iMyanmarHouse.com - Best Property Website for Myanmar
×

Gym ေဆာ့တဲ့ ပထမဆံုးရက္ဆို ျပံဳးျပံဳးရႊင္ရႊင္နဲ႔ တက္ၾကြလန္းဆန္းေနတာပဲ။ ေနာက္ပုိင္းတစ္ျဖည္းျဖည္း အ႐ွိန္ေတြျမင့္လာေတာ့ ကိုယ္လက္ေတြနာက်င္လာရင္ ဆက္ေဆာ့ဖို႔ကို
တြန္႔သြားတတ္ၾကပါတယ္။ မတြန္႔ပါနဲ႔။ တစ္လေလာက္ေဆာ့ျပီးတာနဲ႔ ဆက္ေဆာ့ႏုိင္ဖို႔ စိတ္အားျမွင့္တင္ေပးမယ့္ ဒီနည္းလမ္းေလးေတြကို တစ္ခ်က္ေလာက္ၾကည့္လိုက္ပါဦး။

(၁) သူမ်ားေတြအျမင္ကို ဂ႐ုမစိုက္နဲ႔

ကို္ယ့္မွာလိုအပ္ခ်က္႐ွိလို႔ ဂ်င္လာေဆာ့တာေလ။ အရမ္းလွေနရင္ ဘယ္သူကပိုက္ဆံအကုန္ခံျပီး
ေဆာ့မွာလဲ ? အျခားသူေတြ ကိုယ့္ရဲ ႔ခႏၶာကိုယ္ကိုၾကည့္ျပီးေလွာင္ေျပာင္မွာကို မစိုးရိမ္ပါနဲ႔။ ကိုယ့္ဘာသာမွန္ၾကည့္ျပီး နည္းျပေတြနဲ႔ နည္းစနစ္မွန္ကန္ေအာင္ေဆာ့ပါ။ အခ်ိန္က သက္ေသျပသြား
ပါလိမ့္မယ္။

(၂) ဂိမ္းတစ္ပဲြေဆာ့ေနသလို သေဘာထား

ျပကၡဒိ္န္တစ္ခုခ် ။ ေလ့က်င့္ခန္းလုပ္ခဲ့တဲ့ရက္ေတြကို ေသခ်ာမွတ္ထားျပီး ကိုယ္စိတ္မပါသလိုျဖစ္ေနခ်ိန္တုိင္း မွတ္ထားတာကို ျပန္ေကာက္ၾကည့္။ ငါဒီေလာက္ထိေဆာ့လာျပီးမွ လက္ေလ်ာ့လိုက္လို႔မျဖစ္ဘူး။ ငါလိုခ်င္တဲ့ ေဘာ္ဒီတစ္ခုရေအာင္ ဆက္ၾကိဳးစားမယ္လို႔ အားေမြး။

(၃) လွပတဲ့ အားကစား၀တ္စံု၀ယ္

အခ်ဳိ ႔သုေတသီေတြက အနီေရာင္၀တ္စံုဟာ ေအာင္ျမင္ျခင္းရဲ ႔သေကၤတတစ္ခုျဖစ္တယ္လို႔ ဆိုတယ္။ အနီေရာင္အားကစား၀တ္စံုေလးနဲ႔ ေလ့က်င့္ခန္းလုပ္ၾကည့္ပါလား။ မွန္ထဲမွာအရမ္းလွေနလို႔ အေခါက္ေရမ်ားမ်ားလုပ္ခ်င္စိတ္ေတြ တဖြားဖြားေပၚလာမယ္။

(၄) အိမ္နဲ႔နီးတဲ့ Gymကိုေရြးပါ။

အိမ္နဲ႔နီးေတာ့ ဘာဆင္ျခင္မွေပးလို႔မရဘူး။ ရာသီဥတုေကာင္းေကာင္း၊ ဆိုးဆိုး အိမ္နဲ႔နီးေနေတာ့
ငါမနက္ျဖန္မွသြားေတာ့မယ္…. တပတ္ခါမွသြားေတာ့မယ္ဆိုတဲ့ ဆင္ျခင္ေတြေပးလုိ႔မရေတာ့ဘူးေပါ့။

