×

ေယာင္းတို႔ေရ ရံုးပိတ္ေတာ့မယ္ေနာ္။ ဟဲဟဲ အက္ဒမင္တို႔ရံုးက ၁၀ရက္ေတာင္ပိတ္မွာလို႔ ၾကြားပါရေစ။ ဒီ၁၀ရက္ကို သူမ်ားေတြလို ခရီးသြားဖို႔ အခြင့္အေရးမေပးတဲ့သကာလ အိမ္မွာပဲ စာအုပ္ဖတ္ရင္း ေကြးမယ္ေလ။ ရာသီဥတုကလဲ ကိုယ့္ဘက္ပါသကိုး။

ေယာင္းတို႔ထဲမွာေရာ ရွားရွားပါးပါး အားလပ္ခ်ိန္ေလးမွာ စာအုပ္ဖတ္မယ့္သူေတြပါလား။ ပါတယ္ဆုိရင္ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ဆိုသလို ခ်စ္စရာေကာင္းတဲ့ ရာသီစာေဆာင္းဇာတ္လမ္းခ်ိဳခ်ိဳေလးေတြကို အဂၤလိပ္လိုဖတ္ရင္း စာေတြတိုးရေလေအာင္ ဘာေတြဖတ္ရမလဲလို႔ အက္ဒမင္က အႀကံေပးဦးမွာ။ ဒီတစ္ခါေတာ့ ထူးထူးျခားျခားေလးလဲျဖစ္ ဖတ္ရတာလဲလြယ္ေအာင္ ဝတၳဳတိုစုေဆာင္းမႈကေလး ႏွစ္အုပ္အေၾကာင္း ေျပာျပမယ္လို႔။

၁) My True Love Gave To Me
    “Midnights” by Rainbow Rowell
    “The Lady and the Fox” by Kelly Link
    “Angels in the Snow” by Matt de la Peña
    “Polaris Is Where You’ll Find Me” by Jenny Han
    “It’s a Yuletide Miracle, Charlie Brown” by Stephanie Perkins.
    “Your Temporary Santa” by David Levithan.
    “Krampuslauf” by Holly Black.
    “What the Hell Have You Done, Sophie Roth?” by Gayle Forman.
    “Beer Buckets and Baby Jesus” by Myra McEntire
    “Welcome to Christmas, CA” by Kiersten White.
    “Star of Bethlehem” by Ally Carter.
    “The Girl Who Woke the Dreamer” by Laini Taylor.

ဒီစာအုပ္ထဲမွာေတာ့ ဝတၳဳတို ၁၂ ပုဒ္ပါပါတယ္။ စာေရးဆရာေတြကလဲ ရွယ္ေတြခ်ည္းပဲေနာ္။ အက္ဒမင့္အႀကိဳက္ဆံုး Rainbow Rowell လဲပါတယ္။ If I Stay ရဲ႕ဖန္တီးရွင္ Gayle Forman လဲပါတယ္။ Confession of A Shopaholic ေရးတဲ့ Stephanie Perkins လဲပါတယ္။ အရမ္းေတြ ရိုတတ္တဲ့ Janny Han တို႔ David Levithan တို႔လဲပါတယ္။ Laini Taylor တို႔ Holly Black တို႔ဆို fantasy လို႔ေခၚတဲ့ ထူးထူးဆန္းဆန္းေတြ ေရးတဲ့ေနရာမွာ နာမည္ႀကီး။ ဒီစာအုပ္က တစ္ခုထူးျခားတာက အထဲမွာပါတဲ့ ဇာတ္လမ္းထဲက အတြဲေလးေတြကို အဖံုးမွာထည့္ဆြဲထားတာပါ။ အဖံုးကလူေလးေတြမွာ ဘယ္ဇာတ္ေကာင္က ဘယ္သူျဖစ္မယ္ဆိုတာကိုေတာ့ ေယာင္းတို႔ကိုယ္တိုင္ပဲ ရွာၾကည့္ၾကပါေတာ့။

