န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ျမတ္စြာဘုရားရဲ႕ အဆံုးအမအမွန္ေတြဟာ ဒီ tradition ကေန ခြဲထြက္ဖို႔လိုအပ္တယ္၊ tradition ေတြကေန ခြဲမထြက္ႏုိင္ဘူးဆိုရင္ ဗုဒၶရဲ႕ အဆံုးအမလိုလို ဘာလိုလိုနဲ႔ ေရာေထြးဝင္ေရာက္ေနတာ ဗုဒၶရဲ႕အဆံုးအမအစစ္က ခုနကေျပာတဲ့အတိုင္းပဲ ဘယ္အခ်ိန္အလုပ္လုပ္ ေကာင္းတာလုပ္ရင္ ေကာင္းတဲ့နကၡတ္ပဲ၊ ေကာင္းကင္က ၾကယ္ေတြက ကုိယ့္ကို ဘာမွမတတ္ႏုိင္ဘူး၊ ေကာင္းကင္နကၡတ္ေတြက ကုိယ့္ကို ဘာမွမတတ္ႏုိင္ဘူး၊ ကိုယ္လုပ္သင့္ မလုပ္သင့္ ကုိယ့္ဟာကိုယ္ပဲ နားလည္ရမယ္၊ အကုသိုလ္မျဖစ္ေအာင္ လုပ္ရမယ္၊ ကုသိုလ္ျဖစ္ေအာင္ သတိ ေဆာင္ရမယ္၊ ဒါျမတ္စြာဘုရားရဲ႕ အဆံုးအမ အေျခခံပဲ။

ျမတ္စြာဘုရားရဲ႕အဆံုးအမကုိ  အႏွစ္ခ်ဳပ္ေျပာရမယ္ဆိုလို႔ရွိရင္ ကုသိုလ္ျဖစ္တဲ့အလုပ္မွန္သမွ် လုပ္ေကာင္းတယ္၊ အကုသိုလ္ျဖစ္တဲ့အလုပ္မွန္သမွ် မလုပ္ေကာင္းဘူး၊ ဒီလိုပဲ သတ္မွတ္တယ္၊ တခ်ိဳ႕က်ေတာ့ ဒါလုပ္ေကာင္းလား မလုပ္ေကာင္းဘူးလား၊ တခ်ိဳ႕ဘုန္းၾကီးေက်ာင္းထဲ ဖိနပ္စီးေကာင္းလား ေမးတဲ့လူကရွိေသးတယ္ေနာ္၊ ေၾသာ္ ဒါ သံဃာေတြ သီတင္းသံုးေနတဲ့ေနရာပဲ၊ ဘုရားေက်ာင္းကန္ေတြရွိတယ္၊ respect ေပးလို႔ ခၽြတ္ရင္ကုသိုလ္ရတယ္၊ ဒါမွန္တယ္၊ မခၽြတ္ခ်င္ဘူးဆိုရင္လဲ မေလးမစားလုပ္တာ မဟုတ္ရင္ အကုသိုလ္မျဖစ္ဘူး။

သံဃာေတြနဲ႔ေတြ႔ရင္ ခၽြတ္တယ္၊ သို႔ေသာ္ ဗမာျပည္မွာ လုိက္နာမႈႏွစ္ခုဟာ ဆန္႔က်င္ေနတာ တစ္ခုရွိတယ္၊ ဘုန္းၾကီးေက်ာင္းထဲဝင္ရင္ စက္ဘီးေပၚကမဆင္းဘူး၊ ေမာ္ေတာ္ဆုိင္ကယ္ေပၚက မဆင္းဘူး၊ ဖိနပ္ေတာ့ခၽြတ္တယ္၊ ဒါ အဓိပၸါယ္မရွိဘူးေနာ္၊ ဖိနပ္ထက္ ေမာ္ေတာ္ဆုိင္ကယ္တုိ႔၊ ကားတို႔က ပုိၾကီးတဲ့ယာဥ္ပဲ၊ အဲဒီေတာ့ ဆိုလိုတာက ကားေပၚကဆင္းျပီး ဖိနပ္စီးလာတာ အေကာင္းဆံုးပဲေပ့ါ၊ ဒီလိုဆိုလိုတာေပါ့၊ ေရွးတုန္းကဆိုရင္ ဘုရားေက်ာင္းကန္ ဝင္လို႔ရွိရင္ ဆင္ေတြ၊ ျမင္းေတြကုိ အျပင္ဘက္မွာ ထားခဲ့တယ္၊ ဖိနပ္စီးျပီးဝင္လာၾကတယ္၊ ဘုရားနဲ႔ေတြ႔တဲ့အခါက်ေတာ့မွ ဖိနပ္ခၽြတ္ျပီး ရွိခိုးၾကတယ္၊ ဒီလိုေက်ာင္းထဲမွာ ဖိနပ္မစီးရဘူးဆိုတဲ့ အယူအဆတစ္ခုဟာ အေလးျပဳရာကေန ေပၚလာတာ၊ သို႔ေသာ္ ရည္ရြယ္ခ်က္ေကာင္းရင္ အျပစ္ရွိတယ္လုိ႔ ေျပာလို႔မရဘူး၊ စီးသည့္အတြက္ေၾကာင့္ အျပစ္မရွိဘူး၊ ေစာ္ကားလို၍ လုပ္ရင္ေတာ့ အျပစ္ရွိတယ္၊ ေလးစားလို႔ လုပ္တယ္ဆုိရင္ ကုသိုလ္ေကာင္းမႈရတယ္၊ ေကာင္းတဲ့အလုပ္လုပ္တယ္ ဒီလိုေျပာရမယ္၊ ဘုန္းၾကီးတို႔ရြာမွာဆုိရင္ ေက်ာင္းထဲမေျပာနဲ႔ ေက်ာင္းေရွ႕ကျဖတ္သြားရင္ေတာင္ ဖိနပ္ခၽြတ္သြားၾကတယ္၊ ဒါ အစဥ္အလာ တစ္ခုပဲေနာ္။
tradition လို႔ေခၚတယ္၊ ဘုရားက ခၽြတ္ခုိင္းတာ မဟုတ္ဘူး၊ ဘုန္းၾကီးေတြ ရြာထဲသြားရင္ ဖိနပ္မစီးရဘူး၊ အခုေတာ့လဲ စီးေနၾကတာပဲ။

