န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ႏုိင္ငံေတာ္လွ်ိဳ႕၀ွက္ခ်က္မ်ားအက္ဥပေဒျဖင့္ အမႈဖြင့္ဖမ္း ဆီးခံရေသာ ႐ုိက္တာသတင္းေထာက္ႏွစ္ဦး၏ မိသားစု၀င္မ်ားက ၎တို႔ႏွစ္ဦးစတင္ ဖမ္းဆီးခံရသည့္ျဖစ္စဥ္အေသးစိတ္ကုိ ယမန္ ေန႔တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္၍ ေျပာၾကားသည္။

ဖမ္းဆီးခံ႐ုိက္တာသတင္း ေထာက္ကုိ၀လုံး၏ဇနီး မပန္းအိ မြန္ႏွင့္ ႐ုိက္တာသတင္းေထာက္ ကုိေက်ာ္စုိးဦး၏ ညီမမညိဳညိဳ ေအးတို႔က ဒီဇင္ဘာ ၂၈ ရက္ည ေနတြင္ ျမန္မာဂ်ာနယ္လစ္ကြန္ ရက္႐ုံး၌ သတင္းစာရွင္းလင္းပြဲျပဳ လုပ္၍ ေျပာၾကားျခင္းျဖစ္ၿပီး သတင္းေထာက္ႏွစ္ဦးသည္ သတင္း ေပးမည္ဟုေခၚ၍ ရဲႏွစ္ဦးကေပး ေသာစကၠဴလိပ္မ်ားတြင္ မည္ သည့္အရာမ်ားပါသည္ကုိမသိရ ေသးမီ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ သည္ဟု ရွင္းလင္းခဲ့သည္။

မပန္း အိမြန္ႏွင့္ မညိဳညိဳေအးတို႔က ဒီဇင္ဘာ ၂၇ ရက္သတင္းေထာက္ ႏွစ္ဦး႐ုံးထုတ္စဥ္က ခဏတာ ေတြ႕ဆုံခဲ့စဥ္ႏွင့္ ဒီဇင္ဘာ ၂၈ ရက္က ေထာင္၀င္စာမိနစ္ ၃၀ ၾကာ သြားေရာက္ေတြ႕ဆုံၿပီး ေနာက္ သတင္းေထာက္ႏွစ္ဦး၏ ေျပာျပခ်က္မ်ားကုိ မွတ္သားလာ ကာ ဖမ္းဆီးခံရသည့္ျဖစ္စဥ္အ ေသးစိတ္ကုိ အမွန္အတိုင္းသိရွိ ရန္သတင္းစာ ရွင္းလင္းပြဲျပဳလုပ္ ခဲ့ျခင္းျဖစ္ေၾကာင္းလည္း ေျပာ သည္။

ဖမ္းဆီးခံရသည့္ ရက္မတိုင္ မီက ၎တို႔ႏွင့္မသိရွိ၊ မရင္းႏွီး ေသာရဲႏွစ္ဦးက ဖုန္းဆက္၍ ၿမိဳ႕ ထဲတစ္ေနရာတြင္ ည ၁၀ နာရီ၌ ေတြ႕ဆုံသတင္းေပးလုိေၾကာင္း ခ်ိန္းဆုိခဲ့ဖူးၿပီး ထုိစဥ္က ညအခ်ိန္ မေတာ္ျဖစ္၍ စိတ္မခ်သျဖင့္ မလႊတ္ခဲ့ေၾကာင္း မပန္းအိမြန္က ေျပာသည္။

‘‘အဲဒီေန႔က မသြားျဖစ္လုိက္ ဘူး။ အဲဒီေတာ့ ဒီဇင္ဘာ ၁၂ ရက္ ေန႔မွာတစ္ခါသြားတယ္။ အဲဒီေန႔ ညေနမွာ သူကြၽန္မကုိဖုန္းဆက္ တယ္။ သူလာမႀကိဳေတာ့ဘူး။ အိမ္ျပန္ႏွင့္ဖုိ႔အတြက္ ေျပာတယ္။ ေျပာတဲ့အခါက်ေတာ့ သူကရဲနဲ႔ ခ်ိန္းထားတယ္တဲ့။ သူတို႔စား ေသာက္ဆုိင္ေလာက္ေတာ့ ထုိင္ ျဖစ္မယ္ထင္တယ္တဲ့။ သူတို႔အ တြက္ ခ်က္မထားနဲ႔ေတာ့လုိ႔ေျပာ တယ္။ ည ၉ နာရီေလာက္ေတာ့ ညီမသူ႔ကုိဖုန္းေခၚေတာ့ ေခၚလုိ႔ မရေတာ့ဘူး။ စက္ပိတ္သြား တယ္’’ ဟု မပန္းအိမြန္က ေျပာ သည္။