Rainbow Rowell ရဲ႕ Midnights ဆိုတဲ့ ဝတၳဳတိုကေလးက သူငယ္ခ်င္းေလးႏွစ္ေယာက္ သူငယ္ခ်င္းကေန ခ်စ္သူေတြျဖစ္သြားတဲ့အထိ new-year night ငါးႏွစ္စာအေၾကာင္း ေရးထားတာပါ။ ႏွစ္ေယာက္ၾကားထဲက ရင္ဖိုစရာအျဖစ္အပ်က္ေလးေတြ၊ သဝန္တိုတာေလးေတြကို ဖတ္ေနရတဲ့လူပါ လိုက္ရင္ခုန္ရေလာက္ေအာင္ အေရးအသားက အရမ္းေကာင္းပါတယ္။ ေနာက္ဆံုးခ်စ္သူေတြျဖစ္သြားေတာ့ အၾကင္နာေပးၾကတဲ့အခါမွာ ဘာေတြျဖစ္မလဲလို႔ကေတာ့ ကိုယ့္ဘာကိုယ္သာ ဖတ္ၾကည့္ၾကပါေတာ့လို႔။

Laini Taylor ရဲ႕ The Girl Who Woke the Dreamer က်ေတာ့တစ္မ်ိဳး။ ကၽြန္းငယ္ေလးတစ္ကၽြန္းမွာ ခရစ္စမတ္မတိုင္ခင္ ၂၄ရက္တိုင္တိုင္ ေယာက်္ားေလးေတြက မိန္းကေလးေတြအိမ္ေရွ႕မွာ လက္ေဆာင္ခ်ထားတဲ့ ဓေလ့ရွိပါတယ္။ အဲ့လိုလက္ေဆာင္လာခ်တဲ့သူကို မိန္းကေလးမႀကိဳက္ရင္ ျငင္းလို႔ရပါတယ္တဲ့ သေဘာက်ရင္ေတာ့ လက္ထပ္ၾကတယ္ေပါ့။ ေကာင္မေလးတစ္ေယာက္ခမ်ာေတာ့ သူမႀကိဳက္တဲ့လူတစ္ေယာက္ လက္ေဆာင္ခ်တာကို ဘယ္ေလာက္ျငင္းျငင္း အဲ့လူက အတင္းပဲ လက္ေဆာင္ေတြဆက္ေပးေနတာ။ ေနာက္ဆံုးေတာ့ ေကာင္မေလးက ဆုေတာင္းတစ္ခုေတာင္းလိုက္တဲ့အခါ သူ႔ကံၾကမၼာဘယ္လိုေျပာင္းသြားမလဲ။ သူကထူးထူးဆန္းဆန္း ေရးတတ္ပါတယ္လို႔ေျပာထားတယ္ေနာ္။ ဖတ္ၾကည့္လိုက္ရင္ အရမ္းသေဘာက်သြားလိမ့္မယ္။

၂) Let It Snow
    “The Jubilee Express” by Maureen Johnson
    ”A Cheertastic Christmas Miracle” by John Green
    “The Patron Saint of Pigs” by Lauren Myracle

ဒီစာအုပ္မွာေတာ့ ဝတၳဳလတ္ သံုးပုဒ္ပါပါတယ္။ သံုးေယာက္လံုး နာမည္ေတြရိႈးလိုက္ နာမည္ႀကီးေတြခ်ည္း။ အဲ့ထဲကမွ John Green ဆို The fault in Our Stars နဲ႔ ေယာင္းတို႔ကို မ်က္ရည္ျခဴထားတာေနာ္။ စိတ္မပူပါနဲ႔ ဒီဇာတ္လမ္းေလးေတြကေတာ့ ခ်စ္စရာေလးေတြခ်ည္း။ ဒီဇာတ္လမ္းသံုးခုက ထူးဆန္းတာက သူတို႔ထဲက ဇာတ္ေကာင္ေတြက တစ္နည္းမဟုတ္တစ္နည္းနဲ႔ ဆက္ႏြယ္ေနၾကတာပါ။
The Jubilee Express ထဲမွာဆို ရည္းစားေကာင္ေလးေနာက္ လိုက္လာတဲ့ေကာင္မေလးက ႏွင္းေတြက်လြန္းလို႔ ရထားကဆက္မသြားႏိုင္ဘဲ ကေဖးတစ္ခုထဲ cheerleaders ေတြနဲ႔ ပိတ္မိေနတာ။ ပိတ္မိေနရင္း သူ႔ေကာင္မေလးကို ဆက္သြယ္လို႔မရတဲ့ Jeb ဆိုတဲ့ေကာင္ေလးနဲ႔ေတြ႔တယ္။ အဲ့ကမွ ေနာက္ေကာင္ေလးတစ္ေယာက္က သူ႔ကိုသနားသြားၿပီး သူ႔အိမ္မွာလိုက္နားဖို႔ ဖိတ္ရာကေန ဘာေတြဆက္ျဖစ္ၾကမလဲဆိုတာ ဖတ္ႏိုင္ၾကပါတယ္။