အဲဒီလို ေျပာင္းတိေျပာင္းျပန္ေတြေပါ့၊ ဘုရားဆံုးမတာေတြနဲ႔ တခ်ိဳ႕ဟာ ေျပာင္းတိေျပာင္းျပန္ေတြ ျဖစ္တယ္ေပါ့၊ တခ်ိဳ႕က သိမ္ထဲကို အမ်ိဳးသမီး မဝင္ေကာင္းဘူးလို႔ ေျပာၾကတယ္၊ မဟုတ္ပါဘူး၊ မဝင္ေကာင္းဘူးလို႔ ေျပာတာမဟုတ္ပါဘူး၊ ကိုယ့္ေလာက္မွ တန္ဖိုးမရွိတဲ့ အိမ္ေျမွာင္ေတြေတာင္ သိမ္ထဲမွာေနၾကတာပဲ၊ အမ်ိဳးသမီးက အိမ္ေျမွာင္ထက္ ျမတ္ပါေသးတယ္၊ ဆိုလိုတာက ဒီ မွားမွားယြင္းယြင္း ေျပာဆုိရင္းကေန ဒီလိုျဖစ္လာတယ္၊ ရွင္သာရိပုတၱရာတို႔ သမုတ္တဲ့သိမ္က ရာဇျဂိဳဟ္ျမိဳ႕ ေက်ာင္းၾကီးတစ္ဆယ့္ရွစ္ေက်ာင္းကုိ ျခံဳျပီးေတာ့ သိမ္တစ္လံုးထဲ သမုတ္ထားတယ္၊ အဲဒီထဲမွာ အမ်ိဳးသမီးေတြေကာ၊ အမ်ိဳးသားေတြေကာ၊ အိမ္ေတြေကာ၊ ရြာေတြေကာ အကုန္လံုးရွိေနတာပဲေနာ္၊ ဒါေၾကာင့္မို႔ မဝင္ေကာင္းဘူးဆုိတာမဟုတ္ဘူး။

တစ္ေန႔က ဘုန္းၾကီးတစ္ပါးက ဖုန္းဆက္ျပီးေတာ့ ေမးတယ္၊ ဆရာေတာ္ သိမ္ထဲမွာ အိမ္သာ “ကုဋီ” ေဆာက္ခ်င္လို႔ ေဆာက္လို႔ရသလား၊ သိမ္ထဲမွာ ကုဋီေဆာက္ေကာင္းလားလို႔ေမးတယ္၊ ရွင္သာရိပုတၱရာ သမုတ္တဲ့သိမ္ထဲမွာေတာ့ ဘယ္ကုဋီတင္ကမွာတုန္း၊ သိမ္ဆိုသည္မွာ ရဟန္း၊ သံဃာေတြအတြက္ ကံေဆာင္ဖို႔ရာအတြက္ ဧရိယာေလးတစ္ခု သတ္မွတ္တာပဲရွိတယ္၊ အဲဒါေတြ မဆိုင္ဘူးလို႔ အဲဒီလို ေျပာျပလိုက္ရတယ္၊ သိမ္ထဲမယ္ မလုပ္ေကာင္းဘူး ဒီလိုမရွိပါဘူးလို႔ ကိုယ့္ဟာကုိယ္ သင့္ေတာ္၏ မသင့္ေတာ္၏ ကိုယ့္ဟာကိုယ္ ဆံုးျဖတ္တာေပါ့ေနာ္၊ ေအး ဒါေၾကာင့္မို႔လို႔ ေန႔စဥ္လုပ္ေနတဲ့ အလုပ္ေတြထဲမယ္ ဘုရားအဆံုးအမေတြ မွန္မွန္ကန္ကန္ သိၾကဖို႔ရာ အင္မတန္မွ အေရးၾကီးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာနႏၵမာလာဘိဝံသ

#Unicode Version#
မြတ်စွာဘုရားရဲ့ အဆုံးအမအမှန်တွေဟာ ဒီ tradition ကနေ ခွဲထွက်ဖို့လိုအပ်တယ်၊ tradition တွေကနေ ခွဲမထွက်နိုင်ဘူးဆိုရင် ဗုဒ္ဓရဲ့ အဆုံးအမလိုလို ဘာလိုလိုနဲ့ ရောထွေးဝင်ရောက်နေတာ ဗုဒ္ဓရဲ့အဆုံးအမအစစ်က ခုနကပြောတဲ့အတိုင်းပဲ ဘယ်အချိန်အလုပ်လုပ် ကောင်းတာလုပ်ရင် ကောင်းတဲ့နက္ခတ်ပဲ၊ ကောင်းကင်က ကြယ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊ ကောင်းကင်နက္ခတ်တွေက ကိုယ့်ကို ဘာမှမတတ်နိုင်ဘူး၊ ကိုယ်လုပ်သင့် မလုပ်သင့် ကိုယ့်ဟာကိုယ်ပဲ နားလည်ရမယ်၊ အကုသိုလ်မဖြစ်အောင် လုပ်ရမယ်၊ ကုသိုလ်ဖြစ်အောင် သတိ ဆောင်ရမယ်၊ ဒါမြတ်စွာဘုရားရဲ့ အဆုံးအမ အခြေခံပဲ။

မြတ်စွာဘုရားရဲ့အဆုံးအမကို  အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် ကုသိုလ်ဖြစ်တဲ့အလုပ်မှန်သမျှ လုပ်ကောင်းတယ်၊ အကုသိုလ်ဖြစ်တဲ့အလုပ်မှန်သမျှ မလုပ်ကောင်းဘူး၊ ဒီလိုပဲ သတ်မှတ်တယ်၊ တချို့ကျတော့ ဒါလုပ်ကောင်းလား မလုပ်ကောင်းဘူးလား၊ တချို့ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးကောင်းလား မေးတဲ့လူကရှိသေးတယ်နော်၊ သြော် ဒါ သံဃာတွေ သီတင်းသုံးနေတဲ့နေရာပဲ၊ ဘုရားကျောင်းကန်တွေရှိတယ်၊ respect ပေးလို့ ချွတ်ရင်ကုသိုလ်ရတယ်၊ ဒါမှန်တယ်၊ မချွတ်ချင်ဘူးဆိုရင်လဲ မလေးမစားလုပ်တာ မဟုတ်ရင် အကုသိုလ်မဖြစ်ဘူး။

သံဃာတွေနဲ့တွေ့ရင် ချွတ်တယ်၊ သို့သော် ဗမာပြည်မှာ လိုက်နာမှုနှစ်ခုဟာ ဆန့်ကျင်နေတာ တစ်ခုရှိတယ်၊ ဘုန်းကြီးကျောင်းထဲဝင်ရင် စက်ဘီးပေါ်ကမဆင်းဘူး၊ မော်တော်ဆိုင်ကယ်ပေါ်က မဆင်းဘူး၊ ဖိနပ်တော့ချွတ်တယ်၊ ဒါ အဓိပ္ပါယ်မရှိဘူးနော်၊ ဖိနပ်ထက် မော်တော်ဆိုင်ကယ်တို့၊ ကားတို့က ပိုကြီးတဲ့ယာဉ်ပဲ၊ အဲဒီတော့ ဆိုလိုတာက ကားပေါ်ကဆင်းပြီး ဖိနပ်စီးလာတာ အကောင်းဆုံးပဲပေ့ါ၊ ဒီလိုဆိုလိုတာပေါ့၊ ရှေးတုန်းကဆိုရင် ဘုရားကျောင်းကန် ဝင်လို့ရှိရင် ဆင်တွေ၊ မြင်းတွေကို အပြင်ဘက်မှာ ထားခဲ့တယ်၊ ဖိနပ်စီးပြီးဝင်လာကြတယ်၊ ဘုရားနဲ့တွေ့တဲ့အခါကျတော့မှ ဖိနပ်ချွတ်ပြီး ရှိခိုးကြတယ်၊ ဒီလိုကျောင်းထဲမှာ ဖိနပ်မစီးရဘူးဆိုတဲ့ အယူအဆတစ်ခုဟာ အလေးပြုရာကနေ ပေါ်လာတာ၊ သို့သော် ရည်ရွယ်ချက်ကောင်းရင် အပြစ်ရှိတယ်လို့ ပြောလို့မရဘူး၊ စီးသည့်အတွက်ကြောင့် အပြစ်မရှိဘူး၊ စော်ကားလို၍ လုပ်ရင်တော့ အပြစ်ရှိတယ်၊ လေးစားလို့ လုပ်တယ်ဆိုရင် ကုသိုလ်ကောင်းမှုရတယ်၊ ကောင်းတဲ့အလုပ်လုပ်တယ် ဒီလိုပြောရမယ်၊ ဘုန်းကြီးတို့ရွာမှာဆိုရင် ကျောင်းထဲမပြောနဲ့ ကျောင်းရှေ့ကဖြတ်သွားရင်တောင် ဖိနပ်ချွတ်သွားကြတယ်၊ ဒါ အစဉ်အလာ တစ်ခုပဲနော်။
tradition လို့ခေါ်တယ်၊ ဘုရားက ချွတ်ခိုင်းတာ မဟုတ်ဘူး၊ ဘုန်းကြီးတွေ ရွာထဲသွားရင် ဖိနပ်မစီးရဘူး၊ အခုတော့လဲ စီးနေကြတာပဲ။