၎တို႔ႏွစ္ဦးကုိ ခ်ိန္းဆုိေန ေသာ ရဲႏွစ္ဦးသည္ ဒီဇင္ဘာ ၁၂ ရက္တြင္ လူခ်င္းေတြ႕မွအဆင္ ေျပမည္ျဖစ္ေၾကာင္း ထပ္မံခ်ိန္း ဆုိသျဖင့္ သြားေရာက္အင္တာဗ်ဴး ခဲ့ျခင္းျဖစ္သည္ဟု ကုိ၀လုံးကျပန္ လည္ေျပာျပေၾကာင္း မပန္းအိမြန္ ကေျပာသည္။

‘‘ခင္ဗ်ားဒီေန႔လာမွ အဆင္ ေျပမယ္တဲ့။ ေတြ႕မွအဆင္ေျပ မယ္ဆုိၿပီး ဖိတ္တယ္တ့ဲ။ ဖိတ္တဲ့ အခါက်ေတာ့ သူလည္းအင္တာ ဗ်ဴးအတြက္၊ အလုပ္ကိစၥအတြက္ ဆုိေတာ့ သြားလိုက္တာ’’ ဟု ကုိ၀လုံး၏ေျပာျပမႈကုိ မပန္းအိ မြန္က ေျပာသည္။ ခ်ိန္းဆုိရာေန ရာသုိ႔ေရာက္ေသာအခါ ရဲႏွစ္ဦး ကုိ အမွတ္(၈)လုံၿခံဳေရးရဲတပ္ ရင္းစခန္းသုိ႔ ၀င္္ေခၚၿပီး စား ေသာက္ဆိုင္သုိ႔ ရဲႏွစ္ဦးက ဆုိင္ ကယ္ျဖင့္ ေရွ႕မွသြား၍ သတင္း ေထာက္ႏွစ္ဦးက သတင္းဌာန ကားျဖင့္ ေနာက္မွလုိက္ခဲ့သည္။

စားေသာက္ဆိုင္သုိ႔ေရာက္ ေသာအခါ ရဲႏွစ္ဦးက စာလိပ္ (စာရြက္မ်ားကုိလိပ္ထားေသာ အ လိပ္)ႏွစ္လိပ္ထုတ္ၿပီး ကုိ၀လုံး တစ္လိပ္၊ ကုိေက်ာ္စုိးဦးကုိ တစ္ လိပ္ေပးေၾကာင္း မပန္းအိမြန္က ေျပာသည္။

‘‘၀လုံးတို႔က ဖတ္ၾကည့္မယ္ လည္းဆုိေရာ ဓာတ္ပုံ႐ုိက္ခ်င္ ႐ုိက္တဲ့။ ၀လုံးကေျပာတယ္။ ဓာတ္ပုံ႐ုိက္ဖုိ႔အဆင္မေျပဘူးတဲ့။ ေမွာင္ေနေတာ့ အဆင္မေျပဘူး ဆုိေတာ့ ဖြင့္ၾကည့္မယ္လည္းလုပ္ ေရာ ဖြင့္မၾကည့္ပါနဲ႔၊ အိမ္ကုိပဲ ယူသြားလုိက္။ အိမ္ေရာက္မွဖြင့္ ၾကည့္လုိက္လုိ႔ေျပာတဲ့အတြက္ ဖြင့္မၾကည့္ရဘူး။ ၀လုံးတို႔က အဲဒီ စာလိပ္ထဲမွာ ဘာလဲ၊ ဘာရွိလဲဆုိ တာ သူတို႔လုံး၀မသိဘူး’’ ဟု ကုိ၀လုံး၏ဇနီးက ေျပာသည္။

စာလိပ္ကုိ ဖြင့္မၾကည့္ရ ေသးဘဲယူလာၿပီး ဆုိင္မွျပန္အ ထြက္တြင္ ရဲရွစ္ဦးခန္႔က၀ုိင္း၍ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း ၎ က ေျပာသည္။

‘‘ရဲႏွစ္ေယာက္က အဲဒီစာ လိပ္ေပးၿပီးေတာ့ ျပန္ထြက္တယ္။ သူတို႔ကုိထားခဲ့ၿပီးေတာ့ ထြက္ သြားတယ္ေပါ့ေနာ္။ သူတို႔က အဲ ဒီစာလိပ္ႏွစ္လိပ္ယူၿပီးေတာ့ ပုိက္ ဆံရွင္းၿပီးဆုိင္အျပင္ကုိ ထြက္တဲ့ အခ်ိန္မွာပဲ ရဲခုနစ္ေယာက္၊ ရွစ္ ေယာက္က ခ်က္ခ်င္းဖမ္းလက္ ထိတ္ခတ္ၿပီး ဖမ္းသြားတယ္လုိ႔ ေျပာတယ္’’ ဟု ကုိ၀လုံး၏ဇနီးက ေျပာသည္။

