စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

တစ္ကမၻာလံုးက ဒီဇင္ဘာ ၃၁ရက္ ည ၁၂ နာရီဆိုရင္ HAPPY NEW YEAR လို႔ ဝိုင္းေအာ္ျပီး ေပ်ာ္ျကတဲ႔ ညတစ္ညေပါ့ေနာ္။

ျမန္မာေတြေမ့ေနတာဒီဇင္ဘာ (31) ဆိုတာ ဒို႔ျမန္မာတနိုင္ငံလုံး ႏွစ္ေပါင္းမ်ားစြာ သူ႔ကြ်န္ဘဝ စေရာက္ရတဲ႔ေန႔ေလးဆိုတာလည္း သတိရေစလိုပါတယ္။

“Happy new year”ညအခ်ိန္ဟာျမန္မာလူမ်ိဳးတို႔အတြက္ အခါးသီးဆံုးေပ်ာ္႐ႊင္မႈေတြ ေပ်ာက္ဆံုးတဲ့ “ည”ပါပဲ။

ျမန္မာလူမ်ိဳးနဲ႔ျမန္မာနိုင္ငံျကီးကို သူတို႔ကြ်န္စာရင္းသြင္းျပီးေျကာင္း အသိေပးအေျကာင္းျကားတဲ႔စာကို ဝမ္းသာအားရ အဂၤလန္ဘုရင္မျကီးထံနွစ္ကူးလက္ေဆာင္အျဖစ္ဆက္သခဲ႔တဲ႔ သမိုင္းသက္ေသေလးကို ျပန္ေမွ်ာ္ျကည့္မိရင္Happy NewYear ဆိုတာ ျမန္မာတို႔အတြက္

Happy Naw Year ဆိုတာျမန္မာတို႔အတြက္သူ႕ကြ်န္ဘဝစေရာက္တဲ႕ေန႔ဆိုတာ အမွတ္ရေပးပါ…။

(Dr.ဝင္းဝင္းေသာ္တာ)

၁၈၈၆ ခုႏွစ္၊ ဇန္နဝါရီ ၁ ရက္ေန႔ဟာ ျမန္မာႏိုင္ငံကို ၿဗိတိသွ်ပိုင္နက္ထဲသြင္းယူတဲ့ေန႔ျဖစ္ၿပီး ၁၈၈၅ ႏိုဝင္ဘာ(၂၉)က ပါေတာ္မူတာဆိုေတာ့ တြက္ၾကည့္ရင္ (၁၃၁)ႏွစ္ရွိခဲ့ၿပီေပါ့။

ၿဗိတိသွ်အစိုးရ အဖြဲ႕ဝင္ ဝန္ၾကီး ေလာဒ္ရင္းေဒါ့ခ်ာခ်ီက သူေလးစားျမတ္ႏိုးတဲ့ ဝိတိုရိယဘုရင္မၾကီး ကို ႏွစ္သစ္ကူး လက္ေဆာင္ အျဖစ္ ျမန္မာႏိုင္ငံကိုေပးခဲ့တယ္လုိ႔ မွတ္သားထားမိခဲ့တယ္။

ၿဗိတိသွ်တို႔ဟာ ျမန္မာႏိုင္ငံကိုသံုးႀကိမ္ခြဲၿပီး တစ္စတစ္စသိမ္းပိုက္လိုက္တာမ်ား (၁၈၂၅) ခုႏွစ္ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲၿပီးေတာ့ တနသာၤရီနဲ႔ ရခိုင္ကိုသိမ္းပိုက္ႏိုင္ခဲ့တယ္။

(၁၈၅၂) ခုႏွစ္ အဂၤလိပ္-ျမန္မာ ဒုတိယစစ္ပြဲက်ေတာ့ ေအာက္ျမန္မာႏိုင္ငံကိုသိမ္းပိုက္ျပီး (၁၈၈၅)ခုႏွစ္ကုန္မွာေတာ့ က်န္ရွိေနတဲ့ အထက္ျမန္မာႏိုင္ငံကို သိမ္းပိုက္ၿပီး ဘုရင္ကိုလည္းဖမ္းဆီးေခၚေဆာင္သြားတာပါ။

