ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သံေခါင္းစြပ္မင္းသား သည္ ျပည္သစ္ႏုိင္ငံတြင္ ထင္ရွားေသာျဖစ္ရပ္တစ္ခုျဖစ္ခဲ့ပါတယ္။ လြန္ခဲ့ေသာႏွစ္ေပါင္း ၃၅၀ခန္႔က လူ၀ီ ၁၄ဘုရင္ႏွင့္ပတ္သတ္ေသာျဖစ္ရပ္ျဖစ္ၿပီး သမုိင္းပညာရွင္မ်ားစြာက အေျဖထုတ္ရန္ႀကဳိးစားခဲ့ေသာ္လည္း တိတိက်က်အေျဖမထုတ္ႏုိင္ခဲ့ၾကေသာ ျဖစ္ရပ္လည္းျဖစ္ပါတယ္။ ဒီအေၾကာင္းကုိ တုိက္တန္းနစ္မင္းသား လီယုိနာဒုိက The Man In The Iron Mask ဟူေသာအမည္နဲ႔ ရုပ္ရွင္ရုိက္ကူးလုိက္တဲ့အခါမွာေတာ့ သံေခါင္းစြပ္မင္းသားျဖစ္ရပ္ဟာ တျခားႏိုင္ငံေတြရဲ႕စိတ္၀င္စားျခင္းကုိ ခံရပါတယ္။

လူ၀ီ ၁၃ဘုရင္ရဲ႕မိဖုရားႀကီးဟာ လူ၀ီ၁၄ဘုရင္ျဖစ္လာမယ့္ သားေတာ္ေလးကိုေမြးဖြားခဲ့တဲ့အတြက္ ဘုရင္ႀကီးအလြန္ေပ်ာ္ခဲ့ပါတယ္။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ ေနာက္မိနစ္အနည္းငယ္အတြင္းမွာ ေနာက္ထပ္အမႊာသားေတာ္ေလးတစ္ေယာက္ကုိ ထပ္ေမြးဖြားတဲ့အခါမွာေတာ့ ေၾကကြဲဖြယ္ရာျဖစ္ရပ္ေတြျဖစ္လာပါေတာ့တယ္။ အဲဒီတုန္းက အစဥ္အလာအရ ဘုရင္ဆက္ခံမယ့္မင္းသား တစ္ေယာက္သာရွိရမည္ျဖစ္ၿပီး တစ္ေယာက္ထက္ပုိရွိပါက နိမိတ္မေကာင္းသလုိ ၊ မင္းသားခ်င္းနန္းလုရင္းတုိင္းျပည္ပ်က္တတ္တယ္လုိ႔ ယူဆၾကပါတယ္။ ဒါေၾကာင့္ ဘုရင္ႀကီးက ေနာက္ထပ္ေမြးလာတဲ့သားေတာ္ေလးကို ေထာင္မွာတစ္သက္လုံးခ်ခုိင္းေစခဲ့ေပမယ့္ မိဖုရားႀကီးရဲ႕ေတာင္းပန္မႈေၾကာင့္ ေထာင္မခ်ေတာ့ပဲ နန္းေတာ္နဲ႔အလြန္ေ၀းတဲ့အရပ္က အိမ္ႀကီးတစ္လုံးမွာ ဆရာတစ္ေယာက္ ၊ အေစာင့္အေရွာက္တစ္ေယာက္နဲ႔ အတူထားေစခဲ့ပါတယ္။ ဒီအေၾကာင္းေတြကို သားေတာ္လုံး၀မသိရမွာျဖစ္ၿပီး အေၾကာင္းတုိက္ဆုိင္ၿပီး သိသြားတာနဲ႔ ေထာင္မွာတစ္သက္လုံးအက်ဥ္းခ်ထားမွာျဖစ္ပါတယ္။

မင္းသားေလး နာမည္က ဖိလစ္ျဖစ္ပါတယ္။ ဖိလစ္ဟာ ဆရာ ၊ အထိန္းေတာ္မိန္းမတစ္ေယာက္နဲ႔အတူ ၿခံႀကီးတစ္ခုက အိမ္တစ္လုံးထဲမွာ ႏွစ္ေပါင္းမ်ားစြာေနထုိင္ခဲ့ရပါတယ္။ အျပင္ကိုထြက္ခြင့္လည္းမရွိခဲ့ေပမယ့္ ဖိလစ္က သူဟာ အႀကီးအကဲတစ္ေယာက္ေယာက္နဲ႔ပတ္သတ္သူဆုိတာေတာ့ ရိပ္မိေနခဲ့ပါတယ္။ မိဘေတြရဲ႕အေၾကာင္းကို သိခ်င္လုိ႔ ဆရာနဲ႔ အထိန္းေတာ္ေတြကုိေမးေပမယ့္ တစ္ခြန္းတစ္ေလေတာင္ ေျပာမျပၾကပါဘူး။ တစ္ေန႔ မိဖုရားႀကီးက သူ႔သားေတာ္ေလးကို အတတ္ႏုိင္ဆုံးေစာင့္ေရွာက္ဖုိ႔ လ်ဳိ႕၀ွက္စာတစ္ေစာင္ပို႔လုိက္ပါတယ္။ မင္းသားေလးရဲ႕ဆရာဟာ စာကုိေဖာက္ဖတ္ဖုိ႔လုပ္တဲ့အခ်ိန္မွာပဲ စာဟာေလတုိက္ခတ္တာေၾကာင့္ အိမ္ေအာက္ကိုက်သြားပါတယ္။ အဲဒီအခ်ိန္က မုိးေလျပင္းထန္ေနတဲ့အခ်ိန္ပါ။ ဆရာဟာ စာကိုထြက္ရွာေပမယ့္လုံး၀မေတြ႔တာေၾကာင့္ လက္ေလ်ာ့ကာအိမ္ထဲျပန္၀င္သြားပါတယ္။ စာဟာ ေရတြင္းႏႈတ္ခမ္းစပ္ေဘးမွာ ေရာက္ေနခဲ့ၿပီး ဒီလုိက်သြားတာကိုမင္းသားေလးဖိလစ္ျမင္ခဲ့ပါတယ္။ ဒါေၾကာင့္သူဟာ စာကုိခုိးဖတ္ၾကည့္တဲ့အခါမွာေတာ့ သူနဲ႔ပတ္သတ္သူဟာ ဘုရင့္မိဖုရားႀကီးကုိယ္တုိင္ဆုိတာ သိသြားပါတယ္။ အဲဒီညမွာ မင္းသားေလးဟာ မိဖုရားႀကီးအေၾကာင္းကို တစ္ညလုံးေယာင္ေနတဲ့အတြက္ ဆရာနဲ႔ အထိန္းေတာ္ဟာ သူတုိ႔ရဲ႕လ်ဳိ႕၀ွက္ခ်က္ကုိ မင္းသားေလးသိသြားၿပီျဖစ္မွန္း သိရွိလုိက္ၾကပါတယ္။

သူတုိ႔ရဲ႕တာ၀န္အရ မင္းသားေလးသိရွိသြားၿပီျဖစ္တဲ့အေၾကာင္းကို မိဖုရားႀကီးကိုေလွ်ာက္တင္တဲ့အခါမွာေတာ့ ႏွစ္ေယာက္စလုံးကြပ္မ်က္ခံလုိက္ရသလုိ မင္းသားေလဟာလည္း အက်ဥ္းေထာင္ထဲမွာ အလုံပိတ္ခ်ထားခံလုိက္ရပါတယ္။ လူလတ္ပုိင္းအရြယ္ေရာက္သည္အထိ မင္းသားေလးဟာ ေထာင္ထဲမွာႏွစ္ေပါင္းမ်ားစြာ ဘယ္သူနဲ႔မွ သိခြင့္ေတြ႔ခြင့္မရွိပဲ အထီးက်န္စြာေနထုိင္ခဲ့ရပါတယ္။ ဒီလ်ဳိ႕၀ွက္ခ်က္ႀကီးတစ္ခုလုံးကုိ သိသူဟာ ဘုရင္ ၊ မိဖုရားႀကီးနဲ႔ ဂုိဏ္းခ်ဳပ္ဘုန္းေတာ္ႀကီးတုိ႔ပဲ ရွိပါတယ္။ ဘုရင္ႀကီးလည္း ကြယ္လြန္သြားခဲ့ၿပီျဖစ္တာေၾကာင့္ သားေတာ္လူ၀ီ ၁၄က ျပင္သစ္ထီးနန္းကိုစုိးစံခဲ့ပါတယ္။ လူ၀ီ ၁၄ ဘုရင္ဟာ အေပ်ာ္အပါးမက္တာေၾကာင့္ တုိင္းျပည္ႀကီးဟာ ျပသနာေပါင္းစုံတက္ေနပါတယ္။ အဓိကလူႏွစ္ေယာက္ျဖစ္တဲ့ အႀကံေပးအရာရွိခ်ဳပ္ နဲ႔ ဘ႑ာစုိးတုိ႔ဟာ မတည့္ၾကပါဘူး။ ဘ႑ာစုိးဟာ အလြန္လာဘ္စားၿပီး ဘုရင္ထက္ပုိခ်မ္းသာတာ ဘုရင့္နန္းေတာ္ထက္ႀကီးက်ယ္ခမ္းနားတဲ့ အိမ္ေတာ္ႀကီးကိုေဆာက္လုပ္ႏုိင္တဲ့အထိပါပဲ။ တစ္ေန႔မွာေတာ့ အႀကံေပးအရာရွိခ်ဳပ္ဟာ ဘ႑ာစုိးခုိးယူလာဘ္စားထားတဲ့ အေထာက္အထားေတြကုိထုတ္ေဖာ္ၿပီး ဘုရင္ကုိတုိင္ၾကားပါတယ္။ ဘုရင္က ဘ႑ာစုိးကိုေျဖရွင္းခုိင္းတဲ့အခါမွာ ႀကံရာမရျဖစ္ေနတဲ့ဘ႑ာစိုးဟာ သူ႔မိတ္ေဆြဂုိဏ္းခ်ဳပ္ဘုန္းေတာ္ႀကီးကို အႀကံေတာင္းပါတယ္။ ဘုန္းေတာ္ႀကီးက ဘုရင့္ကို ဘ႑ာစုိးရဲ႕အိမ္ေတာ္ႀကီးဆီေခၚၿပီး ေပ်ာ္ပြဲရႊင္ပြဲအခမ္းအနားမ်ဳိးစုံနဲ႔ ဇိမ္ခံခုိင္းရင္ ဘုရင္ကျပန္ခြင့္လႊတ္လိမ့္မယ္လုိ႔ အႀကံေပးခဲ့ပါတယ္။ ဘုရင္ကလည္း ေနာက္ဆုံးအခြင့္အေရးေပးတဲ့အေနနဲ႔ ဘ႑ာစိုးရဲ႕အိမ္ေတာ္ကိုလုိက္လည္ခဲ့ပါတယ္။ ဘုရင္ကလည္း ဘ႑ာစုိးကိုၾကည့္မရျဖစ္ေနၿပီး ေနာက္တစ္ေန႔မွာ ဘ႑ာစုိးကိုဖမ္းကာ အိမ္ေတာ္ကိုပါသိမ္းပုိက္မွာျဖစ္ပါတယ္။ ဘုန္းေတာ္ႀကီးမွာ ေနာက္ထပ္အႀကံအစည္တစ္ခုရွိပါေသးတယ္။

ဒီအႀကံအစည္ေဖာ္ဖုိ႔အတြက္ ဘုန္းေတာ္ႀကီးဟာ ေထာင္မွဴးကုိတစ္ပတ္ရုိက္ကာ မင္းသားဖိလစ္ကို ေထာင္မွထုတ္ခဲ့ပါတယ္။ ၿပီးတဲ့အခါမွာေတာ့ လ်ဳိ႕၀ွက္ခန္းကေန၀င္ကာ ဘုရင္ကုိဖမ္းဆီးၿပီး မင္းသားဖိလစ္ကုိမွားေခၚမိသေယာင္ျပန္အစားထုိးခဲ့ပါတယ္။ ဘုရင္ဟာ ေထာင္ထဲေရာက္သြားၿပီး ဖိလစ္ကေတာ့ ဘုရင့္ေနရာေရာက္သြားပါတယ္။ ဘုန္းေတာ္ႀကီးရဲ႕အႀကံကေတာ့ မင္းသားဖိလစ္က ဘုရင္ျဖစ္ၿပီး သူ႔ကို ဂုိဏ္းခ်ဳပ္ဘုန္းေတာ္ႀကီး နဲ႔ အႀကံေပးအရာရွိခ်ဳပ္ရာထူး ၊ ဘ႑ာစုိးကို မူလရာထူးအတုိင္းခန္႔အပ္ေစဖုိ႔ျဖစ္ပါတယ္။ သူလုပ္ခဲ့တဲ့ အစီအစဥ္ကို ဘ႑ာစုိးလက္ခံခဲ့မယ္လုိ႔ ထင္ခဲ့ေပမယ့္ လုံး၀လက္မခံခဲ့တာေၾကာင့္ ဘုန္းေတာ္ႀကီးတစ္ျခားႏုိင္ငံကုိ ထြက္ေျပးသြားပါေတာ့တယ္။ ဘ႑ာစုိးဟာ ဘုရင္အစစ္ကိုေထာင္က ေနျပန္ထုတ္လာခဲ့ပါတယ္။ ဘုရင္ေနရာကို ခဏသာေရာက္ခဲ့တဲ့ဖိလစ္ကေတာ့ ဘုရင့္အမိန္႔နဲ႔ မ်က္ႏွာကို သံေခါင္းစြပ္စြပ္ၿပီး တစ္သက္လုံးေထာင္ထဲမွာပဲ ေနသြားရပါေတာ့တယ္။
(ရုပ္ရွင္ထဲမွာေတာ့ ဖိလစ္က အက်ဥ္းသားျပန္မျဖစ္ေတာ့ပဲ ဘုရင္အျဖစ္နဲ႔ ဇာတ္သိမ္းထားပါတယ္)

