(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

တ႐ုတ္နိုင္ငံ ဟူေဘျပည္နယ္၊ ရွန္လင္းရွိ ရြာတစ္ရြာတြင္ အသက္(၉)ႏွစ္အရြယ္ “Tao” ဆိုသည့္ မိန္းကေလး ေပ်ာက္ဆုံးေနသည့္အတြက္ ဖခင္ျဖစ္သူနဲ႔ မိသားစုမ်ားက အနီးနားတစ္ဝိုက္ က်ယ္က်ယ္ျပန႔္ျပန႔္ လိုက္လံရွာေဖြေသာ္လည္း လုံးဝရွာမေတြ႕ေတာ့သည့္ အဆုံးတြင္ ရဲစခန္း၌ လူေပ်ာက္တိုင္ၾကား အမွုဖြင့္ခဲ့သည္။

ကေလးေပ်ာက္မွုကို ရဲမ်ားစတင္ စုံစမ္းရွာေဖြရာ သူတို႔ေနထိုင္ရာ အိမ္အနီး ေတာစပ္ခ်ဳံပုတ္ထဲတြင္ အသက္မဲ့ေနေသာ ကေလးအေလာင္းကို ေတြ႕ရွိခဲ့ၾကသည္။ ကေလးေသဆုံးမွုကို ဆက္လက္ စုံစမ္းခဲ့ရာ မ်က္ျမင္သက္ေသတစ္ဦး ထြက္ေပၚလာခဲ့သည္။

သက္ေသ၏ ထြက္ဆိုခ်က္အရ ကေလးေပ်ာက္ဆုံးခဲ့သည့္ေန႔က ေန႔လည္ပိုင္းတြင္ ကေလးကို ေပြ႕ခ်ီၿပီး အျဖဴေရာင္ကားတစ္စီးေပၚ တင္သြားခဲ့ေၾကာင္း ထြက္ဆိုခဲ့ၿပီး ကားနံပါတ္ျပားကိုပါ ေျပာျပခဲ့သည္။ ကားနံပါတ္ျပားကို ေျခရာခံစုံစမ္းခဲ့ရာ ေနာက္ဆုံးအမည္ “He” ဆိုေသာ အမ်ိဳးသားကို ေထာက္လွမ္းဖမ္းဆီးနိုင္ခဲ့သည္။

အမ်ိဳးသား၏ ထြက္ဆိုခ်က္အရ သူကားေမာင္းလာစဥ္ မထက္မွတ္ပဲကေလးကို တိုက္မိခဲ့ျခင္းျဖစ္ၿပီး ကေလးမွာ အသက္မေသေသးေသာ္လည္း ေဆး႐ုံတင္ပို႔ပါက ေဆးကုသစရိတ္နဲ႔ ေလ်ာ္ေၾကားမ်ားကို ေပးရမည္စိုးသျဖင့္ မည္သူမၽွမျမင္ခင္ ကေလးကို အဲဒီေနရာမွာတင္ လက္စေဖ်ာက္သတ္ခဲ့ၿပီး ကားေပၚတင္ကာ ခ်ဳံပုတ္ထဲ၌ ပစ္ထားခဲ့ေၾကာင္း ဝန္ခံခဲ့သည္။

တ႐ုတ္ျပည္တြင္ ယာဥ္တိုက္မွုေၾကာင့္ လူေသသည္ျဖစ္ေစ၊ ဒဏ္ရာရသည္ျဖစ္ေစ ေလ်ာ္ေၾကးအျဖစ္ ေဆးကုသစရိတ္ သို႔မဟုတ္ နစ္နာေၾကးကို ႏွစ္ဦးႏွစ္ဖက္ ညႇိႏွိုင္းျခင္း၊ တရား႐ုံးက သတ္မွတ္ျခင္းအေပၚတြင္ ယာဥ္ေမာင္းသူက ေပးေဆာင္ရသည္။