စစ္ပြဲ(၃)ခု စလံုးကို အဂၤလိပ္ကခက္ခက္ခဲခဲမတိုက္လိုက္ရပဲ တစ္စစီ၊ တစ္ဖဲ့စီ ဆြဲသိမ္းလုိက္တာ ေနာက္ဆံုးေတာ့ တစ္ႏိုင္ငံလံုးေပးအပ္လိုက္ရတာပဲ။ ဒီလုိ အလြယ္တကူ သိမ္းပိုက္ခံတာဟာလည္း အေျခအေန ေတြက ဖန္တီးထားတာကိုး၊ ပေဒသရာဇ္နန္း လုပြဲေတြ၊ ေခါင္းေဆာင္ပိုင္းေတြ မညီမၫႊတ္ျဖစ္ေနတာေတြ၊ ၾကီးႏိုင္ငယ္ၫႇင္းမတရားမႈ လႊမ္းမိုးေန တာေတြေၾကာင့္လည္း အလြယ္တကူ ကြၽန္ျဖစ္သြားတယ္လို႔ သမိုင္းစာမ်က္ႏွာေတြ က ေကာက္ခ်က္ဆြဲခဲ့ တာပါပဲ။

ႏိုင္ငံေရးဆုိတာကလည္း စီးပြားေရးႏွင့္ဆက္စပ္ေနတာဆိုေတာ့ ျမန္မာႏိုင္ငံအေနအထားကလည္း စီးပြားေရးအရသိပ္ၿပီးတြက္ေျခကုိက္ေနတာမို႔ စီးပြားေရးလက္ဝါးႀကီးအုပ္၊ ေငြကိုသာငမ္းငမ္းတက္ျဖစ္ေနတဲ့ ကုန္သည္ႀကီးေတြက အထက္ျမန္မာႏိုင္ငံကို အဂၤလိပ္တို႔အျမန္သိမ္းပိုက္ႏိုင္ေရးအတြက္ အခါမလပ္ မီးထိုးေပးေတာ့တာပါပဲ။ ရန္ကုန္တိုင္း၊ ရန္ကုန္ေဂဇက္ သတင္းစာတို႔ဟာျဖင့္ ၿဗိတိသွ်ကုန္သည္ႀကီးေတြ လႊမ္းမိုးတဲ့သတင္းစာပါ။ ဒါေၾကာင့္လည္း (၁၈၈၄)ခုႏွစ္ ေအာက္တိုဘာ(၁၁)ရက္ေန႔မွာ က်င္းပခဲ့တဲ့ အထက္ျမန္မာျပည္ကို ျဗိတိသွ်တို႔အျမန္သိမ္းပိုက္ေရးအတြက္ လူထုအစည္းအေဝးက်င္းပႏိုင္ဖို႔ ရန္ကုန္တိုင္းနဲ႕ ရန္ကုန္ေဂဇက္ တို႔က အႀကီးအက်ယ္လႈံ႕ေဆာ္ေရးသားေတာ့တာပါပဲ။ ။

အဲ႔သည္လူထုအစည္းအေဝးႀကီးကေန ၿဗိတိသွ်အစိုးရကို အထက္ျမန္မာျပည္ အျမန္သိမ္းပိုက္ေရး တိုက္တြန္းေၾကာင္း အဆိုတင္သြင္းလာေတာ့တာပါပဲ။

အစည္းအေဝးဆံုးျဖတ္ခ်က္မွာေတာ့ ေအာက္ျမန္ မာျပည္ တိုင္းမင္းႀကီးခ်ဳပ္က အိႏိၵယအစိုးရဆီကိုေပးပို႔တဲ့အစီရင္ခံစာမွာ အထက္ျမန္မာႏိုင္ငံ ကုိတိုက္ခိုက္သိမ္းပိုက္ဖို႕ မေထာက္ခံႏိုင္ေၾကာင္း၊ သီေပါဘုရင္ႏွင့္ဆက္ဆံရာမွာ အဆင္မေျပမႈရွိေပမယ့္ သူ႔ႏိုင္ငံကို သိမ္းပိုက္ ေလာက္ေအာင္ထိ အေျခအေနမဆိုးေၾကာင္း မွတ္ခ်က္ေရးပါတယ္၊ အိႏိၵယဘုရင္ခံခ်ဳပ္ကလည္း အထက္ျမန္မာႏိုင္ငံကို သိမ္းပိုက္ဖို႔ ဒါမွမဟုတ္ သီေပါဘုရင္ကုိနန္းခ်ၿပီး အလိုေတာ္ရိမင္းသားတစ္ပါးကို နန္းတင္ဖို႕ လက္ရွိအေျခအေနနဲ႔ မသင့္ေတာ္ေၾကာင္းျပန္ၾကားခဲ့ေပမယ့္ ကုန္သည္ႀကီးေတြကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး အထက္ျမန္မာႏိုင္ငံကို သိမ္းပိုက္ဖို႔ပဲတိုက္တြန္းေနပါေတာ့တယ္။

