၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

girl-eating-fruit2လူ သား နွင့္ ကမၻာေျမ နွစ္ရပ္လံုးအတြက္အက်ိဳးရွိသည့္ ဟင္းသီးဟင္းရြက္ စားသံုးျခင္းသည္ လူၾကီးလူငယ္ အရြယ္မေရြးဘဲ က်န္းမာေရး အက်ိဳးေက်းဇူး ရွိေသာ ေရြးခ်ယ္မႈ ျဖစ္သည့္အျပင္ သဘာ၀ပတ္၀န္းက်င္ အတြက္လည္း ဆိုးက်ိဳးနည္းပါးသည့္ အတြက္ အသားစားျခင္းထက္ ဟင္းသီး ဟင္းရြက္ကို ဦးစားေပး ေရြးခ်ယ္စားသံုးသင့္ေၾကာင္း အေမရိ ကန္ျပည္ေထာင္စု ၊ အဟာရ နွင့္ အစားအစာ တကၠသိုလ္ မွ သုေတသီမ်ားက ေျပာသည္။

ဟင္းသီးဟင္းရြက္ စားသံုးသူမ်ားတြင္ အ၀လြန္နုိင္ေျခ နည္းပါးျခင္း ၊ ဆီးခ်ိဳ ၊ နွလံုး ၊ ကင္ဆာ အစရွိသည့္ နာတာရွည္ ေရာဂါဆိုးမ်ားကို ခံစားရနိုင္ေျခ နည္းပါးေၾကာင္း ၊ အထူးသျဖင့္ အသားအျပင္ ငါး ၊ ႏို ့ထြက္ပစၥည္း အစရွိသည္တို ့ကို လည္း ေရွာင္ၾကဥ္သူမ်ားတြင္ က်န္းမာေရးအက်ိဳးခံစားရနိုင္ေျခ ပိုမိုမ်ားျပားသည့္ျပင္ သက္သတ္လႊတ္စားသံုး သူ မ်ားေၾကာင့္ သဘာ၀ပတ္၀န္းက်င္ကိုလည္း အက်ိဳးျပဳသည္ကို ေတြ ့ရွိရေၾကာင္း သိရသည္ ။ ဟင္းသီးဟင္းရြက္ေတြ စိုက္ပ်ိဳးဖို ့အတြက္ အရင္းအျမစ္ လိုအပ္ခ်က္ နည္းပါတယ္ ။ ေျမ၊ေရ၊ေလာင္စာ ၊ဓါတ္ေျမၾသဇာ စသည္ျဖင့္ လိုအပ္ခ်က္နည္းပါတယ္ ။

ပဲတစ္ေပါင္နဲ ့ အမဲသားတစ္ေပါင္ ထုတ္လုပ္ရတဲ့ကုန္က်စရိတ္ျခင္းနဲ ့ သဘာ ၀ ပတ္၀န္းက်င္ကို ထိခိုက္ေစနိုင္တဲ့ပမာဏျခင္း ႏိႈင္းယွဥ္ၾကည့္ရင္ သိသာပါတယ္ ဟု သုေတသီတစ္ဦးက ေျပာျပ သည္ ။ ဟင္းသီးဟင္းရြက္ကို အသားနဲ ့တြဲစားတာထက္ သက္သတ္လႊတ္ခ်ဥ္းစားေပးၾကမယ္ဆိုရင္ ကာဗြန္ထုတ္လႊင့္မႈ လည္း ေလ်ာ့ပါးသြားပါမယ္ ။ အသားစားသူမ်ားလာရင္ ကာဗြန္ထုတ္လႊင့္မႈ မ်ားလာပါမယ္ ။ ဒီေနရာမွာ ပန္းထဲက အသားကို ယူစားလိုက္တာနဲ ့ ကာဗြန္ထုတ္လႊင့္မႈ မ်ားလာမယ္လို ့ မဆိုလိုပါဘူး ။ အဲဒီအသားျဖစ္ေအာင္ ရက္ေပါင္း ၊လေပါင္း ၊ နွစ္ေပါင္းမ်ားစြာ ၾကာေအာင္ ေမြးျမဴလာတဲ့ အခ်ိန္မွာ ျဖစ္ေပၚတဲ့ သဘာ၀ ပတ္၀န္းက်င္ ထိခိုက္မႈကို ဆိုလိုပါတယ္ ဟု ၄င္းက ဆက္လက္ရွင္းျပသည္ ။ အခ်ိဳ ့ကလည္း ဟင္းသီးဟင္းရြက္ပဲစားရင္ ကေလးေတြရဲ ့ဖြံ ့ျဖိဳးတိုးတက္မႈႏႈန္းကို ထိခိုက္ေစ နိုုင္မယ္လို ့ ေတြးပူ ၾကပါတယ္ ။ ဟင္းသီးဟင္းရြက္ကို ညီညႊတ္မွ်တစြာ စားတတ္ရင္ အရြယ္မေရြးအတြက္ သင့္ေလ်ာ္ပါတယ္ ။ ဟင္းသီး ဟင္းရြက္စားတဲ့ကေလးေတြက အျပင္မွာ မုန္ ့ပဲသြားေရစာ စားခ်င္စိတ္လည္း နည္းသြားေလ့ရွိပါတယ္ ။ အဲဒါ ေၾကာင့္ အ၀လြန္တာေတြလည္း မျဖစ္ေတာ့တဲ့ အက်ိဳးေက်းဇူး ရွိတဲ့အျပင္ ဖြံ ့ျဖိဳးမႈကိုလည္း မထိခိုက္ပါဘူး ဟု သုေတသီတစ္ဦးက ရွင္းျပသည္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
လူ သား နှင့် ကမ္ဘာမြေ နှစ်ရပ်လုံးအတွက်အကျိုးရှိသည့် ဟင်းသီးဟင်းရွက် စားသုံးခြင်းသည် လူကြီးလူငယ် အရွယ်မရွေးဘဲ ကျန်းမာရေး အကျိုးကျေးဇူး ရှိသော ရွေးချယ်မှု ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင် အတွက်လည်း ဆိုးကျိုးနည်းပါးသည့် အတွက် အသားစားခြင်းထက် ဟင်းသီး ဟင်းရွက်ကို ဦးစားပေး ရွေးချယ်စားသုံးသင့်ကြောင်း အမေရိ ကန်ပြည်ထောင်စု ၊ အဟာရ နှင့် အစားအစာ တက္ကသိုလ် မှ သုတေသီများက ပြောသည်။