‘‘ညီမ ေထာင္၀င္စာသြား ေတြ႕ေတာ့လည္း သူကတရားဥပ ေဒစုိးမုိးမႈေအာက္မွာပဲ ေနတဲ့သူ ေပါ့ေနာ္။ ဘယ္ေတာ့မွတရားဥပ ေဒကုိ ခ်ိဳးေဖာက္ဖုိ႔ဆုိတာလည္း သူစိတ္မကူးခဲ့ဖူးဘူး။ ႏုိင္ငံအေပၚ မွာ သစၥာေဖာက္ဖုိ႔ဆုိတာ စိတ္ ေတာင္မကူးခဲ့ဖူးဘူးတဲ့။ အဲဒါ ေၾကာင့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး သူ ယံုၾကည္တယ္တဲ့။ သူမၾကာခင္ ျပန္လႊတ္လာမွာတဲ့။ ျပန္လႊတ္ လာလုိ႔ရွိရင္ ခရီးသြားၾကမယ္တဲ့။ သူ႕ေမွ်ာ္လင့္ခ်က္ ေလးေတာ့ ျပည့္ေစခ်င္တယ္’’ ဟု မပန္းအိ မြန္က ဖြင့္ဟသည္။

စြပ္စြဲခံထားရေသာ စြဲခ်က္ မ်ားအေပၚ က်ဴးလြန္ေဖာက္ဖ်က္ ခဲ့ျခင္းမရွိသလုိ ႏုိင္ငံ့အေပၚ သစၥာ ေဖာက္ဖ်က္ျခင္းမရွိေၾကာင္း ရွင္း ျပသည္ဟု မညိဳညိဳေအးကလည္း ေျပာသည္။

‘‘သူ သတင္းေလာကကုိ ေရာက္လာတာ ခုနစ္ႏွစ္၊ ရွစ္ႏွစ္ ေလာက္ရွိေနၿပီ။ သူတစ္ခါမွ အဲဒီ လုိမလုပ္ဖူးဘူး။ ဥပေဒအေပၚမွာ ဘယ္သူမွမရွိဘူးဆုိရင္ သူျပန္ လႊတ္လာမယ္လုိ႔ ညီမကုိ ေျပာ လုိက္ပါတယ္။ ၿပီးေတာ့ သူ႔သူ ငယ္ခ်င္းေတြ၊ သတင္းေလာကက သူေတြ ဘာတစ္ခုမွ မေပါ့ၾကဖုိ႔၊ အေသးအမႊားေလးကအစ သတိ ရွိၾကဖုိ႔ မွာလိုက္ပါတယ္’’ ဟု မညိဳညိဳေအးက ဆက္လက္ေျပာ သည္။

ဖမ္းဆီးခံရေသာ သတင္း ေထာက္ႏွစ္ဦးကုိ စစ္ေၾကာေရး စခန္းတြင္ အတူတူမထားေၾကာင္း လည္း မညိဳညိဳေအးကဆက္လက္ ေျပာသည္။

ထုိ႔အျပင္ ဖမ္းဆီးခံသတင္း ေထာက္ႏွစ္ဦးႏွင့္မိသားစု၀င္မ်ား ကုိ ရမန္ယူ႐ုံးထုတ္စဥ္တြင္ ေတြ႕ ဆုံခြင့္ရရန္ အေၾကာင္းၾကားေပး မည္ဟု အာဏာပုိင္မ်ားကေျပာ ဆုိထားေသာ္လည္း ဒီဇင္ဘာ ၂၇ ရက္ ႐ုံးထုတ္စဥ္၌ မိသားစု၀င္ မ်ားကုိ ဆက္သြယ္အေၾကာင္း ၾကားခဲ့ျခင္းမရွိေၾကာင္း ေျပာ သည္။

ကုိ၀လုံးႏွင့္ ကုိေက်ာ္စုိးဦး သည္ သတင္းေလာကတြင္ ႐ုိး႐ုိး သားသားျဖတ္သန္းေနသူမ်ား ျဖစ္ေသာေၾကာင့္ အေကာင္းဆုံး စဥ္းစားေပးေစလုိေၾကာင္း ကုိ၀ လုံး၏ဇနီးက ေျပာသည္။

‘‘ဘ၀မွာ ႐ုိး႐ုိးသားသားျဖတ္ သန္းလာတယ္ဆုိတာ ႀကိဳက္သ လုိစုံစမ္းလုိ႔ရတယ္။ ဒီလူႏွစ္ ေယာက္ ႐ုိးသားတယ္ဆုိေတာ့ တရားကုိပဲ နတ္ေစာင့္ပါေစေပါ့ ေနာ္။ တရားကုိနတ္ေစာင့္ၿပီး ေတာ့ အျမန္ဆုံးလြတ္ေျမာက္ ပါေစလုိ႔ပဲ ဆုေတာင္းရမွာပဲ။ သူ တို႔ကုိယ္တုိင္ကလည္း သူတို႔ မဟုတ္တာမလုပ္တဲ့အတြက္ သူ တို႔ႏွစ္ေယာက္ကုိ အေကာင္းဆုံး စဥ္းစားေပးေစခ်င္တာေပါ့ေနာ္’’ ဟု၎ကေျပာသည္။