(၁၈၈၅)ခုႏွစ္ေမလမွာ လန္ဒန္ကုန္သည္ၾကီးအသင္းက အေၾကာင္းအမ်ိဳးမိ်ဳးျပၿပီး အထက္ျမန္မာျပည္ကို သိမ္းဖို႔ တိုက္တြန္းျပန္ပါတယ္၊ ၾသဂုတ္လမွာ ဘုံေဘဘားမားကုမၸဏီက သစ္ခိုုးထုတ္တဲ့ကိစၥႏွင့္ပတ္သက္ၿပီး ျမန္မာအစိုးရနဲ႕ အခ်င္းမ်ားၾကပါတယ္။

ေအာက္တိုဘာ(၂၃)မွာေတာ့ လန္ဒန္ကုန္သည္ႀကီးမ်ား အသင္းရဲ႕အိႏိၵယဆိုင္ရာဝန္ႀကီး ေလာ့ဒ္ရင္းေဒါ့ခ်ာခ်ီဆီကို ေလွ်ာက္လႊာတစ္ေစာင္ပို႔ပါတယ္၊ ေလွ်ာက္လႊာမွာေတာ့ ၿဗိတိသွ်ေတြကို ျမန္မာေတြက ႏိုင္ထက္စီးနင္းျပဳတယ္ဆိုၿပီး အက်ယ္တဝင့္ေရးတဲ့အျပင္ အထက္ျမန္မာျပည္ ကို သိမ္းပိုက္ဖို႔ အခ်ိန္က်ၿပီျဖစ္တဲ့အေၾကာင္း ေဖာ္ျပတိုက္တြန္းျပန္ပါတယ္။

ဒီလုိနဲ႔ ၿဗိိတိသွ်အစိုးရက အထက္ျမန္မာျပည္ကိုသိမ္းပိုက္ဖို႔ ဗိုလ္ခ်ဳပ္ႀကီး ပင္ဒါဂတ္ကို တာဝန္ေပးပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး ပင္ဒါဂတ္ဟာ(၁၈၈၅)ႏိုဝင္ဘာ(၁၂)ရက္ေန႔မွာ ရန္ကုန္-ျပည္-မႏၱေလး ခရီးစဥ္အတိုင္း ခ်ီတက္တာ (၂၈)ႏိုဝင္ဘာမွာ မႏၱေလးေရာက္ပါတယ္။ (၁၈၈၆)ခု၊ ေမလ(၂၆)ရက္ေန႔ ထုတ္ ျဗိတိသွ် ဘားမားေဂဇက္ (Briatish Burma Gazatte) ဗိုလ္ခ်ဳပ္ႀကီး ပင္ဒါဂတ္ ဒီလုိမွတ္တမ္းေရးပါ တယ္-

ႏိုဝင္ဘာ(၂၈)ရက္ေန႔တြင္ မႏၱေလးသို႔ ေရွ႕ေျပးတပ္မ်ားေစလႊတ္သည္။ လက္နက္ကိုင္တပ္မ်ား၏ အရိပ္္အေရာင္မ်ားကို မေတြ႔ရပါ။ သေဘာၤတပ္ကို ၾကည္႕ရႈရန္အတြက္ ေထာင္ႏွင့္ခ်ီေသာ ျမန္မာမ်ားသည္ ကမ္းေပၚတြင္ ေအးေအးေဆးေဆးပင္ စုေဝးေရာက္ရွိေနၾကသည္။ မြန္းလြဲပိုင္းတြင္ တပ္သည္ ဆီးၾကိဳ တိုက္ခိုက္သူမ်ားမေတြ႔ရဘဲ နန္းေတာ္သို႔ခ်ီတက္သြားၿပီးလွ်င္ ၿမိဳ႕တံခါးမ်ားႏွင့္ နန္းေတာ္တံခါးမ်ားကို သိမ္းပိုက္ထားလိုက္သည္။ ဗိုလ္မွဴးႀကီးစေလဒင္သည္ ဘုရင္ႏွင့္အခ်ိန္ၾကာျမင့္စြာေတြ႔ဆံုသည္။

