န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ေတာင္ႀကီးၿမိဳ႕ရွိ ျမန္မာ့လွ်ပ္စစ္ျဖန္႔ျဖဴးေရးလုပ္ ငန္း(ရွမ္းျပည္နယ္) ၀င္းအတြင္း ဒီဇင္ဘာ ၂၆ ရက္ည ၈ နာရီခြဲက မီးေလာင္ကြၽမ္းမႈျဖစ္ပြားၿပီး ကာ လတန္ေၾကး က်ပ္သိန္း ၃၀ ေက်ာ္ဖုိး ဆုံး႐ႈံးခဲ့ေၾကာင္း ရွမ္း ျပည္နယ္ မီးသတ္ဦးစီးဌာနက သတင္းထုတ္ျပန္သည္။

လွ်ပ္စစ္ဓာတ္အားေကာက္ ခံသည့္ အေဆာင္ႏွင့္စာရြက္စာ တမ္းမ်ားသိမ္းဆည္းသည့္စတို ခန္းတြဲထားသည့္ သြပ္မုိး၊ ပ်ဥ္ ကာ၊ အုတ္ညႇပ္ အေဆာက္အအုံအတြင္း ႐ုံးသုံးပရင္တာႏွင့္ ခ်ိတ္ဆက္ထားသည့္ ဘက္ထရီ ႏွင့္အင္ဗာတာတို႔ဆက္သြယ္အား သြင္းရာကတစ္ဆင့္ စတင္မီး ေလာင္ကြၽမ္းခဲ့ေၾကာင္း ရွမ္းျပည္ နယ္မီးသတ္ဦးစီးဌာန တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

မီးေလာင္ကြၽမ္းသည့္ေနရာ သုိ႔ ေတာင္ႀကီးခ႐ုိင္မီးသတ္ဦးစီး ဌာနမွ မီးသတ္ေရယာဥ္ရွစ္စီး၊ အုပ္ခ်ဳပ္မႈယာဥ္တစ္စီး၊ မီးသတ္ တပ္ဖြဲ႕၀င္ ၄၀ ႏွင့္ ပုဂၢလိက ေရ ယာဥ္တို႔ ပူးေပါင္းၿငိႇမ္းသတ္ရာ ည ၈ နာရီ ၄၅ မိနစ္တြင္ မီး ထိန္းႏုိင္ၿပီး ၉ နာရီတြင္ မီးၿငိႇမ္းသတ္ႏုိင္ခဲ့သည္။ မီးေလာင္မႈေၾကာင့္ အ ေဆာက္အအုံတစ္လံုး၊ ကြန္ပ်ဴ တာႏွစ္လုံး၊ ဆိုင္ကယ္တစ္စီး၊ ဘက္ထရီတစ္လုံးႏွင့္ အင္ဗာတာ တစ္လုံး တန္ဖုိးက်ပ္သိန္း ၃၀ ခန္႔ဆုံး႐ႈံးပ်က္စီးခဲ့ၿပီး ထိခုိက္ ဒဏ္ရာရသူမရွိေၾကာင္း ရွမ္းျပည္ နယ္မီးသတ္ဦးစီးဌာနတာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

 အဆုိပါ ျဖစ္စဥ္ႏွင့္ပတ္ သက္ၿပီး တာ၀န္ရွိသည့္ လွ်ပ္စစ္ ဓာတ္အားေကာက္ခံေနသည့္ လင္းသီဟ လွ်ပ္စစ္ျဖန္႔ျဖဴးေရး ကုမၸဏီ အုပ္ခ်ဳပ္မႈမန္ေနဂ်ာကုိ မီးေလာင္လြယ္ေသာပစၥည္းမ်ား ေပါ့ဆစြာကိုုင္တြယ္မႈ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ အရ ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူစစ္ေဆးေနေၾကာင္း တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #

တောင်ကြီးမြို့ရှိ မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေးလုပ် ငန်း(ရှမ်းပြည်နယ်) ဝင်းအတွင်း ဒီဇင်ဘာ ၂၆ ရက်ည ၈ နာရီခွဲက မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ကာ လတန်ကြေး ကျပ်သိန်း ၃၀ ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း ရှမ်း ပြည်နယ် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

လျှပ်စစ်ဓာတ်အားကောက် ခံသည့် အဆောင်နှင့်စာရွက်စာ တမ်းများသိမ်းဆည်းသည့်စတို ခန်းတွဲထားသည့် သွပ်မိုး၊ ပျဉ် ကာ၊ အုတ်ညှပ် အဆောက်အအုံအတွင်း ရုံးသုံးပရင်တာနှင့် ချိတ်ဆက်ထားသည့် ဘက်ထရီ နှင့်အင်ဗာတာတို့ဆက်သွယ်အား သွင်းရာကတစ်ဆင့် စတင်မီး လောင်ကျွမ်းခဲ့ကြောင်း ရှမ်းပြည် နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းသည့်နေရာ သို့ တောင်ကြီးခရိုင်မီးသတ်ဦးစီး ဌာနမှ မီးသတ်ရေယာဉ်ရှစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးသတ် တပ်ဖွဲ့ဝင် ၄၀ နှင့် ပုဂ္ဂလိက ရေ ယာဉ်တို့ ပူးပေါင်းငြှိမ်းသတ်ရာ ည ၈ နာရီ ၄၅ မိနစ်တွင် မီး ထိန်းနိုင်ပြီး ၉ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် အ ဆောက်အအုံတစ်လုံး၊ ကွန်ပျူ တာနှစ်လုံး၊ ဆိုင်ကယ်တစ်စီး၊ ဘက်ထရီတစ်လုံးနှင့် အင်ဗာတာ တစ်လုံး တန်ဖိုးကျပ်သိန်း ၃၀ ခန့်ဆုံးရှုံးပျက်စီးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူမရှိကြောင်း ရှမ်းပြည် နယ်မီးသတ်ဦးစီးဌာနတာဝန်ရှိသူ တစ်ဦးက ပြောသည်။

 အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်ပြီး တာဝန်ရှိသည့် လျှပ်စစ် ဓာတ်အားကောက်ခံနေသည့် လင်းသီဟ လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီ အုပ်ချုပ်မှုမန်နေဂျာကို မီးလောင်လွယ်သောပစ္စည်းများ ပေါ့ဆစွာကိုုင်တွယ်မှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူစစ်ဆေးနေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top