ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

နည္းစနစ္မွန္မွန္ အသားအေရထိန္းသိမ္းမႈကေနရရွိလာမယ့္ အက်ိဳးေက်းဇူးေတြေက်ာင္းျပီးကတည္းက ကိုယ္စီအလုပ္ဝင္ေနၾကတာနဲ႔ သူငယ္ခ်င္းေတြျပန္မဆံုျဖစ္တာေတာ္ေတာ္ေတာ္ၾကာေနျပီေလ။ အိမ္ေထာင္ေတြက်ျပီး သားသမီးကိုယ္စီနဲ႔ျဖစ္လာေတာ့ သူငယ္ခ်င္းေတြဆံုျဖစ္ဖို႔ဆိုတာက ပိုလို႔ေတာင္ခက္ခဲသြားေတာ့တာေပါ့။ ေခတ္ကာလရဲ႕အေနအထားအရ အမ်ိဳးသမီးေတြအေနနဲ႔လည္း အိမ္ရဲ႕ဝင္ေငြအတြက္ တစ္ဖက္တစ္လမ္းကေန ရွာေဖြေနၾကရပါေသးတယ္။ ဒီလိုမ်ိဳး အိမ္ေထာင္ရွင္အမ်ိဳးသမီးေတြထဲမွာ ဇာျခည္လည္းတစ္ဦးအပါအဝင္ပါပဲ။ ဒီေန႔ေတာ့ သူငယ္ခ်င္းတစ္ေယာက္ရဲ႕ကေလးေမြးေန႔ပြဲလည္းရွိ၊ ပိတ္ရက္လည္းျဖစ္ေနေတာ့ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ဖို႔သြားမယ္ေလ။

နီနီရဲ႕ ကေလးေမြးေန႔ပြဲမွာ သူငယ္ခ်င္းေတြဆံုတဲ့အခါက်ေတာ့ အားလုံးကေတာ္ေတ္ာေလးေျပာင္းလဲေနၾကျပီေလ။ အရမ္းလွလာတဲ့သူေတြရွိသလို အခ်ိဳ႕ကလည္း ေတာ္ေတာ္ေလးကို အိမ္ေထာင္ရွင္မၾကီးပံုေပါက္ေနၾကျပီ။ ေျပာင္းလဲသြားတဲ့သူငယ္ခ်င္းေတြကိုၾကည့္ရင္ တရားေတာင္ရမိပါရဲ႕။ ဇာျခည္ကေတာ့ တခ်ိဳ႕ေလာက္ အဖြားၾကီးပံုစံေပါက္မေနေပမယ့္ အပ်ိဳေလးေတြအတုိင္းအရမ္းလန္း အရမ္းလွေနၾကတဲ့ထဲေတာ့လည္း မပါျပန္ဘူး။ ဇာျခည္ရဲ႕ အဓိကျပႆနာက အသားအေရကေတာ္ေတာ္ဆိုးေနတာပါပဲ။ ဒါေပမယ့္ အသားအေရမထိန္းသိမ္းလို႔လားဆိုေတာ့လည္း ေန႔တိုင္း မ်က္ႏွာသစ္ေဆးနဲ႔သစ္ျပီး Day Cream ေတာ့လူးတာပဲေလ။ ျပီးရင္ေတာ့ အလုပ္ခြင္ဝင္ရတာဆိုေတာ့ မိတ္ကပ္ထပ္လူးျပီး ျပင္ဆင္ျခယ္သတာေတြေတာ့လုပ္ရတာေပါ့။ သူငယ္ခ်င္းေတြဆံုတုန္းေလး Selfie ဆိုေတာ့ အသားအေရမလွတာက ပိုသိသာသြားေရာပဲ။