ႏိုဝင္ဘာ(၂၉)ရက္ မြန္းလြဲ(၂)နာရီအခ်ိန္တြင္ ကြၽႏု္ပ္၏ရံုးအဖြဲ႕သားမ်ားႏွင့္(ျမန္မာ)ႏိုင္ငံေတာ္ဝန္ႀကီးမ်ား လိုက္ပါလွ်က္ နန္းေတာ္အတြင္းရွိတစ္ခုေသာ အေဆာင္တြင္ဘုရင္အား သြားေရာက္ေတြ႕ဆံုၿပီး သူ႕အဖို႕တိုင္းျပည္ ၏ေကာင္းက်ိဳးကို ေရွးရႈ၍ တိုင္းျပည္မွအျမန္ဆံုး ထြက္ခြာသြားသင့္ေၾကာင္း အေလးအနက္ေျပာဆုိပါသည္။ ကြၽႏု္ပ္ေတြ႕ဆံုေနစဥ္ မယ္ေတာ္ႀကီးႏွင့္မိဖုရားမ်ားလည္း ရွိေနၾကပါသည္။

(၃း၃ဝ)အခ်ိန္တြင္ သီေပါႏွင့္ သူ၏အိမ္ေထာင္သားစုမွ အမ်ိဳးသမီးမ်ားကိုနန္းတြင္းမွ ပလႅင္ခန္းမကိုျဖတ္၍ ၿဗိတိသွ်စစ္သားမ်ား ဝဲယာစီတန္းေစာင့္ၾကပ္ထားသည္႕လမ္းအတိုင္းလီဗာပူ ေသနတ္ကိုင္တပ္မွတပ္ခြဲႏွစ္ခု အေစာင့္ထားေသာ သူရိယသေဘာၤအေရာက္အသင့္ျပင္ထားေသာ ႏြားဆြဲယာဥ္မ်ားျဖင့္ေခၚလာခဲ့ၿပီးေနာက္ ဘုရင္ေရတပ္မေတာ္ပါရွိသည့္ ငဝန္သေဘာၤျဖင့္ ေစာင့္ေရွာက္လိုက္ပါလ်က္ ရန္ကုန္သို႔ပို႔ေဆာင္ပါသည္။ ဒါဟာ ”ပါေတာ္မူ” အေၾကာင္းရဲ႕မွတ္တမ္း တစိတ္တစ္ေဒသပါပဲ။

ကင္းဝန္မင္းႀကီးက အဂၤလိပ္စစ္တပ္ကိုခုခံတိုက္ခိုက္ျခင္းမျပဳဘဲ အားလံုးအညံ့ခံဖို႕ ဘုရင္ကို အၾကံေပး တာဟာျဖင့္ အဂၤလိပ္တို႔သီေပါကို နန္းမခ်ဘဲတန္ခိုးအာဏာကိုသာ ခ်ဳပ္ခ်ယ္ထားမွာပဲလုိ႔ ယံုၾကည္မိတာေၾကာင့္ပါ။ ဒါေပမဲ့ကင္းဝန္မင္းႀကီး ေမွ်ာ္လင့္သလုိျဖစ္မလာပဲ အၾ<ြကင္းမဲ့လက္နက္ခ် ဒူးေထာက္လိုက္ရတာပါပဲ။

(၁၈၈၅)ဒီဇင္ဘာ(၃)ရက္မွာေတာ့ ရန္ကုန္မွာရွိတဲ့ ကုန္သည္ႀကီးအသင္းက အေထြေထြ အစည္းအေဝးႀကီးေခၚျပန္ပါတယ္။

အထက္ျမန္မာျပည္ကို အိႏိၵယအင္ပါယာထဲသြတ္သြင္းၿပီး တိုက္ရိုက္ အုပ္ခ်ဳပ္သင့္ေၾကာင္းကို အထူးတိုင္းမင္းႀကီးဆီ အစီရင္ခံစာတစ္ေစာင္ေရးပို႕ပါတယ္။ ၿဗိတိသွ်ကုန္သည္ႀကီးမ်ား အသင္းကလည္း ဒီအတိုင္းပဲဆံုးျဖတ္တာမို႕ ျဗိတိသွ်အစိုးရလည္း ဥပေဒဘက္ဆိုင္ရာ ပုဂၢိဳလ္မ်ားႏွင့္တိုင္ပင္ၿပီး (၁၈၈၅) ဒီဇင္ဘာ(၂၄)ရက္ေန႔မွာ အိႏိၵယဘုရင္ခံဆီ ဘုရင္မႀကီး၏အမိန္႔ေတာ္အရ သင္၏သေဘာတူညီခ်က္ျဖင့္ အထက္ျမန္မာျပည္ကို အိႏိၵယအစိုးရအား ဘဏၰာေရးႏွင့္ပတ္သက္သည့္ ခ်ဳပ္ကိုင္မွဴႏွင့္တာဝန္မ်ားကို ထမ္းေဆာင္ေစလ်က္ဘုရင္မႀကီး၏သေဘာေတာ္အတိုင္း စီမံအုပ္ခ်ဳပ္မည္။ ဘုရင္မႀကီးအုပ္ခ်ဳပ္စိုးမိုးေတာ္မူေသာ ႏိုင္ငံအျဖစ္ေၾကျငာရန္ သင့္အားတာဝန္လႊဲအပ္သည္။ ဆိုတဲ့ ေၾကးနန္းပို႔ပါတယ္။

