န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×
ဒီဇင်ဘာ ၂၅ ခရစ်စမတ်နေ့မှာ ကြို့ပင်ကောက်မြို့ သင်္ခရိုင်မိဘမဲ့ကျောင်းလေး
Credit: Duwun
#Unicode Version#
အေးသောင်း လို့ ချစ်စနိုးနဲ့ ခေါ်နေကြတဲ့ အေးဝတ်ရည်သောင်းကတော့ Follower ၁ သန်းရှိရင် ၁ သန်းလှူမယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒီအလှူလေးကိုလည်း ဒီဇင်ဘာ(၂၅) ရက်နေ့ ခရစ်စမတ်နေ့မှာ ကြို့ပင်ကာက်မြို့ သင်္ခရိုင်မိဘမဲ့ ကျောင်းလေး မီးဘေးသင့်ခဲ့တဲ့ အတွက် ပရဟိတသမားလေး ခင်နှင်းကြည်သာကနေ တစ်ဆင့်လှူမယ်ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားထားပါတယ်။
“Follower ၁ သန်းရှိရင် ၁ သန်းလှူမယ်။
ဒီဇင်ဘာ ၂၅ ခရစ်စမတ်နေ့မှာ ကြိူ့ပင်ကောက်မြို့ သင်္ခရိုင်မိဘမဲ့ကျောင်းလေး
မီးဘေးသင့်ခဲ့တဲ့အတွက် ညီမလေး ခင်နှင်းကြည်သာမှတဆင့် လှူမှာပါ။ ပေါက်စီမှာရှိတဲ့ အမျိုးတွေ တကျပ်စီပေါင်းလှူကြမှာမို့ တစ်ယောက်ချင်းစီတိုင်းပါဝင်ပြီးသားပါနော်။ ရေစက်ဆုံကြတာပေါ့ရှင့်။” ဆိုပြီး ပြောထားတာပါ။
သူမရဲ့ Aye Thaung ဆိုတဲ့ အကောင့်ဟာ Follower တစ်သန်းကျော်ရှိနေပြီလည်း ဖြစ်ပါတယ်။
အေးဝတ်ရည်သောင်းကတော့ ဆမ်ဆောင်းရဲ့ အမှတ်တံဆိပ် သံတမန်တစ်ဦးအနေနဲ့ ကိုရီးယားခရီးစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းလောက်သွားခဲ့ပါသေးတယ်။
ကိုရီးယားနိုင်ငံသို့ ဒီဇင်ဘာ(၃) ရက်နေ့ညက သွားရောက်ခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ (၇) ရက်နေ့က ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
လတ်တလော အနုပညာ လှုပ်ရှားမှုများအနေနဲ့ ဇာတ်ကားရိုက်ကူးဖို့ လက်ခံထားခြင်း မရှိသေးဘဲ ဓာတ်ပုံတွေ၊ကြော်ငြာတွေ အတွက် ရိုက်ကူးရေးများ လက်ခံထားတယ်လို့ သိရပါတယ်။
Photo : အေးဝတ်ရည်သောင်း ဖေ့စ်ဘွတ်
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top