ဒါနဲ႔ အသားအေရလွတဲ့ သူငယ္ခ်င္း နီ႔ကိုေမးၾကည့္မိတာေပါ့။ သူကအရင္ကတည္းက အသားအေရေကာင္းတယ္ဆိုေပမယ့္ ဇာျခည္နဲ႔ သိပ္မကြာဘူးေလ၊ ခုက်ေတာ့သူကေတာ္ေတာ္ေလး လွလာတယ္။ ကေလးအေမလို႔ေတာင္မထင္ရေအာင္ပါပဲ။ သူကေျပာျပမွ မ်က္ႏွာကို မ်က္ႏွာသစ္ေဆးနဲ႔သစ္ျပီး Day Cream လိမ္းရံုနဲ႔ အမ်ိဳးသမီးေတြအတြက္ မလံုေလာက္ဘူးဆိုတာကို စသိရတယ္။ ဇာျခည္ျဖင့္ သူ႕ကိုၾကည့္ျပီး ကိုယ့္ကိုယ္ကို စိတ္ဓာတ္ေတာင္က်သြားတယ္။ သူကသူ႔ရဲ႕အသားအေရထိန္းသိမ္းနည္းကိုေျပာျပလို႔ ဇာျခည့္လို ခံစားေနရတဲ့ အားလံုးလည္း သိျပီးလိုက္လုပ္ႏုိင္ေအာင္ ဇာျခည္ေျပာျပမယ္ေနာ္။

မ်က္ႏွာကိုသန္႔စင္ဖို႔က ပထမ

အသားအေရလွပေအာင္အရင္ဆံုးလုပ္ရမွာက မ်က္ႏွာကိုသန္႔စင္ဖို႔ပါတဲ့။ မိတ္ကပ္လိမ္းေနရတဲ့သူဆိုရင္ မ်က္ႏွာေပၚက ေခၽြးေပါက္ေတြထဲမွာ မိတ္ကပ္အၾကြင္းအက်န္ေတြပိတ္ဆို႔ေနႏိုင္ပါတယ္။ အဲ့ဒါေတြက အရြယ္မတိုင္ခင္အိုမင္းတာေတြျဖစ္တတ္တယ္တဲ့။ ေရခပ္ေႏြးေႏြးေလးကိုသံုးျပီး မ်က္ႏွာေပၚက အညစ္အေၾကးေတြကိုဖယ္ရွားတာက ေခၽြးေပါက္ေတြကို ပြင့္ေစျပီး အသားအေရကိုလည္း ၾကည္လင္ေစတယ္ေလ။ မ်က္ႏွာကိုျဖည္းျဖည္းေလးႏွိပ္နယ္ေပးတာကလည္း မ်က္ႏွာေသြးလည္ပတ္မႈကိုေကာင္းမြန္ေစပါတယ္။ မ်က္လံုးတဝိုက္က မိတ္ကပ္ေတြကို သင့္ေတာ္တဲ့ မိတ္ကပ္ဖ်က္ေဆးေရြးျပီးသံုးေပးဖို႔လည္း မေမ့ပါနဲ႔။

မ်က္ႏွာသစ္ေဆးကိုေရြးခ်ယ္ပါ

မ်က္ႏွာသစ္ေဆးေရြးတဲ့အခါမွာလည္း မ်က္ႏွာသစ္ေဆးျဖစ္ရင္ျပီးေရာမေရြးနဲ႔ေလ။ အသားအေရနဲ႔လိုက္ဖက္မယ့္ဟာမ်ိဳးကိုေရြးေပါ့တဲ့။ သူဆို အသားအေရကို ၾကည္လင္ေစတဲ့ lemon ပါဝင္တဲ့ Garnier ရဲ႕ multi action brightening foam နဲ႔မ်က္ႏွာသစ္တာတဲ့။ မ်က္ႏွာေပၚက အညစ္အေၾကးေတြကိုသန္႔စင္ေပးျပီး အသားအေရကိုျဖဴဝင္းေစတယ္တဲ့။

တိုနာအလွည့္

ျပီးရင္ေတာ့တိုနာသံုးရမယ္။ တိုနာသံုးတာကေတာ့ လြယ္လြယ္ေလးပါ။ ဂြမ္းစေလးနဲ႔ယူျပီး မ်က္ႏွာအႏွံ႔ကိုလိမ္းလိုက္ရံုပါ။ ဒါေပမယ့္ အယ္လ္ကိုေဟာပါဝင္မႈမရွိတဲ့ တိုနာကိုအသံုးျပဳေပးဖို႔လိုပါတယ္။ တိုနာက မ်က္ႏွာေပၚကအဆီပိုေတြကိုဖယ္ရွားေပးတယ္ေလ။ ႏို႔ရည္ပံုစံ တိုနာျဖစ္တဲ့ Milky Lightening Dew Toner ကိုသံုးေပးတာက အသားအေရနဲ႔ေတာ္ေတာ္ေလးအဆင္ေျပတယ္ဆိုပဲ။