(၁၈၈၆)ဇန္နဝါရီ (၁)ရက္ ၊ႏွစ္သစ္ကူးခ်ိန္မွာပဲ ျမန္မာတစ္ျပည္လံုး အဂၤလိပ္လက္ေအာက္ အၿပီးအပိုင္ေရာက္ရွိေၾကာင္း ကာလကတၲား၊ ရန္ကုန္နဲ႕မႏၲေလးၿမိဳ႕မ်ားမွာ တစ္ၿပိဳင္နက္ေၾကညာ လိုက္ပါေတာ့ တယ္။

(ရည္ၫႊန္း)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးဝင္းတင့္ (မိတီၴလာတကၠသိုလ္ စာၾကည္႔တိုက္မွဴး) ၏ ေရွးတုန္းကသတင္းစာျဖတ္ပိုင္းမ်ားႏွင့္မွတ္စု

# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ကမ္ဘာလုံးက ဒီဇင်ဘာ ၃၁ရက် ည ၁၂ နာရီဆိုရင် HAPPY NEW YEAR လို့ ဝိုင်းအော်ပြီး ပျော်ကြတဲ့ ညတစ်ညပေါ့နော်။

မြန်မာတွေမေ့နေတာဒီဇင်ဘာ (31) ဆိုတာ ဒို့မြန်မာတနိုင်ငံလုံး နှစ်ပေါင်းများစွာ သူ့ကျွန်ဘဝ စရောက်ရတဲ့နေ့လေးဆိုတာလည်း သတိရစေလိုပါတယ်။

“Happy new year”ညအချိန်ဟာမြန်မာလူမျိုးတို့အတွက် အခါးသီးဆုံးပျော်ရွှင်မှုတွေ ပျောက်ဆုံးတဲ့ “ည”ပါပဲ။

မြန်မာလူမျိုးနဲ့မြန်မာနိုင်ငံကြီးကို သူတို့ကျွန်စာရင်းသွင်းပြီးကြောင်း အသိပေးအကြောင်းကြားတဲ့စာကို ဝမ်းသာအားရ အင်္ဂလန်ဘုရင်မကြီးထံနှစ်ကူးလက်ဆောင်အဖြစ်ဆက်သခဲ့တဲ့ သမိုင်းသက်သေလေးကို ပြန်မျှော်ကြည့်မိရင်Happy NewYear ဆိုတာ မြန်မာတို့အတွက်

Happy Naw Year ဆိုတာမြန်မာတို့အတွက်သူ့ကျွန်ဘဝစရောက်တဲ့နေ့ဆိုတာ အမှတ်ရပေးပါ…။

(Dr.ဝင်းဝင်းသော်တာ)

၁၈၈၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ဟာ မြန်မာနိုင်ငံကို ဗြိတိသျှပိုင်နက်ထဲသွင်းယူတဲ့နေ့ဖြစ်ပြီး ၁၈၈၅ နိုဝင်ဘာ(၂၉)က ပါတော်မူတာဆိုတော့ တွက်ကြည့်ရင် (၁၃၁)နှစ်ရှိခဲ့ပြီပေါ့။

ဗြိတိသျှအစိုးရ အဖွဲ့ဝင် ဝန်ကြီး လောဒ်ရင်းဒေါ့ချာချီက သူလေးစားမြတ်နိုးတဲ့ ဝိတိုရိယဘုရင်မကြီး ကို နှစ်သစ်ကူး လက်ဆောင် အဖြစ် မြန်မာနိုင်ငံကိုပေးခဲ့တယ်လို့ မှတ်သားထားမိခဲ့တယ်။

ဗြိတိသျှတို့ဟာ မြန်မာနိုင်ငံကိုသုံးကြိမ်ခွဲပြီး တစ်စတစ်စသိမ်းပိုက်လိုက်တာများ (၁၈၂၅) ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲပြီးတော့ တနသာၤရီနဲ့ ရခိုင်ကိုသိမ်းပိုက်နိုင်ခဲ့တယ်။

(၁၈၅၂) ခုနှစ် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲကျတော့ အောက်မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီး (၁၈၈၅)ခုနှစ်ကုန်မှာတော့ ကျန်ရှိနေတဲ့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီး ဘုရင်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတာပါ။