အဲဒီလို ပြောင်းတိပြောင်းပြန်တွေပေါ့၊ ဘုရားဆုံးမတာတွေနဲ့ တချို့ဟာ ပြောင်းတိပြောင်းပြန်တွေ ဖြစ်တယ်ပေါ့၊ တချို့က သိမ်ထဲကို အမျိုးသမီး မဝင်ကောင်းဘူးလို့ ပြောကြတယ်၊ မဟုတ်ပါဘူး၊ မဝင်ကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး၊ ကိုယ့်လောက်မှ တန်ဖိုးမရှိတဲ့ အိမ်မြှောင်တွေတောင် သိမ်ထဲမှာနေကြတာပဲ၊ အမျိုးသမီးက အိမ်မြှောင်ထက် မြတ်ပါသေးတယ်၊ ဆိုလိုတာက ဒီ မှားမှားယွင်းယွင်း ပြောဆိုရင်းကနေ ဒီလိုဖြစ်လာတယ်၊ ရှင်သာရိပုတ္တရာတို့ သမုတ်တဲ့သိမ်က ရာဇဂြိုဟ်မြို့ ကျောင်းကြီးတစ်ဆယ့်ရှစ်ကျောင်းကို ခြုံပြီးတော့ သိမ်တစ်လုံးထဲ သမုတ်ထားတယ်၊ အဲဒီထဲမှာ အမျိုးသမီးတွေကော၊ အမျိုးသားတွေကော၊ အိမ်တွေကော၊ ရွာတွေကော အကုန်လုံးရှိနေတာပဲနော်၊ ဒါကြောင့်မို့ မဝင်ကောင်းဘူးဆိုတာမဟုတ်ဘူး။

တစ်နေ့က ဘုန်းကြီးတစ်ပါးက ဖုန်းဆက်ပြီးတော့ မေးတယ်၊ ဆရာတော် သိမ်ထဲမှာ အိမ်သာ “ကုဋီ” ဆောက်ချင်လို့ ဆောက်လို့ရသလား၊ သိမ်ထဲမှာ ကုဋီဆောက်ကောင်းလားလို့မေးတယ်၊ ရှင်သာရိပုတ္တရာ သမုတ်တဲ့သိမ်ထဲမှာတော့ ဘယ်ကုဋီတင်ကမှာတုန်း၊ သိမ်ဆိုသည်မှာ ရဟန်း၊ သံဃာတွေအတွက် ကံဆောင်ဖို့ရာအတွက် ဧရိယာလေးတစ်ခု သတ်မှတ်တာပဲရှိတယ်၊ အဲဒါတွေ မဆိုင်ဘူးလို့ အဲဒီလို ပြောပြလိုက်ရတယ်၊ သိမ်ထဲမယ် မလုပ်ကောင်းဘူး ဒီလိုမရှိပါဘူးလို့ ကိုယ့်ဟာကိုယ် သင့်တော်၏ မသင့်တော်၏ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာပေါ့နော်၊ အေး ဒါကြောင့်မို့လို့ နေ့စဉ်လုပ်နေတဲ့ အလုပ်တွေထဲမယ် ဘုရားအဆုံးအမတွေ မှန်မှန်ကန်ကန် သိကြဖို့ရာ အင်မတန်မှ အရေးကြီးတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top