ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

 ေတာင္ႀကီးၿမိဳ႕ ဗိုလ္ ခ်ဳပ္ပန္းၿခံတြင္ အပတ္စဥ္ တနဂၤ ေႏြစာဖတ္၀ုိင္း က်င္းပမည္ျဖစ္ ေၾကာင္း စာဖတ္၀ိုင္းစီစဥ္သည့္ တရားဥပေဒစိုးမိုးေရးကြန္ရက္ အဖြဲ႕ ဥကၠ႒ ဦး၀င္းႏိုင္စိုးက ေျပာ သည္။

အဆိုပါစာဖတ္၀ိုင္းကို ပထမအႀကိမ္အျဖစ္ ဒီဇင္ဘာ ၁၀ ရက္က စတင္က်င္းပၿပီး လူႀကီး စာဖတ္၀ိုင္းႏွင့္ ကေလးစာေပစာဖတ္၀ိုင္းတို႔ကို လူဦးေရ ၃၀ ခန္႔ျဖင့္ က်င္းပခဲ့ေၾကာင္း ဦး၀င္းႏိုင္စိုးက ေျပာသည္။


 ‘‘အပတ္စဥ္စာဖတ္၀ိုင္းအ ေနနဲ႔ လုပ္သြားမွာပါ။ စာဖတ္သူ ေတြ ပိုမိုမ်ားျပားလာေစဖို႔နဲ႔ စာေပနဲ႔ပတ္သက္ၿပီးေတာ့ အျပန္အလွန္ေဆြးေႏြးမႈေတြပါမွာျဖစ္တဲ့အ တြက္ ကြၽန္ေတာ္တို႔ ဖတ္တဲ့စာ ေတြရဲ႕ အသိပညာေပးမႈေတြကို ေလးေလးနက္နက္သိေစခ်င္တဲ့ ရည္ရြယ္ခ်က္နဲ႔ လုပ္ေဆာင္တာ ပါ’’ဟု ဦး၀င္းႏိုင္စိုးက ေျပာသည္။ ကေလးစာေပစာဖတ္၀ိုင္း ကို  ထည့္သြင္းျခင္းသည္ ကေလးငယ္မ်ားစာေပဗဟုသုတ အသိပညာႂကြယ္၀လာေစရန္  ရည္ရြယ္ေၾကာင္း စာဖတ္၀ိုင္းစီစဥ္ရာတြင္ ပါ၀င္သူတစ္ဦးက ေျပာသည္။

ဒီဇင္ဘာ ၁၀ ရက္က စတင္က်င္းပသည့္ စာဖတ္၀ိုင္းတြင္ ကေလးသူငယ္မ်ား မိဘက်င့္၀တ္ႏွင့္ဆိုင္သည့္ စာေပမ်ားဖတ္ၾကားျခင္း၊ ဉာဏ္စမ္းေမးျခင္းမ်ား ေဆာင္ရြက္ခဲ့သည္။

အဆိုပါစာဖတ္၀ိုင္းကို အပတ္စဥ္ တနဂၤေႏြေန႔တိုင္း ညေန ၄ နာရီမွ ၆ နာရီအထိ  က်င္းပေနကာ မည္သူမဆိုလာေရာက္ေလ့လာဖတ္႐ႈႏုိင္ေၾကာင္း ဦး၀င္းႏိုင္စိုးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 တောင်ကြီးမြို့ ဗိုလ် ချုပ်ပန်းခြံတွင် အပတ်စဉ် တနင်္ဂ နွေစာဖတ်ဝိုင်း ကျင်းပမည်ဖြစ် ကြောင်း စာဖတ်ဝိုင်းစီစဉ်သည့် တရားဥပဒေစိုးမိုးရေးကွန်ရက် အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းနိုင်စိုးက ပြော သည်။

အဆိုပါစာဖတ်ဝိုင်းကို ပထမအကြိမ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်က စတင်ကျင်းပပြီး လူကြီး စာဖတ်ဝိုင်းနှင့် ကလေးစာပေစာဖတ်ဝိုင်းတို့ကို လူဦးရေ ၃၀ ခန့်ဖြင့် ကျင်းပခဲ့ကြောင်း ဦးဝင်းနိုင်စိုးက ပြောသည်။


 ‘‘အပတ်စဉ်စာဖတ်ဝိုင်းအ နေနဲ့ လုပ်သွားမှာပါ။ စာဖတ်သူ တွေ ပိုမိုများပြားလာစေဖို့နဲ့ စာပေနဲ့ပတ်သက်ပြီးတော့ အပြန်အလှန်ဆွေးနွေးမှုတွေပါမှာဖြစ်တဲ့အ တွက် ကျွန်တော်တို့ ဖတ်တဲ့စာ တွေရဲ့ အသိပညာပေးမှုတွေကို လေးလေးနက်နက်သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ပါ’’ဟု ဦးဝင်းနိုင်စိုးက ပြောသည်။ ကလေးစာပေစာဖတ်ဝိုင်း ကို  ထည့်သွင်းခြင်းသည် ကလေးငယ်များစာပေဗဟုသုတ အသိပညာကြွယ်ဝလာစေရန်  ရည်ရွယ်ကြောင်း စာဖတ်ဝိုင်းစီစဉ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၀ ရက်က စတင်ကျင်းပသည့် စာဖတ်ဝိုင်းတွင် ကလေးသူငယ်များ မိဘကျင့်ဝတ်နှင့်ဆိုင်သည့် စာပေများဖတ်ကြားခြင်း၊ ဉာဏ်စမ်းမေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ညနေ ၄ နာရီမှ ၆ နာရီအထိ  ကျင်းပနေကာ မည်သူမဆိုလာရောက်လေ့လာဖတ်ရှုနိုင်ကြောင်း ဦးဝင်းနိုင်စိုးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top