လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ဆရာမင္းသိခၤရဲ႕ မရမ္းတလင္း အယူေတာ္မဂၤလာၿခံႀကီးမွာ အပတ္စဥ္တနဂၤေႏြေန႔မနက္တိုင္း ျပဳလုပ္ေပးေနက်ျဖစ္တဲ့ ခင္ပြန္းႀကီး(၁၀)ပါး ပုဂၢိဳလ္ႀကီးမ်ားအား ရွိခိုးပူေဇာ္ ကန္ေတာ့ ၀န္ခ် ေတာင္းပန္နည္းကို ေဖာ္ျပေပးလိုက္ပါတယ္ ….

မိတ္ေဆြမ်ားအေနနဲ႔ မိမိတို႔အိမ္မွာပင္ ကိုယ္တိုင္ကိုယ္က် ပူေဇာ္ကန္ေတာ့ႏိုင္ရန္ဆိုတဲ့ ေစတနာအရင္းခံနဲ႔ ေဖာ္ျပေပးတာျဖစ္ပါတယ္ …။

အျပစ္ရွိမွ ပူေဇာ္ရတာမ်ဳိးမဟုတ္ပါဘူး … ျမတ္စြာဘုရားရွင္ကို္ယ္ေတာ္ျမတ္ႀကီးနဲ႔တကြ ခင္ပြန္းႀကီး(၁၀)ပါး ပုဂၢိဳလ္ႀကီးမ်ားကို ေျမဓါတ္ကို ကိုယ္စားျပဳတဲ့ သစ္သီး(၁၀)မ်ဴိး ၊ေရဓါတ္ကို ကိုယ္စားျပဳတဲ့ ေသာက္ေတာ္ေရ(၁၀)ခြက္ ၊ မီးဓါတ္ကို ကိုယ္စားျပဳတဲ့ ဖေယာင္းတိုင္ (၁၀) တိုင္ ၊ ေလဓါတ္ကို ကို္ယ္စားျပဳတဲ့ ယပ္(၁၀)လက္ ပူေဇာ္ကန္ေတာ့တာျဖစ္တဲ့အတြက္ …. ေလာကီ ၊ ေလာကုတၱရာ ႏွစ္ျဖာေသာအက်ဳိးေက်းဇူးမ်ား ကုသိုလ္မ်ားရရွိေစႏိုင္တဲ့ အလွဴလည္းျဖစ္ပါတယ္ …

ခင္ပြန္းႀကီး(၁၀)ပါးကိုျပစ္မွားမိလွ်င္ …

ေရွးလူႀကီးေတြ ၊ ေရွးဆရာေတြက ခင္ပြန္းႀကီး(၁၀)ပါး ပုဂၢိဳလ္ႀကီးေတြကို ကာယကံ၊ ၀ဇီကံ၊ မေနာကံ တစ္ပါးပါးေသာကံျဖင့္ ျပစ္မွားက်ဴးလြန္မိပါလွ်င္ “ အသက္မရွည္ဘူး … အသက္ရွည္လွ်င္လည္း ဘုန္းမႀကီးဘူး …” လို႔ ဆိုခဲ့ၾကပါတယ္ …

အသက္မရွည္ဘူး ဆိုတာကေတာ့ သက္တမ္းေစ့မေနရဘူးဆိုတာပါပဲ ..အသက္ရွည္လွ်င္လည္း ဘုန္းမႀကီးဘူး ဆိုတာကေတာ့ …. ဘာပဲလုပ္လုပ္မေအာင္ျမင္ဘူး …ဆင္းရဲၿငိဳျငင္စြာ
ေရာဂါဘယထူေျပာစြာနဲ႔အသက္ရွင္ရပ္တည္ေနရတာကို ဆိုလိုတာပါ …

ဒီဘ၀မွာ ျပစ္မွားက်ဴးလြန္ခဲ့တာမရွိဘူးဆိုရင္ေတာင္ … အတိတ္ဘ၀အဆက္ဆက္မွာ က်ဴးလြန္ခဲ့ႏိုင္ပါတယ္ …
အဲဒီလိုက်ဴးလြန္ခဲ့ရင္လည္း အဲဒီအျပစ္ေတြဟာ ဒီဘ၀အထိခံေနရမွာပါပဲ …

