မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ခ်စ္ရသူကို လက္ထပ္ခြင့္ေတာင္းတဲ့အခါ ဘယ္ဖက္လက္သန္းၾကြယ္ေလးကို လက္စြပ္ေလးဝတ္ေပးၾကတယ္။ မဂၤလာေဆာင္မွာလည္း အျပန္အလွန္ လက္စြပ္ဝတ္ေပးေတာ့ လက္သန္းၾကြယ္ေလးကိုပဲေလ။ မဂၤလာလက္စြပ္ကို ဘာေၾကာင့္မုိ႔လို႔ လက္သန္းၾကြယ္မွာပဲ စြပ္ထားၾကတာလဲဆုိတာ မသိခ်င္ဘူးလား။

ဒီဓေလ့ ေပၚထြန္းလာတာ ႏွစ္ေပါင္းအေတာ္ၾကာေနပါၿပီ။ ေျပာရရင္ေတာ့ ေ႐ွးေခတ္အီဂ်စ္ေတြကေန စခဲ့တဲ့ ႐ိုးရာယဥ္ေက်းမႈပါလို႔ ေ႐ွးေဟာင္းသုေတသနပညာ႐ွင္ေတြက အေထာက္အထားေတြနဲ႔ ဆိုတယ္။ အီဂ်စ္ေခတ္ေဟာင္း႐ုပ္ပံုေတြအရ သတို႔သမီးေတြဟာ လက္ထပ္လက္စြပ္ေတြဝတ္ခဲ့ၾကတာေတြ႔ရေၾကာင္း BBC သတင္းမွာ ေဖာ္ျပဖူးပါတယ္။

အီဂ်စ္လူမ်ိဳးေတြဟာ လူ႔လက္သန္းႀကြယ္ကေန ႏွလံုးကို စီးဆင္းဆက္သြယ္ထားတဲ့ သိမ္ေမြ႔တဲ့အာ႐ံုေၾကာေလးတစ္ခု႐ွိတယ္လို႔ ယံုၾကည္ၾကတယ္။ ဒါေၾကာင့္မို႔လို႔ လက္ထပ္တဲ့အခါ လက္သန္းၾကြယ္မွာ လက္စြပ္ဆင္ျမန္းခဲ့ၾကတယ္။ ေရွးေဟာင္း ဂရိေတြနဲ႔ ေ႐ွးေခတ္ေရာမလူမ်ိဳးေတြကလည္း ဘယ္ဘက္လက္သန္းၾကြယ္မွာ လက္ထပ္လက္စြပ္ကို ဝတ္ခဲ့ၾကတယ္။ အေၾကာင္းရင္း အဓိပၸာယ္ကေတာ့ အီဂ်စ္ေတြနဲ႔ အတူတူပါပဲ။ ဘယ္ဘက္လက္သန္းၾကြယ္မွာ လက္တင္ဘာသာစကားနဲ႔ vena amoris (အခ်စ္ေသြးေၾကာ)ေလးဟာ ႏွလံုးကိုစီးဆင္းေနတယ္လို႔ ယံုၾကည္ၾကပါတယ္။

ဘယ္ဘက္လက္သန္းၾကြယ္မွာ လက္ထပ္လက္စြပ္ကိုဝတ္ၾကတာ ႏိုင္ငံတုိင္းေတာ့ မဟုတ္ဘူး။ ဒိန္းမတ္၊ ပိုလန္၊ က်ဴးဘားတို႔မွာဆုိရင္ လက္ထပ္လက္စြပ္ကို ညာဘက္လက္သန္းၾကြယ္မွာ ဝတ္ၾကပါသတဲ့။ ဒုတိယကမၻာစစ္မတိုင္မီအထိေတာ့ အမ်ိဳးသားေတြဟာ လက္ထပ္လက္စြပ္ကို မဝတ္ၾကေသးပါဘူး။ အဲ့ဒီေနာက္ပိုင္းမွာမွ ဇနီးမယားနဲ႔ ကေလးေတြကို အမွတ္ရေအာက္ေမ့ေနေစဖုိ႔အတြက္ (စစ္ထဲလိုက္သြားတဲ့)ခင္ပြန္းသည္ေတြဟာလည္း လက္ထပ္လက္စြပ္ကို ဝတ္ဆင္လာခဲ့ၾကပါတယ္။