A Cheertastic Christmas Miracle ကေတာ့ ခုန cheerleaders ေတြရွိတဲ့ ကေဖးထဲကို သူငယ္ခ်င္းသံုးေယာက္ ဝင္လာတာကေနစပါတယ္။ သူတို႔သံုးေယာက္ရဲ႕ စြန္႔စားခန္းကို ရင္ထိတ္သည္းဖိုဖတ္ရင္း သူတို႔ထဲက ေကာင္ေလးနဲ႔ေကာင္မေလးရဲ႕ သူငယ္ခ်င္းထက္ ပိုခ်င္ေနတဲ့စိတ္ေတြေၾကာင့္ ဘယ္လိုဆက္ျဖစ္မလဲဆိုတာကေတာ့…

The Patron Saint of Pigs ထဲမွာကေတာ့ Jeb ရဲ႕ရည္းစားေကာင္မေလးက သူတို႔ႏွစ္ေယာက္ျပတ္သြားလို႔ စိတ္ညစ္ေနတဲ့အေၾကာင္း ဖတ္ရမွာပါ။ ပထမအပုဒ္ထဲက Jeb တစ္ေယာက္ သူ႔ေကာင္မေလးကို ျပန္ဆက္သြယ္ႏိုင္မလား။ ေကာင္မေလးကေရာ Jeb ကို ျပန္လက္ခံပါ့မလား ေယာင္းတို႔ကိုယ္တိုင္ပဲ ရင္ခုန္ၾကည့္ၾကပါလို႔။

ကဲကဲ အက္ဒမင္ကေတာ့ ရံုးပိတ္ရက္အတြက္ ရိကၡာေပးၿပီးၿပီ။ ခ်စ္သူမရွိတဲ့ ေယာင္းတို႔ေတြအတြက္ကေတာ့ ခရစ္စမတ္မွာ ဒိတ္မရွိလဲ ဘာအေရးလဲေနာ္။ ဒီစာအုပ္ေလးေတြဖတ္ၿပီး ရင္ေတြတဝႀကီးခုန္ပစ္ေပါ့… ေနာ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Khine (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #ယောင်းတို့ရေ ရုံးပိတ်တော့မယ်နော်။ ဟဲဟဲ အက်ဒမင်တို့ရုံးက ၁၀ရက်တောင်ပိတ်မှာလို့ ကြွားပါရစေ။ ဒီ၁၀ရက်ကို သူများတွေလို ခရီးသွားဖို့ အခွင့်အရေးမပေးတဲ့သကာလ အိမ်မှာပဲ စာအုပ်ဖတ်ရင်း ကွေးမယ်လေ။ ရာသီဥတုကလဲ ကိုယ့်ဘက်ပါသကိုး။

ယောင်းတို့ထဲမှာရော ရှားရှားပါးပါး အားလပ်ချိန်လေးမှာ စာအုပ်ဖတ်မယ့်သူတွေပါလား။ ပါတယ်ဆိုရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို ချစ်စရာကောင်းတဲ့ ရာသီစာဆောင်းဇာတ်လမ်းချိုချိုလေးတွေကို အင်္ဂလိပ်လိုဖတ်ရင်း စာတွေတိုးရလေအောင် ဘာတွေဖတ်ရမလဲလို့ အက်ဒမင်က အကြံပေးဦးမှာ။ ဒီတစ်ခါတော့ ထူးထူးခြားခြားလေးလဲဖြစ် ဖတ်ရတာလဲလွယ်အောင် ဝတ္ထုတိုစုဆောင်းမှုကလေး နှစ်အုပ်အကြောင်း ပြောပြမယ်လို့။

၁) My True Love Gave To Me
    “Midnights” by Rainbow Rowell
    “The Lady and the Fox” by Kelly Link
    “Angels in the Snow” by Matt de la Peña
    “Polaris Is Where You’ll Find Me” by Jenny Han
    “It’s a Yuletide Miracle, Charlie Brown” by Stephanie Perkins.
    “Your Temporary Santa” by David Levithan.
    “Krampuslauf” by Holly Black.
    “What the Hell Have You Done, Sophie Roth?” by Gayle Forman.
    “Beer Buckets and Baby Jesus” by Myra McEntire
    “Welcome to Christmas, CA” by Kiersten White.
    “Star of Bethlehem” by Ally Carter.
    “The Girl Who Woke the Dreamer” by Laini Taylor.