ခင္ပြန္းႀကီး(၁၀)ပါးပုဂၢိဳလ္မ်ားကို ေစာ္ကားျပစ္မွားလွ်င္

(၁) ေရာဂါဆန္းေတြ ၿဖစ္တတ္တယ္ ။
(၂) စီးပြားကို ခက္ခဲ ဆင္းရဲ ပင္ပန္းစြာ ရွာရတတ္တယ္။
(၃) ခႏၶာကိုယ္ နာက်င္ က်ိဳးကန္း ထိခိုက္ဒဏ္ရာ ရတတ္တယ္။
(၄) ေပြး၊ ၀ဲ၊ ယားနာ အေရၿပားေရာဂါ ၿဖစ္တတ္တယ္။
(၅) ေဘးရန္ အႏာၱရာယ္ က်ေရာက္တတ္တယ္။
(၆) မင္းေဘးမင္းဒဏ္ သင့္တတ္တယ္။
(၇) အကဲ့ရဲ႕ အစြပ္စဲြ ခံရတတ္တယ္။
(၈) ဇနီး၊ မယား သမီး သားႏွင့္ ရွင္ကဲြ၊ ေသကဲြ ကဲြတတ္တယ္။
(၉) လြန္စြာ ဆင္းရဲ ဒုကၡေရာက္တတ္တယ္။
(၁၀) ဥစၥာ ပစၥည္းမ်ား အေရာင္းအ၀ယ္ မၿဖစ္၊ အလိမ္ခံရ၊ အခိုးခံရ၊ ဓားၿပတိုက္ခံရ၊ မီးေလာင္ခံရ စသည္ၿဖင့္ တနည္းနည္းၿဖင့္ ဆံုးရွံဴးသြားတတ္ပါတယ္ …

ေစာ္ကားျပစ္မွားၿပီးမွ ရွိခိုးေတာင္းပန္တာထက္ …. ေနာက္ေနာင္ မေစာ္ကား မျပစ္မွားမိေအာင္ သတိထားဂရုစိုက္ဖို႔ လည္း အေရးႀကီးပါတယ္ …

လူခ်င္းတူေသာ္လည္း …

ပညာခ်င္းလည္းတူတယ္ ၊ ႀကိဳးစားအားထုတ္မႈလည္းတူတယ္ ၊ အပင္ပန္းအနစ္နာခံတာလည္းတူတယ္ ၊အလုပ္အေပၚေစတနာထားတာလည္းတူေနပါလွ်က္ …. လူတစ္ခ်ဳိ႕က်ေတာ့ ႀကိဳးစားသေလာက္ေအာင္ျမင္ေနတယ္ … တစ္ခ်ဳိ႕က်ေတာ့လည္း ႀကိဳးစားတာထက္ေတာင္
ပိုၿပီးေအာင္ျမင္တယ္ …

တစ္ခ်ဳိ႕က်ေတာ့ ႀကိဳးစားသေလာက္ အရာမထင္ဘူး …
လုပ္သေလာက္မေအာင္ျမင္ဘူး …လုပ္ေလ ျမဳပ္ေလ
ျဖစ္ေနတယ္ …ယၾတာေခ်လည္း မထိေရာက္ဘူး …

လူတစ္ခ်ဳိ႕က်ေတာ့လည္း ေရာဂါလည္းသိတယ္…
ေဆးလည္းရွိတယ္။ ေဆးကုတဲ့ဆရာေကာင္းလည္းရွိတယ္.
ေရာဂါေတြက မေပ်ာက္ကင္းမသက္သာဘူး.ကိုယ္နဲ႔ေရာဂါတူ ေဆးကုတာတူတဲ့သူေတြက ေပ်ာက္ကင္းကုန္ၾကၿပီ. ကိုယ္ပဲ က်န္ေနတာ…