အမွုကိုတရား႐ုံးတြင္ ဆက္က္လက္ၾကားနာစစ္ေဆးလၽွက္ရွိၿပီး အသတ္ခံခဲ့ရေသာ မိန္းကေလးအတြက္ မၽွတေသာ ျပစ္ဒဏ္ခ်မွတ္ခံရမည္ဟု ေမၽွာ္လင့္မိပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
တရုတ်နိုင်ငံ ဟူဘေပြည်နယ်၊ ရှန်လင်းရှိ ရွာတစ်ရွာတွင် အသက်(၉)နှစ်အရွယ် “Tao” ဆိုသည့် မိန်းကလေး ပျောက်ဆုံးနေသည့်အတွက် ဖခင်ဖြစ်သူနဲ့ မိသားစုများက အနီးနားတစ်ဝိုက် ကျယ်ကျယ်ပြန့်ပြန့် လိုက်လံရှာဖွေသော်လည်း လုံးဝရှာမတွေ့တော့သည့် အဆုံးတွင် ရဲစခန်း၌ လူပျောက်တိုင်ကြား အမှုဖွင့်ခဲ့သည်။

ကလေးပျောက်မှုကို ရဲများစတင် စုံစမ်းရှာဖွေရာ သူတို့နေထိုင်ရာ အိမ်အနီး တောစပ်ချုံပုတ်ထဲတွင် အသက်မဲ့နေသော ကလေးအလောင်းကို တွေ့ရှိခဲ့ကြသည်။ ကလေးသေဆုံးမှုကို ဆက်လက် စုံစမ်းခဲ့ရာ မျက်မြင်သက်သေတစ်ဦး ထွက်ပေါ်လာခဲ့သည်။

သက်သေ၏ ထွက်ဆိုချက်အရ ကလေးပျောက်ဆုံးခဲ့သည့်နေ့က နေ့လည်ပိုင်းတွင် ကလေးကို ပွေ့ချီပြီး အဖြူရောင်ကားတစ်စီးပေါ် တင်သွားခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး ကားနံပါတ်ပြားကိုပါ ပြောပြခဲ့သည်။ ကားနံပါတ်ပြားကို ခြေရာခံစုံစမ်းခဲ့ရာ နောက်ဆုံးအမည် “He” ဆိုသော အမျိုးသားကို ထောက်လှမ်းဖမ်းဆီးနိုင်ခဲ့သည်။

အမျိုးသား၏ ထွက်ဆိုချက်အရ သူကားမောင်းလာစဉ် မထက်မှတ်ပဲကလေးကို တိုက်မိခဲ့ခြင်းဖြစ်ပြီး ကလေးမှာ အသက်မသေသေးသော်လည်း ဆေးရုံတင်ပို့ပါက ဆေးကုသစရိတ်နဲ့ လျော်ကြေားများကို ပေးရမည်စိုးသဖြင့် မည်သူမျှမမြင်ခင် ကလေးကို အဲဒီနေရာမှာတင် လက်စဖျောက်သတ်ခဲ့ပြီး ကားပေါ်တင်ကာ ချုံပုတ်ထဲ၌ ပစ်ထားခဲ့ကြောင်း ဝန်ခံခဲ့သည်။

တရုတ်ပြည်တွင် ယာဉ်တိုက်မှုကြောင့် လူသေသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ လျော်ကြေးအဖြစ် ဆေးကုသစရိတ် သို့မဟုတ် နစ်နာကြေးကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းခြင်း၊ တရားရုံးက သတ်မှတ်ခြင်းအပေါ်တွင် ယာဉ်မောင်းသူက ပေးဆောင်ရသည်။

အမှုကိုတရားရုံးတွင် ဆက်က်လက်ကြားနာစစ်ဆေးလျှက်ရှိပြီး အသတ်ခံခဲ့ရသော မိန်းကလေးအတွက် မျှတသော ပြစ်ဒဏ်ချမှတ်ခံရမည်ဟု မျှော်လင့်မိပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top