ဒါကေတာ့ ျပင္သစ္စာေရးဆရာႀကီး ALEXANDER DUMAS ရဲ႕ ၀ထၳဳ ဇာတ္လမ္းထဲကအတုိင္းျဖစ္ၿပီး သံေခါင္းစြပ္ဟာ ဘုရင့္ရဲ႕အမႊာညီိအစ္ကုိျဖစ္ေၾကာင္း အသားေပးရုိက္ကူးထားတာျဖစ္ပါတယ္။ ဒါေပမယ့္ လက္ေတြ႔ျဖစ္ရပ္မွန္ကေတာ့ ဒီလုိအတိအက်မဟုတ္ပါဘူး။ ၁၆၆၉ခုႏွစ္မွာ အဖမ္းခံခဲ့ရတဲ့အက်ဥ္းသားဟာ ဘုရင့္ရဲ႕ကုိယ္ပိုင္အက်ဥ္းသားျဖစ္ၿပီး ဘာျပစ္မႈနဲ႔ ဖမ္းခဲ့တယ္ဆုိတာ ဘယ္သူမွမသိပါဘူး။ ေထာင္ထဲမွာသူ႔နာမည္က Eustache Dauger ျဖစ္ေပမယ့္ ေသလုိ႔ျမဳပ္ႏွံခဲ့ခ်ိန္မွာေတာ့ Marchioly ဆုိတဲ့နာမည္နဲ႔ျဖစ္တာၾကာင့္ သူဘယ္သူလဲဆုိတာ လူ၀ီ ၁၄ဘုရင္က လြဲလုိ႔ဘယ္သူမွ မသိခဲ့ပါဘူး။ Pignerol အက်ဥ္းေထာင္ဟာ ႏုိင္ငံကိုအရွက္ရေစသူမ်ားကိုသာ ထားတဲ့အက်ဥ္းေထာင္ျဖစ္ၿပီး ေထာင္၀န္ထမ္းေတြဟာ အဲဒီအက်ဥ္းသားဆီကုိ ေရနဲ႔အစားအစာေပးဖုိ႔ တစ္ေန႔တစ္ႀကိမ္သာ ၀င္ခြင့္ရွိခဲ့ပါတယ္။ စကားအပုိေျပာတာနဲ႔ အသတ္ခံရမယ္လုိ႔ သတိေပးျခင္းခံၾကရပါတယ္။ ၁၆၉၈ မွာေတာ့ အက်ဥ္းသားကို ဘာစတီးအက်ဥ္းေထာင္ကို ထပ္မံေျပာင္းေရႊ႕ခဲ့ပါတယ္။ သူဟာ ၁၇၀၃ ႏုိ၀င္ဘာ ၁၉ရက္ေန႔မွာ ေသဆုံးခဲ့ၿပီး ႏွစ္ေပါင္း ၃၄ႏွစ္ၾကာ ေထာင္ထဲမွာေနခဲ့ရပါတယ္။ ေသဆုံးတဲ့ေန႔မွာပဲ သူ႔ကုိျမဳပ္ႏွံခဲ့သလုိ သူပိုင္ဆုိင္တဲ့အ၀တ္အစား အသုံးအေဆာင္အားလုံးကို မီးရႈိ႕ေစခဲ့ပါတယ္။ အစဥ္အဆက္ သမုိင္းပညာရွင္ေပါင္းမ်ားစြာက သံေခါင္းစြပ္အက်ဥ္းသားရဲ႕ အေၾကာင္းကို အမ်ဳိးမ်ဳိးစုံစမ္းေဖာ္ထုတ္ခဲ့ၾကၿပီး အေျဖအတိအက်မထြက္ခဲ့ပဲ အေျဖအမ်ဳိးမ်ဳိးထြက္ေနခဲ့ပါတယ္။ သံေခါင္းစြပ္အက်ဥ္းသားဟာ လူ၀ီ ၁၄ရဲ႕ အမႊာညီအစ္ကုိ ၊ လူ၀ီ ၁၄ရဲ႕ဖခင္ ၊ လူ၀ီ ၁၄ နဲ႔ ဘာမွမေတာ္စပ္ပဲ ရုပ္ခြ်ပ္စြပ္တူသူ ၊ အဂၤလိပ္စတူးဝပ္မင္းဆက္ရဲ႕ေနာက္ဆံုးမင္းသား ဂ်ိမ္းစ္စေကာ႔ ၊ လူ၀ီ ၁၄ဘုရင္ကုိယ္တုိင္ စသည္စသည္ျဖင့္ ခန္႔မွန္းမႈအေျဖအမ်ဳိးမ်ဳိးထြက္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း အေျဖအတိအက်မသိတဲ့ သံေခါင္းစြပ္မင္းသားဟာ ျပင္သစ္ႏုိင္ငံရဲ႕ အေျဖမထုတ္ႏုိင္တဲ့ ပုစာၦတစ္ပုဒ္အျဖစ္ ယေန႔တုိင္က်န္ရွိေနပါေတာ့တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone

#Unicode Version#