(၅) စိတ္တက္ၾကြမယ့္ သီခ်င္းနားေထာင္

သင့္ရဲ ႔စိတ္ကိုလန္းဆန္းတက္ၾကြေစမယ့္ သီခ်င္းမ်ဳိးနားေထာင္ပါ။ ဂီတက စိတ္ခံစားခ်က္ေကာင္းေစတယ္။ စိတ္ၾကည္လင္စြာနဲ႔ ေလ့က်င့္ခန္းလုပ္ရင္ ၅၀ရာခုိင္ႏႈန္းေလာက္ေအာင္ျမင္ျပီတဲ့။

(၆) ၃လစာ membership ၀ယ္ထား

ဒီနည္းလမ္းေလးကလည္း သင့္ကိုယ္သင္ ဆင္ျခင္ေပးလို႔မရေအာင္ တစ္ဖက္လွည့္ျဖတ္လမ္းေလးျဖစ္ပါတယ္။ ပုိက္ဆံေတြေပးထားတာပဲ.. ႏွေျမာစရာၾကီး။
သြားကစားဦးမွပါေလလို႔ေတြးျပီး Gym သို႔ေရာက္သြားျပန္ေလျပီ။

(၇) အစီစဥ္ဆဲြ

Gym သြားခ်ိန္ကို အခ်ိန္ဇယားဆဲြပါ။ ဘယ္အခ်ိန္မွာ ဘာလုပ္တယ္၊ ဘယ္လိုလုပ္တယ္ဆိုတာကို
မွတ္ထားပါ။ ေနာက္ထပ္ကစားရမယ့္ပံုစံေတြကို ေသခ်ာစိစစ္လို႔ရတာေပါ့။ ျပန္ၾကည့္လုိက္ရင္လည္း
ငါဘယ္ေလာက္ထိေဆာ့ခဲ့တာပဲ ဆုိတာကိုျပန္သိႏုိင္တယ္။

(၈) crush ေလးတစ္ေယာက္လည္းထား

Gym မွာ ၾကိတ္ေၾကြေနရတဲ့ crush ေလး႐ွိတာလည္း စိတ္အတြက္ တြန္းအားျဖစ္ေစပါတယ္။
မသြားခ်င္ရင္ေတာင္ ေၾသာ္….သူနဲ႔ေတြ႔ရဦးမွာပါလား ဆိုတဲ့အသိက သင့္ကို Gymသို႔ ဆဲြေခၚသြားႏုိင္ပါတယ္။ တကယ္ေျပာတာပါ.. အခ်စ္က အေကာင္းဆံုးစိတ္ဓာတ္ခြန္အားတစ္ခုပါပဲ။
Gym သြားဖို႔ပ်င္းေနရင္ ဒီအခ်က္ေလးေတြလုိက္လုပ္ၾကည့္ေနာ္။ ကိုယ္လုပ္မွ ကိုယ္လွမွာပါ။ ဖိုက္တင္း!

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #
Gym ဆော့တဲ့ ပထမဆုံးရက်ဆို ပြုံးပြုံးရွှင်ရွှင်နဲ့ တက်ကြွလန်းဆန်းနေတာပဲ။ နောက်ပိုင်းတစ်ဖြည်းဖြည်း အရှိန်တွေမြင့်လာတော့ ကိုယ်လက်တွေနာကျင်လာရင် ဆက်ဆော့ဖို့ကို
တွန့်သွားတတ်ကြပါတယ်။ မတွန့်ပါနဲ့။ တစ်လလောက်ဆော့ပြီးတာနဲ့ ဆက်ဆော့နိုင်ဖို့ စိတ်အားမြှင့်တင်ပေးမယ့် ဒီနည်းလမ်းလေးတွေကို တစ်ချက်လောက်ကြည့်လိုက်ပါဦး။

(၁) သူများတွေအမြင်ကို ဂရုမစိုက်နဲ့

ကိုယ့်မှာလိုအပ်ချက်ရှိလို့ ဂျင်လာဆော့တာလေ။ အရမ်းလှနေရင် ဘယ်သူကပိုက်ဆံအကုန်ခံပြီး
ဆော့မှာလဲ ? အခြားသူတွေ ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကြည့်ပြီးလှောင်ပြောင်မှာကို မစိုးရိမ်ပါနဲ့။ ကိုယ့်ဘာသာမှန်ကြည့်ပြီး နည်းပြတွေနဲ့ နည်းစနစ်မှန်ကန်အောင်ဆော့ပါ။ အချိန်က သက်သေပြသွား
ပါလိမ့်မယ်။