Source : BBC, Snopes, Mental Floss

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
ချစ်ရသူကို လက်ထပ်ခွင့်တောင်းတဲ့အခါ ဘယ်ဖက်လက်သန်းကြွယ်လေးကို လက်စွပ်လေးဝတ်ပေးကြတယ်။ မင်္ဂလာဆောင်မှာလည်း အပြန်အလှန် လက်စွပ်ဝတ်ပေးတော့ လက်သန်းကြွယ်လေးကိုပဲလေ။ မင်္ဂလာလက်စွပ်ကို ဘာကြောင့်မို့လို့ လက်သန်းကြွယ်မှာပဲ စွပ်ထားကြတာလဲဆိုတာ မသိချင်ဘူးလား။

ဒီဓလေ့ ပေါ်ထွန်းလာတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ ပြောရရင်တော့ ရှေးခေတ်အီဂျစ်တွေကနေ စခဲ့တဲ့ ရိုးရာယဉ်ကျေးမှုပါလို့ ရှေးဟောင်းသုတေသနပညာရှင်တွေက အထောက်အထားတွေနဲ့ ဆိုတယ်။ အီဂျစ်ခေတ်ဟောင်းရုပ်ပုံတွေအရ သတို့သမီးတွေဟာ လက်ထပ်လက်စွပ်တွေဝတ်ခဲ့ကြတာတွေ့ရကြောင်း BBC သတင်းမှာ ဖော်ပြဖူးပါတယ်။

အီဂျစ်လူမျိုးတွေဟာ လူ့လက်သန်းကြွယ်ကနေ နှလုံးကို စီးဆင်းဆက်သွယ်ထားတဲ့ သိမ်မွေ့တဲ့အာရုံကြောလေးတစ်ခုရှိတယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့်မို့လို့ လက်ထပ်တဲ့အခါ လက်သန်းကြွယ်မှာ လက်စွပ်ဆင်မြန်းခဲ့ကြတယ်။ ရှေးဟောင်း ဂရိတွေနဲ့ ရှေးခေတ်ရောမလူမျိုးတွေကလည်း ဘယ်ဘက်လက်သန်းကြွယ်မှာ လက်ထပ်လက်စွပ်ကို ဝတ်ခဲ့ကြတယ်။ အကြောင်းရင်း အဓိပ္ပာယ်ကတော့ အီဂျစ်တွေနဲ့ အတူတူပါပဲ။ ဘယ်ဘက်လက်သန်းကြွယ်မှာ လက်တင်ဘာသာစကားနဲ့ vena amoris (အချစ်သွေးကြော)လေးဟာ နှလုံးကိုစီးဆင်းနေတယ်လို့ ယုံကြည်ကြပါတယ်။

ဘယ်ဘက်လက်သန်းကြွယ်မှာ လက်ထပ်လက်စွပ်ကိုဝတ်ကြတာ နိုင်ငံတိုင်းတော့ မဟုတ်ဘူး။ ဒိန်းမတ်၊ ပိုလန်၊ ကျူးဘားတို့မှာဆိုရင် လက်ထပ်လက်စွပ်ကို ညာဘက်လက်သန်းကြွယ်မှာ ဝတ်ကြပါသတဲ့။ ဒုတိယကမ္ဘာစစ်မတိုင်မီအထိတော့ အမျိုးသားတွေဟာ လက်ထပ်လက်စွပ်ကို မဝတ်ကြသေးပါဘူး။ အဲ့ဒီနောက်ပိုင်းမှာမှ ဇနီးမယားနဲ့ ကလေးတွေကို အမှတ်ရအောက်မေ့နေစေဖို့အတွက် (စစ်ထဲလိုက်သွားတဲ့)ခင်ပွန်းသည်တွေဟာလည်း လက်ထပ်လက်စွပ်ကို ဝတ်ဆင်လာခဲ့ကြပါတယ်။

Source : BBC, Snopes, Mental Floss


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top