ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

တရုတ္ႏိုင္ငံတြင္ စုန္ရွင္လင္း ႏွင့္ Anhui ျပည္နယ္တြင္ေနထိုင္သူ သူ႔ဇနီး ခ်ဴိင္နာတို႔ လင္မယားဟာ လက္ထပ္ၿပီး ႏွစ္ေပါင္း ၈၀ ၾကာခဲ့ၿပီျဖစ္ေသာ္လည္း အမွတ္ရေစမဲ့ လက္ထပ္မဂၤလာေဆာင္ ဓာတ္ပံုတစ္ပံုေတာင္ မရိုက္ခဲ့ဘူးဖူးျဖစ္ေနတယ္လို႔ သိရသည္။

ဒီအသက္ ၈၀ စံုတြဲဟာ အိုမင္းျခင္းေၾကာင့္ အခက္အခဲရိွေသာ္လည္း ေန႔စဥ္မနက္တိုင္း ပံုမွန္လမ္းေလွ်ာက္ထြက္ၾကပါတယ္။ ေန႔တိုင္းနံနက္လမ္းေလွ်ာက္ထြက္ၿပီး မၾကာမီတစ္ခ်ိန္ခ်ိန္မွာ လမ္းေလွ်ာက္ရပ္ဖို႔ သူတို႔မွာ ရည္ရြယ္ခ်က္မရိွပါဘူး။

သူတို႔ႏွစ္ဦးရဲ႕ ဆယ္စုႏွစ္မ်ားစြာ ခိုင္ၿမဲစြာ တြဲဖက္မႈေတြအေပၚ လူအမ်ားက အားက်ခဲ့ပါေသာ္လည္း ရွင္လင္းကေတာ့ သူအေနနဲ႔ေနာင္တရခဲ့တာ တစ္ခုေတာ့ရိွပါတယ္။ ဘာရယ္လို႔ေတာ့ မဟုတ္ပါဘူး၊ သူနဲ႔သူ႔မိန္းမ လက္ထပ္ထားတဲ့ ဓာတ္ပံု မရိုက္ခဲ့တာပါဘဲ။

သူတို႔လက္ထပ္တဲ့အခ်ိန္တုန္းက မဂၤလာေဆာင္ဓာတ္ပံု လွလွေလးရိုက္ႏိုင္ဖို႔ေတာင္ ရွင္လင္းအေနျဖင့္ ေငြေၾကးမတတ္ႏိုင္ခဲ့ရွာပါဘူး။ သူ႔ရဲ႕ဒီလိုမ်ိဴးအေျခအေနေၾကာင့္ ဟင္းသီးဟင္းရြက္ သံုးမ်ဴိးျဖင့္သာ ပရိသတ္ေတြကို ဧည့္ခံႏိုင္ခဲ့ပါတယ္။

သူတို႕စံုတြဲရဲ႕အေၾကာင္းကို ၾကားသိလိုက္ရၿပီးေနာက္ပိုင္းေဒသခံမ်ားႏွင့္ အိမ္နီးနားခ်င္းမ်ားမွ ပူးေပါင္းၿပီး ရွင္လင္း၏အိပ္မက္စိတ္ကူးယာဥ္ေတြ အမွန္တစ္ကယ္ျဖစ္ေျမာက္ေစဖို႔ လုပ္ေပးခဲ့ၾကတာျဖစ္ပါတယ္။

အသက္ ၁၀၃ ႏွစ္ရိွၿပီျဖစ္ေသာ ၄င္းအဖိုးအိုမွ သူ႔ရဲ႕ဇနီးမွ ျဖဴေဖြးလွပေသာသတို႔သမီး၀တ္စံု ၀တ္ေနတာကို သူစေတြ႔တဲ့အခ်ိန္မွာ မ်က္ရည္က်တာကလႊဲၿပီး သူဘာမွမတတ္ႏိုင္ခဲ့ပါဘူး။

အခ်ိန္အနည္းငယ္ၾကာ မ်က္ရည္မ်ားႏွင ့္ယူႀကံဴးမရျဖစ္တဲ့ေနာက္ သဲသဲကြဲကြဲမၾကားလိုက္ရတဲ့အသံႏွင့္ အခုလိုေျပာလိုက္ပါတယ္။ “ ဒီႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ၿပီးေနာက္ သူမကိုငါပို၍ ပိုင္ဆိုင္ခဲ့တယ္။ ႏွစ္ေတြဘယ္ေလာက္ၾကာေညာင္းခဲ့ပါေစ၊ မင္းရဲ႕ပါးျပင္ေတြေပၚ အတြန္႔ေတြ အေကြ႔အေကာက္ေတြ ဘယ္ေလာက္မ်ားမ်ား ရိွပါေစ၊ မင္းရဲ႕လက္ေတြကို ငါၿမဲၿမဲဆုတ္ကိုင္ထားၿပီး အသက္ထပ္ဆံုးသည့္တိုင္ေအာင္ ဆက္ၿပီးအတူတူလမ္းေလွ်ာက္ၾကရေအာင္ေနာ္”