(၂) ဂိမ်းတစ်ပွဲဆော့နေသလို သဘောထား

ပြက္ခဒိန်တစ်ခုချ ။ လေ့ကျင့်ခန်းလုပ်ခဲ့တဲ့ရက်တွေကို သေချာမှတ်ထားပြီး ကိုယ်စိတ်မပါသလိုဖြစ်နေချိန်တိုင်း မှတ်ထားတာကို ပြန်ကောက်ကြည့်။ ငါဒီလောက်ထိဆော့လာပြီးမှ လက်လျော့လိုက်လို့မဖြစ်ဘူး။ ငါလိုချင်တဲ့ ဘော်ဒီတစ်ခုရအောင် ဆက်ကြိုးစားမယ်လို့ အားမွေး။

(၃) လှပတဲ့ အားကစားဝတ်စုံဝယ်

အချို့သုတေသီတွေက အနီရောင်ဝတ်စုံဟာ အောင်မြင်ခြင်းရဲ့သင်္ကေတတစ်ခုဖြစ်တယ်လို့ ဆိုတယ်။ အနီရောင်အားကစားဝတ်စုံလေးနဲ့ လေ့ကျင့်ခန်းလုပ်ကြည့်ပါလား။ မှန်ထဲမှာအရမ်းလှနေလို့ အခေါက်ရေများများလုပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာမယ်။

(၄) အိမ်နဲ့နီးတဲ့ Gymကိုရွေးပါ။

အိမ်နဲ့နီးတော့ ဘာဆင်ခြင်မှပေးလို့မရဘူး။ ရာသီဥတုကောင်းကောင်း၊ ဆိုးဆိုး အိမ်နဲ့နီးနေတော့
ငါမနက်ဖြန်မှသွားတော့မယ်…. တပတ်ခါမှသွားတော့မယ်ဆိုတဲ့ ဆင်ခြင်တွေပေးလို့မရတော့ဘူးပေါ့။

(၅) စိတ်တက်ကြွမယ့် သီချင်းနားထောင်

သင့်ရဲ့စိတ်ကိုလန်းဆန်းတက်ကြွစေမယ့် သီချင်းမျိုးနားထောင်ပါ။ ဂီတက စိတ်ခံစားချက်ကောင်းစေတယ်။ စိတ်ကြည်လင်စွာနဲ့ လေ့ကျင့်ခန်းလုပ်ရင် ၅၀ရာခိုင်နှုန်းလောက်အောင်မြင်ပြီတဲ့။

(၆) ၃လစာ membership ဝယ်ထား

ဒီနည်းလမ်းလေးကလည်း သင့်ကိုယ်သင် ဆင်ခြင်ပေးလို့မရအောင် တစ်ဖက်လှည့်ဖြတ်လမ်းလေးဖြစ်ပါတယ်။ ပိုက်ဆံတွေပေးထားတာပဲ.. နှမြောစရာကြီး။
သွားကစားဦးမှပါလေလို့တွေးပြီး Gym သို့ရောက်သွားပြန်လေပြီ။

(၇) အစီစဉ်ဆွဲ

Gym သွားချိန်ကို အချိန်ဇယားဆွဲပါ။ ဘယ်အချိန်မှာ ဘာလုပ်တယ်၊ ဘယ်လိုလုပ်တယ်ဆိုတာကို
မှတ်ထားပါ။ နောက်ထပ်ကစားရမယ့်ပုံစံတွေကို သေချာစိစစ်လို့ရတာပေါ့။ ပြန်ကြည့်လိုက်ရင်လည်း
ငါဘယ်လောက်ထိဆော့ခဲ့တာပဲ ဆိုတာကိုပြန်သိနိုင်တယ်။

(၈) crush လေးတစ်ယောက်လည်းထား

Gym မှာ ကြိတ်ကြွေနေရတဲ့ crush လေးရှိတာလည်း စိတ်အတွက် တွန်းအားဖြစ်စေပါတယ်။
မသွားချင်ရင်တောင် သြော်….သူနဲ့တွေ့ရဦးမှာပါလား ဆိုတဲ့အသိက သင့်ကို Gymသို့ ဆွဲခေါ်သွားနိုင်ပါတယ်။ တကယ်ပြောတာပါ.. အချစ်က အကောင်းဆုံးစိတ်ဓာတ်ခွန်အားတစ်ခုပါပဲ။
Gym သွားဖို့ပျင်းနေရင် ဒီအချက်လေးတွေလိုက်လုပ်ကြည့်နော်။ ကိုယ်လုပ်မှ ကိုယ်လှမှာပါ။ ဖိုက်တင်း!

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top