ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သူ႔ရဲ႕ေကာင္မေလးျဖစ္သူဟာ ဓာတ္ပုံဆရာတစ္ေယာက္ဆီဓာတ္ပုံ႐ိုက္ဖို႔ ဘြတ္ကင္လုပ္ၿပီးမွ အဲ့ဒီေန႔မွာ သူ႔ေကာင္မေလးဓာတ္ပုံ႐ိုက္ဖို႔ မျဖစ္ႏိုင္မွန္းသိလို႔ သူကိုယ္တိုင္ပဲ “အမ်ိဳးသားတစ္ေယာက္ရဲ႕ ကိုယ္ဝန္ ေဆာင္ခ်ိန္” ဆိုၿပီး႐ိုက္ခဲ့တဲ့ ဓာတ္ပုံေတြဟာ အင္တာနက္ေပၚမွာေရပန္းစားသြားပါတယ္။

Nick Robert က “ကြၽန္ေတာ့္ ေကာင္မေလးကအဲ့ဒီေန႔မွာ ကိုယ္ဝန္ေဆာင္ခ်ိန္အမွတ္တရ ဓာတ္ပုံ႐ိုက္မယ္လို႔ေျပာၿပီးေမ့သြားလို႔ ေနာက္ထပ္အလုပ္တစ္ခုလုပ္ဖို႔ စီစဥ္မိသြားတယ္။ အဲ့ဒါေၾကာင့္ ဓာတ္ပုံဆရာက ကြၽန္ေတာ့္ကို သူ႔အစား႐ိုက္ေပးလိုက္တာပါ။” လို႔ေျပာပါတယ္။

“ကိုယ္ဝန္ေဆာင္တာနဲ႔ နည္းနည္းေလးတူေအာင္ ကြၽန္ေတာ္တို႔ ဓာတ္ပုံ႐ိုက္မယ့္ေနရာမွာ McDonald ကအစားအေသာက္ေတြ ယူသြားၿပီးစားေသာက္ခဲ့ပါတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ေတာ့ ဓာတ္ပုံ႐ိုက္မယ့္ ေနရာ၊ အျပင္အဆင္ေတြနဲ႕ ခ်ိစ္ဘာဂါေတြအမ်ားႀကီးက ကြၽန္ေတာ့္ကို ကိုယ္ဝန္ေဆာင္တစ္ေယာက္နဲ႕ ပုိတူသြားေစတာပါ။” ဆိုၿပီးေတာ့လည္းေျပာထားေသးပါတယ္။

“ကြၽန္ေတာ္ ကေလးေမြးရတဲ့ခံစားခ်က္ကို ကြၽန္ေတာ္မခံစားဖူးပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ့္ႏွလုံးသားနဲ႔ ခံစားပါတယ္။ အသင့္အစားအစာေတြကိုအမ်ားႀကီးစားတာနဲ႔ေတာ့ သိပ္ကြာမွာမဟုတ္ပါဘူး။ အခုလိုအျမင္က်ယ္သြားေစတဲ့ အေတြ႕အႀကဳံအတြက္ ကြၽန္ေတာ္ ေက်နပ္ပါတယ္။” လို႔လည္းဆိုထားပါေသးတယ္။

Ref : SunnySky : His Girlfriend Forgot About Her Maternity Shoot

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေက်းေက်း (ရုိးရာေလး)

# Unicode Version ျဖင့္ ဖတ္ပါ #
သူ့ရဲ့ကောင်မလေးဖြစ်သူဟာ ဓာတ်ပုံဆရာတစ်ယောက်ဆီဓာတ်ပုံရိုက်ဖို့ ဘွတ်ကင်လုပ်ပြီးမှ အဲ့ဒီနေ့မှာ သူ့ကောင်မလေးဓာတ်ပုံရိုက်ဖို့ မဖြစ်နိုင်မှန်းသိလို့ သူကိုယ်တိုင်ပဲ “အမျိုးသားတစ်ယောက်ရဲ့ ကိုယ်ဝန် ဆောင်ချိန်” ဆိုပြီးရိုက်ခဲ့တဲ့ ဓာတ်ပုံတွေဟာ အင်တာနက်ပေါ်မှာရေပန်းစားသွားပါတယ်။

Nick Robert က “ကျွန်တော့် ကောင်မလေးကအဲ့ဒီနေ့မှာ ကိုယ်ဝန်ဆောင်ချိန်အမှတ်တရ ဓာတ်ပုံရိုက်မယ်လို့ပြောပြီးမေ့သွားလို့ နောက်ထပ်အလုပ်တစ်ခုလုပ်ဖို့ စီစဉ်မိသွားတယ်။ အဲ့ဒါကြောင့် ဓာတ်ပုံဆရာက ကျွန်တော့်ကို သူ့အစားရိုက်ပေးလိုက်တာပါ။” လို့ပြောပါတယ်။

“ကိုယ်ဝန်ဆောင်တာနဲ့ နည်းနည်းလေးတူအောင် ကျွန်တော်တို့ ဓာတ်ပုံရိုက်မယ့်နေရာမှာ McDonald ကအစားအသောက်တွေ ယူသွားပြီးစားသောက်ခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင်တော့ ဓာတ်ပုံရိုက်မယ့် နေရာ၊ အပြင်အဆင်တွေနဲ့ ချိစ်ဘာဂါတွေအများကြီးက ကျွန်တော့်ကို ကိုယ်ဝန်ဆောင်တစ်ယောက်နဲ့ ပိုတူသွားစေတာပါ။” ဆိုပြီးတော့လည်းပြောထားသေးပါတယ်။

“ကျွန်တော် ကလေးမွေးရတဲ့ခံစားချက်ကို ကျွန်တော်မခံစားဖူးပါဘူး။ ဒါပေမဲ့ ကျွန်တော့်နှလုံးသားနဲ့ ခံစားပါတယ်။ အသင့်အစားအစာတွေကိုအများကြီးစားတာနဲ့တော့ သိပ်ကွာမှာမဟုတ်ပါဘူး။ အခုလိုအမြင်ကျယ်သွားစေတဲ့ အတွေ့အကြုံအတွက် ကျွန်တော် ကျေနပ်ပါတယ်။” လို့လည်းဆိုထားပါသေးတယ်။

Ref : SunnySky : His Girlfriend Forgot About Her Maternity Shoot

ဖိုးသူတော် (www.phothutaw.com)
Credit: ကျေးကျေး (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top