ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရန္ကုန္တကၠသိုလ္ ပရ ၀ဏ္အတြင္း ဘဲြ႕ႏွင္းသဘင္အ ခမ္းအနား က်င္းပသည့္ရက္မ်ား တြင္ ဒ႐ုန္း၊ စီးပြားျဖစ္ကင္မရာ၊ မီးထိုး၊ မွန္ထိုးေရာင္ျပန္ႀကီးမ်ား၊ Soft Box မီးမ်ားသုံးကာ စီးပြား ျဖစ္ဓာတ္ပုံမ႐ုိက္ကူးရန္ တကၠ သိုလ္စီမံခန္႔ခဲြေရးအဖဲြ႕က သတိ ေပးေၾကညာထားသည္။

အဆုိပါ သတိေပးခ်က္ပါ ဗီႏုိင္းမ်ားကို ရန္ကုန္တကၠသိုလ္ ပရ၀ဏ္အတြင္း ခ်ိတ္ဆဲြထားၿပီးမလုိက္နာပါက ပစၥည္းသိမ္းၿပီးဒဏ္ေငြ က်ပ္တစ္သိန္းေပးေဆာင္ ရမည္ဟု ေၾကညာထားသည္။

‘‘ေက်ာင္းက ထုတ္ထားတဲ့ သတိေပးခ်က္ပါ။ ဒ႐ုန္းကေတာ့ ရန္ကုန္တကၠသိုလ္ထဲမွာ ဘယ္သူ မွ ႐ိုက္ခြင့္မရွိပါဘူး။ အဲဒါကိုသိ ေအာင္ ထုတ္ထားတယ္။ စီးပြား ျဖစ္ကင္မရာေတြနဲ႔ ဓာတ္ပုံ႐ုိက္ ကူးတာကေတာ့ ဒီအခမ္းအနား ရက္အတြက္ ဘဲြ႕ႏွင္းသဘင္ျပင္ပ ဓာတ္ပုံတင္ဒါေအာင္တဲ့ ကုမၸဏီ က စာခ်ဳပ္ခ်ဳပ္ထားတာျဖစ္ဖို႔ တျခားသူေတြအေနနဲ႔ စီးပြားျဖစ္ ႐ိုက္ကူးတာမ်ဳိးလုပ္လို႔ မရဘူး။ ဒါကိုလည္း သတိေပးခ်က္မွာ ထည့္ထားတာေပါ့’’ဟု ရန္ကုန္ တကၠသုိလ္ စီမံဘ႑ာဌာနမွဴး ေဒၚေဆြေဆြေအာင္က ေျပာသည္။


သတိေပးခ်က္အရ ဘဲြ႕ႏွင္း သဘင္ရက္မ်ားအတြင္း ရန္ကုန္ တကၠသိုလ္ပရ၀ဏ္တြင္ မိသားစု ေအာ္တိုကင္မရာမ်ား၊ ဖုန္းကင္မ ရာမ်ားျဖင့္သာ ဓာတ္ပုံ႐ုိက္ကူး ခြင့္ရမည္ ျဖစ္သည္။

‘‘အခုဗီႏုိင္းေတြက ကုမၸဏီ ဘက္က ထုတ္တဲ့စာမဟုတ္ပါ ဘူး။ သူတို႔ဒီလုိစာထုတ္ခြင့္ မရွိ ဘူး။ အရင္တစ္ခါ စာေတြေ၀တာ ကိုလည္း မလုပ္ဖို႔ေျပာထား တယ္။ ေငြလည္း သူတုိ႔လုံး၀ ေကာက္ခြင့္မရွိဘူး’’ ဟု ေဒၚေဆြ ေဆြေအာင္က ဆုိသည္။