ခင္ပြန္းႀကီး(၁၀)ပါးမွာ ၿငိ ေနတာေတြပါ ။

အဲလိုလူမ်ဳိးေတြဟာ ခင္ပြန္းႀကီး(၁၀)ပါးကို ေသခ်ာကန္ေတာ့ ၀န္ခ် ေတာင္းပန္ၿပီးတဲ့ေနာက္မွာ လုပ္ငန္းစီးပြား၊ရည္ရြယ္ခ်က္ေတြ သိသိသာသာ အဆင္ေျပတိုးတက္ လာၾကတာကိုလည္း အမ်ားႀကီး လက္ေတြ႕ႀကံဳရဖူးပါတယ္ ….။ အဲလိုလူေတြဟာ ရုပ္ေတြပါေျပာင္းသြားပါတယ္ …။ ( ညွင္းသိုးသိုး မႈန္ကုပ္ကုပ္ ရုပ္ေတြကေန ၾကည္ၾကည္လင္လင္ ရွင္းရွင္း လင္းလင္း ရုပ္အျဖစ္ ေျပာင္းသြားၾကတာကိုလည္း သတိထားမိပါတယ္။အပ်က္ရုပ္ကေန အျဖစ္ရုပ္ကို ေျပာင္းသြားတာပါ)

ခင္ပြန္းႀကီး(၁၀)ပါး ဆိုတာ ….

ခင္ပြန္းႀကီး(၁၀)ပါး ပုဂၢိဳလ္ႀကီးမ်ားကို အရပ္စကားနဲ႔နားလည္ေအာင္ ေျပာျပရမယ္ဆိုရင္ …

(၁) ဘုရားရွင္ အေပါင္း (ေဂါတမဗုဒၶအပါအ၀င္ ယခင္ကပြင့္ေတာ္မူခဲ့ၿပီးေသာ ဘုရားရွင္အေပါင္း)

(၂) ပေစၥကဗုဒၶါအေပါင္း

(၃)ရဟႏၱာအရွင္သူျမတ္အေပါင္း (အာသေ၀ါကုန္ခမ္းၿပီးေသာ ပုဂၢိဳလ္မ်ား)

(၄)အဂၢသာ၀က (ျမတ္စြာဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီး၏ လက္ယာေတာ္ရံ ရွင္သာရိပုတၱရာ ၊ လက္၀ဲေတာ္ရံ ရွင္ေမာဂၢလာန္ႏွင့္ တကြတပည့္သာ၀ကမ်ား)

(၅)မာတာ ( ယခုဘ၀အပါအ၀င္ ၊ ယခင္ဘ၀မ်ားမွာ ေတာ္စပ္ခဲ့ဖူးေသာ ၊ ေက်းဇူးရွိခဲ့ဖူးေသာ မိခင္မ်ားအားလံုး )

(၆) ပီတု ( ယခုဘ၀အပါအ၀င္ ၊ ယခင္ဘ၀မ်ားမွာ ေတာ္စပ္ခဲ့ဖူးေသာ.ေက်းဇူးရွိခဲ့ဖူးေသာ ဖခင္မ်ားအားလံုး )

(၇) အာစရိယ ဂုရု ( မိမိအား ယခုဘ၀ ၊ ယခင္ဘ၀မ်ားတြင္ ပညာသင္ၾကားေပးခဲ့ဖူးေသာ သင္ဆရာ၊ ျမင္ဆရာ၊ၾကားဆရာမ်ားအားလံုး )

(၈) သတၱာ ( မိမိထက္ အသက္အရြယ္၊ ဘုန္းသမၻာ
ႀကီးရင့္ေသာ ပုဂၢိဳလ္ႀကီးမ်ား)
.
(၉) ဓမၼေဒသကာ ( ယခင္ဘ၀ ၊ ယခုဘ၀မ်ားတြင္ မိမိအား ေကာင္းက်ဳိးညႊန္ျပၿပီး တရားေဟာေျပာ သြန္သင္ဆံုးမ
ေပးခဲ့ဖူးေသာ ပုဂိၢိဳလ္မ်ား )
.
(၁၀) ဒါယကာ ( ယခုဘ၀ ၊ယခင္ဘ၀မ်ားတြင္ မိမိအား အစာေရစာ၊ေနရာထိုင္ခင္း၊အ၀တ္အထည္၊ေငြေၾကး စသည္ျဖင့္ တစ္နည္းမဟုတ္တနည္းျဖင့္ ကူညီေထာက္ပံ့
ေပးခဲ့ဖူးေသာ ၊ အခက္အခဲျဖစ္စဥ္ ကူညီခဲ့ဖူးေသာ ေက်းဇူးရွင္မ်ား )
.
စသည္တို႔ျဖစ္ပါတယ္ ….