သံခေါင်းစွပ်မင်းသား သည် ပြည်သစ်နိုင်ငံတွင် ထင်ရှားသောဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း ၃၅၀ခန့်က လူဝီ ၁၄ဘုရင်နှင့်ပတ်သတ်သောဖြစ်ရပ်ဖြစ်ပြီး သမိုင်းပညာရှင်များစွာက အဖြေထုတ်ရန်ကြိုးစားခဲ့သော်လည်း တိတိကျကျအဖြေမထုတ်နိုင်ခဲ့ကြသော ဖြစ်ရပ်လည်းဖြစ်ပါတယ်။ ဒီအကြောင်းကို တိုက်တန်းနစ်မင်းသား လီယိုနာဒိုက The Man In The Iron Mask ဟူသောအမည်နဲ့ ရုပ်ရှင်ရိုက်ကူးလိုက်တဲ့အခါမှာတော့ သံခေါင်းစွပ်မင်းသားဖြစ်ရပ်ဟာ တခြားနိုင်ငံတွေရဲ့စိတ်ဝင်စားခြင်းကို ခံရပါတယ်။

လူဝီ ၁၃ဘုရင်ရဲ့မိဖုရားကြီးဟာ လူဝီ၁၄ဘုရင်ဖြစ်လာမယ့် သားတော်လေးကိုမွေးဖွားခဲ့တဲ့အတွက် ဘုရင်ကြီးအလွန်ပျော်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ နောက်မိနစ်အနည်းငယ်အတွင်းမှာ နောက်ထပ်အမွှာသားတော်လေးတစ်ယောက်ကို ထပ်မွေးဖွားတဲ့အခါမှာတော့ ကြေကွဲဖွယ်ရာဖြစ်ရပ်တွေဖြစ်လာပါတော့တယ်။ အဲဒီတုန်းက အစဉ်အလာအရ ဘုရင်ဆက်ခံမယ့်မင်းသား တစ်ယောက်သာရှိရမည်ဖြစ်ပြီး တစ်ယောက်ထက်ပိုရှိပါက နိမိတ်မကောင်းသလို ၊ မင်းသားချင်းနန်းလုရင်းတိုင်းပြည်ပျက်တတ်တယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ဘုရင်ကြီးက နောက်ထပ်မွေးလာတဲ့သားတော်လေးကို ထောင်မှာတစ်သက်လုံးချခိုင်းစေခဲ့ပေမယ့် မိဖုရားကြီးရဲ့တောင်းပန်မှုကြောင့် ထောင်မချတော့ပဲ နန်းတော်နဲ့အလွန်ဝေးတဲ့အရပ်က အိမ်ကြီးတစ်လုံးမှာ ဆရာတစ်ယောက် ၊ အစောင့်အရှောက်တစ်ယောက်နဲ့ အတူထားစေခဲ့ပါတယ်။ ဒီအကြောင်းတွေကို သားတော်လုံးဝမသိရမှာဖြစ်ပြီး အကြောင်းတိုက်ဆိုင်ပြီး သိသွားတာနဲ့ ထောင်မှာတစ်သက်လုံးအကျဉ်းချထားမှာဖြစ်ပါတယ်။

မင်းသားလေး နာမည်က ဖိလစ်ဖြစ်ပါတယ်။ ဖိလစ်ဟာ ဆရာ ၊ အထိန်းတော်မိန်းမတစ်ယောက်နဲ့အတူ ခြံကြီးတစ်ခုက အိမ်တစ်လုံးထဲမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့ရပါတယ်။ အပြင်ကိုထွက်ခွင့်လည်းမရှိခဲ့ပေမယ့် ဖိလစ်က သူဟာ အကြီးအကဲတစ်ယောက်ယောက်နဲ့ပတ်သတ်သူဆိုတာတော့ ရိပ်မိနေခဲ့ပါတယ်။ မိဘတွေရဲ့အကြောင်းကို သိချင်လို့ ဆရာနဲ့ အထိန်းတော်တွေကိုမေးပေမယ့် တစ်ခွန်းတစ်လေတောင် ပြောမပြကြပါဘူး။ တစ်နေ့ မိဖုရားကြီးက သူ့သားတော်လေးကို အတတ်နိုင်ဆုံးစောင့်ရှောက်ဖို့ လျို့ဝှက်စာတစ်စောင်ပို့လိုက်ပါတယ်။ မင်းသားလေးရဲ့ဆရာဟာ စာကိုဖောက်ဖတ်ဖို့လုပ်တဲ့အချိန်မှာပဲ စာဟာလေတိုက်ခတ်တာကြောင့် အိမ်အောက်ကိုကျသွားပါတယ်။ အဲဒီအချိန်က မိုးလေပြင်းထန်နေတဲ့အချိန်ပါ။ ဆရာဟာ စာကိုထွက်ရှာပေမယ့်လုံးဝမတွေ့တာကြောင့် လက်လျော့ကာအိမ်ထဲပြန်ဝင်သွားပါတယ်။ စာဟာ ရေတွင်းနှုတ်ခမ်းစပ်ဘေးမှာ ရောက်နေခဲ့ပြီး ဒီလိုကျသွားတာကိုမင်းသားလေးဖိလစ်မြင်ခဲ့ပါတယ်။ ဒါကြောင့်သူဟာ စာကိုခိုးဖတ်ကြည့်တဲ့အခါမှာတော့ သူနဲ့ပတ်သတ်သူဟာ ဘုရင့်မိဖုရားကြီးကိုယ်တိုင်ဆိုတာ သိသွားပါတယ်။ အဲဒီညမှာ မင်းသားလေးဟာ မိဖုရားကြီးအကြောင်းကို တစ်ညလုံးယောင်နေတဲ့အတွက် ဆရာနဲ့ အထိန်းတော်ဟာ သူတို့ရဲ့လျို့ဝှက်ချက်ကို မင်းသားလေးသိသွားပြီဖြစ်မှန်း သိရှိလိုက်ကြပါတယ်။

သူတို့ရဲ့တာဝန်အရ မင်းသားလေးသိရှိသွားပြီဖြစ်တဲ့အကြောင်းကို မိဖုရားကြီးကိုလျှောက်တင်တဲ့အခါမှာတော့ နှစ်ယောက်စလုံးကွပ်မျက်ခံလိုက်ရသလို မင်းသားလေဟာလည်း အကျဉ်းထောင်ထဲမှာ အလုံပိတ်ချထားခံလိုက်ရပါတယ်။ လူလတ်ပိုင်းအရွယ်ရောက်သည်အထိ မင်းသားလေးဟာ ထောင်ထဲမှာနှစ်ပေါင်းများစွာ ဘယ်သူနဲ့မှ သိခွင့်တွေ့ခွင့်မရှိပဲ အထီးကျန်စွာနေထိုင်ခဲ့ရပါတယ်။ ဒီလျို့ဝှက်ချက်ကြီးတစ်ခုလုံးကို သိသူဟာ ဘုရင် ၊ မိဖုရားကြီးနဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီးတို့ပဲ ရှိပါတယ်။ ဘုရင်ကြီးလည်း ကွယ်လွန်သွားခဲ့ပြီဖြစ်တာကြောင့် သားတော်လူဝီ ၁၄က ပြင်သစ်ထီးနန်းကိုစိုးစံခဲ့ပါတယ်။ လူဝီ ၁၄ ဘုရင်ဟာ အပျော်အပါးမက်တာကြောင့် တိုင်းပြည်ကြီးဟာ ပြသနာပေါင်းစုံတက်နေပါတယ်။ အဓိကလူနှစ်ယောက်ဖြစ်တဲ့ အကြံပေးအရာရှိချုပ် နဲ့ ဘဏ္ဍာစိုးတို့ဟာ မတည့်ကြပါဘူး။ ဘဏ္ဍာစိုးဟာ အလွန်လာဘ်စားပြီး ဘုရင်ထက်ပိုချမ်းသာတာ ဘုရင့်နန်းတော်ထက်ကြီးကျယ်ခမ်းနားတဲ့ အိမ်တော်ကြီးကိုဆောက်လုပ်နိုင်တဲ့အထိပါပဲ။ တစ်နေ့မှာတော့ အကြံပေးအရာရှိချုပ်ဟာ ဘဏ္ဍာစိုးခိုးယူလာဘ်စားထားတဲ့ အထောက်အထားတွေကိုထုတ်ဖော်ပြီး ဘုရင်ကိုတိုင်ကြားပါတယ်။ ဘုရင်က ဘဏ္ဍာစိုးကိုဖြေရှင်းခိုင်းတဲ့အခါမှာ ကြံရာမရဖြစ်နေတဲ့ဘဏ္ဍာစိုးဟာ သူ့မိတ်ဆွေဂိုဏ်းချုပ်ဘုန်းတော်ကြီးကို အကြံတောင်းပါတယ်။ ဘုန်းတော်ကြီးက ဘုရင့်ကို ဘဏ္ဍာစိုးရဲ့အိမ်တော်ကြီးဆီခေါ်ပြီး ပျော်ပွဲရွှင်ပွဲအခမ်းအနားမျိုးစုံနဲ့ ဇိမ်ခံခိုင်းရင် ဘုရင်ကပြန်ခွင့်လွှတ်လိမ့်မယ်လို့ အကြံပေးခဲ့ပါတယ်။ ဘုရင်ကလည်း နောက်ဆုံးအခွင့်အရေးပေးတဲ့အနေနဲ့ ဘဏ္ဍာစိုးရဲ့အိမ်တော်ကိုလိုက်လည်ခဲ့ပါတယ်။ ဘုရင်ကလည်း ဘဏ္ဍာစိုးကိုကြည့်မရဖြစ်နေပြီး နောက်တစ်နေ့မှာ ဘဏ္ဍာစိုးကိုဖမ်းကာ အိမ်တော်ကိုပါသိမ်းပိုက်မှာဖြစ်ပါတယ်။ ဘုန်းတော်ကြီးမှာ နောက်ထပ်အကြံအစည်တစ်ခုရှိပါသေးတယ်။

ဒီအကြံအစည်ဖော်ဖို့အတွက် ဘုန်းတော်ကြီးဟာ ထောင်မှူးကိုတစ်ပတ်ရိုက်ကာ မင်းသားဖိလစ်ကို ထောင်မှထုတ်ခဲ့ပါတယ်။ ပြီးတဲ့အခါမှာတော့ လျို့ဝှက်ခန်းကနေဝင်ကာ ဘုရင်ကိုဖမ်းဆီးပြီး မင်းသားဖိလစ်ကိုမှားခေါ်မိသယောင်ပြန်အစားထိုးခဲ့ပါတယ်။ ဘုရင်ဟာ ထောင်ထဲရောက်သွားပြီး ဖိလစ်ကတော့ ဘုရင့်နေရာရောက်သွားပါတယ်။ ဘုန်းတော်ကြီးရဲ့အကြံကတော့ မင်းသားဖိလစ်က ဘုရင်ဖြစ်ပြီး သူ့ကို ဂိုဏ်းချုပ်ဘုန်းတော်ကြီး နဲ့ အကြံပေးအရာရှိချုပ်ရာထူး ၊ ဘဏ္ဍာစိုးကို မူလရာထူးအတိုင်းခန့်အပ်စေဖို့ဖြစ်ပါတယ်။ သူလုပ်ခဲ့တဲ့ အစီအစဉ်ကို ဘဏ္ဍာစိုးလက်ခံခဲ့မယ်လို့ ထင်ခဲ့ပေမယ့် လုံးဝလက်မခံခဲ့တာကြောင့် ဘုန်းတော်ကြီးတစ်ခြားနိုင်ငံကို ထွက်ပြေးသွားပါတော့တယ်။ ဘဏ္ဍာစိုးဟာ ဘုရင်အစစ်ကိုထောင်က နေပြန်ထုတ်လာခဲ့ပါတယ်။ ဘုရင်နေရာကို ခဏသာရောက်ခဲ့တဲ့ဖိလစ်ကတော့ ဘုရင့်အမိန့်နဲ့ မျက်နှာကို သံခေါင်းစွပ်စွပ်ပြီး တစ်သက်လုံးထောင်ထဲမှာပဲ နေသွားရပါတော့တယ်။
(ရုပ်ရှင်ထဲမှာတော့ ဖိလစ်က အကျဉ်းသားပြန်မဖြစ်တော့ပဲ ဘုရင်အဖြစ်နဲ့ ဇာတ်သိမ်းထားပါတယ်)

