ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ထက္ျမက္ၿပီး ရဲရင့္တဲ့ အမ်ိဳးသမီးေတြကို အားမက်ဘူးလား။

မိန္းကေလးတစ္ေယာက္အေနနဲ႔ လူ႔ေလာကထဲကို ေရာက္လာၿပီဆုိရင္ ကိုယ့္ကိုယ္ကိုယ္ ေပးထားရမယ့္ ကတိကဝတ္ေတြ ႐ွိပါတယ္။ ဘယ္သူ႔အတြက္မွ မဟုတ္ဘဲ ကိုယ့္အတြက္ ေပးထားရတဲ့ ကတိေတြပါ။ ဒါေတြကို တည္ေနေအာင္လည္း ေစာင့္ထိန္းလိုက္နာႏိုင္ပါမွ ထက္ျမက္တဲ့ မိန္းကေလးတစ္ေယာက္ ျဖစ္လာမွာပါ။ အ႐ႈံးေတြ ရင္ဆုိင္ရခ်ိန္မွာေတာင္ အထိအခိုက္ နည္းပါးဖုိ႔ ဘယ္လိုကတိေတြ ထားၾကမလဲ။

၁။ တစ္ေယာက္တည္းေပ်ာ္ႏိုင္ရမယ္

ခင္မင္တတ္တဲ့ စိတ္ကေလးက ခ်စ္ဖုိ႔ေကာင္းပါတယ္။ အေပါင္းအသင္း မက္လြန္းတာေတာ့ ႏုိးပါ ညီမေလးေရ။ အေဖာ္အေပါင္း႐ွိမွ ေနတတ္ၿပီး တစ္ေယာက္တည္းဆုိ အထီးက်န္ ဝမ္းနည္းမေနရပါဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ ကတိေပးစမ္းပါ။ ဒါမွသာ ညီမေလးက သတၱိ႐ွိၿပီး ရဲရင့္သူ ျဖစ္လာမွာ။

၂။ အၿမဲမျပတ္ ေလ့လာေနရမယ္

ကိုယ္သိထားတဲ့အရာေတြက ဘယ္ေတာ့မွ လံုေလာက္တယ္ဆုိတာ မ႐ွိပါဘူး။ အဲ့ဒီအတြက္ အၿမဲတမ္း ေလ့လာေနရမယ္။ ဘာနဲ႔တူသလဲဆုိရင္ ပင္လယ္ျပင္ႀကီးထဲကို ခုန္ခ်ၿပီး ကူးခတ္ေနသလိုေပါ့။ မရပ္တန္႔လိုက္ပါနဲ႔။ ဒီ့ထက္ပိုပိုၿပီး တတ္ေျမာက္လာေအာင္ ႀကိဳးစားဖုိ႔ ကိုယ့္ကိုယ္ကိုယ္ ကတိေပးပါ။

၃။ ေနာင္တေတြနဲ႔ မၿငိတြယ္ရဘူး

လူပဲေလ အမွားဆုိတာ ႐ွိစၿမဲပါ။ အတိတ္မွာ မွားခဲ့တဲ့ အမွားႀကီးကို မခြဲႏိုင္မခြာရက္ တြယ္ဖက္မထားပါနဲ႔။ အဲ့ဒီအစား ဒီလိုအမွားမ်ိဳး ထပ္မမွားေစရဘူးလို႔ ကိုယ့္ကိုယ္ကိုယ္ ကတိေပးပါ။ ပိုေကာင္းလာေအာင္ ႀကိဳးစားပါ။ အၿမဲတမ္း ေ႐ွ႕ကိုဆက္ေလွ်ာက္ေနရမယ္လို႔ ကတိေပးၿပီး အတိတ္ေတြကို ေသာ့ခတ္သိမ္းထားပစ္လိုက္ပါ ညီမေလးေရ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ထက်မြက်ပြီး ရဲရင့်တဲ့ အမျိုးသမီးတွေကို အားမကျဘူးလား။

မိန်းကလေးတစ်ယောက်အနေနဲ့ လူ့လောကထဲကို ရောက်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပေးထားရမယ့် ကတိကဝတ်တွေ ရှိပါတယ်။ ဘယ်သူ့အတွက်မှ မဟုတ်ဘဲ ကိုယ့်အတွက် ပေးထားရတဲ့ ကတိတွေပါ။ ဒါတွေကို တည်နေအောင်လည်း စောင့်ထိန်းလိုက်နာနိုင်ပါမှ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာမှာပါ။ အရှုံးတွေ ရင်ဆိုင်ရချိန်မှာတောင် အထိအခိုက် နည်းပါးဖို့ ဘယ်လိုကတိတွေ ထားကြမလဲ။

၁။ တစ်ယောက်တည်းပျော်နိုင်ရမယ်

ခင်မင်တတ်တဲ့ စိတ်ကလေးက ချစ်ဖို့ကောင်းပါတယ်။ အပေါင်းအသင်း မက်လွန်းတာတော့ နိုးပါ ညီမလေးရေ။ အဖော်အပေါင်းရှိမှ နေတတ်ပြီး တစ်ယောက်တည်းဆို အထီးကျန် ဝမ်းနည်းမနေရပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးစမ်းပါ။ ဒါမှသာ ညီမလေးက သတ္တိရှိပြီး ရဲရင့်သူ ဖြစ်လာမှာ။

၂။ အမြဲမပြတ် လေ့လာနေရမယ်

ကိုယ်သိထားတဲ့အရာတွေက ဘယ်တော့မှ လုံလောက်တယ်ဆိုတာ မရှိပါဘူး။ အဲ့ဒီအတွက် အမြဲတမ်း လေ့လာနေရမယ်။ ဘာနဲ့တူသလဲဆိုရင် ပင်လယ်ပြင်ကြီးထဲကို ခုန်ချပြီး ကူးခတ်နေသလိုပေါ့။ မရပ်တန့်လိုက်ပါနဲ့။ ဒီ့ထက်ပိုပိုပြီး တတ်မြောက်လာအောင် ကြိုးစားဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။

၃။ နောင်တတွေနဲ့ မငြိတွယ်ရဘူး

လူပဲလေ အမှားဆိုတာ ရှိစမြဲပါ။ အတိတ်မှာ မှားခဲ့တဲ့ အမှားကြီးကို မခွဲနိုင်မခွာရက် တွယ်ဖက်မထားပါနဲ့။ အဲ့ဒီအစား ဒီလိုအမှားမျိုး ထပ်မမှားစေရဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ ပိုကောင်းလာအောင် ကြိုးစားပါ။ အမြဲတမ်း ရှေ့ကိုဆက်လျှောက်နေရမယ်လို့ ကတိပေးပြီး အတိတ်တွေကို သော့ခတ်သိမ်းထားပစ်လိုက်ပါ ညီမလေးရေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top