ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္အတြင္း ေတာင္ႀကီးၿမိဳ႕ဘက္မွေမာင္းႏွင္လာေသာ မွန္လုံခရီးသည္တင္ယာဥ္ႏွင့္လိုက္ပါလာသည့္ အမ်ိဳးသမီးႏွစ္ဦးထံမွ စိတ္ႂကြ မူးယစ္ေဆးျပား ၉ ေသာင္းေက်ာ္ကို ဖမ္းဆီးရမိခဲ့ၾကာင္း သတင္းရသည္။
ျဖစ္စဥ္မွာ ဒီဇင္ဘာ(၅)ရက္ ေန႔လည္(၁)နာရီခန႔္ မႏၲေလးမူးယစ္အထူးတပ္ဖြဲ႕ဝင္မ်ား၊ သာစည္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ယင္းမာပင္ရဲစခန္းမွ တပ္ဖြဲ႕ဝင္ရဲေမမ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႕မွ သတင္းအရ သက္ေသမ်ားႏွင့္အတူ ေတာင္ႀကီး-မိတၱီလာလမ္း မိုင္တိုင္အမွတ္ (၄၀/၆)ႏွင့္(၄၀/၇)ၾကား မုန္ပင္ေက်း႐ြာအနီး ေတာင္ႀကီးဘက္မွ မိတၱီလာဘက္သို႔ေမာင္းႏွင္လာသည့္ ဒို႔ညီေနာင္မွန္လုံခရီးသည္တင္ယာဥ္အား ရပ္တန႔္ရွာေဖြစစ္ေဆးရာ ၎ယာဥ္ႏွင့္လိုက္ပါလာသူ မနာမီရွဲလ္(၂၃)ႏွစ္ မိုင္းရွဴးၿမိဳ႕နယ္ေနသူ၏ ထိုင္ခုံေျခရင္းရွိ အျပာေရာင္လက္ဆြဲအိတ္အတြင္းမွ တထုပ္လွ်င္ WY ေဆးျပား(၁၀၀၀၀)စီပါ အထုပ္ႀကီး(၃)ထုပ္ စုစုေပါင္းေဆးျပား (၃၀၀၀၀)၊ ၎၏ခါးတြင္ အဝါေရာင္တိတ္ႀကိဳးႏွင့္ပတ္လွ်က္ မူးယစ္ေဆးျပား(၁၀၀၀၀)စီပါ အထုပ္ႀကီး(၂)ထုပ္ စုစုေပါင္း ေဆးျပား(၂၀၀၀၀)၊ခႏၶာကိုယ္တြင္လြယ္ထားေသာ နီညိဳေရာင္လက္ကိုင္အိတ္အတြင္းမွ ဆမ္ေဆာင္းအမ်ိဳးအစား ဖုန္းတလုံး၊ ေငြသား (၆၂၀၀၀) က်ပ္ ႏိုင္ငံသားစိစစ္ေရးကတ္တခုတို႔ကို သိမ္းဆည္းရမိခဲ့သည္။
ဆက္လက္၍ မနာအီး(၂၆)ႏွစ္ မိုင္းရွဴးၿမိဳ႕နယ္ေနသူအား ရွာေဖြရာ ၎ထံမွ WY ေဆးျပားတထုပ္လွ်င္ ေဆးျပား(၁၀၀၀၀)စီပါ အထုပ္ႀကီး(၃)ထုပ္ စုစုေပါင္းေဆးျပား(၃၀၀၀)အေလးခ်ိန္(၃)ကီလိုဂရမ္ႏွင့္ မနာအီး ဝတ္ဆင္ထားသည့္ အနက္ေရာင္ေဘာင္းဘီရွည္အတြင္းမွ WY ေဆးျပား(၁၀၀၀၀) ပါအထုပ္ႀကီးတထုပ္ႏွင့္ ၎လြယ္ထားေသာ အနီေရာင္လက္ကိုင္အိတ္အတြင္းမွ ဟြန္ဒါအမ်ိဳးအစား လက္ကိုင္ဖုန္းတလုံး၊ ေငြသား (၅၃၀၀၀) က်ပ္ ႏိုင္ငံသားစိစစ္ေရးကတ္တကတ္တို႔ကို သိမ္းဆည္းရမိခဲ့သည္။
စိတ္ႂကြမူးယစ္ေဆးျပားမ်ား သယ္ေဆာင္သူ မနာမီရွဲလ္ႏွင့္ မနာအီးတို႔အား ယင္းမာပင္နယ္ေျမရဲစခန္းမွ မယ(ပ)၄/၂၀၁၇ မူး/စိတ္ပုဒ္မ – ၁၅ /၁၉(က)/၂၀(က)/၂၁ တို႔ျဖင့္ အမႈဖြင့္၍ အေရးယူေဆာင္႐ြက္လွ်က္ရွိေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေ႐ႊေမာင္ေမာင္(မိတၳီလာ)

#Unicode  Version#
