိခင် ကိုယ်ဝန်ဆောင်စဉ်က အစားအသောက်နဲ့လဲ ဆိုင်နိုင်တယ်။ ကလေးဘဝမှာ စားတဲ့နဲ့လဲ ဆိုင်နိုင်တယ်။

လူ့အရပ်ရှည်မှုဟာ Long bones ခေါ်တဲ့ အရိုးရှည်တွေက အဓိကဖြစ်တယ်။ ပေါင်ရိုးနဲ့ ခြေသလုံးရိုး။ ဒါတွေ ဆက် မရှည်တော့ချိန်မှာ ရပ်တန့်သွားတယ်။ Epiphyseal plates ဆိုတာ ပိတ်သွားချိန်မှာ ဆက်မရှည်တော့ဘူး။ အရိုးရှည်တွေထိပ်မှာရှိတဲ့ အဲဒီ အရိုးနုတွေက အရွယ်အလိုက် တဖြေးဖြေး မာလာပြီး အရိုးမာတွေ ဖြစ်လာတယ်။ ခြေထောက်ပိုင်းက လူ့အရပ်နဲ့ တဝက်လောက်ဆိုင်တယ်။ Ossification အရိုးမာတွေ ဖြစ်လာတဲ့ အသက် အပိုင်းအခြားတွေ ရှိတယ်။ အရိုးစုတခုကြည့်ပြီး သူ့အရပ်ရော အသက်ပါ မှန်းလို့ရတယ်။

• မိန်းကလေး ၅-၁၂ နှစ် နဲ့ ယောက်ျားလေး ၅-၁၄ နှစ်တွေမှာ အများဆုံးသော အရိုးတွေက Hard bone အရိုးမာတွေ ဖြစ်ကြပြီ။
• ၁၇-၂ဝ နှစ်ရောက်ရင် လက် နဲ့ လက်ပြင်ရိုးတွေမှာဖြစ်ပြီ။
• ၁၈-၂၃ နှစ်ရောက်ရင် ခြေထောက်ပိုင်း အရိုးတွေဖြစ်မှာဖြစ်ပြီ။
• ၂၃-၂၅ နှစ်မှာ ရင်ညွှန့်ရိုး၊ ညှပ်ရိုး နဲ့ ခါးရိုးတွေက ဖြစ်ကြပြီ။ အသက် အစိတ်မှာ အားလုံးပြည့်စုံသွားမယ်။ အသက် ၂၅ ကျော်ရင် မရှည်ချင်နဲ့တော့။

ဒိနောက်ပိုင်းမှာ နဲနဲ ရှည်လာနိုင်တာလဲရှိပါတယ်။ အသက်သိပ်ကြီးချိန်မှာတော့ ဆက်မရှည်တော့တာ သေခြာတယ်။ Inter-vertebral discs ခေါ်တဲ့ ကျောရိုးမကြီးက အရိုးတွေကြားက အရိုးနုလေးတွေအပေါ်မှာ မူတည်လို့ အဲလိုဖြစ်တယ်။ အားတက်စရာပြောရရင် ကြောရိုးမကြီးမှာ အရိုးပေါင်း ၃၃ ခုရှိပေမဲ့ ၂၄ ခုက တခုနဲ့တခု ဆက်မသွားကြဘဲနေရစ်တယ်။ ဒီအချက်ကို အရပ်ရှည်ဘို့ အသုံးချနိုင်တယ်လို့ ဆိုတယ်။ ကြောရိုးမကြီးဟာ လူ့အရပ်ရဲ့ ၃၅% နဲ့ဆိုင်တယ်။ ဒီအချက်ကို ကောင်းကောင်း အသုံးချရမယ်လို့ ဆိုပါတယ်။

လေ့ကျင့်ခန်းနဲ့ အရပ်ရှည်ဘို့လုပ်တာကို ကောင်းတယ်လို့ အားပေးသူတွေက ဒီလိုလုပ်တာက Growth Hormone ကြီးထွားစေတဲ့ဟော်မုန်းကို ထုတ်စေအောင်လုပ်ရာကျတယ်လို့ပါ ဆိုတယ်။ ဆရာဝန်တွေက ပြောတာတော့ မဟုတ်ပါ။

