iMyanmarHouse.com - Best Property Website for Myanmar
×







# Unicode Version ဖြင့် ဖတ်ပါ #

unfriend လုပ်စရာ မလိုဘဲ ရက် ၃၀ အထိ ပိတ်ထားလို့ရမှာပါ။

လူမှုကွန်ရက် သုံးကြသူအချင်းချင်းကြား အာရုံနောက်စရာ ပို့စ်တွေ ဆက်တိုက်တင်တတ်တဲ့ friend တွေရဲ့ News Feed တွေကို ရက် ၃၀ အထိ မျက်စိအနောက်သက်သာစေမယ့် feature သစ်ကို Facebook မှာ ဒီနေ့ပဲ ဖြန့်ချိလိုက်ပါတယ်။

ဒီ feature ကို Snooze လို့နာမည်ပေးထားပြီး ကိုယ်မမြင်ချင်တဲ့ သူရဲ့ ပို့စ်တွေကို unfriend လုပ်စရာ မလိုဘဲ ရက် ၃၀ အထိ ပိတ်ထားလို့ရမှာပါ။ Unfollw တို့Hide တို့လို feature တွေကတော့ page နဲ့friend တွေ တင်သမျှကို ကိုယ့် wall ပေါ်ကနေ အမြဲဖယ်ရှားလိုက်တာ ဖြစ်လို့တကယ်လို့သူ့အကြောင်း အသစ်တင်သမျှကို ပြန်ကြည့်ချင်တယ်ဆိုရင် ဒီ page နဲ့friend တွေရဲ့ wall ထဲအထိ ဝင်ရှာပြီး ကြည့်ရမှာပါ။

Snooze ကတော့ Facebook ပေါ်ကနေ Friends တွေ Page တွေနဲ့ပတ်သတ်ပြီး သတင်းအချက်အလက်တွေကို မမြင်ရအောင် အမြဲ ဖြုတ်သွားတာ မဟုတ်လို့ကိုယ်ကြိုက်တဲ့အချိန် သူ့ရဲ့ နောက်ဆုံးတင်ထားတဲ့ ပို့စ်တွေကို ဝင်ကြည့်လို့ရမှာပါ။ ဒီ feature သစ်ဟာ social network ပေါ်က စိတ်ရှုပ်စရာ လူတွေနဲ့ကင်းကင်းရှင်းရှင်း နေချင်သူများအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

Facebook ဟာ ယခု feature ကို ပြီးခဲ့တဲ့ စက်တင်ဘာလကထဲက စမ်းသပ်ခဲ့တာဖြစ်ပြီး Facebook မှာ စိတ်ရှုပ်စရာ မမြင်ချင်သူတွေအတွက်တော့ သက်သာစရာ feature တစ်ခုလို့လည်း ပြောနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top