လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

သုံးစြဲသူတစ္ဦးပါဝင္တဲ့ ဓာတ္ပုံကို upload လုပ္လိုက္တဲ့အခါ tag မလုပ္ထားေပမယ့္လည္း facial recognition ကိုအသုံးျပဳၿပီး စိစစ္ေပးမယ့္ feature သစ္ကုိ ျဖန္႔ခ်ိလိုက္ၿပီလို႔ Facebook က အဂၤါေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။ တကယ္လို႔ တစ္စုံတစ္ေယာက္က သုံးစြဲသူတစ္ဦးရဲ႕ ဓာတ္ပုံကို profile picture အျဖစ္ ေျပာင္းလဲလိုက္ရင္လည္း Facebook က သက္ဆိုင္သူကုိ သတိေပးသြားမွာ ျဖစ္ပါတယ္။

“သုံးစြဲသူေတြက Facebook မွာ ဓာတ္ပုံတင္တဲ့အခါ လူေတြကို ယုံၾကည္မႈရေစတဲ့ ခံစားမႈမ်ိဳး ကၽြန္ေတာ္တို႔ လိုခ်င္ပါတယ္။ ဒါေၾကာင့္ တစ္စုံတစ္ေယာက္က သုံးစြဲသူေတြရဲ႕ profile picture ကိုတင္လိုက္တဲ့အခါ အသိေပးမယ့္ face recognition နည္းပညာကို မၾကာခင္မွာ ကၽြန္ေတာ္တို႔ စတင္အသုံးျပဳသြားပါမယ္” လို႔ Facebook က အဂၤါေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒါဟာ Facebook ရဲ႕သုံးစြဲသူလုံၿခဳံေရး ခိုင္မာတိုးတက္လာတဲ့ သေဘာျဖစ္ပါတယ္။ အဲဒီ feature သစ္က သုံးစြဲသူရဲ႕ဓာတ္ပုံကို တစ္စုံတစ္ေယာက္က အသုံးျပဳေနတဲ့အခါမွာ ျပႆနာကို ေျဖရွင္းႏိုင္တဲ့ နည္းလမ္းျဖစ္လာမွာ ျဖစ္ပါတယ္။

အဲဒီ Facebook ရဲ႕ facial recognition feature ေတြက ေၾကာက္စရာေကာင္းတယ္ဆိုရင္ setting ထဲက ႐ိုးရွင္းတဲ့ on/off ခလုတ္တစ္ခုကေန ပိတ္ထားႏိုင္ပါတယ္။

သုံးစြဲသူရဲ႕ friends ဒါမွမဟုတ္ acquaintances က ဓာတ္ပုံတြဲတင္တဲ့အခါမွာ Facebook ရဲ႕ facial recognition feature သစ္က သတိေပးသြားမွာ ျဖစ္ေပမယ့္ tag လုပ္သြားမွာ မဟုတ္ပါဘူးလို႔ ဆိုပါတယ္။

“အခု feature သစ္ေတြက သုံးစြဲသူေတြ tag တြဲမခံရတဲ့ ဓာတ္ပုံေတြကုိ ရွာေဖြရာမွာ အေထာက္အကူေပးၿပီး အျခားသူေတြက profile picture အျဖစ္ေျပာင္းတာကို ေျခရာခံႏိုင္ေအာင္ အေထာက္အပံ့ေပးထားပါတယ္”လို႔ Facebook ကေျပာၾကားခဲ့ပါတယ္။ Facebook ရဲ႕ feature သစ္ေတြဟာ လူမႈေရးမီဒီယာမွာ လက္ရွိအသုံးျပဳေနတဲ့ facial recognition နည္းပညာကို တိုးခ်ဲ႕ထားတာ ျဖစ္ပါတယ္။

စိုးထက္
Ref: BusinessInsider

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Internet Journal

# Unicode Version ျဖင့္ ဖတ္ပါ #
သုံးစွဲသူတစ်ဦးပါဝင်တဲ့ ဓာတ်ပုံကို upload လုပ်လိုက်တဲ့အခါ tag မလုပ်ထားပေမယ့်လည်း facial recognition ကိုအသုံးပြုပြီး စိစစ်ပေးမယ့် feature သစ်ကို ဖြန့်ချိလိုက်ပြီလို့ Facebook က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တကယ်လို့ တစ်စုံတစ်ယောက်က သုံးစွဲသူတစ်ဦးရဲ့ ဓာတ်ပုံကို profile picture အဖြစ် ပြောင်းလဲလိုက်ရင်လည်း Facebook က သက်ဆိုင်သူကို သတိပေးသွားမှာ ဖြစ်ပါတယ်။

“သုံးစွဲသူတွေက Facebook မှာ ဓာတ်ပုံတင်တဲ့အခါ လူတွေကို ယုံကြည်မှုရစေတဲ့ ခံစားမှုမျိုး ကျွန်တော်တို့ လိုချင်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က သုံးစွဲသူတွေရဲ့ profile picture ကိုတင်လိုက်တဲ့အခါ အသိပေးမယ့် face recognition နည်းပညာကို မကြာခင်မှာ ကျွန်တော်တို့ စတင်အသုံးပြုသွားပါမယ်” လို့ Facebook က အင်္ဂါနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ Facebook ရဲ့သုံးစွဲသူလုံခြုံရေး ခိုင်မာတိုးတက်လာတဲ့ သဘောဖြစ်ပါတယ်။ အဲဒီ feature သစ်က သုံးစွဲသူရဲ့ဓာတ်ပုံကို တစ်စုံတစ်ယောက်က အသုံးပြုနေတဲ့အခါမှာ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းဖြစ်လာမှာ ဖြစ်ပါတယ်။

အဲဒီ Facebook ရဲ့ facial recognition feature တွေက ကြောက်စရာကောင်းတယ်ဆိုရင် setting ထဲက ရိုးရှင်းတဲ့ on/off ခလုတ်တစ်ခုကနေ ပိတ်ထားနိုင်ပါတယ်။

သုံးစွဲသူရဲ့ friends ဒါမှမဟုတ် acquaintances က ဓာတ်ပုံတွဲတင်တဲ့အခါမှာ Facebook ရဲ့ facial recognition feature သစ်က သတိပေးသွားမှာ ဖြစ်ပေမယ့် tag လုပ်သွားမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

“အခု feature သစ်တွေက သုံးစွဲသူတွေ tag တွဲမခံရတဲ့ ဓာတ်ပုံတွေကို ရှာဖွေရာမှာ အထောက်အကူပေးပြီး အခြားသူတွေက profile picture အဖြစ်ပြောင်းတာကို ခြေရာခံနိုင်အောင် အထောက်အပံ့ပေးထားပါတယ်”လို့ Facebook ကပြောကြားခဲ့ပါတယ်။ Facebook ရဲ့ feature သစ်တွေဟာ လူမှုရေးမီဒီယာမှာ လက်ရှိအသုံးပြုနေတဲ့ facial recognition နည်းပညာကို တိုးချဲ့ထားတာ ဖြစ်ပါတယ်။

စိုးထက်
Ref: BusinessInsider

ဖိုးသူတော် (www.phothutaw.com)
Credit: Internet Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top