ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ စစ္ေဘးဒုကၡသည္မ်ားအား ယေန႔က်ေရာက္သည့္ ခရစၥမတ္လက္ေဆာင္အျဖစ္ ထမင္းေကြၽးေမြးႏိုင္ရန္ နယ္ပယ္အသီးသီးမွ ေစတနာရွင္မ်ား၏ ရန္ပံုေငြထည့္ဝင္မႈျဖင့္ က်ပ္သိန္း ၂၀၀ လွဴဒါန္းႏုိင္ခဲ့ေၾကာင္း ‘စစ္ေဘးဒုကၡသည္မ်ားအတြက္ ခရစၥမတ္ထမင္းတစ္နပ္’ အစီအစဥ္မွ ေစတနာ့ဝန္ထမ္း မသွ်ဒန္ဆုိင္းေရာ္က ေျပာသည္။

‘‘သိန္း ၂၃၀ ေက်ာ္ရရွိၿပီး ဒီဇင္ဘာ ၂၂ ရက္မွာ ရွိသမွ်ရန္ပံုေငြ ရရွိမႈေတြကို Camp (စခန္း) အသီးသီးကို လႊဲလိုက္ၿပီ။ အခုလည္း ထပ္ၿပီးဝင္လာေသးတာရွိတယ္။ ဒါ ေတြကို ေနာက္ဆက္တြဲကူညီမႈေတြအတြက္ ဆက္သံုးရမွာေပါ့’’ ဟု ေျပာၾကားသည္။

အဆုိပါ အစီအစဥ္၏ ရည္ရြယ္ခ်က္ကို ‘စစ္ေဘးဒုကၡသည္ ျပည္သူမ်ားကို ေယ႐ႈခရစ္ေမြးဖြားလာျခင္း အထိမ္းအမွတ္ေမတၱာလက္ေဆာင္ (ဝမ္းေျမာက္ျခင္း၊ ေပ်ာ္ရႊင္ျခင္း၊ ခ်စ္ျခင္း) ေဝမွ်ႏိုင္ရန္’ ဟူ၍ အမည္ေပးခဲ့သည္။

အစီအစဥ္အရ စစ္ေဘးဒုကၡသည္တစ္ဦးအတြက္ ကန္တစ္ ေဒၚလာႏႈန္းျဖင့္ အလွဴေငြမ်ားေဝမွ်ႏိုင္ေၾကာင္း ကခ်င္ၿငိမ္းခ်မ္း ေရးကြန္ရက္က ဒီဇင္ဘာ ၁ ရက္ တြင္ စတင္ဖိတ္ေခၚကာ ဒီဇင္ဘာ ၂၅ ရက္တြင္ စစ္ေရွာင္ဒုကၡသည္ စခန္း ၁၇၀ ခန္႔မွ လူတစ္သိန္းႏွစ္ ေသာင္းခန္႔အား ထမင္းေကြၽးေမြး ႏိုင္ရန္ ရည္ရြယ္ခဲ့သည္။

သို႔ရာတြင္ ရန္ပံုေငြရရွိမႈအ ေျခအေနအရ ေဝးလံေခါင္ဖ်ားရွိ စားဝတ္ေနေရး ပိုမိုခက္ခဲသည့္ ဒုကၡသည္စခန္းမ်ားမွ စစ္ေဘးဒုကၡသည္ႏွစ္ေသာင္းခန္႔အတြက္သာ လံုေလာက္ေၾကာင္း မသွ်ဒန္ဆုိင္းေရာ္က ရွင္းျပသည္။

ထို႔အတြက္ လိုအပ္ခ်က္ရွိ ေနသည့္ ဦးစားေပးဒုကၡသည္ စခန္းမ်ား စာရင္းကို စစ္ေဘးဒုကၡ သည္မ်ားအား အကူအညီေပးေန သည့္ ပူးေပါင္းလုပ္ငန္းစဥ္အဖြဲ႕ က ရယူကာ ေပးပို႔လွဴဒါန္းခဲ့ ေၾကာင္း ၎က ရွင္းျပသည္။

‘‘အားလံုးကို မကာမိတဲ့အ တြက္ ပိုၿပီးေတာ့ ခက္ခဲတဲ့၊ ေဝးလံ ေခါင္ဖ်ားတဲ့ေနရာေတြကို စာရင္း ျပဳစုၿပီးေတာ့ ရရွိတဲ့ အလွဴေငြေတြ ကို အခ်ိဳးက်လိုက္ၿပီးေတာ့ ပို႔ ေဆာင္လိုက္တယ္။ ကြၽန္မတုိ႔က အလွဴခံတုန္းကေတာ့ ထမင္းအ ေနနဲ႔ အလွဴခံေပမယ့္ ရန္ပံုေငြအ ေျခအေနအရ ထမင္းကေတာ့ မေကြၽးႏုိင္ဘူးေပါ့ေနာ္။ အနည္း အက်ဥ္းေတြဆီပဲ ပို႔လိုက္တဲ့အခါ မွာ မနက္ျဖန္ အနည္းဆံုးေတာ့ ခရစၥမတ္ဆုေတာင္းပြဲလုပ္တဲ့ေန ရာမွာ ဆန္ျပဳတ္ေလးေတြနဲ႔ ေပ်ာ္ ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းစားေသာက္ ႏုိင္မယ္။ ဝမ္းသာစရာျဖစ္မယ္လို႔ ေမွ်ာ္လင့္တယ္’’ဟု မသွ်ဒန္ဆိုင္း ေရာ္က ေျပာသည္။

