ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ခါးနာေဝဒနာကိုခံစားေနရတဲ့အခါ ေန႔စဥ္လႈပ္ရွားသြားလာမႈေတြကို ျပဳလုပ္ရတာ အခက္အခဲရွိလာပါတယ္။ ဒီေဝဒနာခံစားေနရသူအမ်ားအျပားဟာ ပံုမွန္လႈပ္ရွားမႈေတြကို ေကာင္းစြာ ျပဳလုပ္ႏိုင္ျခင္းမရွိဘဲ လစဥ္ဆရာဝန္နဲ႕သြားေရာက္ျပသျပီး ကုသမႈေတြကိုခံယူရေလ့ရွိပါတယ္။ သင္ေဝဒနာခံစားေနရတာ ဘယ္ေလာက္ၾကာျပီလဲ၊ ဘယ္ေလာက္ထိဆိုးရြားသလဲ၊ တျခားလိုအပ္ခ်က္ေတြေရာ ဘာေတြရွိေသးလဲ အစရွိတဲ့အခ်က္ေတြေပၚမူတည္ျပီး ခါးနာျခင္းကိုကုသမယ့္နည္းလမ္းေတြ ကြာျခားပါလိမ့္မယ္။ နာတာရွည္ခါးနာျခင္းအတြက္ အသုံးဝင္ထိေရာက္မယ့္ ကုသမႈနည္းလမ္းတခ်ိဳ႕ကိုေအာက္မွာေဖာ္ျပေပးထားပါတယ္။

ေဆးဝါးကုသမႈမ်ား

ခါးနာေဝဒနာရွင္အမ်ားစုနဲ႔ သင့္ေတာ္တဲ့ပထမဆုံးကုသမႈနည္းလမ္းကေတာ့ ေဆးေသာက္ျခင္းပဲ ျဖစ္ပါတယ္။ စစခ်င္းမွာ ဆရာဝန္ေဆးစာမလိုတဲ့ အကိုက္အခဲေပ်ာက္ေဆးေတြကိုသုံးစြဲႏိုင္ျပီး မသက္သာဘဲပိုဆိုးလာတယ္ဆိုရင္ေတာ့ ဆရာဝန္ဆီသြားေရာက္ျပသျပီး ေဆးကုသမႈခံယူရမွာ ျဖစ္ပါတယ္။ ခါးနာျခင္းအတြက္ အသုံးျပဳတဲ့ေဆးေတြကေတာ့-

• ပါရာစီတေမာလိုမ်ိဳး အလြယ္တကူဝယ္ယူႏိုင္တဲ့ အကိုက္အခဲေပ်ာက္ေဆးေတြ ဒါမွမဟုတ္ naproxen sodium၊ ibuprofen တို႕လိုမ်ိဳး စတီးရြိုက္မဟုတ္တဲ့ အကိုက္အခဲေပ်ာက္ေဆးေတြကို သုံးစြဲျခင္းအားျဖင့္ လတ္တေလာခါးနာျခင္းကို သက္သာေစပါလိမ့္မယ္။

• ႂကြက္သားေတြကိုေျဖေလွ်ာ့ေပးႏိုင္တဲ့ ေဆးေတြဟာလည္း ေနာက္ေက်ာအတန္အသင့္နာက်င္ျခင္းကို သက္သာေစႏိုင္မွာျဖစ္ျပီး ငိုက္မ်ည္းတာကိုေတာ့ ျဖစ္ေစႏိုင္ပါတယ္။

• အကိုက္အခဲေပ်ာက္ခရင္မ္၊ ဂ်ဲလ္၊ အရည္စတာေတြကိုလည္း နာက်င္တဲ့ေနရာေပၚ အသာအယာပြတ္သပ္လိမ္းေပးႏိုင္ပါတယ္။

• codeine ဒါမွမဟုတ္ hydrocodone အစရွိတဲ့ (စြဲလမ္းေစတတ္ေသာ) အကိုက္အခဲေပ်ာက္ေဆးအျပင္းစားေတြကိုလည္း ဆရာဝန္ရဲ႕အနီးကပ္ၾကီးၾကပ္မႈနဲ႕ကာလတိုသုံးစြဲႏိုင္ပါတယ္။