ဘဲြ႕ႏွင္းသဘင္အခမ္းအနား ရက္မ်ားတြင္ ခန္းမျပင္ပ(ရန္ကုန္ တကၠသိုလ္၀င္းအတြင္း) ဓာတ္ပုံ ႐ိုက္ကူးမႈႏွင့္ပတ္သက္သည့္ စည္းကမ္းခ်က္မ်ား ပါ၀င္သည့္ စာရြက္ကိုဓာတ္ပုံ႐ုိက္ကာ လူမႈ ကြန္ရက္သုံးစဲြသူတစ္ဦးက ႏုိ၀င္ ဘာ ၁၆ ရက္က ျဖန္႔ေ၀ခဲ့သည္။ ဖုန္းကင္မရာမ်ား၊ မိသားစုေအာ္ တို ကင္မရာအေသးမ်ား အခြန္ ေပးေဆာင္ရန္ မလိုေၾကာင္း၊ မိ သားစုကင္မရာအလုံးႀကီးမ်ား အခြန္ငါးေထာင္က်ပ္ေပးေဆာင္ ၿပီး မိမိ မိသားစုကိုသာ ႐ုိက္ကူး ရမည္ျဖစ္ေၾကာင္း၊ စီးပြားျဖစ္ ကင္မရာအလုံးႀကီးမ်ား၊ ထီးႀကီး မ်ား၊ Soft Box ထီးမီးႀကီးမ်ား ၊ မီးတန္းႀကီးမ်ားျဖင့္ ႐ိုက္ကူးခြင့္ မျပဳေၾကာင္း အဆုိပါ စာတြင္ေရး သားထားသည္။

ယင္းစာရြက္ကို ဓာတ္ပုံ ႐ုိက္ကူးခြင့္ တင္ဒါေအာင္ကုမၸဏီ က ရန္ကုန္တကၠသိုလ္အမည္သုံး ကာ ေရးသားခဲ့ျခင္းေၾကာင့္ ကုမၸ ဏီတာ၀န္ရွိသူကို ရန္ကုန္တကၠ သိုလ္ တာ၀န္ရွိသူမ်ားက ေခၚယူ ေတြ႕ဆုံခဲ့ၿပီး ယင္းသို႔စာေရးသား ျခင္း မျပဳရန္ႏွင့္ ကင္မရာခြန္ မေကာက္ခံရန္ ေျပာၾကားခဲ့သည္။

သို႔ေသာ္ ဒီဇင္ဘာ ၇ ရက္ ဘဲြ႕ႏွင္းသဘင္အခမ္းအနားတြင္ ခန္းမအျပင္ဘက္ ဓာတ္ပုံ႐ုိက္ကူး ရန္ Member Card ဟူသည့္ ကတ္ျပားေပးကာ Member ေၾကးငါးေထာင္က်ပ္ လုိက္လံေကာက္ခံမႈမ်ားရွိေၾကာင္း ကုိုယ္တုိင္ႀကံဳေတြ႕ခဲ့ရသူတစ္ဦးက ဆုိသည္။

‘‘ဒီေန႔ဓာတ္ပုံ႐ုိက္ေနတုန္း အဲဒီကုမၸဏီဘက္က Member Card ဆိုၿပီး ကတ္ျပားတစ္ခု လာ ေပးတယ္။ Member ေၾကး ငါး ေထာင္ေပးလုိက္ၿပီးေတာ့ ထီး ေတြ၊ Soft Box ေတြနဲ႔ ႐ိုက္လို႔မရ ဘူးဆုိေတာ့ သိမ္းလုိက္ရတယ္။ အခြန္မေပးရဘူးဆုိတာ သတင္း မွာ ဖတ္ရေပမယ့္ ေပးဆုိလည္း ေပးမယ္။ ဒါေပမဲ့ ထီးေတြ၊ Soft Box ေတြ မသုံးရဘူးဆိုတာေတာ့ အဆင္မေျပဘူး’’ဟု ရန္ကုန္တကၠ သုိလ္ပရ၀ဏ္တြင္ ဘဲြ႕ႏွင္းသဘင္ ရက္မ်ားအတြင္း ဓာတ္ပုံ႐ုိက္ကူး ေလ့ရွိသူတစ္ဦး ကေျပာသည္။

