×

ျမန္မာနိုင္ငံရဲ႕ Miss Universe 2016 Winner ဆုရွင္ျဖစ္တဲ့ အလွမယ္ ထက္ထက္ထြန္း ကေတာ့ ရိုက္ကြင္းက ဓာတ္ပုံတစ္ပုံနဲ႕ပတ္သတ္ၿပီး ေလယာဥ္မယ္တစ္ဦးရဲ႕ ေဝဖန္မႈကို ခံခဲ့ရတယ္လို႔ သိရပါတယ္။ နိုင္ငံတကာ စင္ျမင့္ထက္မွာ Best National Costume ဆုကို ဆြတ္ခူးနိုင္ခဲ့တဲ့ အလွမယ္ထက္ထက္ထြန္းကေတာ့ အဆိုပါကိစၥနဲ႕ပတ္သတ္ၿပီး သူမရဲ႕ လူမႈစာမ်က္ႏွာမွတဆင့္ အတိအလင္းေျဖရွင္းထားတာ ေတြ႕ရပါတယ္။

သူမရဲ႕ လူမႈစာမ်က္ႏွာမွာေတာ့ “((ဒီပိုစ့္သည္ ေလေၾကာင္းလိုင္းအားမရည္႐ြယ္သလို ကြၽန္မကို မတိုက္ခိုက္ေသာ အျခားေသာ ေလယာဥ္ဝန္ထမ္းမ်ားအား မရည္႐ြယ္ပါ… Sue Theint Theint Oo ဆိုေသာ ေလယာဥ္မယ္တစ္ဦးတည္းအားရည္႐ြယ္ပါသည္))

ထက္အေနျဖင့္ ခ်စ္ျခင္းစတုဂံ ဇာတ္လမ္းတြဲ ရိုက္ကူးေရးအတြက္ Character အရ ေလယာဥ္မယ္ဝတ္စုံကို ေလေၾကာင္းလိုင္းရဲ႕ တရားဝင္ ခြင့္ျပဳခ်က္ယူၿပီးမွ ဝတ္ခဲ့တာပါ… ရႈတင္ေန႕မွာ ေစတနာနဲ႕ ပုံတင္ေပးရင္း အေပ်ာ္သေဘာနဲ႕ New Job ပါဆိုၿပီး ပို႔စ္တင္ခဲ့တာ အဲ့ေလေၾကာင္းလိုင္းက ေလယာဥ္မယ္တစ္ေယာက္ကို အရမ္းထိခိုက္သြားတယ္ထင္ပါတယ္…

ထက္ပို႔စ္ကို Share ၿပီးထက္ကို ထိပါးရေလာက္တဲ့ထိေျပာဆိုေနတာေတြ႕ရပါတယ္

Facebook ေပၚမွာ “ေအာ့” ဆိုၿပီးသုံးႏႈန္းတာကို လုံးဝ မေက်နပ္ေပးနိုင္ပါဘူး …တရားဝင္အပစ္တင္ေျပာဆိုေနရေအာင္လို႔ ဘယ္ေလာက္ထိအတိအက်သိၿပီးထားလို႔လည္းဆိုတာေမးခ်င္ပါတယ္

ဖိနပ္လာပို႔ေနတုန္းမေရာက္ခင္ရိုက္ထားတဲ့ပုံမို႔ ပုံတင္တုန္းက ဖိနပ္ကို Sticker ေလးေတြနဲ႕ကြယ္ခဲ့တယ္…

အျပင္လူေတြအထင္မလြဲေအာင္လုပ္ခဲ့တာပါ ဒါေပမယ့္ အတြင္းလူက ဒီ sticker ေအာက္ကကြယ္ထားတဲ့ မတူတဲ့ ေဒါက္ဖိနပ္ကို အတင္းကိုယ့္ေပါင္ကိုယ္လွန္ေထာင္း ျပသနာမဟုတ္ျပသနာလုပ္ၿပီး လူႀကီးလူေကာင္းမဆန္တဲ့ စာသားေတြနဲ႕ သူမ်ားသိကၡာကိုခ်ထားတာေတာ့ တရားေတာ္ေတာ္လြန္ပါတယ္…