စစ်ပွဲ(၃)ခု စလုံးကို အင်္ဂလိပ်ကခက်ခက်ခဲခဲမတိုက်လိုက်ရပဲ တစ်စစီ၊ တစ်ဖဲ့စီ ဆွဲသိမ်းလိုက်တာ နောက်ဆုံးတော့ တစ်နိုင်ငံလုံးပေးအပ်လိုက်ရတာပဲ။ ဒီလို အလွယ်တကူ သိမ်းပိုက်ခံတာဟာလည်း အခြေအနေ တွေက ဖန်တီးထားတာကိုး၊ ပဒေသရာဇ်နန်း လုပွဲတွေ၊ ခေါင်းဆောင်ပိုင်းတွေ မညီမညွှတ်ဖြစ်နေတာတွေ၊ ကြီးနိုင်ငယ်ညှင်းမတရားမှု လွှမ်းမိုးနေ တာတွေကြောင့်လည်း အလွယ်တကူ ကျွန်ဖြစ်သွားတယ်လို့ သမိုင်းစာမျက်နှာတွေ က ကောက်ချက်ဆွဲခဲ့ တာပါပဲ။

နိုင်ငံရေးဆိုတာကလည်း စီးပွားရေးနှင့်ဆက်စပ်နေတာဆိုတော့ မြန်မာနိုင်ငံအနေအထားကလည်း စီးပွားရေးအရသိပ်ပြီးတွက်ခြေကိုက်နေတာမို့ စီးပွားရေးလက်ဝါးကြီးအုပ်၊ ငွေကိုသာငမ်းငမ်းတက်ဖြစ်နေတဲ့ ကုန်သည်ကြီးတွေက အထက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့အမြန်သိမ်းပိုက်နိုင်ရေးအတွက် အခါမလပ် မီးထိုးပေးတော့တာပါပဲ။ ရန်ကုန်တိုင်း၊ ရန်ကုန်ဂေဇက် သတင်းစာတို့ဟာဖြင့် ဗြိတိသျှကုန်သည်ကြီးတွေ လွှမ်းမိုးတဲ့သတင်းစာပါ။ ဒါကြောင့်လည်း (၁၈၈၄)ခုနှစ် အောက်တိုဘာ(၁၁)ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထက်မြန်မာပြည်ကို ဗြိတိသျှတို့အမြန်သိမ်းပိုက်ရေးအတွက် လူထုအစည်းအဝေးကျင်းပနိုင်ဖို့ ရန်ကုန်တိုင်းနဲ့ ရန်ကုန်ဂေဇက် တို့က အကြီးအကျယ်လှုံ့ဆော်ရေးသားတော့တာပါပဲ။ ။

အဲ့သည်လူထုအစည်းအဝေးကြီးကနေ ဗြိတိသျှအစိုးရကို အထက်မြန်မာပြည် အမြန်သိမ်းပိုက်ရေး တိုက်တွန်းကြောင်း အဆိုတင်သွင်းလာတော့တာပါပဲ။

အစည်းအဝေးဆုံးဖြတ်ချက်မှာတော့ အောက်မြန် မာပြည် တိုင်းမင်းကြီးချုပ်က အိန္ဒိယအစိုးရဆီကိုပေးပို့တဲ့အစီရင်ခံစာမှာ အထက်မြန်မာနိုင်ငံ ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ မထောက်ခံနိုင်ကြောင်း၊ သီပေါဘုရင်နှင့်ဆက်ဆံရာမှာ အဆင်မပြေမှုရှိပေမယ့် သူ့နိုင်ငံကို သိမ်းပိုက် လောက်အောင်ထိ အခြေအနေမဆိုးကြောင်း မှတ်ချက်ရေးပါတယ်၊ အိန္ဒိယဘုရင်ခံချုပ်ကလည်း အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့ ဒါမှမဟုတ် သီပေါဘုရင်ကိုနန်းချပြီး အလိုတော်ရိမင်းသားတစ်ပါးကို နန်းတင်ဖို့ လက်ရှိအခြေအနေနဲ့ မသင့်တော်ကြောင်းပြန်ကြားခဲ့ပေမယ့် ကုန်သည်ကြီးတွေကတော့ အကြောင်းအမျိုးမျိုးပြပြီး အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့ပဲတိုက်တွန်းနေပါတော့တယ်။

