×


အောင်မြင်ခဲ့ကြောင်း၊
ရေသန့် ၊အအေးတို့အတွက်


# Unicode Version ဖြင့် ဖတ်ပါ #

၂၀၁၇ ခုနှစ် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင်
ဆုရရှိသူများအား ယခင်ရွှေသားကြယ်၂ ကျပ်သား
ချီးမြင့်ခဲ့ရာမှ ယခုနှစ်တွင် ရွှေသားကြယ်
၅ ကျပ်သား ချီးမြှင့်မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက
သူ၏ ဖေ့စ်ဘုတ် တွင်ရေးသားဖော်ပြထားသည်။

တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုအတွက်
ရွှေသားကြယ် ၅ ကျပ်သားအပြင် သက်ရှိထင်ရှားရှိစဉ် ကာလတလျှောက်
လစဉ်ချီးမြင့်ငွေပါ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊
ယင်းကိစ္စအဝဝအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
နှင့် အဆိုပြုလွှာ အောင်မြင်ခဲ့သော
Forever group နှင့်ဆက်စပ်ကုမ္မဏီများမှ
ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး
Forever group အနေဖြင့်အခမ်းအနားကျင်းပရန်
ကျပ်သိန်း ၃၀၀၀၊ ရုပ်ရှင်အစည်းအရုံးသို့
လှူဒါန်းငွေ ကျပ်သိန်း ၃၀၀၀ တို့ဖြင့်
ယနေ့ လေ့လာသူများ ရှေ့မှောက်တွင်အဆိုပြုလွှာ
အောင်မြင်ခဲ့ကြောင်း၊
အခမ်းအနားကျင်းပရန် ခန့်မှန်းကုန်ကျငွေ
ကျပ်သိန်း ၃၀၀၀ တွင် ရွှေကြယ်များ
ကုန်ကျစရိတ် ပါဝင်ခြင်းမရှိဘဲ
ယင်းရွှေကြယ်များ ကျသင့်ငွေတန်ဘိုးအပြင် ကြွရောက်လာသူ တစ်ဦးလျှင်
ကျပ် ၅၀၀၀ ဖိုးကျွေးမွေးဧည့်ခံစရိတ်၊
ရေသန့် ၊အအေးတို့အတွက်
ကုန်ကျစားရိတ်တို့ကိုပါ Forever groupမှ
သီးခြားကျခံသုံးစွဲသွားမည် ဖြစ်ကြောင်း
ဖေ့စ်ဘုတ်တွင်ရေးသားဖော်ပြထားသည်။
ဓာတ်ပုံ – ဦးဇင်ဝိုင်း Fb မှ

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Film Academy
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top