ခင္ပြန္းႀကီး(၁၀)ပါးအား ပူေဇာ္ကန္ေတာ့ဖို႔ ျပင္ဆင္ပံု ..

(၁) စားပြဲ၀ိုင္း တစ္ခုေပၚတြင္ အရြယ္တူ ေၾကြပန္းကန္ျပား (၁၀) ခ်ပ္တင္ပါ။ ခလယ္တြင္ (၁)ခ်ပ္. ေဘးပတ္ပတ္
လည္တြင္ (၉)ခ်ပ္ …

(၂) သစ္သီး(၁၀)မ်ဳိးကို ခလယ္က ပန္ကန္ျပားထဲတြင္
(၁၀)မ်ဳိးစလံုးထည့္ၿပီး ၊ ေဘးပတ္ပတ္လည္က
ပန္းကန္ျပားတစ္ခ်ပ္စီတြင္ တစ္မ်ဳိးစီထည့္ပါ..
.
(၃) ပန္းကန္တစ္ခ်ပ္စီ၏ ေဘးတြင္ေသာက္ေတာ္ေရ(၁)ခြက္စီ
ခ်ထားပါ.စုစုေပါင္း (၁၀)ခြက္..

(၄) ပန္းကန္တစ္ခ်ပ္စီ၏ ေဘးတြင္ ဖေယာင္းတိုင္တစ္တိုင္စီ
စိုက္ပါ။ ထြန္းညႈိပါ။ စုစုေပါင္း (၁၀) တိုင္..
.
(၅) ပန္းကန္(၁)ခ်ပ္စီ၏ေဘးတြင္ ယပ္(၁)ေခ်ာင္းစီကို
ပုလင္း(သို႔) ပန္းအိုးေလးမ်ားတြင္စိုက္ၿပီးခ်ေပးထားပါ။
( ပန္းအိုးတစ္အိုးထဲမွာ (၁၀) ေခ်ာင္းစလံုးစုၿပီးလည္း
ထည့္ႏုိင္ပါတယ္)

ခလယ္က ပန္းကန္ျပားဟာျမတ္စြာဘုရားရွင္ကိုယ္ေတာ္
ျမတ္ႀကီးကို ရြယ္စူးၿပီးလွဴဒါန္းဖို႔ ျဖစ္ပါတယ္ …က်န္တဲ့
ပန္းကန္ေတြကေတာ့ က်န္တဲ့ ပုဂၢိဳလ္ႀကီးမ်ားအတြက္
ရြယ္စူးလွဴ ဒါန္းဖို႔ျဖစ္ပါတယ္ …

မည္သည့္ေန႔၊ မည္သည့္အခ်ိန္တြင္မဆိုျပဳလုပ္ႏိုင္ပါတယ္။(၁၂)နာရီမေက်ာ္ခင္ေတာ့ ျပဳလုပ္ေဆာင္ရြက္ပါ။ဘုရားစင္ေရွ႕မွာျပဳလုပ္ရမွာျဖစ္ပါတယ္ …

“ စတင္ပူေဇာ္ကန္ေတာ့ပံု ”

