ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကေလး ေတြကို အသီးအရြက္ ေကြၽးရတာဟာ ေမေမ တို႔ အတြက္အခက္ခဲဆုံး အလုပ္ လို႔ေတာင္ေျပာလို႔ ရပါတယ္။ ကိုယ့္ကေလးကို အသီးအရြက္ကလည္း ေကြၽးခ်င္ ကေလး က လုံး၀မစား နဲ႔ ေတာ္ေတာ္ စိတ္ညစ္ရပါတယ္။ တခ်ိဳ႕ေမေမ ေတြဆို လက္ေလွ်ာ့ၿပီး ဆက္မေကြၽးေတာ့ပါဘူး။ က်မေျပာခ်င္တာကေတာ့ လြယ္လြယ္ လက္မေလွ်ာ့ၾကပါနဲ႔လို႔။ အသီးအရြက္ စုံလင္ေအာင္စားမွ ကေလးငယ္ ဟာ ေကာင္းေကာင္း မြန္မြန္ ႀကီးထြားဖြံ႔ၿဖိဳးလာမွာ ျဖစ္ပါတယ္။ အသီးအရြက္ေတြဟာ ေရာဂါကာကြယ ္ေပးနိုင္ပါတယ္။

ဗီတာမင္နဲ႔ သတၱဳဓာတ္ ေတြ ပါ၀င္ပါတယ္။ ဘာနဲ႔မွ အစားမထိုးနိုင္တဲ့ အရာေတြပါ။ တျခားကေလးေတြက ဒီလ ိုအသီးအရြက္ ေကာင္းေကာင္းစားေနတာ ျမင္ရင္ ေမေမေတြ စိတ္မေကာင္း ျဖစ္တတ္ပါတယ္။ တခ်ိဳ႕ေျပာၾကတာက က်မကေလးက အရြက္မစားဘူး၊ အသား ပဲစားတာတို႔၊ နို႔မႈန႔္မွ ေသာက္တာတို႔ အဲတာေတြက ဂုဏ္ယူစရာမဟုတ္ပါဘူး။ မိမိကေလးကို မခ်စ္ဘဲ နွစ္ရာေရာက္ပါတယ္။

ဘယ္လို၀င္ေအာင္ ေကြၽးရမလဲ ဆိုေတာ့ ကေလး တစ္ေယာက္ဟာ အစားအေသာက္ အသစ္ တစ္မ်ိဳးကို ခ်က္ခ်င္းလက္မခံပါဘူး၊ ဥပမာ အခ်ိဳကို ကေလးတိုင္းနွစ္သက္ပါတယ္။ အသီးအရြက္ ရဲ႕ စိမ္းရႊင္ရႊင္အနံ႔ဟာ ကေလးေတြ အတြက္ နွစ္ၿမိဳ႕စရာ မဟုတ္တဲ့ အတြက္ ေကြၽးရခက္ပါတယ္။ ကေလး တစ္ေယာက္ အစားအေသာက္ အသစ္ ကို လက္ခံဖို႔ ၅ ႀကိမ္ကေန ၁၄ ႀကိမ္ ေကြၽးၾကည့္ရပါမယ္။ ဒါဟာ စနစ္တက် သုေတသန လုပ္ထားတဲ့ စာတမ္းမ်ားအရ ေျပာတာပါ။ ၂ႀကိမ္ ၃ႀကိမ္ေလာက္ ေကြၽးၾကည့္ၿပီး ကေလး က ေထြးထုတ္တာနဲ႔ လက္ေလွ်ာ့လိုက္တာမ်ိဳး မလုပ္ရပါဘူး။ မၾကာမၾကာ ျပန္ေကြၽးၾကည့္ရပါမယ္။
မိမိရဲ႕ ကေလးစားေသာက္မႈ ပုံစံဟာ မိခင္နဲ႔ အမ်ားႀကီး သက္ဆိုင္ပါတယ္။

ငယ္ငယ္က အသီးအရြက္ ႀကိဳက္တဲ့ ကေလး ဟာ အသက္ႀကီးလာသည့္တိုင္ေအာင္ က်န္းမာတဲ့ အစားအေသာက္ ကိုသာ ဆက္လက္စားသုံးပါတယ္။ ငယ္ငယ္ ဘ၀ မွာ ရယ္ဒီမိတ္ နဲ႔ ႀကီးျပင္းလာတဲ့ ကေလး ဟာ ႀကီးလာရင္ ရယ္ဒီမိတ္ႀကိဳက္မွာ မလြဲပါပဲ။ အငန္စားတဲ့ အိမ္ က ကေလး ဟာ အငန္ႀကိဳက္သလိုပါပဲ။ ကေလး တစ္ေယာက္ရဲ့ စားေသာက္မႈပုံစံကို ငယ္စဥ္ကတည္းက ျပဳျပင္ေပးသင့္ပါတယ္။ ကေလး ျကိဳက္မယ့္ ပုံစံေလးေတြ ျပင္ဆင္ေပးတာမ်ိဳး၊ အရြယ္အစား ေသးေသးတုံးတာမ်ိဳး၊ ပန္းကန္ထဲမွာ အေရာင္စုံ ပါေအာင္ ထည့္ေပးတာ စတာေတြဟာ
ကေလးငယ္ေတြကို အစားစားခ်င္ေအာင္ ဆြဲ ေဆာင္နိုင္ပါတယ္။ ကေလး ေတြကို အသီးအရြက္ ၀င္ေအာင္ ေကြၽးနိုင္ၾကပါေစ။
အလြန္ေတာ္တဲ့ ေမေမမ်ား အတြက္ :-*