ျမန္မာႏုိင္ငံအစုိးရလွ်ိဳ႕၀ွက္ ခ်က္မ်ားအက္ဥပေဒပုဒ္မ-၃ ျဖင့္ ဖမ္းဆီးထားေသာ ႐ုိက္တာသ တင္းေထာက္ႏွစ္ဦးကုိ ဒီဇင္ဘာ ၂၇ ရက္က ပထမဆုံး႐ုံးထုတ္၍ ဒုတိယအႀကိမ္ရမန္ ၁၄ ရက္ ထပ္ယူၿပီး အင္းစိန္ေထာင္သုိ႔ ပုိ႔ ေဆာင္ထားသည္။ ေနာက္တစ္ ႀကိမ္႐ုံးခ်ိန္းကုိ ၂၀၁၈ ဇန္န၀ါရီ ၁၀ ရက္သုိ႔ ခ်ိန္းဆုိထားသည္။

ဖမ္းဆီးခံရမႈႏွင့္ ပတ္သက္ ၿပီး သတင္းသမားက်င့္၀တ္ခ်ိဳး ေဖာက္ခဲ့ျခင္းမရွိေၾကာင္း ဖမ္းဆီး ခံ႐ုိက္တာသတင္းေထာက္ႏွစ္ဦး က ဒီဇင္ဘာ ၂၇ ရက္႐ုံးထုတ္ စဥ္ သတင္းေထာက္မ်ားအား ေျပာ ၾကားသည္။

ဒီဇင္ဘာ ၂၇ ရက္က ႐ုံး ထုတ္ရာတြင္ ႐ုိက္တာသတင္း ေထာက္ႏွစ္ဦးသာပါရွိၿပီး အစုိးရ ထုတ္ျပန္ခ်က္၌ပါရွိေသာ ဖမ္းဆီး ထားသည္ဆုိသည့္ ရဲတပ္ဖြဲ႕၀င္ ႏွစ္ဦးပါ၀င္ျခင္း မရွိေပ။

ထို႔ေၾကာင့္ ရဲႏွစ္ဦးကို ဖမ္း ဆီးစစ္ေဆးေနသည္ဟု အစိုးရက ထုတ္ျပန္ထားသျဖင့္ ၎တို႔ႏွင့္ ပတ္သက္၍ ေမးျမန္းရာ ဖမ္းထား ျခင္း ဟုတ္၊ မဟုတ္ မသိဟု ေျပာ ေၾကာင္း ၎တို႔က ေျဖသည္။

႐ုံးထုတ္ရာတြင္ ရဲတပ္ဖြဲ႕၀င္ ႏွစ္ဦးမပါသည့္ကိစၥႏွင့္ပတ္သက္ ၿပီး ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေျပာေရး ဆုိခြင့္ရွိသူရဲမွဴးႀကီးသက္ႏုိင္ထံ ဒီဇင္ဘာ ၂၈ ရက္က ဆက္သြယ္ ေမးျမန္းရာ ‘‘အဲဒါကမႈခင္းဆိုက္ ကပဲ သိမယ္။ ကြၽန္ေတာ္တို႔ဆီက် ရီပုိ႔မတက္ဘူး။ ရဲက နယ္ဘက္ ဥပေဒအရ အေရးယူဆုိရင္ေတာ့ ရမန္ယူရမွာေပါ့ဗ်ာ။ ရဲစည္းကမ္း အရ အေရးယူမယ္ဆုိရင္ေတာ့ ရဲ အခ်ဳပ္မွာ ခ်ဳပ္မွာေပါ့’’ ဟု ေျပာ သည္။

႐ုိက္တာ သတင္းေထာက္ ႏွစ္ဦး ဖမ္းဆီးခဲ့ေသာ ပံုစံအေပၚ အစုိးရ ထုတ္ျပန္ခ်က္ႏွင့္ သတင္း ေထာက္ႏွစ္ဦး၏ မိသားစု၀င္မ်ား ေျပာၾကားခ်က္ကြဲလြဲေနသျဖင့္ ျပည္ထဲေရး၀န္ႀကီးဌာန အၿမဲတမ္း အတြင္း၀န္ဦးတင္ျမင့္ထံ ဆက္ သြယ္ေမးျမန္းရာ ဦးတင္ျမင့္အ ျပင္သြားေနေၾကာင္း ၎၏ညီျဖစ္ သူဟုဆုိသူက ေျပာသည္။

