ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ ေရႊေညာင္ပင္ရပ္ကြက္တြင္ ေနထိုင္ ေသာ မိခင္ႏွင့္အတူ ကေလးငယ္အား တ႐ုတ္ႏိုင္ငံသို႔ က်ပ္သိန္း ၆ဝ ခန္႔ ျဖင့္ ေရာင္းစားခံရသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ အမွတ္(၁၂) လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သိရသည္။

တ႐ုတ္ႏိုင္ငံရွိ စက္႐ုံမ်ားတြင္ အလုပ္လုပ္ရန္ တစ္လလွ်င္ ျမန္မာ ေငြက်ပ္သုံးသိန္းခန္႔ ရရွိမည္ျဖစ္ ေၾကာင္း မနီနီဝင္းက ဖုန္းျဖင့္ ဆက္သြယ္ေျပာဆိုလာသျဖင့္ လိုက္ သြားရာမွ ေရာင္းစားခံရျခင္း ျဖစ္သည္။

''အဓိက က ဆင္းရဲေတာ့ လိမ္ၿပီး ေခၚတာကို တကယ္မွတ္ၿပီး လိုက္သြား တာပါ၊ ပါသြားတဲ့ကေလးက ႏွစ္ႏွစ္၊ ဒီမွာလည္း ၁၁ ႏွစ္အရြယ္ ကေလး တစ္ေယာက္ က်န္ခဲ့တယ္၊ အမ်ဳိးသား ကလည္း ဆုံးသြားၿပီ၊ လူကုန္ကူးခံရတဲ့ သားအမိကိုေတာ့ ရွာမေတြ႕ေသးဘူး၊ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္သြယ္ေရး ႐ုံးကေနတစ္ဆင့္ ရွာခိုင္းထားပါ တယ္'' ဟု ျမစ္ႀကီးနားၿမိဳ႕နယ္ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ ရဲအုပ္လႈိင္စိုးက ေျပာသည္။

မနီနီဝင္းအား စစ္ေမးရာမွ မေဆာင္းမီးႏွင့္ ႏွစ္ႏွစ္အရြယ္ ကေလးအား ႏိုဝင္ဘာ ၂၅ ရက္က ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ မီးပြိဳင့္လမ္းဆုံတြင္ ခ်ိန္းဆို၍ လိုင္းကားျဖင့္ ကန္ပိုက္တီၿမိဳ႕သို႔ ေခၚေဆာင္သြားၿပီး တရားမဝင္ လမ္းေၾကာင္းမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံ ထိန္ခ်ဳံးၿမိဳ႕၌ အသင့္ေစာင့္ဆိုင္း ေနေသာ တ႐ုတ္အမ်ဳိးသမီးတစ္ဦးထံ ယြမ္ေငြ သုံးေသာင္းျဖင့္ ေရာင္းစားခဲ့ ၿပီး ျပန္လာခဲ့ေၾကာင္း သိရသည္။

မင္းမင္းဦး
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရပ်ကွက်တွင် နေထိုင် သော မိခင်နှင့်အတူ ကလေးငယ်အား တရုတ်နိုင်ငံသို့ ကျပ်သိန်း ၆ဝ ခန့် ဖြင့် ရောင်းစားခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ အမှတ်(၁၂) လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

တရုတ်နိုင်ငံရှိ စက်ရုံများတွင် အလုပ်လုပ်ရန် တစ်လလျှင် မြန်မာ ငွေကျပ်သုံးသိန်းခန့် ရရှိမည်ဖြစ် ကြောင်း မနီနီဝင်းက ဖုန်းဖြင့် ဆက်သွယ်ပြောဆိုလာသဖြင့် လိုက် သွားရာမှ ရောင်းစားခံရခြင်း ဖြစ်သည်။

''အဓိက က ဆင်းရဲတော့ လိမ်ပြီး ခေါ်တာကို တကယ်မှတ်ပြီး လိုက်သွား တာပါ၊ ပါသွားတဲ့ကလေးက နှစ်နှစ်၊ ဒီမှာလည်း ၁၁ နှစ်အရွယ် ကလေး တစ်ယောက် ကျန်ခဲ့တယ်၊ အမျိုးသား ကလည်း ဆုံးသွားပြီ၊ လူကုန်ကူးခံရတဲ့ သားအမိကိုတော့ ရှာမတွေ့သေးဘူး၊ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်သွယ်ရေး ရုံးကနေတစ်ဆင့် ရှာခိုင်းထားပါ တယ်'' ဟု မြစ်ကြီးနားမြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်လှိုင်စိုးက ပြောသည်။

မနီနီဝင်းအား စစ်မေးရာမှ မဆောင်းမီးနှင့် နှစ်နှစ်အရွယ် ကလေးအား နိုဝင်ဘာ ၂၅ ရက်က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မီးပွိုင့်လမ်းဆုံတွင် ချိန်းဆို၍ လိုင်းကားဖြင့် ကန်ပိုက်တီမြို့သို့ ခေါ်ဆောင်သွားပြီး တရားမဝင် လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ထိန်ချုံးမြို့၌ အသင့်စောင့်ဆိုင်း နေသော တရုတ်အမျိုးသမီးတစ်ဦးထံ ယွမ်ငွေ သုံးသောင်းဖြင့် ရောင်းစားခဲ့ ပြီး ပြန်လာခဲ့ကြောင်း သိရသည်။

မင်းမင်းဦး
The Mirror Daily
https://www.facebook.com/TheMirrorDaily/

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top