• ricyclic antidepressants, amitriptyline စတဲ့ စိတ္က်ေရာဂါေပ်ာက္ေဆးေတြဟာလည္း ကာလရွည္ေနာက္ေက်ာနာက်င္ျခင္းအခ်ိဳ႕ကို သက္သာေစတယ္ဆိုတာေတြ႕ရွိခဲ့ရပါတယ္။

• ထိုးေဆးမ်ား။ ။အာ႐ံုေၾကာအျမစ္ေတြထဲကို ေကာ္တီဆုန္းထိုးေဆးထိုးသြင္းျခင္းဟာလည္း ေရာင္ရမ္းနာက်င္မႈေတြကိုသက္သာေစတယ္ဆိုေပမယ့္ ဒီအာနိသင္ဟာ လအနည္းငယ္ပဲ ခံေလ့ရွိပါတယ္။

အျခားေသာ ကုသမႈနည္းလမ္းမ်ား

နာတာရွည္ခါးနာျခင္းအတြက္ ေဆးဝါးကုသျခင္းအျပင္ နာက်င္မႈကို သဘာဝအတိုင္းထိေရာက္စြာကုသေပးႏိုင္တဲ့ နည္းလမ္းေတြကိုလည္း ဆရာဝန္ေတြအေနနဲ႕ညႊန္ၾကားေလ့ရွိပါတယ္။

• ကိုယ္လက္ေလ့က်င့္ခန္းလုပ္ျခင္း ။ ။ သင့္ဆရာဝန္အေနနဲ႔ သင့္ကိုအရည္အခ်င္းျပည့္ဝတဲ့ ဆရာဆီလမ္းညႊန္ေပးမွာျဖစ္ျပီး အဆိုပါဆရာအေနနဲ႕သင့္ႂကြက္သားေတြသန္မာလာျပီး ကိုယ္ေနဟန္ထား တိုးတက္မွန္ကန္လာေစဖို႕ေလ့က်င့္ခန္းေတြကို သင္ၾကားျပဳလုပ္ေပးသြားမွာ ျဖစ္ပါတယ္။

• လႈပ္ရွားမႈကို ပိုမိုအဆင္ေျပေအာင္ေလ့က်င့္ေပးတာ၊ ႏွိပ္နယ္ေပးတာစတဲ့ ကုသမႈေတြကိုလည္း ကြၽမ္းက်င္သူေတြအကူအညီနဲ႕ေဆာင္ရြက္ႏိုင္ပါတယ္။

• အပ္စိုက္ျခင္း ။ ။ခႏၶာကိုယ္ရဲ႕ေနရာအႏွံ႕အျပားကို အပ္အေသးေလးေတြနဲ႕စိုက္ျပီးကုသျခင္းဟာလည္း ေနာက္ေက်ာနာက်င္မႈကို သက္သာေစႏိုင္တယ္ဆိုတာသိရွိခဲ့ၾကျပီး ျဖစ္ပါတယ္။

• လွ်ပ္စစ္ဓာတ္အသုံးျပဳျပီး ကုသျခင္း။ ။အာ႐ံုငါးပါးခံစားမႈကို ထိန္းခ်ဳပ္ထားတဲ့အာ႐ံုေၾကာစနစ္ကို လွ်ပ္စစ္ဓာတ္ဗို႕အားအနည္းငယ္ေပးျပီး ကုသျခင္းဟာလည္း ေနာက္ေက်ာနာက်င္ကိုက္ခဲမႈကို သက္သာေလ်ာ့ပါးေစႏိုင္ပါတယ္။

• အေရျပားအေပၚယံလႊာကို အပူဓာတ္သို႕မဟုတ္အေအးဓာတ္ေပးျပီး ကုသျခင္း ။ ။ေရခဲကပ္တာ၊ ေရေႏြးကပ္တာ၊ diathermyလို႕ေခၚတဲ့ အပူဓာတ္ေပးျပီး ကုသတာစတဲ့နည္းလမ္းေတြ ပါဝင္ပါတယ္။