ဘဲြ႕ႏွင္းသဘင္အခမ္းအနား က်င္းပေသာရက္မ်ားတြင္ ခန္းမ အျပင္ဘက္ ဓာတ္ပုံ႐ုိက္ကူးခြင့္ ကို ရန္ကုန္တကၠသိုလ္ႏွင့္ အဆင့္ ျမင့္ပညာဦးစီးဌာန တာ၀န္ရွိသူ မ်ားပါ၀င္ေသာ တင္ဒါစိစစ္ေရး အဖဲြ႕က တစ္ႏွစ္လွ်င္ တစ္ႀကိမ္ တင္ဒါေခၚယူၿပီး တင္ဒါေအာင္ ျမင္ေသာ ကုမၸဏီကိုလုပ္ပိုင္ခြင့္ ျပဳထားသည္။ ခန္းမအတြင္းဘက္ အခမ္းအနားက်င္းပစဥ္ ဓာတ္ပုံ ႐ုိက္ကူးခြင့္ကို ဘဲြ႕ႏွင္းသဘင္ အခမ္းအနားက်င္းပေသာ တကၠ သိုလ္အလုိက္ တင္ဒါေရြးခ်ယ္ ေၾကာင္း ၎ကဆုိသည္။

ဘဲြ႕ႏွင္းသဘင္အခမ္းအနား မရွိသည့္ရက္မ်ားတြင္ ဒ႐ုန္းမွ လဲြ၍ အျခားကင္မရာအမ်ဳိးအစား မ်ား အသုံးျပဳ႐ုိက္ကူးႏုိင္သည္ဟု ဆုိသည္။

ယခုႏွစ္တြင္ ဓာတ္ပုံ႐ုိက္ကူး ခြင့္ တင္ဒါရရွိထားေသာ သိဂႌေရႊ ရည္ကုမၸဏီသည္ ရန္ကုန္တကၠ သိုလ္ဘဲြ႕ႏွင္းသဘင္အခမ္းအနား မ်ား၌ ဓာတ္ပုံ႐ုိက္ကူးခြင့္ရရွိသည္မွာ ႏွစ္ ၂၀ ေက်ာ္ရွိေနၿပီး ဒဂုံတကၠသိုလ္တြင္လည္း ႐ိုက္ကူးခြင့္ရရွိထားသည္။

 ရန္ကုန္တကၠသိုလ္ ဘဲြ႕ႏွင္း သဘင္ခန္းမတြင္ ရန္ကုန္တုိင္း ေဒသႀကီးရွိ ဘဲြ႕ႏွင္းသဘင္အ ေဆာက္အအုံမရွိသည့္ တကၠသိုလ္၊ဒီဂရီေကာလိပ္မ်ား၏ ဘဲြ႕ ႏွင္းသဘင္မ်ား က်င္းပေလ့ရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ရန်ကုန်တက္ကသိုလ် ပရ ဝဏ်အတွင်း ဘွဲ့နှင်းသဘင်အ ခမ်းအနား ကျင်းပသည့်ရက်များ တွင် ဒရုန်း၊ စီးပွားဖြစ်ကင်မရာ၊ မီးထိုး၊ မှန်ထိုးရောင်ပြန်ကြီးများ၊ Soft Box မီးများသုံးကာ စီးပွား ဖြစ်ဓာတ်ပုံမရိုက်ကူးရန် တက္က သိုလ်စီမံခန့်ခွဲရေးအဖွဲ့က သတိ ပေးကြေညာထားသည်။

အဆိုပါ သတိပေးချက်ပါ ဗီနိုင်းများကို ရန်ကုန်တက္ကသိုလ် ပရဝဏ်အတွင်း ချိတ်ဆွဲထားပြီးမလိုက်နာပါက ပစ္စည်းသိမ်းပြီးဒဏ်ငွေ ကျပ်တစ်သိန်းပေးဆောင် ရမည်ဟု ကြေညာထားသည်။