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွင်း တောင်ကြီးမြို့ဘက်မှမောင်းနှင်လာသော မှန်လုံခရီးသည်တင်ယာဉ်နှင့်လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးထံမှ စိတ်ကြွ မူးယစ်ဆေးပြား ၉ သောင်းကျော်ကို ဖမ်းဆီးရမိခဲ့ကြာင်း သတင်းရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ(၅)ရက် နေ့လည်(၁)နာရီခန့် မန္တလေးမူးယစ်အထူးတပ်ဖွဲ့ဝင်များ၊ သာစည်မြို့နယ်ရဲတပ်ဖွဲ့၊ ယင်းမာပင်ရဲစခန်းမှ တပ်ဖွဲ့ဝင်ရဲမေများပါဝင်သည့်ပူးပေါင်းအဖွဲ့မှ သတင်းအရ သက်သေများနှင့်အတူ တောင်ကြီး-မိတ္တီလာလမ်း မိုင်တိုင်အမှတ် (၄၀/၆)နှင့်(၄၀/၇)ကြား မုန်ပင်ကျေးရွာအနီး တောင်ကြီးဘက်မှ မိတ္တီလာဘက်သို့မောင်းနှင်လာသည့် ဒို့ညီနောင်မှန်လုံခရီးသည်တင်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ၎င်းယာဉ်နှင့်လိုက်ပါလာသူ မနာမီရှဲလ်(၂၃)နှစ် မိုင်းရှူးမြို့နယ်နေသူ၏ ထိုင်ခုံခြေရင်းရှိ အပြာရောင်လက်ဆွဲအိတ်အတွင်းမှ တထုပ်လျှင် WY ဆေးပြား(၁၀၀၀၀)စီပါ အထုပ်ကြီး(၃)ထုပ် စုစုပေါင်းဆေးပြား (၃၀၀၀၀)၊ ၎င်း၏ခါးတွင် အဝါရောင်တိတ်ကြိုးနှင့်ပတ်လျှက် မူးယစ်ဆေးပြား(၁၀၀၀၀)စီပါ အထုပ်ကြီး(၂)ထုပ် စုစုပေါင်း ဆေးပြား(၂၀၀၀၀)၊ခန္ဓာကိုယ်တွင်လွယ်ထားသော နီညိုရောင်လက်ကိုင်အိတ်အတွင်းမှ ဆမ်ဆောင်းအမျိုးအစား ဖုန်းတလုံး၊ ငွေသား (၆၂၀၀၀) ကျပ် နိုင်ငံသားစိစစ်ရေးကတ်တခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ မနာအီး(၂၆)နှစ် မိုင်းရှူးမြို့နယ်နေသူအား ရှာဖွေရာ ၎င်းထံမှ WY ဆေးပြားတထုပ်လျှင် ဆေးပြား(၁၀၀၀၀)စီပါ အထုပ်ကြီး(၃)ထုပ် စုစုပေါင်းဆေးပြား(၃၀၀၀)အလေးချိန်(၃)ကီလိုဂရမ်နှင့် မနာအီး ဝတ်ဆင်ထားသည့် အနက်ရောင်ဘောင်းဘီရှည်အတွင်းမှ WY ဆေးပြား(၁၀၀၀၀) ပါအထုပ်ကြီးတထုပ်နှင့် ၎င်းလွယ်ထားသော အနီရောင်လက်ကိုင်အိတ်အတွင်းမှ ဟွန်ဒါအမျိုးအစား လက်ကိုင်ဖုန်းတလုံး၊ ငွေသား (၅၃၀၀၀) ကျပ် နိုင်ငံသားစိစစ်ရေးကတ်တကတ်တို့ကို သိမ်းဆည်းရမိခဲ့သည်။
စိတ်ကြွမူးယစ်ဆေးပြားများ သယ်ဆောင်သူ မနာမီရှဲလ်နှင့် မနာအီးတို့အား ယင်းမာပင်နယ်မြေရဲစခန်းမှ မယ(ပ)၄/၂၀၁၇ မူး/စိတ်ပုဒ်မ – ၁၅ /၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့်၍ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ရွှေမောင်မောင်(မိတ္ထီလာ)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top