Stretching Exercises ထိရောက်တဲ့ အရပ်ရှည်လေ့ကျင့်ခန်း ၄ မျိုး

(၁) Hanging တွဲလဲခိုနည်း၊

(၂) Yoga stretch ယောဂ ဆန့်တန်းနည်း၊

(၃) Swim ရေကူးနည်း နဲ့

(၄) Pelvic Shift တင်ပါးလှည့်ပေးနည်း။

(၁) Yoga stretch ယောဂ ဆန့်တန်းနည်း၊
(က) Standing Forward Bend မတ်တပ်ရပ်ရင်း ရှေ့ကိုကုန်းနည်း၊ ဒူးနှစ်ဖက်လဲဆန့်တန်းနေပါစေ။ ခြေထောက်ချင်း တပေခွဲကားထားပါ။ ကျော၊ ခါး၊ တင်ပါး၊ ပေါင်၊ ခြေသလုံးတွေ တင်းနေပါစေ။ အစမှာ လက်ဖဝါးတွေက ပေါင်မှာကပ်ထားပြီး အောက်ဖက်ဆီတန်းဆင်းစေပါ။ လက်တွေက အောက်ကို ရောက်နိုင်သလောက် ရောက်ပါစေ။ လက်ဝါးတွေကို ခြေသလုံး-ပေါင်ကိုကပ်ထားရင် အထက်အောက်လုပ်ပေးနိုင်တယ်။

(ခ) Downward Facing Dog ခါးကုန်း-မျက်နှာမှောက်နည်း၊ သူတို့ခေါ်တဲ့နာမည်က ခွေးပါလို့ ဗမာတွေနဲ့ မကိုက်ဘူး။ Adho Mukha Svanasana သက္ကတဘာသာ(သင်္သကရိုက်ဘာသာ) နဲ့လဲနာမည်ရှိတယ်။ ယောဂနည်းထဲကပါ။ မှောက်လျှက် ခါးကိုမြှင့်ထားပါ။ လက်တွေက ပခုံးနဲ့အတူကားထားပါ။ လက်ဝါးကို ကြမ်းပြင်ထိပြီး တတောင်ဆစ်နေရာက ကိုယ်ဖက်မှာရှိပါစေ။ အသက်အောင့်ထားပြီး ခြေမတွေကို ခြေပေါ်မှာ မတ်တပ်ရပ်တော့မလိုသဘော ပြုပြင်ပါ။ အသက်ရှူထုတ်ရင်း ခြေကိုဆန့်တန်းပါ။ လက်ကလဲမြင့်လာစေရမယ်။ ဒူးမကွေးနေပါနဲ့။ အစမှာ မရသေးလဲ ကြိုးစားပါ။ လုပ်နိုင်သလောက် ကြာကြာလုပ်ပါ။ ပခုံးကလဲ ပြားထားပါ။ ကိုယ်အလေးချိန်ကို မျှတနေပါစေ။

(ဂ) Head to Knee ဒူး-ခေါင်း နည်း။ Janu Shirshasana position လို့ခေါ်တယ်။ ယောဂနည်းပါဘဲ။ ခါးဆန့်နေပါစေ။ အသက်ပြင်းပြင်းရှူရင်းလုပ်ပါ။ ကြမ်းပြင်မှာ ထိုင်ချ၊ ကိုယ်ရှေ့မှာ ဒူးဆန့်တာကနေစပါ။ ဒူးတဖက်ကို ကိုယ်ဆီ ကွေးယူပါ။ အင်္ဂလိပ်စာလုံး (ပီ) လိုနေမယ်။ တင်ပါးကို ကြမ်းက မကျွစေနဲ့။ မျက်နှာက ဆန့်နေတဲ့ခြေဆီမူနေဘို့ရာ ကိုယ်က နဲနဲ လှည့်ပေးဘို့ လိုနိုင်ဆယ်။ အသက်ရှူတုံးမှာ လက်ကို ခေါင်းပေါ်မြှင့်ပါ။ ခါးဆန့်ထားရင်း ကိုယ်ကို တဖြေးဖြေး ရှေ့ကိုင်းပါ။ အသက်ရှူထုတ်ပါ။ တင်ကိုလဲ မကွေးစေနဲ့။ အလိုက်သင့်ပြင်စရာလိုတာတော့ပြင်ပေးပါ။ ကွေးနေတုံးမှာ ပေါင်တွေတင်းထားပါ။ ရှေ့ကိုကိုင်းပြီးရင် လက်ကို တဖြေးဖြေးချင်း အောက်ချပြီး ခြေထောက်ကိုဆုပ်ကိုင်ပါ။ ရှေ့ဆန့်ပါ။ နောက်တဖက်ကိုလဲ အဲလိုဘဲလုပ်ပါ။ ဖြေးဖြေးလုပ်ပါ၊ အသက်ပြင်းပြင်းရှူပါ။