‘‘ကျောင်းက ထုတ်ထားတဲ့ သတိပေးချက်ပါ။ ဒရုန်းကတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ ဘယ်သူ မှ ရိုက်ခွင့်မရှိပါဘူး။ အဲဒါကိုသိ အောင် ထုတ်ထားတယ်။ စီးပွား ဖြစ်ကင်မရာတွေနဲ့ ဓာတ်ပုံရိုက် ကူးတာကတော့ ဒီအခမ်းအနား ရက်အတွက် ဘွဲ့နှင်းသဘင်ပြင်ပ ဓာတ်ပုံတင်ဒါအောင်တဲ့ ကုမ္ပဏီ က စာချုပ်ချုပ်ထားတာဖြစ်ဖို့ တခြားသူတွေအနေနဲ့ စီးပွားဖြစ် ရိုက်ကူးတာမျိုးလုပ်လို့ မရဘူး။ ဒါကိုလည်း သတိပေးချက်မှာ ထည့်ထားတာပေါ့’’ဟု ရန်ကုန် တက္ကသိုလ် စီမံဘဏ္ဍာဌာနမှူး ဒေါ်ဆွေဆွေအောင်က ပြောသည်။


သတိပေးချက်အရ ဘွဲ့နှင်း သဘင်ရက်များအတွင်း ရန်ကုန် တက္ကသိုလ်ပရဝဏ်တွင် မိသားစု အော်တိုကင်မရာများ၊ ဖုန်းကင်မ ရာများဖြင့်သာ ဓာတ်ပုံရိုက်ကူး ခွင့်ရမည် ဖြစ်သည်။

‘‘အခုဗီနိုင်းတွေက ကုမ္ပဏီ ဘက်က ထုတ်တဲ့စာမဟုတ်ပါ ဘူး။ သူတို့ဒီလိုစာထုတ်ခွင့် မရှိ ဘူး။ အရင်တစ်ခါ စာတွေဝေတာ ကိုလည်း မလုပ်ဖို့ပြောထား တယ်။ ငွေလည်း သူတို့လုံး၀ ကောက်ခွင့်မရှိဘူး’’ ဟု ဒေါ်ဆွေ ဆွေအောင်က ဆိုသည်။

ဘွဲ့နှင်းသဘင်အခမ်းအနား ရက်များတွင် ခန်းမပြင်ပ(ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း) ဓာတ်ပုံ ရိုက်ကူးမှုနှင့်ပတ်သက်သည့် စည်းကမ်းချက်များ ပါဝင်သည့် စာရွက်ကိုဓာတ်ပုံရိုက်ကာ လူမှု ကွန်ရက်သုံးစွဲသူတစ်ဦးက နိုဝင် ဘာ ၁၆ ရက်က ဖြန့်ဝေခဲ့သည်။ ဖုန်းကင်မရာများ၊ မိသားစုအော် တို ကင်မရာအသေးများ အခွန် ပေးဆောင်ရန် မလိုကြောင်း၊ မိ သားစုကင်မရာအလုံးကြီးများ အခွန်ငါးထောင်ကျပ်ပေးဆောင် ပြီး မိမိ မိသားစုကိုသာ ရိုက်ကူး ရမည်ဖြစ်ကြောင်း၊ စီးပွားဖြစ် ကင်မရာအလုံးကြီးများ၊ ထီးကြီး များ၊ Soft Box ထီးမီးကြီးများ ၊ မီးတန်းကြီးများဖြင့် ရိုက်ကူးခွင့် မပြုကြောင်း အဆိုပါ စာတွင်ရေး သားထားသည်။

ယင်းစာရွက်ကို ဓာတ်ပုံ ရိုက်ကူးခွင့် တင်ဒါအောင်ကုမ္ပဏီ က ရန်ကုန်တက္ကသိုလ်အမည်သုံး ကာ ရေးသားခဲ့ခြင်းကြောင့် ကုမ္ပ ဏီတာဝန်ရှိသူကို ရန်ကုန်တက္က သိုလ် တာဝန်ရှိသူများက ခေါ်ယူ တွေ့ဆုံခဲ့ပြီး ယင်းသို့စာရေးသား ခြင်း မပြုရန်နှင့် ကင်မရာခွန် မကောက်ခံရန် ပြောကြားခဲ့သည်။

