ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒလၿမိဳ႕နယ္နဲ႔ အနီးပတ္ဝန္းက်င္ကေတာ့ ရန္ကုန္-ဒလ ကူးတို႔သေဘၤာကိုသာ အသုံးျပဳေနၾကရပါတယ္။
ရန္ကုန္ – ဒလတံတားစီမံကိန္းကိုလာမယ့္ႏွစ္တည္ေဆာက္မွာ ျဖစ္ေပမဲ့ လက္ရွိအခ်ိန္အထိ ဒလေျမကြက္ေတြ ေဈးႏႈန္းေတြမေျပာင္းလဲေသးသလိုအ ဝယ္နဲ႔ လူစိတ္ဝင္စားမႈလည္းနည္းပါးေနေသးတယ္လို႔ အက်ိဳးေဆာင္ တခ်ိဳ႕ဆီကသိရပါတယ္။အဝယ္ေတြစိတ္မဝင္စားဘူးဆိုတာက ဒလေျမေဈးေတြက အရင္ ၂၀၁၃ ႏွစ္ကုန္ပိုင္းေလာက္ကတည္းက တံတားထိုးမယ္ဆိုတဲ့ အသံေတြေၾကာင့္ ေဈးကခုန္တက္ထားတယ္၊ အမ်ားစုက အခုအခ်ိန္မွာ ေဈးအျမင့္ပိုင္းေတြနဲ႔ဝယ္ထားၾကတဲ့ ေျမရွင္ေတြမ်ားတယ္၊ ဒီေတာ့ အခုအခ်ိန္ဒလစီမံကိန္းစမယ္ဆိုရင္လဲ အရင္ကေဈးျဖစ္ထားတဲ့ေပါက္ေဈးေတြနဲ႔က်ေတာ့ အခုအခ်ိန္ ေဈးကြက္အေနအထားနဲ႔ ဘယ္သူမွမဝယ္ၾကေတာ့ဘူး၊ ေဈးကအရမ္းျမင့္ေနၿပီလို႔ ဒလအိမ္ၿခံေျမအက်ိဳးေဆာင္ ေဒၚျမျမဝင္းက ေျပာပါတယ္။

ရန္ကုန္-ဒလ တံတားတည္ေဆာက္ေရးစီမံကိန္းအစီအစဥ္က ၂၀၁၃ ခုႏွစ္မွာ စတင္ေပၚေပါက္ခဲ့တာျဖစ္ၿပီး ၂၀၁၃ ခုႏွစ္ ရန္ကုန္- ဒလ ျမစ္ကူးတံတားတည္ေဆာက္မယ့္ အသံေတြေၾကာင့္ ဒလအိမ္ၿခံေျမေဈးႏႈန္းေတြက အလ်င္အျမန္ ျမင့္တက္လာခဲ့ၿပီး အေရာင္းအဝယ္ေတြျဖစ္ေပၚခဲ့ပါတယ္။ ေနာက္ပိုင္း တံတားစီမံကိန္းနဲ႔ပတ္သက္ၿပီးတည္ ေဆာက္ရက္အေျပာင္းအလဲေတြေၾကာင့္ အမ်ားစုက အျမင့္ေဈးေတြကို ထက္ဝက္ေဈးေတြနဲ႔ ျပန္ေရာင္းတာေတြျဖစ္ေပၚခဲ့ၿပီး ေဈးကြက္ၿငိမ္ေနခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာတံတားတည္ေဆာက္ေရး စီမံကိန္းအတြက္ တံတားဧရိယာနဲ႔ မလြတ္ကင္းတဲ့ ေျမေနရာနဲ႔အေဆာက္အအုံေတြကိုေလ်ာ္ေၾကးေပးရွင္းလင္းထားၿပီးျဖစ္သလို တံတား တည္ေဆာက္မယ့္ ကိုရီးယားကုမၼဏီေတြကိုလည္း စတင္တင္ဒါေခၚသြားမွာျဖစ္ပါတယ္။ တည္ေဆာက္ေရးလုပ္ငန္းေတြကို ႏွစ္ကုန္ပိုင္းစတင္ႏိုင္ဖို႔ ေမွ်ာ္မွန္းထားၿပီး ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြင္းမွာတည္ေဆာက္ၿပီးစီးမယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနကသိရပါတယ္။