(၁၈၈၅)ခုနှစ်မေလမှာ လန်ဒန်ကုန်သည်ကြီးအသင်းက အကြောင်းအမျိုးမျိုးပြပြီး အထက်မြန်မာပြည်ကို သိမ်းဖို့ တိုက်တွန်းပြန်ပါတယ်၊ သြဂုတ်လမှာ ဘုံဘေဘားမားကုမ္ပဏီက သစ်ခိုုးထုတ်တဲ့ကိစ္စနှင့်ပတ်သက်ပြီး မြန်မာအစိုးရနဲ့ အချင်းများကြပါတယ်။

အောက်တိုဘာ(၂၃)မှာတော့ လန်ဒန်ကုန်သည်ကြီးများ အသင်းရဲ့အိန္ဒိယဆိုင်ရာဝန်ကြီး လော့ဒ်ရင်းဒေါ့ချာချီဆီကို လျှောက်လွှာတစ်စောင်ပို့ပါတယ်၊ လျှောက်လွှာမှာတော့ ဗြိတိသျှတွေကို မြန်မာတွေက နိုင်ထက်စီးနင်းပြုတယ်ဆိုပြီး အကျယ်တဝင့်ရေးတဲ့အပြင် အထက်မြန်မာပြည် ကို သိမ်းပိုက်ဖို့ အချိန်ကျပြီဖြစ်တဲ့အကြောင်း ဖော်ပြတိုက်တွန်းပြန်ပါတယ်။

ဒီလိုနဲ့ ဗြိတိသျှအစိုးရက အထက်မြန်မာပြည်ကိုသိမ်းပိုက်ဖို့ ဗိုလ်ချုပ်ကြီး ပင်ဒါဂတ်ကို တာဝန်ပေးပါတယ်။ ဗိုလ်ချုပ်ကြီး ပင်ဒါဂတ်ဟာ(၁၈၈၅)နိုဝင်ဘာ(၁၂)ရက်နေ့မှာ ရန်ကုန်-ပြည်-မန္တလေး ခရီးစဉ်အတိုင်း ချီတက်တာ (၂၈)နိုဝင်ဘာမှာ မန္တလေးရောက်ပါတယ်။ (၁၈၈၆)ခု၊ မေလ(၂၆)ရက်နေ့ ထုတ် ဗြိတိသျှ ဘားမားဂေဇက် (Briatish Burma Gazatte) ဗိုလ်ချုပ်ကြီး ပင်ဒါဂတ် ဒီလိုမှတ်တမ်းရေးပါ တယ်-

နိုဝင်ဘာ(၂၈)ရက်နေ့တွင် မန္တလေးသို့ ရှေ့ပြေးတပ်များစေလွှတ်သည်။ လက်နက်ကိုင်တပ်များ၏ အရိပ်အရောင်များကို မတွေ့ရပါ။ သဘောၤတပ်ကို ကြည့်ရှုရန်အတွက် ထောင်နှင့်ချီသော မြန်မာများသည် ကမ်းပေါ်တွင် အေးအေးဆေးဆေးပင် စုဝေးရောက်ရှိနေကြသည်။ မွန်းလွဲပိုင်းတွင် တပ်သည် ဆီးကြို တိုက်ခိုက်သူများမတွေ့ရဘဲ နန်းတော်သို့ချီတက်သွားပြီးလျှင် မြို့တံခါးများနှင့် နန်းတော်တံခါးများကို သိမ်းပိုက်ထားလိုက်သည်။ ဗိုလ်မှူးကြီးစလေဒင်သည် ဘုရင်နှင့်အချိန်ကြာမြင့်စွာတွေ့ဆုံသည်။

နိုဝင်ဘာ(၂၉)ရက် မွန်းလွဲ(၂)နာရီအချိန်တွင် ကျွနု်ပ်၏ရုံးအဖွဲ့သားများနှင့်(မြန်မာ)နိုင်ငံတော်ဝန်ကြီးများ လိုက်ပါလျှက် နန်းတော်အတွင်းရှိတစ်ခုသော အဆောင်တွင်ဘုရင်အား သွားရောက်တွေ့ဆုံပြီး သူ့အဖို့တိုင်းပြည် ၏ကောင်းကျိုးကို ရှေးရှု၍ တိုင်းပြည်မှအမြန်ဆုံး ထွက်ခွာသွားသင့်ကြောင်း အလေးအနက်ပြောဆိုပါသည်။ ကျွနု်ပ်တွေ့ဆုံနေစဉ် မယ်တော်ကြီးနှင့်မိဖုရားများလည်း ရှိနေကြပါသည်။