ဒီစာအုပ်ထဲမှာတော့ ဝတ္ထုတို ၁၂ ပုဒ်ပါပါတယ်။ စာရေးဆရာတွေကလဲ ရှယ်တွေချည်းပဲနော်။ အက်ဒမင့်အကြိုက်ဆုံး Rainbow Rowell လဲပါတယ်။ If I Stay ရဲ့ဖန်တီးရှင် Gayle Forman လဲပါတယ်။ Confession of A Shopaholic ရေးတဲ့ Stephanie Perkins လဲပါတယ်။ အရမ်းတွေ ရိုတတ်တဲ့ Janny Han တို့ David Levithan တို့လဲပါတယ်။ Laini Taylor တို့ Holly Black တို့ဆို fantasy လို့ခေါ်တဲ့ ထူးထူးဆန်းဆန်းတွေ ရေးတဲ့နေရာမှာ နာမည်ကြီး။ ဒီစာအုပ်က တစ်ခုထူးခြားတာက အထဲမှာပါတဲ့ ဇာတ်လမ်းထဲက အတွဲလေးတွေကို အဖုံးမှာထည့်ဆွဲထားတာပါ။ အဖုံးကလူလေးတွေမှာ ဘယ်ဇာတ်ကောင်က ဘယ်သူဖြစ်မယ်ဆိုတာကိုတော့ ယောင်းတို့ကိုယ်တိုင်ပဲ ရှာကြည့်ကြပါတော့။

Rainbow Rowell ရဲ့ Midnights ဆိုတဲ့ ဝတ္ထုတိုကလေးက သူငယ်ချင်းလေးနှစ်ယောက် သူငယ်ချင်းကနေ ချစ်သူတွေဖြစ်သွားတဲ့အထိ new-year night ငါးနှစ်စာအကြောင်း ရေးထားတာပါ။ နှစ်ယောက်ကြားထဲက ရင်ဖိုစရာအဖြစ်အပျက်လေးတွေ၊ သဝန်တိုတာလေးတွေကို ဖတ်နေရတဲ့လူပါ လိုက်ရင်ခုန်ရလောက်အောင် အရေးအသားက အရမ်းကောင်းပါတယ်။ နောက်ဆုံးချစ်သူတွေဖြစ်သွားတော့ အကြင်နာပေးကြတဲ့အခါမှာ ဘာတွေဖြစ်မလဲလို့ကတော့ ကိုယ့်ဘာကိုယ်သာ ဖတ်ကြည့်ကြပါတော့လို့။

Laini Taylor ရဲ့ The Girl Who Woke the Dreamer ကျတော့တစ်မျိုး။ ကျွန်းငယ်လေးတစ်ကျွန်းမှာ ခရစ်စမတ်မတိုင်ခင် ၂၄ရက်တိုင်တိုင် ယောကျ်ားလေးတွေက မိန်းကလေးတွေအိမ်ရှေ့မှာ လက်ဆောင်ချထားတဲ့ ဓလေ့ရှိပါတယ်။ အဲ့လိုလက်ဆောင်လာချတဲ့သူကို မိန်းကလေးမကြိုက်ရင် ငြင်းလို့ရပါတယ်တဲ့ သဘောကျရင်တော့ လက်ထပ်ကြတယ်ပေါ့။ ကောင်မလေးတစ်ယောက်ခမျာတော့ သူမကြိုက်တဲ့လူတစ်ယောက် လက်ဆောင်ချတာကို ဘယ်လောက်ငြင်းငြင်း အဲ့လူက အတင်းပဲ လက်ဆောင်တွေဆက်ပေးနေတာ။ နောက်ဆုံးတော့ ကောင်မလေးက ဆုတောင်းတစ်ခုတောင်းလိုက်တဲ့အခါ သူ့ကံကြမ္မာဘယ်လိုပြောင်းသွားမလဲ။ သူကထူးထူးဆန်းဆန်း ရေးတတ်ပါတယ်လို့ပြောထားတယ်နော်။ ဖတ်ကြည့်လိုက်ရင် အရမ်းသဘောကျသွားလိမ့်မယ်။