ဒလၿမိဳ႕နယ္ရဲ႕ အိမ္ၿခံေျမအေရာင္းအဝယ္ေအးေနေပမဲ့ ေဈးႏႈန္းအမ်ားစုမွာေလ်ာ့က်သြားျခင္းမရွိဘဲ ေနရာအခ်က္အခ်ာက်မႈအေပၚမူတည္ၿပီး ျမင့္မားတဲ့ေဈးေတြေပၚေပါက္က္ ေနဆဲျဖစ္တယ္လို႔သိရပါတယ္။လက္ရွိ ဒလေျမေဈးကြက္ရဲ႕ ေဈးႏႈန္းေတြကေတာ့ အနည္းဆုံးသိန္းရာခ်ီေဈးႏႈန္းေတြကေန သိန္းေထာင္ခ်ီအထိ ေျမေနရာနဲ႔ လူဝင္စိတ္စားမႈေပၚမူတည္ၿပီး ေဈးႏႈန္းအေျပာင္းအလဲေတြလည္း မတူညီဘူးလို႔ အက်ိဳးေဆာင္တခ်ိဳ႕ဆီကသိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Kumudra
#Unicode Version#
ဒလမြို့နယ်နဲ့ အနီးပတ်ဝန်းကျင်ကတော့ ရန်ကုန်-ဒလ ကူးတို့သင်္ဘောကိုသာ အသုံးပြုနေကြရပါတယ်။
ရန်ကုန် – ဒလတံတားစီမံကိန်းကိုလာမယ့်နှစ်တည်ဆောက်မှာ ဖြစ်ပေမဲ့ လက်ရှိအချိန်အထိ ဒလမြေကွက်တွေ ဈေးနှုန်းတွေမပြောင်းလဲသေးသလိုအ ဝယ်နဲ့ လူစိတ်ဝင်စားမှုလည်းနည်းပါးနေသေးတယ်လို့ အကျိုးဆောင် တချို့ဆီကသိရပါတယ်။အဝယ်တွေစိတ်မဝင်စားဘူးဆိုတာက ဒလမြေဈေးတွေက အရင် ၂၀၁၃ နှစ်ကုန်ပိုင်းလောက်ကတည်းက တံတားထိုးမယ်ဆိုတဲ့ အသံတွေကြောင့် ဈေးကခုန်တက်ထားတယ်၊ အများစုက အခုအချိန်မှာ ဈေးအမြင့်ပိုင်းတွေနဲ့ဝယ်ထားကြတဲ့ မြေရှင်တွေများတယ်၊ ဒီတော့ အခုအချိန်ဒလစီမံကိန်းစမယ်ဆိုရင်လဲ အရင်ကဈေးဖြစ်ထားတဲ့ပေါက်ဈေးတွေနဲ့ကျတော့ အခုအချိန် ဈေးကွက်အနေအထားနဲ့ ဘယ်သူမှမဝယ်ကြတော့ဘူး၊ ဈေးကအရမ်းမြင့်နေပြီလို့ ဒလအိမ်ခြံမြေအကျိုးဆောင် ဒေါ်မြမြဝင်းက ပြောပါတယ်။

ရန်ကုန်-ဒလ တံတားတည်ဆောက်ရေးစီမံကိန်းအစီအစဉ်က ၂၀၁၃ ခုနှစ်မှာ စတင်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ် ရန်ကုန်- ဒလ မြစ်ကူးတံတားတည်ဆောက်မယ့် အသံတွေကြောင့် ဒလအိမ်ခြံမြေဈေးနှုန်းတွေက အလျင်အမြန် မြင့်တက်လာခဲ့ပြီး အရောင်းအဝယ်တွေဖြစ်ပေါ်ခဲ့ပါတယ်။ နောက်ပိုင်း တံတားစီမံကိန်းနဲ့ပတ်သက်ပြီးတည် ဆောက်ရက်အပြောင်းအလဲတွေကြောင့် အများစုက အမြင့်ဈေးတွေကို ထက်ဝက်ဈေးတွေနဲ့ ပြန်ရောင်းတာတွေဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်ငြိမ်နေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတံတားတည်ဆောက်ရေး စီမံကိန်းအတွက် တံတားဧရိယာနဲ့ မလွတ်ကင်းတဲ့ မြေနေရာနဲ့အဆောက်အအုံတွေကိုလျော်ကြေးပေးရှင်းလင်းထားပြီးဖြစ်သလို တံတား တည်ဆောက်မယ့် ကိုရီးယားကုမ္မဏီတွေကိုလည်း စတင်တင်ဒါခေါ်သွားမှာဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကို နှစ်ကုန်ပိုင်းစတင်နိုင်ဖို့ မျှော်မှန်းထားပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာတည်ဆောက်ပြီးစီးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကသိရပါတယ်။

ဒလမြို့နယ်ရဲ့ အိမ်ခြံမြေအရောင်းအဝယ်အေးနေပေမဲ့ ဈေးနှုန်းအများစုမှာလျော့ကျသွားခြင်းမရှိဘဲ နေရာအချက်အချာကျမှုအပေါ်မူတည်ပြီး မြင့်မားတဲ့ဈေးတွေပေါ်ပေါက်က် နေဆဲဖြစ်တယ်လို့သိရပါတယ်။လက်ရှိ ဒလမြေဈေးကွက်ရဲ့ ဈေးနှုန်းတွေကတော့ အနည်းဆုံးသိန်းရာချီဈေးနှုန်းတွေကနေ သိန်းထောင်ချီအထိ မြေနေရာနဲ့ လူဝင်စိတ်စားမှုပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲတွေလည်း မတူညီဘူးလို့ အကျိုးဆောင်တချို့ဆီကသိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top