တကယ့္ဇာတ္လမ္းရိုက္တဲ့ ခ်ိန္မွာေတာ့ uniform ျပည့္ျပည့္စုံစုံနဲ႕ ရိုက္ခဲ့တာပါ…တစ္ကယ့္ေလယဥ္မယ္မွာသာရွိတဲ့ အဆင္တန္ဆာအျပည့္အစုံကို အဲ့လိုျပည့္စုံဖို႔ ဆိုတာကလည္း ကိုယ့္နည္းကိုယ့္ဟန္နဲ႕ Last Minutes ထိႀကိဳးစားရယူခဲ့တာပါ…

အဲ့ဒီ ျပည့္ျပည့္စုံစုံျဖစ္ေစခ်င္လွပါၿပီရဲ႕ဆိုတဲ့ စည္းကမ္းရွိေလယာဥ္မယ္ Sue Theint Theint Oo ေရ … ကိုယ္ကျဖင့္ဘာမွဝိုင္းဝန္းမကူညီဘဲနဲ႕ အိုးကမပူ စေလာင္းကပူဆိုသလို ေလေၾကာင္းလိုင္းကိုယ္စား ဆက္ဆက္ထိမခံ နာျပေနေတာ့ Facebook ေပၚမွာ MNA ရဲ႕ ေလယာဥ္မယ္က ဒီလိုႏႈတ္ၾကမ္းနဲ႕ အေရးအသားၾကမ္းနဲ႕ သူတပါးေပၚ ေျပာဆိုဆက္ဆံတတ္ပါတယ္ဆိုတာကို ဂုဏ္ယူေနတာလား ?

ဘာမွအမွားမရွိတဲ့ MNA ရဲ႕ဂုဏ္သိကၡာေရာ ၊ ျပည္သူေတြက ဝိုင္းခ်စ္ေနၾကတဲ့ ေလယာဥ္မယ္ေတြအားလုံးရဲ႕ image ေရာ ဒီလိုစည္းမေစာင့္တဲ့ ေလယာဥ္မယ္တစ္ဦးရဲ႕ လုပ္ရပ္ေၾကာင့္ ေတာ္ေတာ္ သိကၡာက်ဆင္းပါတယ္…

အကယ္၍ ကြၽန္မထက္ထက္ထြန္းသည္ ဖိနပ္ကို မွားစီးမိတယ္ဆိုရင္ေတာင္ ကြၽန္မတစ္ဦးတစ္ေယာက္ရဲ႕အမွားသာျဖစ္ၿပီး ေလေၾကာင္းလိုင္းႏွင့္ အျခားေသာေလယာဥ္အမႈထမ္းမ်ားအေပၚထိခိုက္လိမ့္မည္မဟုတ္… သို႔ေသာ္ သူမ၏အျပဳအမူသည္ သူမ၏ အက်င့္သိကၡာအျပင္ လူအမ်ားကို ထိခိုက္ေစေသာလုပ္ရပ္ျဖစ္သည္…

ဟုတ္ပါတယ္ …

သူမေျပာသလို MNA airline မွာ ကြၽန္မထက္ပိုေခ်ာေသာသူရွိရင္ရွိပါလိမ့္မယ္…ဒါေပမယ့္ အဲ့စကားသည္ သူထည့္ေျပာစရာမလိုေသာ ယွဥ္ေျပာစရာမလိုေသာစကားလို႔ ကြၽန္မယူဆပါတယ္… ဘာလို႔လည္းဆိုေတာ့ ကြၽန္မတို႔အလွခ်င္းၿပိဳင္ေနတာမဟုတ္ပါဘူး , ကြၽန္မအလုပ္အတြက္ ကြၽန္မဇာတ္လမ္းရိုက္ကူးေရးလုပ္ေနတာပါ… ကြၽန္မကိုခ်စ္တဲ့ပရိတ္သတ္ေတြက comments မွာ လွလိုက္တာတို႔ ဒီေလာက္လွတဲ့ေလယာဥ္မယ္ မေတြ႕ဖူးဘူးတို႔ဆိုတာ အႏုပညာရွင္ကိုခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႕ ေျပာၾကတာပါ… ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္ရည္႐ြယ္ၿပီးေျပာတာမဟုတ္ပါ…