သိပ်ဆင်းရဲတဲ့ အရပ်ဒေသတွေမှာ ဥပမာ စစ်ပွဲတွေ၊ အာဟာရ ချို့တဲ့တာတွေကြောင့် အချိန်တွေကြာလာရင် လူတွေအများစုက အရပ်ပုမယ်။ ဒုတိယ-ကမ္ဘာစစ်ကာလ ဂျပန်တွေ အရပ်ပုကြတာ ဗမာတွေအသိဘဲ။ အခု မပုကြတော့တာ ဘာလို့လဲ။ ၂၅-၁၁-၂ဝဝ၂ ထုတ်သတင်းမှာ နွားနို့သောက်လို့ပါလို့ ပြောတာ ရှိတယ်။ လူငယ်တွေ နွားနို့သောက် များလာတာ ၁ဝ နှစ်အတွင်း အဆ ၅ဝဝ တောင်ရှိသတဲ့။ ပေါင်မုံ့လဲ အမျိုးစုံအောင် စားသတဲ့။ ဈေးချိုတဲ့ Bumper rice ဆန်ထက်တောင် ပေါ်ပြူလာ ဖြစ်လာတယ်။ ဒါကြောင့် ပေါင်မုံ့စားနှုန်းက ၁၁ ဆ တက်လာတယ်။ ကိတ်မုံ့စားတာလဲ ပိုများလာတယ်။ ဒါကြောင့် ၁ဝ နှစ်သမီးလေးတွေက သူတို့အမတွေထက် ၁ လက္မပိုရှည်လာကြတယ်။ အလေးချိန်လဲ ၁ ပေါင်တိုးလာကြတယ်။ ယောက်ျားလေး-မိန်းကလေးတွေက စစ်မဖြစ်ခင်ကထက် ၃ ပေါင်ပိုလေးပြီး လက္မဝက် ပိုရှည်လာကြတယ်။

• လူတွေမှာ ကျောလျှားရှည်သူနဲ့ ပေါင်တံရှည်သူ မတူဘူး။ Long-legged beauty, Long Elegant Legs, Sexy Legs, Hot legs ဆွဲဆောင်မှုရှိတဲ့ ပူလောင်စေတဲ့ နာမဝိသသေနတွေ အများကြီး ရှိတယ်။
• ကျောရှည်သူက ထိုင်နေရင် မပုသလိုဘဲ။ ပေါင်ပိုရှည်သူ ထိုင်ရင် မရှည်သလို ထင်ရတယ်။
• အမျိုးသမီးတွေ အရပ် ၄ ပေ ၁၁ လက္မထက်နိမ့်ရင် တင်ပါးဆုံကွင်း ကျဉ်းလို့ ကလေးမွေးဖွါးရာမှာ ခက်နိုင်တယ်။
• ရှည်ရင် အားကစားမှာ ကျွမ်းဘား၊ ပြိုင်ကားမောင်းတာတွေမှာ အားသာကြတယ်။
• အရပ်ရှည်သူတွေက ဖက်ရှင်မယ်လုပ်လို့ရတယ်။ ရုပ်ရှင်မင်းသမီးဖြစ်နိုင်တယ်။ ဘောလုံး ဂိုးဖမ်းသူဟာ ရှည်တာ တပမ်းသာတယ်။
• အရပ်ရှည်တာက နှလုံးကျန်းမာရေးကောင်းတယ်လို့ ဆိုတာရှိသလို ကင်ဆာဖြစ်မှာတော့ စိုးရတယ်လို့ဆိုတာလဲ ရှိတယ်။ သိပ်ရှည်နေသူတွေမှာတော့ နှလုံး-သွေးကြောအတွက် မကောင်းပြန်ဘူး။
• ဘားဆွဲရင် လက်ရှည်တယ်ဆိုရင် ခါးလဲရှည်နိုင်တာပေါ့။ ဘားတန်းဆွဲရင် ခါးကလဲ ဆန့်ရတယ်။ ခြေကလဲ ဆန့်ရတယ်။

နောက်အကြံကောင်းတွေကတော့ အာဟာရပြည့်ဝဝ စားသုံးပါ။ ကျန်းမာနေစေရမယ်။ ကိုယ်လက်-လေ့ကျင့်ခန်း၊ ဆန့်တန်းမှုပါတဲ့ အားကစား ဥပမာ ရေကူး၊ တင်းနစ် ကစားပေးပါ။ ဘာတန်းကနေ အောက်တွဲလောင်းချနည်းလုပ်ပါ။ အနေအထိုင်ကအစ ပြင်ပါ။ ခါးမတ်မတ်ထိုင်၊ ခါးဆန့်လမ်းလျှောက်ပါ။ တနေ့ ၈ နာရီအိပ်စက်ပါ။ အရပ်ရှည်ချင်သူတွေ စားဘို့ကောင်းတဲ့ဆေးနဲ့ အစာမှာ ဗီတာမင် (ဒီ)၊ (ပရိုတင်း)၊ ဗီတာမင် (အေ)၊ (ကယ်လ်စီယန်) နဲ့ ဓါတ်ဆားတွေ ပါသင့်တယ်။

အရပ်ရှည်ဆေးတွေကြော်ညာပြီးရောင်းတာရှိပေမဲ့ ကျွန်တော်တော့ ထောက်ခံချက် မပေးနိုင်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာတင့်ဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top