ျပီးရင္ moisturizer ပါ

ဒါေတြျပီးရင္ Day Cream လူးလို႔ရျပီလားဆိုေတာ့ မရေသးဘူး။ အစိုဓာတ္ထိန္းခရင္မ္တစ္မ်ိဳးမ်ိဳးသံုးေပးရဦးမယ္တဲ့။ မနက္မ်က္ႏွာသစ္ျပီးတိုင္း အစိုဓာတ္ထိန္းခရင္မ္လိမ္းေပးတာက အသားအေရထိန္းသိမ္းမႈမွာ ေတာ္ေတာ္ေလးအေရးပါပါတယ္။ အစိုဓာတ္ထိန္းခရင္မ္က ေနေရာင္ျခည္ဒဏ္ကေနကာကြယ္ေပးျပီး အစိုဓာတ္ထိန္းေပးသလို အေရျပားကို ေရဓာတ္ျဖည့္ေပးတယ္။ မျဖစ္မေနလူးေပးဖို႔လိုမယ္တဲ့။ ျပီးရင္ေတာ့ Serum လူးေပးရဦးမယ္တဲ့ အေရျပားျပႆနာေတြကို ေျဖရွင္းေပးႏိုင္တဲ့ အဓိကဇာတ္လိုက္က Serum ပါ။ အစိုဓာတ္ထိန္းခရင္မ္နဲ႔မတူတာက Serum က အသားအေရအတြင္းပိုင္းအထိ စိမ့္ဝင္ႏိုင္ျပီး အသားအေရအတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြေရာ အစိုဓာတ္ကိုပါျဖည့္တင္းေပးပါတယ္။ ကိုယ္အသားအေရအလိုက္ေတာ့ကြာတာေပါ့။ အရြယ္တင္ခ်င္တာလား၊အသားအေရၾကည္ခ်င္တာလား၊ ဝက္ျခံကင္းခ်င္တာလားဆိုေတာ့ကြာတာေပါ့။ အသားအေရ ၾကည္လင္ဝင္းပခ်င္တာဆိုရင္ေတာ့ အဆီျပန္တာကိုမျဖစ္ေစဘဲ မ်က္ႏွာေပၚက ဝက္ျခံေၾကာင့္ျဖစ္တဲ့အမာရြတ္ေတြကိုေလ်ာ့ပါးသက္သာေစတဲ့ Garnier ကေနထုတ္ထားတဲ့ Multi Action Whitening Serum Cream ကိုသံုးေပးလို႔ရပါတယ္။ ေနာက္ထပ္သံုးရမွာကေတာ့ White Speed Essence နဲ႔ Vitamin C ပါဝင္လို႔ အသားအေရကိုၾကည္လင္ေစတဲ့ Super Essence ပါ။

ေနေရာင္ျခည္ကို ကာကြယ္ဖို႔ မေမ့ပါနဲ႔

ဒါေတြအဆင့္ဆင့္လူးျပီးရင္လူးရမွာက ေနေလာင္ကာခရင္မ္ပါ။ ေနေလာင္ကာခရင္မ္မလူးခ်င္ေတာ့ သူကေတာ့ SPF20 PA+++ ပါ၀င္မႈေၾကာင့္ UVA နဲ႔ UVB ေၾကာင့္ျဖစ္ေပၚတတ္ေသာ အမဲစက္ႏွင့္ အရြယ္ မတိုင္ခင္ အိုမင္းမႈတို႔ကို ကာကြယ္ေပးျပီး အသားအေရကိုၾကည္လင္ေစတဲ့ Garnier Multi Action Whitening Day Cream SPF 20 PA+++ ကိုလိမ္းေပးတယ္။ ျပီးရင္ေတာ့ မိတ္ကပ္လူးတယ္တဲ့။