သူမွမဟုတ္ တစ္ျခားသူမ်ားလည္း ဒီကိစၥနဲ႕ ပတ္သတ္ၿပီးကြၽန္မအေၾကာင္းေျပာေနတယ္ဆိုေပမယ့္ ကြယ္ရာမွာေျပာတာေတြအတြက္ေတာ့သိပ္မေျပာခ်င္ပါဘူး Personal Facebook မွာတင္ထားတာ ေရးထားတာေတြအတြက္ေတာ့ မသိတဲ့သူေတြအထင္အျမင္မလြဲေအာင္ ဒီလိုေရးၿပီးရွင္းျပလိုက္တာပါ…

အမ်ားျပည္သူကို ဝန္ေဆာင္မႈျပဳေနတဲ့ ခ်ိဳသာတဲ့ ထက္ျမက္တဲ့ အမ်ိဳးသမီးထုကို ကိုယ္စားျပဳေပးတဲ့ ေလယာဥ္မယ္အေနနဲ႕ ဆင္ျခင္သင့္ပါတယ္ …

ကြၽန္မရဲ႕ ေစတနာေတြ ေစာ္ကားခံရသလိုျဖစ္တဲ့ အတြက္ စိတ္မေကာင္းေတာ့ ျဖစ္မိတယ္ …

ေနာက္ဆုံး ဂုဏ္ဆာၿပီး ကုန္ကုန္ေျပာရရင္ေတာ့ ကြၽန္မေလယာဥ္မယ္ဝတ္စုံျဖင့္ တင္တဲ့ ပိုစ့္တစ္ခုသည္ MNA ကိုထိခိုက္သြားျခင္းမရွိခဲ့ဘဲ … MNA Airline အတြက္ပိုၿပီးဂုဏ္တတ္ေစခဲ့တယ္ customer ေတြပိုရခဲ့တယ္ uniform ေလးကိုလည္း လွတယ္လို႔ ခ်ီးက်ဴးခံခဲ့ရတယ္လို႔ ကြၽန္မေတာ့ ရဲရဲႀကီးေျပာရဲသလို …တစ္ခ်ိဳ႕ေသာစိတ္ဓာတ္မျပည့္ဝသူတို႔ မနာလိုစိတ္ပြားေစေလာက္ေအာင္ လွပစြာျဖင့္ ေအာင္ျမင္ခဲ့ပါလားေနာ္ ” ဆိုၿပီး ေရးသားထားပါတယ္။ လက္ရွိမွာေတာ့ အဆိုပါကိစၥနဲ႕ပတ္သတ္ၿပီး ပရိသတ္ေတြကစိတ္ဝင္စားေနၾကသလို သူမရဲ႕ ပရိသတ္ေတြကေတာ့ ထက္ထက္ထြန္းကို စိတ္ေလ်ာ့ပါဆိုၿပီး ႏွစ္သိမ့္ေနၾကတာလည္း ေတြ႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: shwelayoung

# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာနိုင်ငံရဲ့ Miss Universe 2016 Winner ဆုရှင်ဖြစ်တဲ့ အလှမယ် ထက်ထက်ထွန်း ကတော့ ရိုက်ကွင်းက ဓာတ်ပုံတစ်ပုံနဲ့ပတ်သတ်ပြီး လေယာဉ်မယ်တစ်ဦးရဲ့ ဝေဖန်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ နိုင်ငံတကာ စင်မြင့်ထက်မှာ Best National Costume ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အလှမယ်ထက်ထက်ထွန်းကတော့ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး သူမရဲ့ လူမှုစာမျက်နှာမှတဆင့် အတိအလင်းဖြေရှင်းထားတာ တွေ့ရပါတယ်။

သူမရဲ့ လူမှုစာမျက်နှာမှာတော့ “((ဒီပိုစ့်သည် လေကြောင်းလိုင်းအားမရည်ရွယ်သလို ကျွန်မကို မတိုက်ခိုက်သော အခြားသော လေယာဉ်ဝန်ထမ်းများအား မရည်ရွယ်ပါ… Sue Theint Theint Oo ဆိုသော လေယာဉ်မယ်တစ်ဦးတည်းအားရည်ရွယ်ပါသည်))

