ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

သံုးစဲြသူတိုင္းကို သိႏိုင္မယ့္ မ်က္ႏွာျပင္ဖတ္ နည္းပညာသစ္ကို Facebook မွာ စတင္သံုးလာျပီးေနာက္ လူမႈကြန္ရက္မွာ ကိုယ့္ကို tag လုပ္မထားဘဲ ကိုယ့္ပံုကို တစ္ေနရာမွာ သံုးေနရင္ သိႏိုင္မယ့္ feature သစ္ ထြက္လာျပီ ျဖစ္ပါတယ္။

 ဒီ feature ကေတာ့ ကိုယ့္ပံုကို တစ္ျခားေနရာမွာ ကိုယ့္ကို tag မတဲြဘဲ ေပၚေနတာနဲ ့အသိေပးသြားမွာ ျဖစ္လို ့ကိုယ့္ပံုကို တစ္ျခားေနရာေတြမွာ profile ပံုအျဖစ္ သံုးေနသလား သိႏိုင္ေတာ့မွာပါ။ သံုးစဲြသူတစ္ဦးခ်င္းစီရဲ့ ကိုယ္ေရးကိုယ္တာ လံုျခံဳေရးအျပင္ သံုးစဲြသူ အိုင္ဒီစစ္မွန္ေရးအတြက္ အခုလို facial recognition နည္းပညာကို စတင္သံုးလာတာ ျဖစ္ပါတယ္။

အရင္က Facebook မွာ တစ္ေယာက္ေယာက္ကို tag လုပ္ျပီ ဆိုရင္ facial recognition နည္းပညာနဲ ့suggestion လုပ္တာေတြ ရွိပါတယ္။ အဲဒီအခ်ိန္ကေတာ့ ဒီမ်က္ႏွာျပင္ဖတ္နည္းပညာဟာ ကိုယ္ေရးကိုယ္တာလံုျခံဳေရးကို စိတ္ပူစရာအေၾကာင္းတစ္ရပ္လို ျမင္ခဲ့ၾကပါတယ္။ အခု feature သစ္မွာေတာ့ ကိုယ္မၾကဳိက္ရင္ ဒီ feature ကို on/off လုပ္ျပီး ဖြင့္ပိတ္ႏိုင္ျပီ ျဖစ္ပါတယ္။ Facebook အေနနဲ ့ဒီ feature ကို ျဖန္ ့ခ်ိရျခင္းဟာ ကိုယ္မသိဘဲ ကိုယ့္ပံုကို တစ္ေနရာမွာ သံုးေနတာနဲ ့ပိုင္ရွင္က ခ်က္ခ်င္းသိႏိုင္ေစဖို ့ရည္ရြယ္ထားတာ ျဖစ္တယ္လို ့ဆိုပါတယ္။

လူမႈကြန္ရက္စနစ္ က်ယ္ျပန္ ့လာတာနဲ ့အမွွ် အြန္လိုင္းမွာ ကိုယ္တင္ခဲ့တဲ့ ပံုတစ္ပံုကို ကိုယ္မသိဘဲ တစ္ေနရာမွာ ျပန္သံုးေနမလားဆိုတာ မသိႏိုင္ပါဘူး။ Facebook ရဲ့ ဒီ feature ဟာ စိတ္မခ်ရတဲ့ လူမႈကြန္ရက္မွာ စိတ္သက္သာစရာေတာ့ ျဖစ္မွာပါ။ ယခု feature ကို ကေနဒါနဲ ့ဥေရာပသမဂၢတို ့ကလဲြျပီး တစ္ျခားေစ်းကြက္ေတြမွာ မိတ္ဆက္ျဖန္ ့ခ်ိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version ျဖင့္ ဖတ္ပါ #
သုံးစွဲသူတိုင်းကို သိနိုင်မယ့် မျက်နှာပြင်ဖတ် နည်းပညာသစ်ကို Facebook မှာ စတင်သုံးလာပြီးနောက် လူမှုကွန်ရက်မှာ ကိုယ့်ကို tag လုပ်မထားဘဲ ကိုယ့်ပုံကို တစ်နေရာမှာ သုံးနေရင် သိနိုင်မယ့် feature သစ် ထွက်လာပြီ ဖြစ်ပါတယ်။

 ဒီ feature ကတော့ ကိုယ့်ပုံကို တစ်ခြားနေရာမှာ ကိုယ့်ကို tag မတွဲဘဲ ပေါ်နေတာနဲ့အသိပေးသွားမှာ ဖြစ်လို့ကိုယ့်ပုံကို တစ်ခြားနေရာတွေမှာ profile ပုံအဖြစ် သုံးနေသလား သိနိုင်တော့မှာပါ။ သုံးစွဲသူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအပြင် သုံးစွဲသူ အိုင်ဒီစစ်မှန်ရေးအတွက် အခုလို facial recognition နည်းပညာကို စတင်သုံးလာတာ ဖြစ်ပါတယ်။

အရင်က Facebook မှာ တစ်ယောက်ယောက်ကို tag လုပ်ပြီ ဆိုရင် facial recognition နည်းပညာနဲ့suggestion လုပ်တာတွေ ရှိပါတယ်။ အဲဒီအချိန်ကတော့ ဒီမျက်နှာပြင်ဖတ်နည်းပညာဟာ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို စိတ်ပူစရာအကြောင်းတစ်ရပ်လို မြင်ခဲ့ကြပါတယ်။ အခု feature သစ်မှာတော့ ကိုယ်မကြိုက်ရင် ဒီ feature ကို on/off လုပ်ပြီး ဖွင့်ပိတ်နိုင်ပြီ ဖြစ်ပါတယ်။ Facebook အနေနဲ့ဒီ feature ကို ဖြန့်ချိရခြင်းဟာ ကိုယ်မသိဘဲ ကိုယ့်ပုံကို တစ်နေရာမှာ သုံးနေတာနဲ့ပိုင်ရှင်က ချက်ချင်းသိနိုင်စေဖို့ရည်ရွယ်ထားတာ ဖြစ်တယ်လို့ဆိုပါတယ်။

လူမှုကွန်ရက်စနစ် ကျယ်ပြန့်လာတာနဲ့အမှျှ အွန်လိုင်းမှာ ကိုယ်တင်ခဲ့တဲ့ ပုံတစ်ပုံကို ကိုယ်မသိဘဲ တစ်နေရာမှာ ပြန်သုံးနေမလားဆိုတာ မသိနိုင်ပါဘူး။ Facebook ရဲ့ ဒီ feature ဟာ စိတ်မချရတဲ့ လူမှုကွန်ရက်မှာ စိတ်သက်သာစရာတော့ ဖြစ်မှာပါ။ ယခု feature ကို ကနေဒါနဲ့ဥရောပသမဂ္ဂတို့ကလွဲပြီး တစ်ခြားဈေးကွက်တွေမှာ မိတ်ဆက်ဖြန့်ချိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top