• အမူအက်င့္ပိုင္းဆိုင္ရာ ျပဳျပင္ေျပာင္းလဲျခင္းမ်ား။ ။ Cognitive therapy လို႕ေခၚတဲ့ စိတ္ပိုင္းဆိုင္ရာကုထုံးေတြကို အသုံးျပဳျပီး နာက်င္ျခင္းသက္သာေအာင္ ျပဳလုပ္ေပးႏိုင္ပါတယ္။

• ေလ့က်င့္ခန္းလုပ္ျခင္း။ ။ေလ့က်င့္ခန္းလုပ္ျခင္းဟာ ၾကြက္သားေတြကိုဆြဲဆန္႕ေျဖေလွ်ာ့ေပးႏိုင္ျပီး သန္မာေစတဲ့အျပင္ ေယာဂလိုေလ့က်င့္ခန္းေတြျပဳလုပ္ေပးမယ္ဆိုရင္ ကိုယ္ေနဟန္ထားကိုပါ တိုးတက္ေကာင္းမြန္လာေစမွာ ျဖစ္ပါတယ္။ ေရာဂါလကၡဏာေတြကို ပိုဆိုးလာေစမယ္ဆိုရင္ေတာ့ တခ်ိဳ႕ေလ့က်င့္ခန္းေတြကိုေရွာင္က်ဥ္တာ ဒါမွမဟုတ္ မိမိနဲ႕ကိုက္ညီေအာင္မြမ္းမံတာမ်ိဳး လုပ္ေပးရပါမယ္။

ခြဲစိတ္ကုသျခင္းမ်ား

အထက္မွာေဖာ္ျပခဲ့တဲ့ ကုသမႈနည္းလမ္းေတြနဲ႕မသက္သာတာ ဒါမွမဟုတ္ ပိုဆိုးလာတာမ်ိဳးေတြအတြက္ ခြဲစိတ္မႈကို ျပဳလုပ္ႏိုင္ပါတယ္။ ျပဳလုပ္ေလ့ရွိတဲ့ ခြဲစိတ္မႈႏွစ္မ်ိဳးကေတာ့

• ေက်ာ႐ိုးဆစ္ၾကား အခ်ပ္ျပားဖယ္ထုတ္ျခင္း ။ ။အနီးတဝိုက္ရွိ အာ႐ံုေၾကာေတြကိုဖိေနတာကေန သက္သာရာရေစဖို႕အတြက္ ေက်ာ႐ိုးဆစ္ႏွစ္ခုအၾကားထဲက အဆစ္ေခြအခ်ပ္ျပားရဲ႕တစိတ္တပိုင္းကို ျဖတ္ထုတ္ရပါမယ္။

• ေက်ာ႐ိုးဆစ္ျဖတ္ထုတ္ျခင္း ။ ။ ပင္မေက်ာ႐ိုးၾကီးတည္ျငိမ္မႈရရွိျပီး နာက်င္တာေတြကို သက္သာေစဖို႕အတြက္ႏွစ္ခု ဒါမွမဟုတ္ ႏွစ္ခုထက္ပိုတဲ့ေက်ာ႐ိုးဆစ္ေတြကို ျဖတ္ထုတ္ျခင္းပဲ ျဖစ္ပါတယ္။

အထက္ေဖာ္ျပပါ ခြဲစိတ္မႈေတြဟာ ပင္မေက်ာ႐ိုးၾကီးထဲမွာရွိတဲ့ အာ႐ံုေၾကာေတြအေပၚဖိႏွိပ္ထားမႈကို ဖယ္ရွားေပးျပီး နာက်င္မႈေတြကိုသက္သာေစတာ ျဖစ္ပါတယ္။ ခြဲစိတ္မႈဟာ ရာႏွုန္းျပည့္ေအာင္ျမင္မႈရွိခ်င္မွရွိမွာျဖစ္ျပီး အျခားေသာေဘးထြက္ဆိုးက်ိဳးေတြလည္း ရွိႏိုင္ပါတယ္။ ဒါေၾကာင့္ အဆိုပါခြဲစိတ္မႈရဲ႕ ေကာင္းက်ိဳးဆိုးျပစ္ေတြနဲ႕ပတ္သက္လို႕ခြဲစိတ္မႈမျပဳလုပ္မီ သင့္ခြဲစိတ္ဆရာဝန္နဲ႕ေသခ်ာစြာတိုင္ပင္ေဆြးေႏြးရမွာပဲ ျဖစ္ပါတယ္။