(၁) ဘုရားကန္ေတာ့ပါ။ ( မိမိကန္ေတာ့တတ္သလို
ကန္ေတာ့ပါ)
(၂) ျမတ္စြာဘုရားရွင္ကို္ယ္ေတာ္ျမတ္ႀကီးနဲ႔တကြ ခင္ပြန္းႀကီး
(၁၀)ပါးပုဂၢိဳလ္ႀကီးမ်ားကို ျပင္ဆင္ထားတဲ့ ေျမဓါတ္ကို
ကိုယ္စားျပဳတဲ့ သစ္သီး(၁၀)မ်ဴိး ၊ေရဓါတ္ကို ကိုယ္စားျပဳတဲ့
ေသာက္ေတာ္ေရ(၁၀)ခြက္ ၊ မီးဓါတ္ကို ကိုယ္စားျပဳတဲ့
ဖေယာင္းတိုင္ (၁၀) တိုင္ ၊ ေလဓါတ္ကို ကို္ယ္စားျပဳတဲ့
ယပ္(၁၀)လက္ တို႔ကို ကပ္လႉပူေဇာ္ပါ ။ ( မိမိစိတ္တိုင္းက်
ကပ္လႉပူေဇာ္ႏိုင္ပါတယ္)
(၃) ေမတၱာပို႔ပါ။( မိမိကိုယ္ကို စၿပီး ပို႔ပါ။ ျပီးလွ်င္ မိဘႏွစ္ပါး၊
ဆရာသခင္မ်ား၊ မိသားစုမ်ား၊ ေဆြမ်ားညာတကာမ်ား၊
မိတ္ေဆြမ်ားမွေနစတင္ၿပီး စၾကၤာ၀ဠာတိုက္တစ္ေသာင္း
ထိေရာက္ေအာင္ ပို႔ပါ။
(၄) ယခင္ဘ၀ ၊ ယခုဘ၀မ်ားတြင္ ခင္ပြန္းႀကီး(၁၀)ပါး
ပုဂၢိဳလ္ႀကီးမ်ားအား ကာယကံ၊ ၀စီကံ၊ မေနာကံ
တပါးပါးေသာကံျဖင့္ ျပစ္မွားက်ဴးလြန္ခဲ့ေသာအျပစ္မ်ား
ေလ်ာ့ပါးေစဖို႔ ၊ ကင္းစင္ပေေပ်ာက္ေစဖို႔အတြက္
အသံထြက္ၿပီး ၀န္ခ် ကန္ေတာ့ေတာင္းပန္ပါ။

မိမိစိတ္တိုင္းက် ပူေဇာ္ကန္ေတာ့ ၀န္ခ်ေတာင္းပန္ႏိုင္ပါတယ္ ။ရင္ထဲမွာ ရွင္းသြားသည္ ၊ ေပါ့သြားသည္ ၊ ေက်နပ္သြားသည္အထိ ျပဳလုပ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Orginal Writer

# Unicode Version ျဖင့္ ဖတ္ပါ #
ဆရာမင်းသိင်္ခရဲ့ မရမ်းတလင်း အယူတော်မင်္ဂလာခြံကြီးမှာ အပတ်စဉ်တနင်္ဂနွေနေ့မနက်တိုင်း ပြုလုပ်ပေးနေကျဖြစ်တဲ့ ခင်ပွန်းကြီး(၁၀)ပါး ပုဂ္ဂိုလ်ကြီးများအား ရှိခိုးပူဇော် ကန်တော့ ဝန်ချ တောင်းပန်နည်းကို ဖော်ပြပေးလိုက်ပါတယ် ….

မိတ်ဆွေများအနေနဲ့ မိမိတို့အိမ်မှာပင် ကိုယ်တိုင်ကိုယ်ကျ ပူဇော်ကန်တော့နိုင်ရန်ဆိုတဲ့ စေတနာအရင်းခံနဲ့ ဖော်ပြပေးတာဖြစ်ပါတယ် …။