ညဘက္ မ်က္ႏွာသစ္ျပီးရင္ Night cream

ေနာက္တစ္ခုကေတာ့ ညဘက္ကိုမအိပ္ခင္မ်က္ႏွာသစ္ျပီး Night Cream တစ္ခုခုလိမ္းဖို႔လိုတယ္တဲ့ေလ။ Garnier က Multi Action Whitening Serum Night Cream လူးျပီးအိပ္လိုက္တယ္။ မနက္လင္းလာရင္အသားအေရေတာ္ေတာ္ေလးေကာင္းတယ္တဲ့ေလ။ မ်က္ႏွာေပၚက ဆဲလ္ေသေတြဖယ္ရွားတာကို မအားရင္ေတာင္ အနည္းဆံုးတစ္ပတ္တစ္ၾကိမ္ေလာက္လုပ္ေပးဖို႔နဲ႔ မ်က္ႏွာေပါင္းတင္တာကိုလည္း တစ္ပတ္တစ္ခါေလာက္ေတာ့ အနည္းဆံုးလုပ္ေပါ့လို႔မွာလိုက္ေသးတယ္။ ဇာျခည္လည္း နီ႔ဆီကေန ျပန္တာနဲ႔ သူညႊန္းလိုက္တဲ့ အသားအေရထိန္းသိမ္းတဲ့ ပစၥည္းေတြသြားဝယ္ပစ္လိုက္တယ္။

အခုေတာ့ ေျပာင္းလဲလာေနပါျပီ

သူေျပာျပတဲ့နည္းအတိုင္းလည္းသံုးၾကည့္ေနျပီေလ။ တျဖည္းျဖည္းခ်င္းေတာ့ သိသာလာပါတယ္။ သူ႔လိုမ်ိဳး အသားအေရေလးပိုင္ဆိုင္ခ်င္ေတာ့ မအားတဲ့ၾကားကပဲအခ်ိန္ေပးျပီး လုပ္ေနရတာေပါ့။ အခုမွလည္း အသားအေရကို ဘယ္လိုထိန္းသိမ္းရလဲဆိုတာကို သိတာေလ။ အခုတျဖည္းျဖည္းခ်င္းနဲ႔အသားအေရကေျပာင္းလာျပီး ၾကည္လည္းၾကည္လာေတာ့ လူေတြၾကားမွာလည္း ထင္းခနဲလွလာသလိုပဲ။ အလုပ္မွာဆိုလည္း ယံုၾကည္မႈပိုရလာသလိုပဲ။ ဇာျခည္တို႔မိန္းကေလးေတြအတြက္ အလွအပကလည္း အားတစ္ခုျဖစ္တယ္ေနာ္။ ဒီတစ္ခါသူငယ္ခ်င္းေတြဆံုျဖစ္ၾကရင္လွေနတဲ့ထဲမွာ ကိုယ္လည္းပါေတာ့မွာေပါ့ေလ။ ခုေတာ့အသားအေရေၾကာင့္ စိတ္ညစ္တာမ်ိဳးမရွိေတာ့ဘဲ မွန္ၾကည့္လိုက္တိုင္း လွလာတဲ့အသားအေရေၾကာင့္ အလိုလိုေပ်ာ္လာတယ္ေလ။ ယံုၾကည္မႈေတြလည္းတိုးလာတယ္ေလ။ ေျပာျပခဲ့တဲ့နည္းေလးေတြအတိုင္း လိုက္လုပ္ၾကည့္ျပီး ၾကည္လင္ဝင္းပတဲ့အသားအေရကို တူတူပိုင္ဆိုင္ၾကစို႔ေလေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
ကျောင်းပြီးကတည်းက ကိုယ်စီအလုပ်ဝင်နေကြတာနဲ့ သူငယ်ချင်းတွေပြန်မဆုံဖြစ်တာတော်တော်တော်ကြာနေပြီလေ။ အိမ်ထောင်တွေကျပြီး သားသမီးကိုယ်စီနဲ့ဖြစ်လာတော့ သူငယ်ချင်းတွေဆုံဖြစ်ဖို့ဆိုတာက ပိုလို့တောင်ခက်ခဲသွားတော့တာပေါ့။ ခေတ်ကာလရဲ့အနေအထားအရ အမျိုးသမီးတွေအနေနဲ့လည်း အိမ်ရဲ့ဝင်ငွေအတွက် တစ်ဖက်တစ်လမ်းကနေ ရှာဖွေနေကြရပါသေးတယ်။ ဒီလိုမျိုး အိမ်ထောင်ရှင်အမျိုးသမီးတွေထဲမှာ ဇာခြည်လည်းတစ်ဦးအပါအဝင်ပါပဲ။ ဒီနေ့တော့ သူငယ်ချင်းတစ်ယောက်ရဲ့ကလေးမွေးနေ့ပွဲလည်းရှိ၊ ပိတ်ရက်လည်းဖြစ်နေတော့ သူငယ်ချင်းတွေနဲ့ တွေ့ဖို့သွားမယ်လေ။

