မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
1.Soda
2.Fast Food
3.အစာအငတ်ခံခြင်း
5.Focusing
Credit: cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
ဒီဘက်နောက်ပိုင်းမှာ ကြွက်သားအလှကို အမျိုးသားတွေတင်မကပဲ အမျိုးသမီးတွေပါ ပိုင်ဆိုင်လိုစိတ်နဲ့ အပြင်းအထန်ကြိုးစားလာကြတာကို တွေ့ရပါတယ်။အဆီဗီုက်ခေါက်ပြင်ပေါ်ကို ဝမ်းဗိုက်ကြွက်သားကြီးအဖြစ် အစားထိုးဝင်လာဖို့ဆိုတာ စိတ်ကူးယဉ်အိပ်မက်မက်နေရုံနဲ့တော့ မရဘူးလေ။ဆိုတော့ သင့်ရဲ့workoutမှာ တစိတ်တပိုင်းအဖြစ် အားဖြည့်ကူညီပေးမယ့် နည်းစဉ်အချို့၊အစားအသောက်လမ်းညွှန်ချက်အချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။   ။
1.Soda
သင်ဟာလေ့ကျင့်ခန်းမလုပ်ခင်မှာ ဘယ်အရာတွေက သင့်ကိုအလေးချိန်ပိုတက်စေနိုင်သလဲဆိုတာကို လေ့လာသိရှိထားဖို့လိုပါတယ်။ဆိုဒါတစ်ပုလင်းဟာ လှပတဲ့ကြွက်သားတွေပိုင်ဆိုင်ဖို့ နှောင့်နှေးစေမယ့် ကယ်လိုရီပေါင်း၂၅၀ပါဝင်ပါတယ်။ဒါကြောင့်ဆိုဒါနဲ့ဖျော်ရည်ဘူးတွေကို အတတ်နိုင်ဆုံးရှောင်ပြီး ရေသာအဝသောက်ပါ။
2.Fast Food
Fast Foodတွေမှာတော့ အားလုံးသိတဲ့အတိုင်း ကယ်လိုရီပမာဏများစွာပါဝင်ပြီး ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။မတတ်သာလို့စားဖြစ်တဲ့အခါမျိုးမှာတောင် တစ်ကိုက်နှစ်ကိုက်ထက် ပိုမစားသင့်ပါဘူး။အိမ်မှာပဲ ကျန်းမာရေးနဲ့လျော်ညီတဲ့ အာဟာရအစားအစာမျိုးကိုပြင်ဆင်ပြီး ဟင်းသီးဟင်းရွက်တွေပါထပ်မံရောစပ်ပြီး စားပေးသင့်ပါတယ်။ဒီလိုပုံုမှန်စားပေးခြင်းအားဖြင့် ထူးခြားတဲ့ရလဒ်တွေကို သင်ပိုင်ဆိုင်လာရမှာပါ။
3.အစာအငတ်ခံခြင်း
ကယ်လိုရီတွေကို လွန်ကျူးစွာဖြတ်တောက်ပစ်ခြင်းကလည်း နည်းစဉ်မကျပါဘူး။လှပပုံကျတဲ့ အချိုးအစားတစ်ခုပုံသွင်းဖို့ ပရိုတိန်းနဲ့ကာဗွန်ဟိုက်ဒြိတ်တွေများစွာလိုအပ်ပါတယ်။သင်ဟာ ပိန်သွားသည့်တိုင်အောင် အသားအရေမည်းခြောက်ပြီး ပိန်လှီတဲ့မိန်းကလေးမျိုးတော့ မဖြစ်လိုဘူးမလား?ဒါကြောင့် သင်လှပတဲ့ကြွက်သားတွေရရှိဖို့ ကူညီပေးနိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားပြီး အစာရှောင်တာမျိုး၊အဆာခံနေတာမျိုးတွေမလုပ်ပါနဲ့။
4.မှန်ကန်တဲ့အားကစားချိန်အပိုင်းအခြား
Workoutလုပ်တဲ့အခါမျိုးမှာလည်း အပ်စပ်တဲ့အချိန်အပိုင်းအခြားတစ်ခုထဲမှာ ထိရောက်တဲ့အားကစားနည်းတွေနဲ့ အကျိုးရှိရှိဆော့ပါ။ကြာရှည်တဲ့အချိန်အပိုင်းအခြားထက် ထိရောက်တဲ့လေ့ကျင့်ခန်းမျိုးဖြစ်ဖို့ ဆရာတွေဆီက အကြံညဏ်ယူပြီး သေချာစွာအသုံုးချပါ။
5.Focusing
ဝမ်းဗိုက်ကြွက်သားရဖို့အရေးပဲ အာရုံစိုက်ပြီး ကြိုးပမ်းနေတာမျိုးထက် ဘော်ဒီတစ်ခုလုံးမျှတလှပတဲ့အချိုးအစားကို ပိုင်ဆိုင်ရဖို့ အမျိုးမျိုးသော လေ့ကျင့်အားကစားနည်းတွေကိုပါ မျှပြီးကစားပေးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top