မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×


၁ - အသည်းတစ်ဝှိုက်နာကျင်ခြင်း


၂ - ခြေထောက်


၃ - ၀ိတ်တက်ခြင်း


၎ - အလက်ဂျစ်


၅ - မျက်လုံးဝါခြင်း






# Unicode Version ဖြင့် ဖတ်ပါ #
အလုပ်များတဲ့လူတွေအတွက် အရေးကြီးဆုံးက အသည်းပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်အသည်းကို ကျန်းမာစေပါ။

၁ - အသည်းတစ်ဝိုှက်နာကျင်ခြင်း

ဝမ်းဗိုက်ကြွက်သားအပေါ်ပိုင်းနာကျင်နေတက်ပါက အစာခြေအင်္ဂါအဖွဲ့အစည်းအပြင် အသည်းလည်း ဒုက္ခရောက်နေပြီလို့ ဆိုနိုင်ပါတယ်။အသည်းက တစ်ခုခုဖြစ်ပြီဆိုတာနဲ့ခန္ဓာကိုယ်စီကို အဆိပ်တွေလို့ ပျံ့နှံ့စေလို့ နာကျင်ရတာမျိုးဖြစ်ပါတယ်။

၂ - ခြေထောက်

အသည်းအားနည်းနေပြီဆိုတဲ့အချက်နောက်တစ်ချက်က ခြေထောက်ထောက်တိုင်းနာကျင်တာဖြစ်ပါတယ်။ အသည်းမှာ အနာတစ်ခုခု ဖြစ်ပြီဆိုရင် ထိုမှတဆင့် သွေးတိုးရောဂါအစပြုလာကာ ခြေထောက်ကို ထိခိုက်နာကျင်စေပါတယ်။

၃ - ဝိတ်တက်ခြင်း

လေ့ကျင့်ခန်း ၊ အားကစားလုပ်ပါရဲ့နဲ့အလေးချိန်ကျမသွားဘူးဆိုရင် အသည်းပြဿနာရှိတယ်လို့ဆိုနိုင်ပါတယ်၊ မွေးရပါဟော်မုန်းကြောင့်ဆို တစ်မျိုးပေါ့ ။ ဒီလိုအခြေအနေမျိုးမှာ ဆရာဝန်နဲ့တွေ့သင့်ပြီဖြစ်ပါတယ်။ အသည်းမှာ အဆိပ်ရှိတဲ့အခါ အဆီဓါတ်တွေကို ပိုထုတ်လုပ်ပေးပါတယ်။

၄ - အလက်ဂျစ်

အသည်းက လိုတာထက်ပိုပြီး အလုပ်လုပ်ရတဲ့အခါ အလက်ဂျစ်ဖြစ်တက်ပါတယ်။ သွေးကြောကတစ်ဆင့်ဖြစ်တဲ့ အလက်ဂျစ်ရှိသလို ဦးနှောက်မှတဆင့်သက်ရောက်တဲ့ အလက်ဂျစ်လည်း ရှိပါတယ်။ကျန်းမာတဲ့အသည်းက သွေးတွေကို သန့်စင်ပေးလို့ မော်လီကျူးတွေကို ထောက်ပံ့ပေးလို့ ကောင်းမွန်တဲ့ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပါတယ်။

၅ - မျက်လုံးဝါခြင်း

အသားဝါရောဂါလိုမျိုး မျက်လုံးဝါတယ်ဆိုရင် ရိုးရိုးဖျားနာတာမျိုးမဟုတ်ဘဲ ထိုမှတစ်ဆင့် သွေးနီဥတွေကို ရုတ်လျော့စေတဲ့အတွက် သင့်အသည်းအားနည်းနေပြီဖြစ်ကြောင်း သိနိုင်ပါတယ်။

၆ - လိုတာထက်ပိုပြီးမောပန်းခြင်း

အအေးမိပြီး ခန္ဓာကိုယ်နုံးချိမှု အမြဲလိုခံစားရတာထက်ပိုတဲ့အခါ လွန်ခဲ့တဲ့၆လလောက်တည်းက သင့်မှာ အသည်းပြဿနာ ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်တွက် ထောက်ပံ့ပေးတဲ့စွမ်းအားအာဟာရတွေကို ပြတ်တောက်စေတဲ့အခါ ဂလူးဂိုစ့်တွေကို ဂလိုဂိုဂျင်အဖြစ်ပြောင်းလဲလိုက်ပြီး အဆိပ်ဓါတ်များစတင်ထုတ်လုပ်ပါတယ်။ဒါကြောင့် ဘာပဲစားစား အာဟာရမဖြစ်တဲ့အတွက် အင်အားချိနဲ့ရခြင်းဖြစ်ပါတယ်။

အထက်ပါအချက်များဖြစ်လာပါက ဆင်ဆင်ခြင်ခြင်နေထိုင်ပါ။ အသည်းက သူ့ဘာသူလည်း ပြန်လည်ကျန်းမာအောင်လုပ်ဆောင်နိုင်ပါတယ်။ အသည်းသန့်စင်စေမယ့်အရာများများလုပ်ပေးပါ။ ဂရင်းတီး ၊ နနွင်းဖျော်ရည် ၊ သံပုရာဖျော်ရည် မှစ အသီးအရွက်များများစားပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top