နီနီရဲ့ ကလေးမွေးနေ့ပွဲမှာ သူငယ်ချင်းတွေဆုံတဲ့အခါကျတော့ အားလုံးကတော်တေ်ာလေးပြောင်းလဲနေကြပြီလေ။ အရမ်းလှလာတဲ့သူတွေရှိသလို အချို့ကလည်း တော်တော်လေးကို အိမ်ထောင်ရှင်မကြီးပုံပေါက်နေကြပြီ။ ပြောင်းလဲသွားတဲ့သူငယ်ချင်းတွေကိုကြည့်ရင် တရားတောင်ရမိပါရဲ့။ ဇာခြည်ကတော့ တချို့လောက် အဖွားကြီးပုံစံပေါက်မနေပေမယ့် အပျိုလေးတွေအတိုင်းအရမ်းလန်း အရမ်းလှနေကြတဲ့ထဲတော့လည်း မပါပြန်ဘူး။ ဇာခြည်ရဲ့ အဓိကပြဿနာက အသားအရေကတော်တော်ဆိုးနေတာပါပဲ။ ဒါပေမယ့် အသားအရေမထိန်းသိမ်းလို့လားဆိုတော့လည်း နေ့တိုင်း မျက်နှာသစ်ဆေးနဲ့သစ်ပြီး Day Cream တော့လူးတာပဲလေ။ ပြီးရင်တော့ အလုပ်ခွင်ဝင်ရတာဆိုတော့ မိတ်ကပ်ထပ်လူးပြီး ပြင်ဆင်ခြယ်သတာတွေတော့လုပ်ရတာပေါ့။ သူငယ်ချင်းတွေဆုံတုန်းလေး Selfie ဆိုတော့ အသားအရေမလှတာက ပိုသိသာသွားရောပဲ။

ဒါနဲ့ အသားအရေလှတဲ့ သူငယ်ချင်း နီ့ကိုမေးကြည့်မိတာပေါ့။ သူကအရင်ကတည်းက အသားအရေကောင်းတယ်ဆိုပေမယ့် ဇာခြည်နဲ့ သိပ်မကွာဘူးလေ၊ ခုကျတော့သူကတော်တော်လေး လှလာတယ်။ ကလေးအမေလို့တောင်မထင်ရအောင်ပါပဲ။ သူကပြောပြမှ မျက်နှာကို မျက်နှာသစ်ဆေးနဲ့သစ်ပြီး Day Cream လိမ်းရုံနဲ့ အမျိုးသမီးတွေအတွက် မလုံလောက်ဘူးဆိုတာကို စသိရတယ်။ ဇာခြည်ဖြင့် သူ့ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်ဓာတ်တောင်ကျသွားတယ်။ သူကသူ့ရဲ့အသားအရေထိန်းသိမ်းနည်းကိုပြောပြလို့ ဇာခြည့်လို ခံစားနေရတဲ့ အားလုံးလည်း သိပြီးလိုက်လုပ်နိုင်အောင် ဇာခြည်ပြောပြမယ်နော်။

မျက်နှာကိုသန့်စင်ဖို့က ပထမ

အသားအရေလှပအောင်အရင်ဆုံးလုပ်ရမှာက မျက်နှာကိုသန့်စင်ဖို့ပါတဲ့။ မိတ်ကပ်လိမ်းနေရတဲ့သူဆိုရင် မျက်နှာပေါ်က ချွေးပေါက်တွေထဲမှာ မိတ်ကပ်အကြွင်းအကျန်တွေပိတ်ဆို့နေနိုင်ပါတယ်။ အဲ့ဒါတွေက အရွယ်မတိုင်ခင်အိုမင်းတာတွေဖြစ်တတ်တယ်တဲ့။ ရေခပ်နွေးနွေးလေးကိုသုံးပြီး မျက်နှာပေါ်က အညစ်အကြေးတွေကိုဖယ်ရှားတာက ချွေးပေါက်တွေကို ပွင့်စေပြီး အသားအရေကိုလည်း ကြည်လင်စေတယ်လေ။ မျက်နှာကိုဖြည်းဖြည်းလေးနှိပ်နယ်ပေးတာကလည်း မျက်နှာသွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ မျက်လုံးတဝိုက်က မိတ်ကပ်တွေကို သင့်တော်တဲ့ မိတ်ကပ်ဖျက်ဆေးရွေးပြီးသုံးပေးဖို့လည်း မမေ့ပါနဲ့။