ရခုိင္ျပည္နယ္တြင္ လုံၿခံဳ ေရး တာ၀န္ထမ္းေဆာင္ၿပီး ေနာက္ရန္ကုန္ၿမိဳ႕သုိ႔ ျပန္လည္ ေရာက္ရွိလာသည့္ရဲတပ္ဖြဲ႕၀င္ မ်ားကုိ ခ်ဥ္းကပ္စည္း႐ုံးဆက္ သြယ္ၿပီး အေရးႀကီးလုံၿခံဳေရးစာ ရြက္စာတမ္းအေထာက္အထား မ်ားကုိ ျပည္ပသတင္းဌာနမ်ားသုိ႔ ေပးပုိ႔ရန္ ရည္ရြယ္ခ်က္ျဖင့္တရား မ၀င္သတင္းရယူေဆာင္ရြက္ခဲ့ သည္ဆုိကာ ႐ုိက္တာသတင္းဌာန မွ ျမန္မာသတင္းေထာက္ကုိ၀လုံး ႏွင့္ ကုိေက်ာ္စုိးဦးတို႔အျပင္ ရဲ တပ္ဖြဲ႕၀င္ႏွစ္ဦးစုစုေပါင္းေလးဦး  ကုိျမန္မာႏုိင္ငံအစုိးရလွ်ိဳ႕၀ွက္ ခ်က္မ်ားအက္ဥပေဒပုဒ္မ-၃ ျဖင့္ ဒီဇင္ဘာ ၁၂ ရက္ည၌ ဖမ္းဆီး ထားသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် အမှုဖွင့်ဖမ်း ဆီးခံရသော ရိုက်တာသတင်းထောက်နှစ်ဦး၏ မိသားစုဝင်များက ၎င်းတို့နှစ်ဦးစတင် ဖမ်းဆီးခံရသည့်ဖြစ်စဉ်အသေးစိတ်ကို ယမန် နေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။

ဖမ်းဆီးခံရိုက်တာသတင်း ထောက်ကိုဝလုံး၏ဇနီး မပန်းအိ မွန်နှင့် ရိုက်တာသတင်းထောက် ကိုကျော်စိုးဦး၏ ညီမမညိုညို အေးတို့က ဒီဇင်ဘာ ၂၈ ရက်ည နေတွင် မြန်မာဂျာနယ်လစ်ကွန် ရက်ရုံး၌ သတင်းစာရှင်းလင်းပွဲပြု လုပ်၍ ပြောကြားခြင်းဖြစ်ပြီး သတင်းထောက်နှစ်ဦးသည် သတင်း ပေးမည်ဟုခေါ်၍ ရဲနှစ်ဦးကပေး သောစက္ကူလိပ်များတွင် မည် သည့်အရာများပါသည်ကိုမသိရ သေးမီ ဖမ်းဆီးခံခဲ့ရခြင်းဖြစ် သည်ဟု ရှင်းလင်းခဲ့သည်။

မပန်း အိမွန်နှင့် မညိုညိုအေးတို့က ဒီဇင်ဘာ ၂၇ ရက်သတင်းထောက် နှစ်ဦးရုံးထုတ်စဉ်က ခဏတာ တွေ့ဆုံခဲ့စဉ်နှင့် ဒီဇင်ဘာ ၂၈ ရက်က ထောင်ဝင်စာမိနစ် ၃၀ ကြာ သွားရောက်တွေ့ဆုံပြီး နောက် သတင်းထောက်နှစ်ဦး၏ ပြောပြချက်များကို မှတ်သားလာ ကာ ဖမ်းဆီးခံရသည့်ဖြစ်စဉ်အ သေးစိတ်ကို အမှန်အတိုင်းသိရှိ ရန်သတင်းစာ ရှင်းလင်းပွဲပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြော သည်။

ဖမ်းဆီးခံရသည့် ရက်မတိုင် မီက ၎င်းတို့နှင့်မသိရှိ၊ မရင်းနှီး သောရဲနှစ်ဦးက ဖုန်းဆက်၍ မြို့ ထဲတစ်နေရာတွင် ည ၁၀ နာရီ၌ တွေ့ဆုံသတင်းပေးလိုကြောင်း ချိန်းဆိုခဲ့ဖူးပြီး ထိုစဉ်က ညအချိန် မတော်ဖြစ်၍ စိတ်မချသဖြင့် မလွှတ်ခဲ့ကြောင်း မပန်းအိမွန်က ပြောသည်။