ထက်အနေဖြင့် ချစ်ခြင်းစတုဂံ ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက် Character အရ လေယာဉ်မယ်ဝတ်စုံကို လေကြောင်းလိုင်းရဲ့ တရားဝင် ခွင့်ပြုချက်ယူပြီးမှ ဝတ်ခဲ့တာပါ… ရှုတင်နေ့မှာ စေတနာနဲ့ ပုံတင်ပေးရင်း အပျော်သဘောနဲ့ New Job ပါဆိုပြီး ပို့စ်တင်ခဲ့တာ အဲ့လေကြောင်းလိုင်းက လေယာဉ်မယ်တစ်ယောက်ကို အရမ်းထိခိုက်သွားတယ်ထင်ပါတယ်…

ထက်ပို့စ်ကို Share ပြီးထက်ကို ထိပါးရလောက်တဲ့ထိပြောဆိုနေတာတွေ့ရပါတယ်

Facebook ပေါ်မှာ “အော့” ဆိုပြီးသုံးနှုန်းတာကို လုံးဝ မကျေနပ်ပေးနိုင်ပါဘူး …တရားဝင်အပစ်တင်ပြောဆိုနေရအောင်လို့ ဘယ်လောက်ထိအတိအကျသိပြီးထားလို့လည်းဆိုတာမေးချင်ပါတယ်

ဖိနပ်လာပို့နေတုန်းမရောက်ခင်ရိုက်ထားတဲ့ပုံမို့ ပုံတင်တုန်းက ဖိနပ်ကို Sticker လေးတွေနဲ့ကွယ်ခဲ့တယ်…

အပြင်လူတွေအထင်မလွဲအောင်လုပ်ခဲ့တာပါ ဒါပေမယ့် အတွင်းလူက ဒီ sticker အောက်ကကွယ်ထားတဲ့ မတူတဲ့ ဒေါက်ဖိနပ်ကို အတင်းကိုယ့်ပေါင်ကိုယ်လှန်ထောင်း ပြသနာမဟုတ်ပြသနာလုပ်ပြီး လူကြီးလူကောင်းမဆန်တဲ့ စာသားတွေနဲ့ သူများသိက္ခာကိုချထားတာတော့ တရားတော်တော်လွန်ပါတယ်…

တကယ့်ဇာတ်လမ်းရိုက်တဲ့ ချိန်မှာတော့ uniform ပြည့်ပြည့်စုံစုံနဲ့ ရိုက်ခဲ့တာပါ…တစ်ကယ့်လေယဉ်မယ်မှာသာရှိတဲ့ အဆင်တန်ဆာအပြည့်အစုံကို အဲ့လိုပြည့်စုံဖို့ ဆိုတာကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ Last Minutes ထိကြိုးစားရယူခဲ့တာပါ…

အဲ့ဒီ ပြည့်ပြည့်စုံစုံဖြစ်စေချင်လှပါပြီရဲ့ဆိုတဲ့ စည်းကမ်းရှိလေယာဉ်မယ် Sue Theint Theint Oo ရေ … ကိုယ်ကဖြင့်ဘာမှဝိုင်းဝန်းမကူညီဘဲနဲ့ အိုးကမပူ စလောင်းကပူဆိုသလို လေကြောင်းလိုင်းကိုယ်စား ဆက်ဆက်ထိမခံ နာပြနေတော့ Facebook ပေါ်မှာ MNA ရဲ့ လေယာဉ်မယ်က ဒီလိုနှုတ်ကြမ်းနဲ့ အရေးအသားကြမ်းနဲ့ သူတပါးပေါ် ပြောဆိုဆက်ဆံတတ်ပါတယ်ဆိုတာကို ဂုဏ်ယူနေတာလား ?