ခါးနာျခင္းကို ဘယ္လိုကာကြယ္မလဲ။

က်န္းမာေရးနဲ႕သင့္ေလ်ာ္ညီညြတ္တဲ့ေနထိုင္မႈပံုစံအတိုင္း ေနထိုင္ျခင္းဟာ အေကာင္းဆုံးေသာကာကြယ္မႈ ျဖစ္ပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းဟာ သင့္ရဲ့ခံႏိုင္ရည္နဲ႕ခြန္အားကို   ျမႇင့္တင္ေပးႏိုင္ျပီးႂကြက္သားေတြကိုလည္း ပိုျပီးထိထိေရာက္ေရာက္အလုပ္လုပ္ေစႏိုင္ပါတယ္။ ကိုယ္အေလးခ်ိန္ကို သင့္ေတာ္မွ်တတဲ့ပမာဏအတိုင္းအတာထဲမွာပဲ ရွိေနေအာင္ထိန္းထားဖို႕ကလည္း အေရးၾကီးပါတယ္။ အဝလြန္ျခင္းဟာ ေနာက္ေက်ာႂကြက္သားေတြကို ဒါဏ္ပိုျဖစ္ေစတဲ့အတြက္ ခါးနာျခင္းကိုကာကြယ္ဖို႕အတြက္ သင့္အေနနဲ႕အဝလြန္ေနျပီလို႕ထင္ရင္ ကိုယ္အေလးခ်ိန္ခ်ဖို႕အျမန္ဆုံးၾကိဳးစားရပါမယ္။ မူမမွန္တဲ့အေနအထားနဲ႕အခ်ိန္ၾကာၾကာမတ္တပ္ရပ္တာ၊ ထိုင္တာ ဒါမွမဟုတ္ အေလးအပင္ေတြကိုမၾကာခဏ‘မ’တာေတြဟာ   ေက်ာ႐ိုးကိုဒါဏ္ျဖစ္ေစတဲ့အတြက္ ေနာက္ေက်ာနာက်င္ျခင္းကို ခံစားရေစႏိုင္ပါတယ္။ မွန္ကန္သင့္ေတာ္တဲ့ဖိနပ္စီးတာ ဒါမွမဟုတ္ အခ်ိန္ၾကာၾကာထိုင္ရေတာ့မယ္ဆိုရင္ ေက်ာမွီနဲ႕ထိုင္တာ အစရွိတဲ့အခ်က္ေလးေတြကို လိုက္နာက်င့္သံုးေပးရပါမယ္။ ဒီအခ်က္ေလးေတြကိုေပါင္းစပ္လိုက္နာေပးမယ္ဆိုရင္ေတာ့ သင့္အေနနဲ႕နဂိုမူလအတိုင္းတဖန္ျပန္ျပီး လႈပ္ရွားသြားလာႏိုင္မွာပဲ ျဖစ္ပါတယ္။ အေရးၾကီးတဲ့အခ်က္က သင္ခ်မွတ္ထားတဲ့အစီအမံအတိုင္း တေသြမတိမ္းလိုက္နာဖို႕ပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon

#Unicode Version#
ခါးနာဝေဒနာကိုခံစားနေရတဲ့အခါ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပြုလုပ်ရတာ အခက်အခဲရှိလာပါတယ်။ ဒီဝေဒနာခံစားနေရသူအများအပြားဟာ ပုံမှန်လှုပ်ရှားမှုတွေကို ကောင်းစွာ ပြုလုပ်နိုင်ခြင်းမရှိဘဲ လစဉ်ဆရာဝန်နဲ့သွားရောက်ပြသပြီး ကုသမှုတွေကိုခံယူရလေ့ရှိပါတယ်။ သင်ဝေဒနာခံစားနေရတာ ဘယ်လောက်ကြာပြီလဲ၊ ဘယ်လောက်ထိဆိုးရွားသလဲ၊ တခြားလိုအပ်ချက်တွေရော ဘာတွေရှိသေးလဲ အစရှိတဲ့အချက်တွေပေါ်မူတည်ပြီး ခါးနာခြင်းကိုကုသမယ့်နည်းလမ်းတွေ ကွာခြားပါလိမ့်မယ်။ နာတာရှည်ခါးနာခြင်းအတွက် အသုံးဝင်ထိရောက်မယ့် ကုသမှုနည်းလမ်းတချို့ကိုအောက်မှာဖော်ပြပေးထားပါတယ်။

ဆေးဝါးကုသမှုများ

ခါးနာဝေဒနာရှင်အများစုနဲ့ သင့်တော်တဲ့ပထမဆုံးကုသမှုနည်းလမ်းကတော့ ဆေးသောက်ခြင်းပဲ ဖြစ်ပါတယ်။ စစချင်းမှာ ဆရာဝန်ဆေးစာမလိုတဲ့ အကိုက်အခဲပျောက်ဆေးတွေကိုသုံးစွဲနိုင်ပြီး မသက်သာဘဲပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားရောက်ပြသပြီး ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ခါးနာခြင်းအတွက် အသုံးပြုတဲ့ဆေးတွေကတော့-

• ပါရာစီတမောလိုမျိုး အလွယ်တကူဝယ်ယူနိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ဒါမှမဟုတ် naproxen sodium၊ ibuprofen တို့လိုမျိုး စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲခြင်းအားဖြင့် လတ်တလောခါးနာခြင်းကို သက်သာစေပါလိမ့်မယ်။

• ကြွက်သားတွေကိုဖြေလျှော့ပေးနိုင်တဲ့ ဆေးတွေဟာလည်း နောက်ကျောအတန်အသင့်နာကျင်ခြင်းကို သက်သာစေနိုင်မှာဖြစ်ပြီး ငိုက်မျည်းတာကိုတော့ ဖြစ်စေနိုင်ပါတယ်။

• အကိုက်အခဲပျောက်ခရင်မ်၊ ဂျဲလ်၊ အရည်စတာတွေကိုလည်း နာကျင်တဲ့နေရာပေါ် အသာအယာပွတ်သပ်လိမ်းပေးနိုင်ပါတယ်။

• codeine ဒါမှမဟုတ် hydrocodone အစရှိတဲ့ (စွဲလမ်းစေတတ်သော) အကိုက်အခဲပျောက်ဆေးအပြင်းစားတွေကိုလည်း ဆရာဝန်ရဲ့အနီးကပ်ကြီးကြပ်မှုနဲ့ကာလတိုသုံးစွဲနိုင်ပါတယ်။

• ricyclic antidepressants, amitriptyline စတဲ့ စိတ်ကျရောဂါပျောက်ဆေးတွေဟာလည်း ကာလရှည်နောက်ကျောနာကျင်ခြင်းအချို့ကို သက်သာစေတယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။

• ထိုးဆေးများ။ ။အာရုံကြောအမြစ်တွေထဲကို ကော်တီဆုန်းထိုးဆေးထိုးသွင်းခြင်းဟာလည်း ရောင်ရမ်းနာကျင်မှုတွေကိုသက်သာစေတယ်ဆိုပေမယ့် ဒီအာနိသင်ဟာ လအနည်းငယ်ပဲ ခံလေ့ရှိပါတယ်။

အခြားသော ကုသမှုနည်းလမ်းများ

နာတာရှည်ခါးနာခြင်းအတွက် ဆေးဝါးကုသခြင်းအပြင် နာကျင်မှုကို သဘာဝအတိုင်းထိရောက်စွာကုသပေးနိုင်တဲ့ နည်းလမ်းတွေကိုလည်း ဆရာဝန်တွေအနေနဲ့ညွှန်ကြားလေ့ရှိပါတယ်။

• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း ။ ။ သင့်ဆရာဝန်အနေနဲ့ သင့်ကိုအရည်အချင်းပြည့်ဝတဲ့ ဆရာဆီလမ်းညွှန်ပေးမှာဖြစ်ပြီး အဆိုပါဆရာအနေနဲ့သင့်ကြွက်သားတွေသန်မာလာပြီး ကိုယ်နေဟန်ထား တိုးတက်မှန်ကန်လာစေဖို့လေ့ကျင့်ခန်းတွေကို သင်ကြားပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

• လှုပ်ရှားမှုကို ပိုမိုအဆင်ပြေအောင်လေ့ကျင့်ပေးတာ၊ နှိပ်နယ်ပေးတာစတဲ့ ကုသမှုတွေကိုလည်း ကျွမ်းကျင်သူတွေအကူအညီနဲ့ဆောင်ရွက်နိုင်ပါတယ်။

• အပ်စိုက်ခြင်း ။ ။ခန္ဓာကိုယ်ရဲ့နေရာအနှံ့အပြားကို အပ်အသေးလေးတွေနဲ့စိုက်ပြီးကုသခြင်းဟာလည်း နောက်ကျောနာကျင်မှုကို သက်သာစေနိုင်တယ်ဆိုတာသိရှိခဲ့ကြပြီး ဖြစ်ပါတယ်။

• လျှပ်စစ်ဓာတ်အသုံးပြုပြီး ကုသခြင်း။ ။အာရုံငါးပါးခံစားမှုကို ထိန်းချုပ်ထားတဲ့အာရုံကြောစနစ်ကို လျှပ်စစ်ဓာတ်ဗို့အားအနည်းငယ်ပေးပြီး ကုသခြင်းဟာလည်း နောက်ကျောနာကျင်ကိုက်ခဲမှုကို သက်သာလျော့ပါးစေနိုင်ပါတယ်။

• အရေပြားအပေါ်ယံလွှာကို အပူဓာတ်သို့မဟုတ်အအေးဓာတ်ပေးပြီး ကုသခြင်း ။ ။ရေခဲကပ်တာ၊ ရေနွေးကပ်တာ၊ diathermyလို့ခေါ်တဲ့ အပူဓာတ်ပေးပြီး ကုသတာစတဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။

• အမူအကျင့်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းများ။ ။ Cognitive therapy လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာကုထုံးတွေကို အသုံးပြုပြီး နာကျင်ခြင်းသက်သာအောင် ပြုလုပ်ပေးနိုင်ပါတယ်။

• လေ့ကျင့်ခန်းလုပ်ခြင်း။ ။လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကြွက်သားတွေကိုဆွဲဆန့်ဖြေလျှော့ပေးနိုင်ပြီး သန်မာစေတဲ့အပြင် ယောဂလိုလေ့ကျင့်ခန်းတွေပြုလုပ်ပေးမယ်ဆိုရင် ကိုယ်နေဟန်ထားကိုပါ တိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေကို ပိုဆိုးလာစေမယ်ဆိုရင်တော့ တချို့လေ့ကျင့်ခန်းတွေကိုရှောင်ကျဉ်တာ ဒါမှမဟုတ် မိမိနဲ့ကိုက်ညီအောင်မွမ်းမံတာမျိုး လုပ်ပေးရပါမယ်။

ခွဲစိတ်ကုသခြင်းများ

အထက်မှာဖော်ပြခဲ့တဲ့ ကုသမှုနည်းလမ်းတွေနဲ့မသက်သာတာ ဒါမှမဟုတ် ပိုဆိုးလာတာမျိုးတွေအတွက် ခွဲစိတ်မှုကို ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်လေ့ရှိတဲ့ ခွဲစိတ်မှုနှစ်မျိုးကတော့

• ကျောရိုးဆစ်ကြား အချပ်ပြားဖယ်ထုတ်ခြင်း ။ ။အနီးတဝိုက်ရှိ အာရုံကြောတွေကိုဖိနေတာကနေ သက်သာရာရစေဖို့အတွက် ကျောရိုးဆစ်နှစ်ခုအကြားထဲက အဆစ်ခွေအချပ်ပြားရဲ့တစိတ်တပိုင်းကို ဖြတ်ထုတ်ရပါမယ်။