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nang May Ei (HtooDaily.com)

# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံတွင် စုန်ရှင်လင်း နှင့် Anhui ပြည်နယ်တွင်နေထိုင်သူ သူ့ဇနီး ချိူင်နာတို့ လင်မယားဟာ လက်ထပ်ပြီး နှစ်ပေါင်း ၈၀ ကြာခဲ့ပြီဖြစ်သော်လည်း အမှတ်ရစေမဲ့ လက်ထပ်မင်္ဂလာဆောင် ဓာတ်ပုံတစ်ပုံတောင် မရိုက်ခဲ့ဘူးဖူးဖြစ်နေတယ်လို့ သိရသည်။

ဒီအသက် ၈၀ စုံတွဲဟာ အိုမင်းခြင်းကြောင့် အခက်အခဲရှိသော်လည်း နေ့စဉ်မနက်တိုင်း ပုံမှန်လမ်းလျှောက်ထွက်ကြပါတယ်။ နေ့တိုင်းနံနက်လမ်းလျှောက်ထွက်ပြီး မကြာမီတစ်ချိန်ချိန်မှာ လမ်းလျှောက်ရပ်ဖို့ သူတို့မှာ ရည်ရွယ်ချက်မရှိပါဘူး။

သူတို့နှစ်ဦးရဲ့ ဆယ်စုနှစ်များစွာ ခိုင်မြဲစွာ တွဲဖက်မှုတွေအပေါ် လူအများက အားကျခဲ့ပါသော်လည်း ရှင်လင်းကတော့ သူအနေနဲ့နောင်တရခဲ့တာ တစ်ခုတော့ရှိပါတယ်။ ဘာရယ်လို့တော့ မဟုတ်ပါဘူး၊ သူနဲ့သူ့မိန်းမ လက်ထပ်ထားတဲ့ ဓာတ်ပုံ မရိုက်ခဲ့တာပါဘဲ။

သူတို့လက်ထပ်တဲ့အချိန်တုန်းက မင်္ဂလာဆောင်ဓာတ်ပုံ လှလှလေးရိုက်နိုင်ဖို့တောင် ရှင်လင်းအနေဖြင့် ငွေကြေးမတတ်နိုင်ခဲ့ရှာပါဘူး။ သူ့ရဲ့ဒီလိုမျိူးအခြေအနေကြောင့် ဟင်းသီးဟင်းရွက် သုံးမျိူးဖြင့်သာ ပရိသတ်တွေကို ဧည့်ခံနိုင်ခဲ့ပါတယ်။

သူတို့စုံတွဲရဲ့အကြောင်းကို ကြားသိလိုက်ရပြီးနောက်ပိုင်းဒေသခံများနှင့် အိမ်နီးနားချင်းများမှ ပူးပေါင်းပြီး ရှင်လင်း၏အိပ်မက်စိတ်ကူးယာဉ်တွေ အမှန်တစ်ကယ်ဖြစ်မြောက်စေဖို့ လုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

အသက် ၁၀၃ နှစ်ရှိပြီဖြစ်သော ၎င်းအဖိုးအိုမှ သူ့ရဲ့ဇနီးမှ ဖြူဖွေးလှပသောသတို့သမီးဝတ်စုံ ဝတ်နေတာကို သူစတွေ့တဲ့အချိန်မှာ မျက်ရည်ကျတာကလွှဲပြီး သူဘာမှမတတ်နိုင်ခဲ့ပါဘူး။

အချိန်အနည်းငယ်ကြာ မျက်ရည်များနှင့်ယူကြူံးမရဖြစ်တဲ့နောက် သဲသဲကွဲကွဲမကြားလိုက်ရတဲ့အသံနှင့် အခုလိုပြောလိုက်ပါတယ်။ “ ဒီနှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် သူမကိုငါပို၍ ပိုင်ဆိုင်ခဲ့တယ်။ နှစ်တွေဘယ်လောက်ကြာညောင်းခဲ့ပါစေ၊ မင်းရဲ့ပါးပြင်တွေပေါ် အတွန့်တွေ အကွေ့အကောက်တွေ ဘယ်လောက်များများ ရှိပါစေ၊ မင်းရဲ့လက်တွေကို ငါမြဲမြဲဆုတ်ကိုင်ထားပြီး အသက်ထပ်ဆုံးသည့်တိုင်အောင် ဆက်ပြီးအတူတူလမ်းလျှောက်ကြရအောင်နော်”

ဖိုးသူတော် (www.phothutaw.com)
Credit: Nang May Ei (HtooDaily.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top