‘‘အဲဒီနေ့က မသွားဖြစ်လိုက် ဘူး။ အဲဒီတော့ ဒီဇင်ဘာ ၁၂ ရက် နေ့မှာတစ်ခါသွားတယ်။ အဲဒီနေ့ ညနေမှာ သူကျွန်မကိုဖုန်းဆက် တယ်။ သူလာမကြိုတော့ဘူး။ အိမ်ပြန်နှင့်ဖို့အတွက် ပြောတယ်။ ပြောတဲ့အခါကျတော့ သူကရဲနဲ့ ချိန်းထားတယ်တဲ့။ သူတို့စား သောက်ဆိုင်လောက်တော့ ထိုင် ဖြစ်မယ်ထင်တယ်တဲ့။ သူတို့အ တွက် ချက်မထားနဲ့တော့လို့ပြော တယ်။ ည ၉ နာရီလောက်တော့ ညီမသူ့ကိုဖုန်းခေါ်တော့ ခေါ်လို့ မရတော့ဘူး။ စက်ပိတ်သွား တယ်’’ ဟု မပန်းအိမွန်က ပြော သည်။

၎င်းတို့နှစ်ဦးကို ချိန်းဆိုနေ သော ရဲနှစ်ဦးသည် ဒီဇင်ဘာ ၁၂ ရက်တွင် လူချင်းတွေ့မှအဆင် ပြေမည်ဖြစ်ကြောင်း ထပ်မံချိန်း ဆိုသဖြင့် သွားရောက်အင်တာဗျူး ခဲ့ခြင်းဖြစ်သည်ဟု ကိုဝလုံးကပြန် လည်ပြောပြကြောင်း မပန်းအိမွန် ကပြောသည်။

‘‘ခင်ဗျားဒီနေ့လာမှ အဆင် ပြေမယ်တဲ့။ တွေ့မှအဆင်ပြေ မယ်ဆိုပြီး ဖိတ်တယ်တဲ့။ ဖိတ်တဲ့ အခါကျတော့ သူလည်းအင်တာ ဗျူးအတွက်၊ အလုပ်ကိစ္စအတွက် ဆိုတော့ သွားလိုက်တာ’’ ဟု ကိုဝလုံး၏ပြောပြမှုကို မပန်းအိ မွန်က ပြောသည်။ ချိန်းဆိုရာနေ ရာသို့ရောက်သောအခါ ရဲနှစ်ဦး ကို အမှတ်(၈)လုံခြုံရေးရဲတပ် ရင်းစခန်းသို့ ဝင်ခေါ်ပြီး စား သောက်ဆိုင်သို့ ရဲနှစ်ဦးက ဆိုင် ကယ်ဖြင့် ရှေ့မှသွား၍ သတင်း ထောက်နှစ်ဦးက သတင်းဌာန ကားဖြင့် နောက်မှလိုက်ခဲ့သည်။

စားသောက်ဆိုင်သို့ရောက် သောအခါ ရဲနှစ်ဦးက စာလိပ် (စာရွက်များကိုလိပ်ထားသော အ လိပ်)နှစ်လိပ်ထုတ်ပြီး ကိုဝလုံး တစ်လိပ်၊ ကိုကျော်စိုးဦးကို တစ် လိပ်ပေးကြောင်း မပန်းအိမွန်က ပြောသည်။

‘‘ဝလုံးတို့က ဖတ်ကြည့်မယ် လည်းဆိုရော ဓာတ်ပုံရိုက်ချင် ရိုက်တဲ့။ ဝလုံးကပြောတယ်။ ဓာတ်ပုံရိုက်ဖို့အဆင်မပြေဘူးတဲ့။ မှောင်နေတော့ အဆင်မပြေဘူး ဆိုတော့ ဖွင့်ကြည့်မယ်လည်းလုပ် ရော ဖွင့်မကြည့်ပါနဲ့၊ အိမ်ကိုပဲ ယူသွားလိုက်။ အိမ်ရောက်မှဖွင့် ကြည့်လိုက်လို့ပြောတဲ့အတွက် ဖွင့်မကြည့်ရဘူး။ ဝလုံးတို့က အဲဒီ စာလိပ်ထဲမှာ ဘာလဲ၊ ဘာရှိလဲဆို တာ သူတို့လုံးဝမသိဘူး’’ ဟု ကိုဝလုံး၏ဇနီးက ပြောသည်။

စာလိပ်ကို ဖွင့်မကြည့်ရ သေးဘဲယူလာပြီး ဆိုင်မှပြန်အ ထွက်တွင် ရဲရှစ်ဦးခန့်ကဝိုင်း၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်း က ပြောသည်။