မျက်နှာသစ်ဆေးကိုရွေးချယ်ပါ

မျက်နှာသစ်ဆေးရွေးတဲ့အခါမှာလည်း မျက်နှာသစ်ဆေးဖြစ်ရင်ပြီးရောမရွေးနဲ့လေ။ အသားအရေနဲ့လိုက်ဖက်မယ့်ဟာမျိုးကိုရွေးပေါ့တဲ့။ သူဆို အသားအရေကို ကြည်လင်စေတဲ့ lemon ပါဝင်တဲ့ Garnier ရဲ့ multi action brightening foam နဲ့မျက်နှာသစ်တာတဲ့။ မျက်နှာပေါ်က အညစ်အကြေးတွေကိုသန့်စင်ပေးပြီး အသားအရေကိုဖြူဝင်းစေတယ်တဲ့။

တိုနာအလှည့်

ပြီးရင်တော့တိုနာသုံးရမယ်။ တိုနာသုံးတာကတော့ လွယ်လွယ်လေးပါ။ ဂွမ်းစလေးနဲ့ယူပြီး မျက်နှာအနှံ့ကိုလိမ်းလိုက်ရုံပါ။ ဒါပေမယ့် အယ်လ်ကိုဟောပါဝင်မှုမရှိတဲ့ တိုနာကိုအသုံးပြုပေးဖို့လိုပါတယ်။ တိုနာက မျက်နှာပေါ်ကအဆီပိုတွေကိုဖယ်ရှားပေးတယ်လေ။ နို့ရည်ပုံစံ တိုနာဖြစ်တဲ့ Milky Lightening Dew Toner ကိုသုံးပေးတာက အသားအရေနဲ့တော်တော်လေးအဆင်ပြေတယ်ဆိုပဲ။

ပြီးရင် moisturizer ပါ

ဒါတွေပြီးရင် Day Cream လူးလို့ရပြီလားဆိုတော့ မရသေးဘူး။ အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးသုံးပေးရဦးမယ်တဲ့။ မနက်မျက်နှာသစ်ပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးတာက အသားအရေထိန်းသိမ်းမှုမှာ တော်တော်လေးအရေးပါပါတယ်။ အစိုဓာတ်ထိန်းခရင်မ်က နေရောင်ခြည်ဒဏ်ကနေကာကွယ်ပေးပြီး အစိုဓာတ်ထိန်းပေးသလို အရေပြားကို ရေဓာတ်ဖြည့်ပေးတယ်။ မဖြစ်မနေလူးပေးဖို့လိုမယ်တဲ့။ ပြီးရင်တော့ Serum လူးပေးရဦးမယ်တဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အဓိကဇာတ်လိုက်က Serum ပါ။ အစိုဓာတ်ထိန်းခရင်မ်နဲ့မတူတာက Serum က အသားအရေအတွင်းပိုင်းအထိ စိမ့်ဝင်နိုင်ပြီး အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေရော အစိုဓာတ်ကိုပါဖြည့်တင်းပေးပါတယ်။ ကိုယ်အသားအရေအလိုက်တော့ကွာတာပေါ့။ အရွယ်တင်ချင်တာလား၊အသားအရေကြည်ချင်တာလား၊ ဝက်ခြံကင်းချင်တာလားဆိုတော့ကွာတာပေါ့။ အသားအရေ ကြည်လင်ဝင်းပချင်တာဆိုရင်တော့ အဆီပြန်တာကိုမဖြစ်စေဘဲ မျက်နှာပေါ်က ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွတ်တွေကိုလျော့ပါးသက်သာစေတဲ့ Garnier ကနေထုတ်ထားတဲ့ Multi Action Whitening Serum Cream ကိုသုံးပေးလို့ရပါတယ်။ နောက်ထပ်သုံးရမှာကတော့ White Speed Essence နဲ့ Vitamin C ပါဝင်လို့ အသားအရေကိုကြည်လင်စေတဲ့ Super Essence ပါ။

