န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

လိပ္ေခါင္းေရာဂါဆိုတာဟာ ဝမ္းခ်ဳပ္တဲ့အခါမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ေရာဂါတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ စအိုနဲ႔ စအိုဝမွာရွိတဲ့ ေသြးျပန္ေၾကာေလးေတြ ေဖာင္းတက္လာၿပီး နာက်င္မႈဒဏ္ကို ခံစားရတဲ့ ေဝဒနာတစ္မ်ိဳးပါ။ ဝမ္းသြားတဲ့အခါမွာ ေသြးေၾကာဖုေတြက ဝင္လုိက္ထြက္လိုက္ ျဖစ္ေနလုိ႔ လိပ္ေခါင္းလို႔ ေခၚတာပါ။ လိပ္ေခါင္းေရာဂါကေတာ့ အျပင္လိပ္ေခါင္းနဲ႔ အတြင္းလိပ္ေခါင္းဆိုၿပီး ႏွစ္မ်ိဳး ရွိပါတယ္။ အျပင္လိပ္ေခါင္းဆိုတာကေတာ့ စအိုဝမွာ ေရာင္ရမ္းေနတတ္ၿပီး ယားယံျခင္းနဲ႔ နာက်င္မႈမ်ိဳး ခံစားရတတ္ပါတယ္။ အတြင္းလိပ္ေခါင္းကေတာ့ နာက်င္ျခင္းမရွိဘဲ တခါတရံဆိုရင္ ကိုယ္တုိင္ေတာင္ သတိမထားမိၾကပါဘူး။ ဘယ္လိုလိပ္ေခါင္းပဲ ျဖစ္ျဖစ္ မကုသဘဲ ထားမယ္ဆိုရင္ စအိုအျပင္ဘက္ကို ဖူးေရာင္လာတတ္ၿပီး ေနာက္ဆက္တြဲ က်န္းမာေရးျပႆာနာမ်ား ဆက္ တုိက္ျဖစ္ aပၚလာႏုိင္ပါတယ္။ အထူးသျဖင့္ လိပ္ေခါင္းထိပ္ ပုပ္သြားျခင္း၊ ေသြးလည္ပတ္မႈ နည္းသြားျခင္းနဲ႔ ခႏၶာကိုယ္တြင္းကို ပိုးမႊားမ်ား ဝင္ေရာက္သြားႏုိင္တဲ့အတြက္ လ်စ္လ်ဴရႈ မထားသင့္တဲ့ ေရာဂါပါပဲ။

လိပ္ေခါင္းျဖစ္ရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းမ်ားကေတာ့…

(၁) ဝမ္းခ်ဳပ္ျခင္း

(၂) မၾကာခဏ ဝမ္းခ်ဳပ္ျခင္း

(၃) ဝမ္းသြားရ ခက္ခဲျခင္း

(၄) အထိုင္မ်ားျခင္း၊ အေညာင္းမိျခင္း

(၅) အဝလြန္ျခင္း

(၆) အရက္အလြန္အကၽြံေသာက္သံုးျခင္း

(၇) အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါခံစားေနရသူမ်ားက ပိုၿပီးအျဖစ္မ်ားပါတယ္။