(၃း၃ဝ)အချိန်တွင် သီပေါနှင့် သူ၏အိမ်ထောင်သားစုမှ အမျိုးသမီးများကိုနန်းတွင်းမှ ပလ္လင်ခန်းမကိုဖြတ်၍ ဗြိတိသျှစစ်သားများ ဝဲယာစီတန်းစောင့်ကြပ်ထားသည့်လမ်းအတိုင်းလီဗာပူ သေနတ်ကိုင်တပ်မှတပ်ခွဲနှစ်ခု အစောင့်ထားသော သူရိယသဘောၤအရောက်အသင့်ပြင်ထားသော နွားဆွဲယာဉ်များဖြင့်ခေါ်လာခဲ့ပြီးနောက် ဘုရင်ရေတပ်မတော်ပါရှိသည့် ငဝန်သဘောၤဖြင့် စောင့်ရှောက်လိုက်ပါလျက် ရန်ကုန်သို့ပို့ဆောင်ပါသည်။ ဒါဟာ ”ပါတော်မူ” အကြောင်းရဲ့မှတ်တမ်း တစိတ်တစ်ဒေသပါပဲ။

ကင်းဝန်မင်းကြီးက အင်္ဂလိပ်စစ်တပ်ကိုခုခံတိုက်ခိုက်ခြင်းမပြုဘဲ အားလုံးအညံ့ခံဖို့ ဘုရင်ကို အကြံပေး တာဟာဖြင့် အင်္ဂလိပ်တို့သီပေါကို နန်းမချဘဲတန်ခိုးအာဏာကိုသာ ချုပ်ချယ်ထားမှာပဲလို့ ယုံကြည်မိတာကြောင့်ပါ။ ဒါပေမဲ့ကင်းဝန်မင်းကြီး မျှော်လင့်သလိုဖြစ်မလာပဲ အြ<ွကင်းမဲ့လက်နက်ချ ဒူးထောက်လိုက်ရတာပါပဲ။

(၁၈၈၅)ဒီဇင်ဘာ(၃)ရက်မှာတော့ ရန်ကုန်မှာရှိတဲ့ ကုန်သည်ကြီးအသင်းက အထွေထွေ အစည်းအဝေးကြီးခေါ်ပြန်ပါတယ်။

အထက်မြန်မာပြည်ကို အိန္ဒိယအင်ပါယာထဲသွတ်သွင်းပြီး တိုက်ရိုက် အုပ်ချုပ်သင့်ကြောင်းကို အထူးတိုင်းမင်းကြီးဆီ အစီရင်ခံစာတစ်စောင်ရေးပို့ပါတယ်။ ဗြိတိသျှကုန်သည်ကြီးများ အသင်းကလည်း ဒီအတိုင်းပဲဆုံးဖြတ်တာမို့ ဗြိတိသျှအစိုးရလည်း ဥပဒေဘက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့်တိုင်ပင်ပြီး (၁၈၈၅) ဒီဇင်ဘာ(၂၄)ရက်နေ့မှာ အိန္ဒိယဘုရင်ခံဆီ ဘုရင်မကြီး၏အမိန့်တော်အရ သင်၏သဘောတူညီချက်ဖြင့် အထက်မြန်မာပြည်ကို အိန္ဒိယအစိုးရအား ဘဏ္ဏာရေးနှင့်ပတ်သက်သည့် ချုပ်ကိုင်မှူနှင့်တာဝန်များကို ထမ်းဆောင်စေလျက်ဘုရင်မကြီး၏သဘောတော်အတိုင်း စီမံအုပ်ချုပ်မည်။ ဘုရင်မကြီးအုပ်ချုပ်စိုးမိုးတော်မူသော နိုင်ငံအဖြစ်ကြေငြာရန် သင့်အားတာဝန်လွှဲအပ်သည်။ ဆိုတဲ့ ကြေးနန်းပို့ပါတယ်။

(၁၈၈၆)ဇန်နဝါရီ (၁)ရက် ၊နှစ်သစ်ကူးချိန်မှာပဲ မြန်မာတစ်ပြည်လုံး အင်္ဂလိပ်လက်အောက် အပြီးအပိုင်ရောက်ရှိကြောင်း ကာလကတ္တား၊ ရန်ကုန်နဲ့မန္တလေးမြို့များမှာ တစ်ပြိုင်နက်ကြေညာ လိုက်ပါတော့ တယ်။

(ရည်ညွှန်း)

ဖိုးသူတော် (www.phothutaw.com)
Credit: ဦးဝင်းတင့် (မိတ္ထီလာတက္ကသိုလ် စာကြည့်တိုက်မှူး) ၏ ရှေးတုန်းကသတင်းစာဖြတ်ပိုင်းများနှင့်မှတ်စု
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top