နေရောင်ခြည်ကို ကာကွယ်ဖို့ မမေ့ပါနဲ့

ဒါတွေအဆင့်ဆင့်လူးပြီးရင်လူးရမှာက နေလောင်ကာခရင်မ်ပါ။ နေလောင်ကာခရင်မ်မလူးချင်တော့ သူကတော့ SPF20 PA+++ ပါဝင်မှုကြောင့် UVA နဲ့ UVB ကြောင့်ဖြစ်ပေါ်တတ်သော အမဲစက်နှင့် အရွယ် မတိုင်ခင် အိုမင်းမှုတို့ကို ကာကွယ်ပေးပြီး အသားအရေကိုကြည်လင်စေတဲ့ Garnier Multi Action Whitening Day Cream SPF 20 PA+++ ကိုလိမ်းပေးတယ်။ ပြီးရင်တော့ မိတ်ကပ်လူးတယ်တဲ့။

ညဘက် မျက်နှာသစ်ပြီးရင် Night cream

နောက်တစ်ခုကတော့ ညဘက်ကိုမအိပ်ခင်မျက်နှာသစ်ပြီး Night Cream တစ်ခုခုလိမ်းဖို့လိုတယ်တဲ့လေ။ Garnier က Multi Action Whitening Serum Night Cream လူးပြီးအိပ်လိုက်တယ်။ မနက်လင်းလာရင်အသားအရေတော်တော်လေးကောင်းတယ်တဲ့လေ။ မျက်နှာပေါ်က ဆဲလ်သေတွေဖယ်ရှားတာကို မအားရင်တောင် အနည်းဆုံးတစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးဖို့နဲ့ မျက်နှာပေါင်းတင်တာကိုလည်း တစ်ပတ်တစ်ခါလောက်တော့ အနည်းဆုံးလုပ်ပေါ့လို့မှာလိုက်သေးတယ်။ ဇာခြည်လည်း နီ့ဆီကနေ ပြန်တာနဲ့ သူညွှန်းလိုက်တဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေသွားဝယ်ပစ်လိုက်တယ်။

အခုတော့ ပြောင်းလဲလာနေပါပြီ

သူပြောပြတဲ့နည်းအတိုင်းလည်းသုံးကြည့်နေပြီလေ။ တဖြည်းဖြည်းချင်းတော့ သိသာလာပါတယ်။ သူ့လိုမျိုး အသားအရေလေးပိုင်ဆိုင်ချင်တော့ မအားတဲ့ကြားကပဲအချိန်ပေးပြီး လုပ်နေရတာပေါ့။ အခုမှလည်း အသားအရေကို ဘယ်လိုထိန်းသိမ်းရလဲဆိုတာကို သိတာလေ။ အခုတဖြည်းဖြည်းချင်းနဲ့အသားအရေကပြောင်းလာပြီး ကြည်လည်းကြည်လာတော့ လူတွေကြားမှာလည်း ထင်းခနဲလှလာသလိုပဲ။ အလုပ်မှာဆိုလည်း ယုံကြည်မှုပိုရလာသလိုပဲ။ ဇာခြည်တို့မိန်းကလေးတွေအတွက် အလှအပကလည်း အားတစ်ခုဖြစ်တယ်နော်။ ဒီတစ်ခါသူငယ်ချင်းတွေဆုံဖြစ်ကြရင်လှနေတဲ့ထဲမှာ ကိုယ်လည်းပါတော့မှာပေါ့လေ။ ခုတော့အသားအရေကြောင့် စိတ်ညစ်တာမျိုးမရှိတော့ဘဲ မှန်ကြည့်လိုက်တိုင်း လှလာတဲ့အသားအရေကြောင့် အလိုလိုပျော်လာတယ်လေ။ ယုံကြည်မှုတွေလည်းတိုးလာတယ်လေ။ ပြောပြခဲ့တဲ့နည်းလေးတွေအတိုင်း လိုက်လုပ်ကြည့်ပြီး ကြည်လင်ဝင်းပတဲ့အသားအရေကို တူတူပိုင်ဆိုင်ကြစို့လေနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top