ဟင်းသီးဟင်းရွက် စားသုံးသူများတွင် အဝလွန်နိုင်ခြေ နည်းပါးခြင်း ၊ ဆီးချို ၊ နှလုံး ၊ ကင်ဆာ အစရှိသည့် နာတာရှည် ရောဂါဆိုးများကို ခံစားရနိုင်ခြေ နည်းပါးကြောင်း ၊ အထူးသဖြင့် အသားအပြင် ငါး ၊ နို့ထွက်ပစ္စည်း အစရှိသည်တို့ကို လည်း ရှောင်ကြဉ်သူများတွင် ကျန်းမာရေးအကျိုးခံစားရနိုင်ခြေ ပိုမိုများပြားသည့်ပြင် သက်သတ်လွှတ်စားသုံး သူ များကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အကျိုးပြုသည်ကို တွေ့ရှိရကြောင်း သိရသည် ။ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးဖို့အတွက် အရင်းအမြစ် လိုအပ်ချက် နည်းပါတယ် ။ မြေ၊ရေ၊လောင်စာ ၊ဓါတ်မြေသြဇာ စသည်ဖြင့် လိုအပ်ချက်နည်းပါတယ် ။

ပဲတစ်ပေါင်နဲ့ အမဲသားတစ်ပေါင် ထုတ်လုပ်ရတဲ့ကုန်ကျစရိတ်ခြင်းနဲ့ သဘာ ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ပမာဏခြင်း နှိုင်းယှဉ်ကြည့်ရင် သိသာပါတယ် ဟု သုတေသီတစ်ဦးက ပြောပြ သည် ။ ဟင်းသီးဟင်းရွက်ကို အသားနဲ့တွဲစားတာထက် သက်သတ်လွှတ်ချဉ်းစားပေးကြမယ်ဆိုရင် ကာဗွန်ထုတ်လွှင့်မှု လည်း လျော့ပါးသွားပါမယ် ။ အသားစားသူများလာရင် ကာဗွန်ထုတ်လွှင့်မှု များလာပါမယ် ။ ဒီနေရာမှာ ပန်းထဲက အသားကို ယူစားလိုက်တာနဲ့ ကာဗွန်ထုတ်လွှင့်မှု များလာမယ်လို့ မဆိုလိုပါဘူး ။ အဲဒီအသားဖြစ်အောင် ရက်ပေါင်း ၊လပေါင်း ၊ နှစ်ပေါင်းများစွာ ကြာအောင် မွေးမြူလာတဲ့ အချိန်မှာ ဖြစ်ပေါ်တဲ့ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကို ဆိုလိုပါတယ် ဟု ၎င်းက ဆက်လက်ရှင်းပြသည် ။ အချို့ကလည်း ဟင်းသီးဟင်းရွက်ပဲစားရင် ကလေးတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ထိခိုက်စေ နိုုင်မယ်လို့ တွေးပူ ကြပါတယ် ။ ဟင်းသီးဟင်းရွက်ကို ညီညွှတ်မျှတစွာ စားတတ်ရင် အရွယ်မရွေးအတွက် သင့်လျော်ပါတယ် ။ ဟင်းသီး ဟင်းရွက်စားတဲ့ကလေးတွေက အပြင်မှာ မုန့်ပဲသွားရေစာ စားချင်စိတ်လည်း နည်းသွားလေ့ရှိပါတယ် ။ အဲဒါ ကြောင့် အဝလွန်တာတွေလည်း မဖြစ်တော့တဲ့ အကျိုးကျေးဇူး ရှိတဲ့အပြင် ဖွံ့ဖြိုးမှုကိုလည်း မထိခိုက်ပါဘူး ဟု သုတေသီတစ်ဦးက ရှင်းပြသည် ။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top