အပြစ်ရှိမှ ပူဇော်ရတာမျိုးမဟုတ်ပါဘူး … မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တကွ ခင်ပွန်းကြီး(၁၀)ပါး ပုဂ္ဂိုလ်ကြီးများကို မြေဓါတ်ကို ကိုယ်စားပြုတဲ့ သစ်သီး(၁၀)မျိူး ၊ရေဓါတ်ကို ကိုယ်စားပြုတဲ့ သောက်တော်ရေ(၁၀)ခွက် ၊ မီးဓါတ်ကို ကိုယ်စားပြုတဲ့ ဖယောင်းတိုင် (၁၀) တိုင် ၊ လေဓါတ်ကို ကိုယ်စားပြုတဲ့ ယပ်(၁၀)လက် ပူဇော်ကန်တော့တာဖြစ်တဲ့အတွက် …. လောကီ ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကျေးဇူးများ ကုသိုလ်များရရှိစေနိုင်တဲ့ အလှူလည်းဖြစ်ပါတယ် …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခင်ပွန်းကြီး(၁၀)ပါးကိုပြစ်မှားမိလျှင် …

ရှေးလူကြီးတွေ ၊ ရှေးဆရာတွေက ခင်ပွန်းကြီး(၁၀)ပါး ပုဂ္ဂိုလ်ကြီးတွေကို ကာယကံ၊ ဝဇီကံ၊ မနောကံ တစ်ပါးပါးသောကံဖြင့် ပြစ်မှားကျူးလွန်မိပါလျှင် “ အသက်မရှည်ဘူး … အသက်ရှည်လျှင်လည်း ဘုန်းမကြီးဘူး …” လို့ ဆိုခဲ့ကြပါတယ် …

အသက်မရှည်ဘူး ဆိုတာကတော့ သက်တမ်းစေ့မနေရဘူးဆိုတာပါပဲ ..အသက်ရှည်လျှင်လည်း ဘုန်းမကြီးဘူး ဆိုတာကတော့ …. ဘာပဲလုပ်လုပ်မအောင်မြင်ဘူး …ဆင်းရဲငြိုငြင်စွာ
ရောဂါဘယထူပြောစွာနဲ့အသက်ရှင်ရပ်တည်နေရတာကို ဆိုလိုတာပါ …

ဒီဘဝမှာ ပြစ်မှားကျူးလွန်ခဲ့တာမရှိဘူးဆိုရင်တောင် … အတိတ်ဘဝအဆက်ဆက်မှာ ကျူးလွန်ခဲ့နိုင်ပါတယ် …
အဲဒီလိုကျူးလွန်ခဲ့ရင်လည်း အဲဒီအပြစ်တွေဟာ ဒီဘဝအထိခံနေရမှာပါပဲ …

ခင်ပွန်းကြီး(၁၀)ပါးပုဂ္ဂိုလ်များကို စော်ကားပြစ်မှားလျှင်

(၁) ရောဂါဆန်းတွေ ဖြစ်တတ်တယ် ။
(၂) စီးပွားကို ခက်ခဲ ဆင်းရဲ ပင်ပန်းစွာ ရှာရတတ်တယ်။
(၃) ခန္ဓာကိုယ် နာကျင် ကျိုးကန်း ထိခိုက်ဒဏ်ရာ ရတတ်တယ်။
(၄) ပွေး၊ ဝဲ၊ ယားနာ အရေပြားရောဂါ ဖြစ်တတ်တယ်။
(၅) ဘေးရန် အန္တာရာယ် ကျရောက်တတ်တယ်။
(၆) မင်းဘေးမင်းဒဏ် သင့်တတ်တယ်။
(၇) အကဲ့ရဲ့ အစွပ်စွဲ ခံရတတ်တယ်။
(၈) ဇနီး၊ မယား သမီး သားနှင့် ရှင်ကွဲ၊ သေကွဲ ကွဲတတ်တယ်။
(၉) လွန်စွာ ဆင်းရဲ ဒုက္ခရောက်တတ်တယ်။
(၁၀) ဥစ္စာ ပစ္စည်းများ အရောင်းအဝယ် မဖြစ်၊ အလိမ်ခံရ၊ အခိုးခံရ၊ ဓားပြတိုက်ခံရ၊ မီးလောင်ခံရ စသည်ဖြင့် တနည်းနည်းဖြင့် ဆုံးရှူံးသွားတတ်ပါတယ် …

စော်ကားပြစ်မှားပြီးမှ ရှိခိုးတောင်းပန်တာထက် …. နောက်နောင် မစော်ကား မပြစ်မှားမိအောင် သတိထားဂရုစိုက်ဖို့ လည်း အရေးကြီးပါတယ် …