သို့သော် ဒီဇင်ဘာ ၇ ရက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ခန်းမအပြင်ဘက် ဓာတ်ပုံရိုက်ကူး ရန် Member Card ဟူသည့် ကတ်ပြားပေးကာ Member ကြေးငါးထောင်ကျပ် လိုက်လံကောက်ခံမှုများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုသည်။

‘‘ဒီနေ့ဓာတ်ပုံရိုက်နေတုန်း အဲဒီကုမ္ပဏီဘက်က Member Card ဆိုပြီး ကတ်ပြားတစ်ခု လာ ပေးတယ်။ Member ကြေး ငါး ထောင်ပေးလိုက်ပြီးတော့ ထီး တွေ၊ Soft Box တွေနဲ့ ရိုက်လို့မရ ဘူးဆိုတော့ သိမ်းလိုက်ရတယ်။ အခွန်မပေးရဘူးဆိုတာ သတင်း မှာ ဖတ်ရပေမယ့် ပေးဆိုလည်း ပေးမယ်။ ဒါပေမဲ့ ထီးတွေ၊ Soft Box တွေ မသုံးရဘူးဆိုတာတော့ အဆင်မပြေဘူး’’ဟု ရန်ကုန်တက္က သိုလ်ပရဝဏ်တွင် ဘွဲ့နှင်းသဘင် ရက်များအတွင်း ဓာတ်ပုံရိုက်ကူး လေ့ရှိသူတစ်ဦး ကပြောသည်။

ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပသောရက်များတွင် ခန်းမ အပြင်ဘက် ဓာတ်ပုံရိုက်ကူးခွင့် ကို ရန်ကုန်တက္ကသိုလ်နှင့် အဆင့် မြင့်ပညာဦးစီးဌာန တာဝန်ရှိသူ များပါဝင်သော တင်ဒါစိစစ်ရေး အဖွဲ့က တစ်နှစ်လျှင် တစ်ကြိမ် တင်ဒါခေါ်ယူပြီး တင်ဒါအောင် မြင်သော ကုမ္ပဏီကိုလုပ်ပိုင်ခွင့် ပြုထားသည်။ ခန်းမအတွင်းဘက် အခမ်းအနားကျင်းပစဉ် ဓာတ်ပုံ ရိုက်ကူးခွင့်ကို ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပသော တက္က သိုလ်အလိုက် တင်ဒါရွေးချယ် ကြောင်း ၎င်းကဆိုသည်။

ဘွဲ့နှင်းသဘင်အခမ်းအနား မရှိသည့်ရက်များတွင် ဒရုန်းမှ လွဲ၍ အခြားကင်မရာအမျိုးအစား များ အသုံးပြုရိုက်ကူးနိုင်သည်ဟု ဆိုသည်။

ယခုနှစ်တွင် ဓာတ်ပုံရိုက်ကူး ခွင့် တင်ဒါရရှိထားသော သိင်္ဂီရွှေ ရည်ကုမ္ပဏီသည် ရန်ကုန်တက္က သိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား များ၌ ဓာတ်ပုံရိုက်ကူးခွင့်ရရှိသည်မှာ နှစ် ၂၀ ကျော်ရှိနေပြီး ဒဂုံတက္ကသိုလ်တွင်လည်း ရိုက်ကူးခွင့်ရရှိထားသည်။

 ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီးရှိ ဘွဲ့နှင်းသဘင်အ ဆောက်အအုံမရှိသည့် တက္ကသိုလ်၊ဒီဂရီကောလိပ်များ၏ ဘွဲ့ နှင်းသဘင်များ ကျင်းပလေ့ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top