၂) Let It Snow
    “The Jubilee Express” by Maureen Johnson
    ”A Cheertastic Christmas Miracle” by John Green
    “The Patron Saint of Pigs” by Lauren Myracle

ဒီစာအုပ်မှာတော့ ဝတ္ထုလတ် သုံးပုဒ်ပါပါတယ်။ သုံးယောက်လုံး နာမည်တွေရှိုးလိုက် နာမည်ကြီးတွေချည်း။ အဲ့ထဲကမှ John Green ဆို The fault in Our Stars နဲ့ ယောင်းတို့ကို မျက်ရည်ခြူထားတာနော်။ စိတ်မပူပါနဲ့ ဒီဇာတ်လမ်းလေးတွေကတော့ ချစ်စရာလေးတွေချည်း။ ဒီဇာတ်လမ်းသုံးခုက ထူးဆန်းတာက သူတို့ထဲက ဇာတ်ကောင်တွေက တစ်နည်းမဟုတ်တစ်နည်းနဲ့ ဆက်နွယ်နေကြတာပါ။
The Jubilee Express ထဲမှာဆို ရည်းစားကောင်လေးနောက် လိုက်လာတဲ့ကောင်မလေးက နှင်းတွေကျလွန်းလို့ ရထားကဆက်မသွားနိုင်ဘဲ ကဖေးတစ်ခုထဲ cheerleaders တွေနဲ့ ပိတ်မိနေတာ။ ပိတ်မိနေရင်း သူ့ကောင်မလေးကို ဆက်သွယ်လို့မရတဲ့ Jeb ဆိုတဲ့ကောင်လေးနဲ့တွေ့တယ်။ အဲ့ကမှ နောက်ကောင်လေးတစ်ယောက်က သူ့ကိုသနားသွားပြီး သူ့အိမ်မှာလိုက်နားဖို့ ဖိတ်ရာကနေ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဖတ်နိုင်ကြပါတယ်။

A Cheertastic Christmas Miracle ကတော့ ခုန cheerleaders တွေရှိတဲ့ ကဖေးထဲကို သူငယ်ချင်းသုံးယောက် ဝင်လာတာကနေစပါတယ်။ သူတို့သုံးယောက်ရဲ့ စွန့်စားခန်းကို ရင်ထိတ်သည်းဖိုဖတ်ရင်း သူတို့ထဲက ကောင်လေးနဲ့ကောင်မလေးရဲ့ သူငယ်ချင်းထက် ပိုချင်နေတဲ့စိတ်တွေကြောင့် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကတော့…

The Patron Saint of Pigs ထဲမှာကတော့ Jeb ရဲ့ရည်းစားကောင်မလေးက သူတို့နှစ်ယောက်ပြတ်သွားလို့ စိတ်ညစ်နေတဲ့အကြောင်း ဖတ်ရမှာပါ။ ပထမအပုဒ်ထဲက Jeb တစ်ယောက် သူ့ကောင်မလေးကို ပြန်ဆက်သွယ်နိုင်မလား။ ကောင်မလေးကရော Jeb ကို ပြန်လက်ခံပါ့မလား ယောင်းတို့ကိုယ်တိုင်ပဲ ရင်ခုန်ကြည့်ကြပါလို့။

ကဲကဲ အက်ဒမင်ကတော့ ရုံးပိတ်ရက်အတွက် ရိက္ခာပေးပြီးပြီ။ ချစ်သူမရှိတဲ့ ယောင်းတို့တွေအတွက်ကတော့ ခရစ်စမတ်မှာ ဒိတ်မရှိလဲ ဘာအရေးလဲနော်။ ဒီစာအုပ်လေးတွေဖတ်ပြီး ရင်တွေတဝကြီးခုန်ပစ်ပေါ့… နော့။

ဖိုးသူတော် (www.phothutaw.com)
Credit: Khine (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top