‘‘ရဲနှစ်ယောက်က အဲဒီစာ လိပ်ပေးပြီးတော့ ပြန်ထွက်တယ်။ သူတို့ကိုထားခဲ့ပြီးတော့ ထွက် သွားတယ်ပေါ့နော်။ သူတို့က အဲ ဒီစာလိပ်နှစ်လိပ်ယူပြီးတော့ ပိုက် ဆံရှင်းပြီးဆိုင်အပြင်ကို ထွက်တဲ့ အချိန်မှာပဲ ရဲခုနစ်ယောက်၊ ရှစ် ယောက်က ချက်ချင်းဖမ်းလက် ထိတ်ခတ်ပြီး ဖမ်းသွားတယ်လို့ ပြောတယ်’’ ဟု ကိုဝလုံး၏ဇနီးက ပြောသည်။

‘‘ညီမ ထောင်ဝင်စာသွား တွေ့တော့လည်း သူကတရားဥပ ဒေစိုးမိုးမှုအောက်မှာပဲ နေတဲ့သူ ပေါ့နော်။ ဘယ်တော့မှတရားဥပ ဒေကို ချိုးဖောက်ဖို့ဆိုတာလည်း သူစိတ်မကူးခဲ့ဖူးဘူး။ နိုင်ငံအပေါ် မှာ သစ္စာဖောက်ဖို့ဆိုတာ စိတ် တောင်မကူးခဲ့ဖူးဘူးတဲ့။ အဲဒါ ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး သူ ယုံကြည်တယ်တဲ့။ သူမကြာခင် ပြန်လွှတ်လာမှာတဲ့။ ပြန်လွှတ် လာလို့ရှိရင် ခရီးသွားကြမယ်တဲ့။ သူ့မျှော်လင့်ချက် လေးတော့ ပြည့်စေချင်တယ်’’ ဟု မပန်းအိ မွန်က ဖွင့်ဟသည်။

စွပ်စွဲခံထားရသော စွဲချက် များအပေါ် ကျူးလွန်ဖောက်ဖျက် ခဲ့ခြင်းမရှိသလို နိုင်ငံ့အပေါ် သစ္စာ ဖောက်ဖျက်ခြင်းမရှိကြောင်း ရှင်း ပြသည်ဟု မညိုညိုအေးကလည်း ပြောသည်။

‘‘သူ သတင်းလောကကို ရောက်လာတာ ခုနစ်နှစ်၊ ရှစ်နှစ် လောက်ရှိနေပြီ။ သူတစ်ခါမှ အဲဒီ လိုမလုပ်ဖူးဘူး။ ဥပဒေအပေါ်မှာ ဘယ်သူမှမရှိဘူးဆိုရင် သူပြန် လွှတ်လာမယ်လို့ ညီမကို ပြော လိုက်ပါတယ်။ ပြီးတော့ သူ့သူ ငယ်ချင်းတွေ၊ သတင်းလောကက သူတွေ ဘာတစ်ခုမှ မပေါ့ကြဖို့၊ အသေးအမွှားလေးကအစ သတိ ရှိကြဖို့ မှာလိုက်ပါတယ်’’ ဟု မညိုညိုအေးက ဆက်လက်ပြော သည်။

ဖမ်းဆီးခံရသော သတင်း ထောက်နှစ်ဦးကို စစ်ကြောရေး စခန်းတွင် အတူတူမထားကြောင်း လည်း မညိုညိုအေးကဆက်လက် ပြောသည်။

ထို့အပြင် ဖမ်းဆီးခံသတင်း ထောက်နှစ်ဦးနှင့်မိသားစုဝင်များ ကို ရမန်ယူရုံးထုတ်စဉ်တွင် တွေ့ ဆုံခွင့်ရရန် အကြောင်းကြားပေး မည်ဟု အာဏာပိုင်များကပြော ဆိုထားသော်လည်း ဒီဇင်ဘာ ၂၇ ရက် ရုံးထုတ်စဉ်၌ မိသားစုဝင် များကို ဆက်သွယ်အကြောင်း ကြားခဲ့ခြင်းမရှိကြောင်း ပြော သည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦး သည် သတင်းလောကတွင် ရိုးရိုး သားသားဖြတ်သန်းနေသူများ ဖြစ်သောကြောင့် အကောင်းဆုံး စဉ်းစားပေးစေလိုကြောင်း ကို၀ လုံး၏ဇနီးက ပြောသည်။

‘‘ဘဝမှာ ရိုးရိုးသားသားဖြတ် သန်းလာတယ်ဆိုတာ ကြိုက်သ လိုစုံစမ်းလို့ရတယ်။ ဒီလူနှစ် ယောက် ရိုးသားတယ်ဆိုတော့ တရားကိုပဲ နတ်စောင့်ပါစေပေါ့ နော်။ တရားကိုနတ်စောင့်ပြီး တော့ အမြန်ဆုံးလွတ်မြောက် ပါစေလို့ပဲ ဆုတောင်းရမှာပဲ။ သူ တို့ကိုယ်တိုင်ကလည်း သူတို့ မဟုတ်တာမလုပ်တဲ့အတွက် သူ တို့နှစ်ယောက်ကို အကောင်းဆုံး စဉ်းစားပေးစေချင်တာပေါ့နော်’’ ဟု၎င်းကပြောသည်။