လိပ္ေခါင္းေရာဂါလကၡဏာမ်ားကေတာ့ …

(၁) ဝမ္းသြားတဲ့အခါတုိင္း ေသြးစမ်ားပါလာျခင္း

(၂) ဝမ္းသြားၿပီးရင္လည္း ေသြးစမ်ား တစ္စက္တစ္စက္က်ျခင္း

(၃) စအိုဝနာက်င္ျခင္း၊ ယားယံျခင္း

(၄) အားအင္ကုန္ခမ္းလာျခင္း

(၅) ေသြးအားနည္းလာျခင္း

(၆) ဝမ္းသြားတုိင္း ေမာပန္းေနျခင္း၊ အားစိုက္ထုတ္ေနရျခင္း

ဒီလို လကၡဏာေတြ ျဖစ္လာၿပီဆိုရင္ေတာ့ ဝမ္းခ်ဳပ္မခံပါနဲ႔။ ဝမ္းမခ်ဳပ္ေအာင္ အထူးဂရုစိုက္ဖုိ႔ လိုပါတယ္။ လိုအပ္ရင္ ဝမ္းႏႈတ္ေဆးေသာက္သံုးတာမ်ိဳး ျပဳလုပ္နုိင္ပါတယ္။ ဝမ္းႏႈတ္ေဆး မေသာက္သံုး ခ်င္ဘူးဆိုရင္ေတာ့ ဝမ္းေပ်ာ့ေစတဲ့ အစားအစာေတြျဖစ္တဲ့ ငွက္ေပ်ာသီး၊ ဒိန္ခ်ဥ္ ေသာက္သံုးေပးပါ။ ေရမ်ားမ်ားေသာက္သံုးၿပီး အပူ၊ အစပ္အစားအစာမ်ားနဲ႔ ဝမ္းခ်ဳပ္ေစတဲ့ အစား အစာမ်ားကို ေခတၱေရွာင္ၾကဥ္ဖို႔ လိုပါတယ္။ လိပ္ေခါင္းျဖစ္တာကို သိလွ်င္သိျခင္း အျမန္ဆံုး ကုသဖို႔ သင့္ပါတယ္။ ရက္ၾကာရွည္စြာ လိပ္ေခါင္းေရာဂါခံစားေနရတယ္ ဆိုရင္ေတာ့ ကင္ဆာ ေရာဂါျဖစ္ႏုိင္တဲ့အတြက္ ဆရာဝန္နဲ႔ ေသခ်ာျပသဖို႔ အႀကံျပဳခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
လိပ်ခေါင်းရောဂါဆိုတာဟာ ဝမ်းချုပ်တဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ စအိုနဲ့ စအိုဝမှာရှိတဲ့ သွေးပြန်ကြောလေးတွေ ဖောင်းတက်လာပြီး နာကျင်မှုဒဏ်ကို ခံစားရတဲ့ ဝေဒနာတစ်မျိုးပါ။ ဝမ်းသွားတဲ့အခါမှာ သွေးကြောဖုတွေက ဝင်လိုက်ထွက်လိုက် ဖြစ်နေလို့ လိပ်ခေါင်းလို့ ခေါ်တာပါ။ လိပ်ခေါင်းရောဂါကတော့ အပြင်လိပ်ခေါင်းနဲ့ အတွင်းလိပ်ခေါင်းဆိုပြီး နှစ်မျိုး ရှိပါတယ်။ အပြင်လိပ်ခေါင်းဆိုတာကတော့ စအိုဝမှာ ရောင်ရမ်းနေတတ်ပြီး ယားယံခြင်းနဲ့ နာကျင်မှုမျိုး ခံစားရတတ်ပါတယ်။ အတွင်းလိပ်ခေါင်းကတော့ နာကျင်ခြင်းမရှိဘဲ တခါတရံဆိုရင် ကိုယ်တိုင်တောင် သတိမထားမိကြပါဘူး။ ဘယ်လိုလိပ်ခေါင်းပဲ ဖြစ်ဖြစ် မကုသဘဲ ထားမယ်ဆိုရင် စအိုအပြင်ဘက်ကို ဖူးရောင်လာတတ်ပြီး နောက်ဆက်တွဲ ကျန်းမာရေးပြဿာနာများ ဆက် တိုက်ဖြစ် aပါ်လာနိုင်ပါတယ်။ အထူးသဖြင့် လိပ်ခေါင်းထိပ် ပုပ်သွားခြင်း၊ သွေးလည်ပတ်မှု နည်းသွားခြင်းနဲ့ ခန္ဓာကိုယ်တွင်းကို ပိုးမွှားများ ဝင်ရောက်သွားနိုင်တဲ့အတွက် လျစ်လျူရှု မထားသင့်တဲ့ ရောဂါပါပဲ။

လိပ်ခေါင်းဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းများကတော့…

(၁) ဝမ်းချုပ်ခြင်း

(၂) မကြာခဏ ဝမ်းချုပ်ခြင်း

(၃) ဝမ်းသွားရ ခက်ခဲခြင်း

(၄) အထိုင်များခြင်း၊ အညောင်းမိခြင်း

(၅) အဝလွန်ခြင်း

(၆) အရက်အလွန်အကျွံသောက်သုံးခြင်း

(၇) အူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရသူများက ပိုပြီးအဖြစ်များပါတယ်။

လိပ်ခေါင်းရောဂါလက္ခဏာများကတော့ …

(၁) ဝမ်းသွားတဲ့အခါတိုင်း သွေးစများပါလာခြင်း

(၂) ဝမ်းသွားပြီးရင်လည်း သွေးစများ တစ်စက်တစ်စက်ကျခြင်း

(၃) စအိုဝနာကျင်ခြင်း၊ ယားယံခြင်း

(၄) အားအင်ကုန်ခမ်းလာခြင်း

(၅) သွေးအားနည်းလာခြင်း

(၆) ဝမ်းသွားတိုင်း မောပန်းနေခြင်း၊ အားစိုက်ထုတ်နေရခြင်း

ဒီလို လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ဝမ်းချုပ်မခံပါနဲ့။ ဝမ်းမချုပ်အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ လိုအပ်ရင် ဝမ်းနှုတ်ဆေးသောက်သုံးတာမျိုး ပြုလုပ်နိုင်ပါတယ်။ ဝမ်းနှုတ်ဆေး မသောက်သုံး ချင်ဘူးဆိုရင်တော့ ဝမ်းပျော့စေတဲ့ အစားအစာတွေဖြစ်တဲ့ ငှက်ပျောသီး၊ ဒိန်ချဉ် သောက်သုံးပေးပါ။ ရေများများသောက်သုံးပြီး အပူ၊ အစပ်အစားအစာများနဲ့ ဝမ်းချုပ်စေတဲ့ အစား အစာများကို ခေတ္တရှောင်ကြဉ်ဖို့ လိုပါတယ်။ လိပ်ခေါင်းဖြစ်တာကို သိလျှင်သိခြင်း အမြန်ဆုံး ကုသဖို့ သင့်ပါတယ်။ ရက်ကြာရှည်စွာ လိပ်ခေါင်းရောဂါခံစားနေရတယ် ဆိုရင်တော့ ကင်ဆာ ရောဂါဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာပြသဖို့ အကြံပြုချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top