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Health Guide
#Unicode Version#
ကလေး တွေကို အသီးအရွက် ကျွေးရတာဟာ မေမေ တို့ အတွက်အခက်ခဲဆုံး အလုပ် လို့တောင်ပြောလို့ ရပါတယ်။ ကိုယ့်ကလေးကို အသီးအရွက်ကလည်း ကျွေးချင် ကလေး က လုံးဝမစား နဲ့ တော်တော် စိတ်ညစ်ရပါတယ်။ တချို့မေမေ တွေဆို လက်လျှော့ပြီး ဆက်မကျွေးတော့ပါဘူး။ ကျမပြောချင်တာကတော့ လွယ်လွယ် လက်မလျှော့ကြပါနဲ့လို့။ အသီးအရွက် စုံလင်အောင်စားမှ ကလေးငယ် ဟာ ကောင်းကောင်း မွန်မွန် ကြီးထွားဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ အသီးအရွက်တွေဟာ ရောဂါကာကွယ ်ပေးနိုင်ပါတယ်။

ဗီတာမင်နဲ့ သတ္တုဓာတ် တွေ ပါဝင်ပါတယ်။ ဘာနဲ့မှ အစားမထိုးနိုင်တဲ့ အရာတွေပါ။ တခြားကလေးတွေက ဒီလ ိုအသီးအရွက် ကောင်းကောင်းစားနေတာ မြင်ရင် မေမေတွေ စိတ်မကောင်း ဖြစ်တတ်ပါတယ်။ တချို့ပြောကြတာက ကျမကလေးက အရွက်မစားဘူး၊ အသား ပဲစားတာတို့၊ နို့မှုန့်မှ သောက်တာတို့ အဲတာတွေက ဂုဏ်ယူစရာမဟုတ်ပါဘူး။ မိမိကလေးကို မချစ်ဘဲ နှစ်ရာရောက်ပါတယ်။

ဘယ်လိုဝင်အောင် ကျွေးရမလဲ ဆိုတော့ ကလေး တစ်ယောက်ဟာ အစားအသောက် အသစ် တစ်မျိုးကို ချက်ချင်းလက်မခံပါဘူး၊ ဥပမာ အချိုကို ကလေးတိုင်းနှစ်သက်ပါတယ်။ အသီးအရွက် ရဲ့ စိမ်းရွှင်ရွှင်အနံ့ဟာ ကလေးတွေ အတွက် နှစ်မြို့စရာ မဟုတ်တဲ့ အတွက် ကျွေးရခက်ပါတယ်။ ကလေး တစ်ယောက် အစားအသောက် အသစ် ကို လက်ခံဖို့ ၅ ကြိမ်ကနေ ၁၄ ကြိမ် ကျွေးကြည့်ရပါမယ်။ ဒါဟာ စနစ်တကျ သုတေသန လုပ်ထားတဲ့ စာတမ်းများအရ ပြောတာပါ။ ၂ကြိမ် ၃ကြိမ်လောက် ကျွေးကြည့်ပြီး ကလေး က ထွေးထုတ်တာနဲ့ လက်လျှော့လိုက်တာမျိုး မလုပ်ရပါဘူး။ မကြာမကြာ ပြန်ကျွေးကြည့်ရပါမယ်။
မိမိရဲ့ ကလေးစားသောက်မှု ပုံစံဟာ မိခင်နဲ့ အများကြီး သက်ဆိုင်ပါတယ်။

ငယ်ငယ်က အသီးအရွက် ကြိုက်တဲ့ ကလေး ဟာ အသက်ကြီးလာသည့်တိုင်အောင် ကျန်းမာတဲ့ အစားအသောက် ကိုသာ ဆက်လက်စားသုံးပါတယ်။ ငယ်ငယ် ဘ၀ မှာ ရယ်ဒီမိတ် နဲ့ ကြီးပြင်းလာတဲ့ ကလေး ဟာ ကြီးလာရင် ရယ်ဒီမိတ်ကြိုက်မှာ မလွဲပါပဲ။ အငန်စားတဲ့ အိမ် က ကလေး ဟာ အငန်ကြိုက်သလိုပါပဲ။ ကလေး တစ်ယောက်ရဲ့ စားသောက်မှုပုံစံကို ငယ်စဉ်ကတည်းက ပြုပြင်ပေးသင့်ပါတယ်။ ကလေး ကြိုက်မယ့် ပုံစံလေးတွေ ပြင်ဆင်ပေးတာမျိုး၊ အရွယ်အစား သေးသေးတုံးတာမျိုး၊ ပန်းကန်ထဲမှာ အရောင်စုံ ပါအောင် ထည့်ပေးတာ စတာတွေဟာ
ကလေးငယ်တွေကို အစားစားချင်အောင် ဆွဲ ဆောင်နိုင်ပါတယ်။ ကလေး တွေကို အသီးအရွက် ဝင်အောင် ကျွေးနိုင်ကြပါစေ။
အလွန်တော်တဲ့ မေမေများ အတွက် :-*

ဖိုးသူတော် (www.phothutaw.com)
Credit: Health Guide
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top