မြန်မာနိုင်ငံအစိုးရလျှို့ဝှက် ချက်များအက်ဥပဒေပုဒ်မ-၃ ဖြင့် ဖမ်းဆီးထားသော ရိုက်တာသ တင်းထောက်နှစ်ဦးကို ဒီဇင်ဘာ ၂၇ ရက်က ပထမဆုံးရုံးထုတ်၍ ဒုတိယအကြိမ်ရမန် ၁၄ ရက် ထပ်ယူပြီး အင်းစိန်ထောင်သို့ ပို့ ဆောင်ထားသည်။ နောက်တစ် ကြိမ်ရုံးချိန်းကို ၂၀၁၈ ဇန်နဝါရီ ၁၀ ရက်သို့ ချိန်းဆိုထားသည်။

ဖမ်းဆီးခံရမှုနှင့် ပတ်သက် ပြီး သတင်းသမားကျင့်ဝတ်ချိုး ဖောက်ခဲ့ခြင်းမရှိကြောင်း ဖမ်းဆီး ခံရိုက်တာသတင်းထောက်နှစ်ဦး က ဒီဇင်ဘာ ၂၇ ရက်ရုံးထုတ် စဉ် သတင်းထောက်များအား ပြော ကြားသည်။

ဒီဇင်ဘာ ၂၇ ရက်က ရုံး ထုတ်ရာတွင် ရိုက်တာသတင်း ထောက်နှစ်ဦးသာပါရှိပြီး အစိုးရ ထုတ်ပြန်ချက်၌ပါရှိသော ဖမ်းဆီး ထားသည်ဆိုသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးပါဝင်ခြင်း မရှိပေ။

ထို့ကြောင့် ရဲနှစ်ဦးကို ဖမ်း ဆီးစစ်ဆေးနေသည်ဟု အစိုးရက ထုတ်ပြန်ထားသဖြင့် ၎င်းတို့နှင့် ပတ်သက်၍ မေးမြန်းရာ ဖမ်းထား ခြင်း ဟုတ်၊ မဟုတ် မသိဟု ပြော ကြောင်း ၎င်းတို့က ဖြေသည်။

ရုံးထုတ်ရာတွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးမပါသည့်ကိစ္စနှင့်ပတ်သက် ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြောရေး ဆိုခွင့်ရှိသူရဲမှူးကြီးသက်နိုင်ထံ ဒီဇင်ဘာ ၂၈ ရက်က ဆက်သွယ် မေးမြန်းရာ ‘‘အဲဒါကမှုခင်းဆိုက် ကပဲ သိမယ်။ ကျွန်တော်တို့ဆီကျ ရီပို့မတက်ဘူး။ ရဲက နယ်ဘက် ဥပဒေအရ အရေးယူဆိုရင်တော့ ရမန်ယူရမှာပေါ့ဗျာ။ ရဲစည်းကမ်း အရ အရေးယူမယ်ဆိုရင်တော့ ရဲ အချုပ်မှာ ချုပ်မှာပေါ့’’ ဟု ပြော သည်။

ရိုက်တာ သတင်းထောက် နှစ်ဦး ဖမ်းဆီးခဲ့သော ပုံစံအပေါ် အစိုးရ ထုတ်ပြန်ချက်နှင့် သတင်း ထောက်နှစ်ဦး၏ မိသားစုဝင်များ ပြောကြားချက်ကွဲလွဲနေသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးတင်မြင့်ထံ ဆက် သွယ်မေးမြန်းရာ ဦးတင်မြင့်အ ပြင်သွားနေကြောင်း ၎င်း၏ညီဖြစ် သူဟုဆိုသူက ပြောသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံ ရေး တာဝန်ထမ်းဆောင်ပြီး နောက်ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသည့်ရဲတပ်ဖွဲ့ဝင် များကို ချဉ်းကပ်စည်းရုံးဆက် သွယ်ပြီး အရေးကြီးလုံခြုံရေးစာ ရွက်စာတမ်းအထောက်အထား များကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့်တရား မဝင်သတင်းရယူဆောင်ရွက်ခဲ့ သည်ဆိုကာ ရိုက်တာသတင်းဌာန မှ မြန်မာသတင်းထောက်ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့အပြင် ရဲ တပ်ဖွဲ့ဝင်နှစ်ဦးစုစုပေါင်းလေးဦး  ကိုမြန်မာနိုင်ငံအစိုးရလျှို့ဝှက် ချက်များအက်ဥပဒေပုဒ်မ-၃ ဖြင့် ဒီဇင်ဘာ ၁၂ ရက်ည၌ ဖမ်းဆီး ထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top