 တပ္မေတာ္ႏွင့္ ေကအုိင္ ေအအၾကား ၂၀၁၁ ဇြန္လကစ၍ တစ္ေက်ာ့ျပန္ ျဖစ္ပြားသည့္ တုိက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူတစ္ သိန္းေက်ာ္သည္ ယာယီစခန္းမ်ား တြင္ ခိုလႈံေနသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးဒုက္ခသည်များအား ယနေ့ကျရောက်သည့် ခရစ္စမတ်လက်ဆောင်အဖြစ် ထမင်းကျွေးမွေးနိုင်ရန် နယ်ပယ်အသီးသီးမှ စေတနာရှင်များ၏ ရန်ပုံငွေထည့်ဝင်မှုဖြင့် ကျပ်သိန်း ၂၀၀ လှူဒါန်းနိုင်ခဲ့ကြောင်း ‘စစ်ဘေးဒုက္ခသည်များအတွက် ခရစ္စမတ်ထမင်းတစ်နပ်’ အစီအစဉ်မှ စေတနာ့ဝန်ထမ်း မသျှဒန်ဆိုင်းရော်က ပြောသည်။

‘‘သိန်း ၂၃၀ ကျော်ရရှိပြီး ဒီဇင်ဘာ ၂၂ ရက်မှာ ရှိသမျှရန်ပုံငွေ ရရှိမှုတွေကို Camp (စခန်း) အသီးသီးကို လွှဲလိုက်ပြီ။ အခုလည်း ထပ်ပြီးဝင်လာသေးတာရှိတယ်။ ဒါ တွေကို နောက်ဆက်တွဲကူညီမှုတွေအတွက် ဆက်သုံးရမှာပေါ့’’ ဟု ပြောကြားသည်။


အဆိုပါ အစီအစဉ်၏ ရည်ရွယ်ချက်ကို ‘စစ်ဘေးဒုက္ခသည် ပြည်သူများကို ယေရှုခရစ်မွေးဖွားလာခြင်း အထိမ်းအမှတ်မေတ္တာလက်ဆောင် (ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း၊ ချစ်ခြင်း) ဝေမျှနိုင်ရန်’ ဟူ၍ အမည်ပေးခဲ့သည်။

အစီအစဉ်အရ စစ်ဘေးဒုက္ခသည်တစ်ဦးအတွက် ကန်တစ် ဒေါ်လာနှုန်းဖြင့် အလှူငွေများဝေမျှနိုင်ကြောင်း ကချင်ငြိမ်းချမ်း ရေးကွန်ရက်က ဒီဇင်ဘာ ၁ ရက် တွင် စတင်ဖိတ်ခေါ်ကာ ဒီဇင်ဘာ ၂၅ ရက်တွင် စစ်ရှောင်ဒုက္ခသည် စခန်း ၁၇၀ ခန့်မှ လူတစ်သိန်းနှစ် သောင်းခန့်အား ထမင်းကျွေးမွေး နိုင်ရန် ရည်ရွယ်ခဲ့သည်။

သို့ရာတွင် ရန်ပုံငွေရရှိမှုအ ခြေအနေအရ ဝေးလံခေါင်ဖျားရှိ စားဝတ်နေရေး ပိုမိုခက်ခဲသည့် ဒုက္ခသည်စခန်းများမှ စစ်ဘေးဒုက္ခသည်နှစ်သောင်းခန့်အတွက်သာ လုံလောက်ကြောင်း မသျှဒန်ဆိုင်းရော်က ရှင်းပြသည်။

ထို့အတွက် လိုအပ်ချက်ရှိ နေသည့် ဦးစားပေးဒုက္ခသည် စခန်းများ စာရင်းကို စစ်ဘေးဒုက္ခ သည်များအား အကူအညီပေးနေ သည့် ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ က ရယူကာ ပေးပို့လှူဒါန်းခဲ့ ကြောင်း ၎င်းက ရှင်းပြသည်။

‘‘အားလုံးကို မကာမိတဲ့အ တွက် ပိုပြီးတော့ ခက်ခဲတဲ့၊ ဝေးလံ ခေါင်ဖျားတဲ့နေရာတွေကို စာရင်း ပြုစုပြီးတော့ ရရှိတဲ့ အလှူငွေတွေ ကို အချိုးကျလိုက်ပြီးတော့ ပို့ ဆောင်လိုက်တယ်။ ကျွန်မတို့က အလှူခံတုန်းကတော့ ထမင်းအ နေနဲ့ အလှူခံပေမယ့် ရန်ပုံငွေအ ခြေအနေအရ ထမင်းကတော့ မကျွေးနိုင်ဘူးပေါ့နော်။ အနည်း အကျဉ်းတွေဆီပဲ ပို့လိုက်တဲ့အခါ မှာ မနက်ဖြန် အနည်းဆုံးတော့ ခရစ္စမတ်ဆုတောင်းပွဲလုပ်တဲ့နေ ရာမှာ ဆန်ပြုတ်လေးတွေနဲ့ ပျော် ပျော်ရွှင်ရွှင်ဖြတ်သန်းစားသောက် နိုင်မယ်။ ဝမ်းသာစရာဖြစ်မယ်လို့ မျှော်လင့်တယ်’’ဟု မသျှဒန်ဆိုင်း ရော်က ပြောသည်။

 တပ်မတော်နှင့် ကေအိုင် အေအကြား ၂၀၁၁ ဇွန်လကစ၍ တစ်ကျော့ပြန် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူတစ် သိန်းကျော်သည် ယာယီစခန်းများ တွင် ခိုလှုံနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top