• ကျောရိုးဆစ်ဖြတ်ထုတ်ခြင်း ။ ။ ပင်မကျောရိုးကြီးတည်ငြိမ်မှုရရှိပြီး နာကျင်တာတွေကို သက်သာစေဖို့အတွက်နှစ်ခု ဒါမှမဟုတ် နှစ်ခုထက်ပိုတဲ့ကျောရိုးဆစ်တွေကို ဖြတ်ထုတ်ခြင်းပဲ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ခွဲစိတ်မှုတွေဟာ ပင်မကျောရိုးကြီးထဲမှာရှိတဲ့ အာရုံကြောတွေအပေါ်ဖိနှိပ်ထားမှုကို ဖယ်ရှားပေးပြီး နာကျင်မှုတွေကိုသက်သာစေတာ ဖြစ်ပါတယ်။ ခွဲစိတ်မှုဟာ ရာနှုန်းပြည့်အောင်မြင်မှုရှိချင်မှရှိမှာဖြစ်ပြီး အခြားသောဘေးထွက်ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အဆိုပါခွဲစိတ်မှုရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ပတ်သက်လို့ခွဲစိတ်မှုမပြုလုပ်မီ သင့်ခွဲစိတ်ဆရာဝန်နဲ့သေချာစွာတိုင်ပင်ဆွေးနွေးရမှာပဲ ဖြစ်ပါတယ်။

ခါးနာခြင်းကို ဘယ်လိုကာကွယ်မလဲ။

ကျန်းမာရေးနဲ့သင့်လျော်ညီညွတ်တဲ့နေထိုင်မှုပုံစံအတိုင်း နေထိုင်ခြင်းဟာ အကောင်းဆုံးသောကာကွယ်မှု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့်ရဲ့ခံနိုင်ရည်နဲ့ခွန်အားကို   မြှင့်တင်ပေးနိုင်ပြီးကြွက်သားတွေကိုလည်း ပိုပြီးထိထိရောက်ရောက်အလုပ်လုပ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို သင့်တော်မျှတတဲ့ပမာဏအတိုင်းအတာထဲမှာပဲ ရှိနေအောင်ထိန်းထားဖို့ကလည်း အရေးကြီးပါတယ်။ အဝလွန်ခြင်းဟာ နောက်ကျောကြွက်သားတွေကို ဒါဏ်ပိုဖြစ်စေတဲ့အတွက် ခါးနာခြင်းကိုကာကွယ်ဖို့အတွက် သင့်အနေနဲ့အဝလွန်နေပြီလို့ထင်ရင် ကိုယ်အလေးချိန်ချဖို့အမြန်ဆုံးကြိုးစားရပါမယ်။ မူမမှန်တဲ့အနေအထားနဲ့အချိန်ကြာကြာမတ်တပ်ရပ်တာ၊ ထိုင်တာ ဒါမှမဟုတ် အလေးအပင်တွေကိုမကြာခဏ‘မ’တာတွေဟာ   ကျောရိုးကိုဒါဏ်ဖြစ်စေတဲ့အတွက် နောက်ကျောနာကျင်ခြင်းကို ခံစားရစေနိုင်ပါတယ်။ မှန်ကန်သင့်တော်တဲ့ဖိနပ်စီးတာ ဒါမှမဟုတ် အချိန်ကြာကြာထိုင်ရတော့မယ်ဆိုရင် ကျောမှီနဲ့ထိုင်တာ အစရှိတဲ့အချက်လေးတွေကို လိုက်နာကျင့်သုံးပေးရပါမယ်။ ဒီအချက်လေးတွေကိုပေါင်းစပ်လိုက်နာပေးမယ်ဆိုရင်တော့ သင့်အနေနဲ့နဂိုမူလအတိုင်းတဖန်ပြန်ပြီး လှုပ်ရှားသွားလာနိုင်မှာပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က သင်ချမှတ်ထားတဲ့အစီအမံအတိုင်း တသွေမတိမ်းလိုက်နာဖို့ပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top