ဘာမှအမှားမရှိတဲ့ MNA ရဲ့ဂုဏ်သိက္ခာရော ၊ ပြည်သူတွေက ဝိုင်းချစ်နေကြတဲ့ လေယာဉ်မယ်တွေအားလုံးရဲ့ image ရော ဒီလိုစည်းမစောင့်တဲ့ လေယာဉ်မယ်တစ်ဦးရဲ့ လုပ်ရပ်ကြောင့် တော်တော် သိက္ခာကျဆင်းပါတယ်…

အကယ်၍ ကျွန်မထက်ထက်ထွန်းသည် ဖိနပ်ကို မှားစီးမိတယ်ဆိုရင်တောင် ကျွန်မတစ်ဦးတစ်ယောက်ရဲ့အမှားသာဖြစ်ပြီး လေကြောင်းလိုင်းနှင့် အခြားသောလေယာဉ်အမှုထမ်းများအပေါ်ထိခိုက်လိမ့်မည်မဟုတ်… သို့သော် သူမ၏အပြုအမူသည် သူမ၏ အကျင့်သိက္ခာအပြင် လူအများကို ထိခိုက်စေသောလုပ်ရပ်ဖြစ်သည်…

ဟုတ်ပါတယ် …

သူမပြောသလို MNA airline မှာ ကျွန်မထက်ပိုချောသောသူရှိရင်ရှိပါလိမ့်မယ်…ဒါပေမယ့် အဲ့စကားသည် သူထည့်ပြောစရာမလိုသော ယှဉ်ပြောစရာမလိုသောစကားလို့ ကျွန်မယူဆပါတယ်… ဘာလို့လည်းဆိုတော့ ကျွန်မတို့အလှချင်းပြိုင်နေတာမဟုတ်ပါဘူး , ကျွန်မအလုပ်အတွက် ကျွန်မဇာတ်လမ်းရိုက်ကူးရေးလုပ်နေတာပါ… ကျွန်မကိုချစ်တဲ့ပရိတ်သတ်တွေက comments မှာ လှလိုက်တာတို့ ဒီလောက်လှတဲ့လေယာဉ်မယ် မတွေ့ဖူးဘူးတို့ဆိုတာ အနုပညာရှင်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပြောကြတာပါ… ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ရည်ရွယ်ပြီးပြောတာမဟုတ်ပါ…

သူမှမဟုတ် တစ်ခြားသူများလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီးကျွန်မအကြောင်းပြောနေတယ်ဆိုပေမယ့် ကွယ်ရာမှာပြောတာတွေအတွက်တော့သိပ်မပြောချင်ပါဘူး Personal Facebook မှာတင်ထားတာ ရေးထားတာတွေအတွက်တော့ မသိတဲ့သူတွေအထင်အမြင်မလွဲအောင် ဒီလိုရေးပြီးရှင်းပြလိုက်တာပါ…

အများပြည်သူကို ဝန်ဆောင်မှုပြုနေတဲ့ ချိုသာတဲ့ ထက်မြက်တဲ့ အမျိုးသမီးထုကို ကိုယ်စားပြုပေးတဲ့ လေယာဉ်မယ်အနေနဲ့ ဆင်ခြင်သင့်ပါတယ် …

ကျွန်မရဲ့ စေတနာတွေ စော်ကားခံရသလိုဖြစ်တဲ့ အတွက် စိတ်မကောင်းတော့ ဖြစ်မိတယ် …

နောက်ဆုံး ဂုဏ်ဆာပြီး ကုန်ကုန်ပြောရရင်တော့ ကျွန်မလေယာဉ်မယ်ဝတ်စုံဖြင့် တင်တဲ့ ပိုစ့်တစ်ခုသည် MNA ကိုထိခိုက်သွားခြင်းမရှိခဲ့ဘဲ … MNA Airline အတွက်ပိုပြီးဂုဏ်တတ်စေခဲ့တယ် customer တွေပိုရခဲ့တယ် uniform လေးကိုလည်း လှတယ်လို့ ချီးကျူးခံခဲ့ရတယ်လို့ ကျွန်မတော့ ရဲရဲကြီးပြောရဲသလို …တစ်ချို့သောစိတ်ဓာတ်မပြည့်ဝသူတို့ မနာလိုစိတ်ပွားစေလောက်အောင် လှပစွာဖြင့် အောင်မြင်ခဲ့ပါလားနော် ” ဆိုပြီး ရေးသားထားပါတယ်။ လက်ရှိမှာတော့ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ပရိသတ်တွေကစိတ်ဝင်စားနေကြသလို သူမရဲ့ ပရိသတ်တွေကတော့ ထက်ထက်ထွန်းကို စိတ်လျော့ပါဆိုပြီး နှစ်သိမ့်နေကြတာလည်း တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: shwelayoung
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top