ဒါကတော့ ပြင်သစ်စာရေးဆရာကြီး ALEXANDER DUMAS ရဲ့ ဝထ္ထု ဇာတ်လမ်းထဲကအတိုင်းဖြစ်ပြီး သံခေါင်းစွပ်ဟာ ဘုရင့်ရဲ့အမွှာညီအစ်ကိုဖြစ်ကြောင်း အသားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ဖြစ်ရပ်မှန်ကတော့ ဒီလိုအတိအကျမဟုတ်ပါဘူး။ ၁၆၆၉ခုနှစ်မှာ အဖမ်းခံခဲ့ရတဲ့အကျဉ်းသားဟာ ဘုရင့်ရဲ့ကိုယ်ပိုင်အကျဉ်းသားဖြစ်ပြီး ဘာပြစ်မှုနဲ့ ဖမ်းခဲ့တယ်ဆိုတာ ဘယ်သူမှမသိပါဘူး။ ထောင်ထဲမှာသူ့နာမည်က Eustache Dauger ဖြစ်ပေမယ့် သေလို့မြုပ်နှံခဲ့ချိန်မှာတော့ Marchioly ဆိုတဲ့နာမည်နဲ့ဖြစ်တာကြာင့် သူဘယ်သူလဲဆိုတာ လူဝီ ၁၄ဘုရင်က လွဲလို့ဘယ်သူမှ မသိခဲ့ပါဘူး။ Pignerol အကျဉ်းထောင်ဟာ နိုင်ငံကိုအရှက်ရစေသူများကိုသာ ထားတဲ့အကျဉ်းထောင်ဖြစ်ပြီး ထောင်ဝန်ထမ်းတွေဟာ အဲဒီအကျဉ်းသားဆီကို ရေနဲ့အစားအစာပေးဖို့ တစ်နေ့တစ်ကြိမ်သာ ဝင်ခွင့်ရှိခဲ့ပါတယ်။ စကားအပိုပြောတာနဲ့ အသတ်ခံရမယ်လို့ သတိပေးခြင်းခံကြရပါတယ်။ ၁၆၉၈ မှာတော့ အကျဉ်းသားကို ဘာစတီးအကျဉ်းထောင်ကို ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ၁၇၀၃ နိုဝင်ဘာ ၁၉ရက်နေ့မှာ သေဆုံးခဲ့ပြီး နှစ်ပေါင်း ၃၄နှစ်ကြာ ထောင်ထဲမှာနေခဲ့ရပါတယ်။ သေဆုံးတဲ့နေ့မှာပဲ သူ့ကိုမြုပ်နှံခဲ့သလို သူပိုင်ဆိုင်တဲ့အဝတ်အစား အသုံးအဆောင်အားလုံးကို မီးရှို့စေခဲ့ပါတယ်။ အစဉ်အဆက် သမိုင်းပညာရှင်ပေါင်းများစွာက သံခေါင်းစွပ်အကျဉ်းသားရဲ့ အကြောင်းကို အမျိုးမျိုးစုံစမ်းဖော်ထုတ်ခဲ့ကြပြီး အဖြေအတိအကျမထွက်ခဲ့ပဲ အဖြေအမျိုးမျိုးထွက်နေခဲ့ပါတယ်။ သံခေါင်းစွပ်အကျဉ်းသားဟာ လူဝီ ၁၄ရဲ့ အမွှာညီအစ်ကို ၊ လူဝီ ၁၄ရဲ့ဖခင် ၊ လူဝီ ၁၄ နဲ့ ဘာမှမတော်စပ်ပဲ ရုပ်ချွပ်စွပ်တူသူ ၊ အင်္ဂလိပ်စတူးဝပ်မင်းဆက်ရဲ့နောက်ဆုံးမင်းသား ဂျိမ်းစ်စကော့ ၊ လူဝီ ၁၄ဘုရင်ကိုယ်တိုင် စသည်စသည်ဖြင့် ခန့်မှန်းမှုအဖြေအမျိုးမျိုးထွက်ခဲ့ပါတယ်။ ဒါကြောင့်လည်း အဖြေအတိအကျမသိတဲ့ သံခေါင်းစွပ်မင်းသားဟာ ပြင်သစ်နိုင်ငံရဲ့ အဖြေမထုတ်နိုင်တဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ယနေ့တိုင်ကျန်ရှိနေပါတော့တယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top