×
#Unicode Version#
အသတ်ခံထားရသောအမျိုးသမီး အလောင်း ကျောက်မဲမြို့တွင်တွေ့ရှိ။
ရှမ်းမြောက် ကျောက်မဲမြို့
ယနေ့မနက်အစောပိုင်းက ကျောက်မဲမြို့အမှတ်၈ ရပ်ကွက် နယ်မြေ၄ အင်ကြင်းတောင် ပါရမီလမ်း ရှိနေအိမ်တအိမ်၏ အိမ်သာထဲတွင် ပါးစပ်အတွင်းလက်အိတ်တစ်စုံထိုးသွင်း၍
ဦးခေါင်းနောက်စေ့အားရိုက်နှက်ခံရရာမှရရှိထားသောဖူးယောင်ဒဏ်ရာ မျက်နှာအညိုမဲစွဲသွေးထွက်ဒဏ်ရာများနှင့် သေဆုံးနေသော အမျိုးသမီးအလောင်းတလောင်းတွေ့ရှိခဲ့သည်။
၎င်းအလောင်းမှာ (ဘ)——-၏သမီး အသက်၅၅နှစ်ရှိဒေါ်အေးဦးဆိုသူဖြစ်ပြီး သေဆုံးသူ၏နေအိမ်အိပ်ခန်း အတွင်းရှိသေတ္တာသော့အားဖျက်စီးထား သော်လည်း အတွင်းရှိရွှေလက်စွတ်၃ကွင်းငွေသားသိန်း ၄၀အား ယူဆောင်သွားခြင်းမရှိပေ။
အလောင်းအား ဇီဝီတအသင်းမှဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ကျောက်မဲမြို့မရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်ဆောင်ရွက်လျှက်ရှိသည်။ှ
ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top