လူချင်းတူသော်လည်း …

ပညာချင်းလည်းတူတယ် ၊ ကြိုးစားအားထုတ်မှုလည်းတူတယ် ၊ အပင်ပန်းအနစ်နာခံတာလည်းတူတယ် ၊အလုပ်အပေါ်စေတနာထားတာလည်းတူနေပါလျှက် …. လူတစ်ချို့ကျတော့ ကြိုးစားသလောက်အောင်မြင်နေတယ် … တစ်ချို့ကျတော့လည်း ကြိုးစားတာထက်တောင်
ပိုပြီးအောင်မြင်တယ် …

တစ်ချို့ကျတော့ ကြိုးစားသလောက် အရာမထင်ဘူး …
လုပ်သလောက်မအောင်မြင်ဘူး …လုပ်လေ မြုပ်လေ
ဖြစ်နေတယ် …ယတြာချေလည်း မထိရောက်ဘူး …

လူတစ်ချို့ကျတော့လည်း ရောဂါလည်းသိတယ်…
ဆေးလည်းရှိတယ်။ ဆေးကုတဲ့ဆရာကောင်းလည်းရှိတယ်.
ရောဂါတွေက မပျောက်ကင်းမသက်သာဘူး.ကိုယ်နဲ့ရောဂါတူ ဆေးကုတာတူတဲ့သူတွေက ပျောက်ကင်းကုန်ကြပြီ. ကိုယ်ပဲ ကျန်နေတာ…

ခင်ပွန်းကြီး(၁၀)ပါးမှာ ငြိ နေတာတွေပါ ။

အဲလိုလူမျိုးတွေဟာ ခင်ပွန်းကြီး(၁၀)ပါးကို သေချာကန်တော့ ဝန်ချ တောင်းပန်ပြီးတဲ့နောက်မှာ လုပ်ငန်းစီးပွား၊ရည်ရွယ်ချက်တွေ သိသိသာသာ အဆင်ပြေတိုးတက် လာကြတာကိုလည်း အများကြီး လက်တွေ့ကြုံရဖူးပါတယ် ….။ အဲလိုလူတွေဟာ ရုပ်တွေပါပြောင်းသွားပါတယ် …။ ( ညှင်းသိုးသိုး မှုန်ကုပ်ကုပ် ရုပ်တွေကနေ ကြည်ကြည်လင်လင် ရှင်းရှင်း လင်းလင်း ရုပ်အဖြစ် ပြောင်းသွားကြတာကိုလည်း သတိထားမိပါတယ်။အပျက်ရုပ်ကနေ အဖြစ်ရုပ်ကို ပြောင်းသွားတာပါ)

ခင်ပွန်းကြီး(၁၀)ပါး ဆိုတာ ….

ခင်ပွန်းကြီး(၁၀)ပါး ပုဂ္ဂိုလ်ကြီးများကို အရပ်စကားနဲ့နားလည်အောင် ပြောပြရမယ်ဆိုရင် …

(၁) ဘုရားရှင် အပေါင်း (ဂေါတမဗုဒ္ဓအပါအဝင် ယခင်ကပွင့်တော်မူခဲ့ပြီးသော ဘုရားရှင်အပေါင်း)

(၂) ပစ္စေကဗုဒ္ဓါအပေါင်း

(၃)ရဟန္တာအရှင်သူမြတ်အပေါင်း (အာသဝေါကုန်ခမ်းပြီးသော ပုဂ္ဂိုလ်များ)

(၄)အဂ္ဂသာဝက (မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ လက်ယာတော်ရံ ရှင်သာရိပုတ္တရာ ၊ လက်ဝဲတော်ရံ ရှင်မောဂ္ဂလာန်နှင့် တကွတပည့်သာဝကများ)

(၅)မာတာ ( ယခုဘဝအပါအဝင် ၊ ယခင်ဘဝများမှာ တော်စပ်ခဲ့ဖူးသော ၊ ကျေးဇူးရှိခဲ့ဖူးသော မိခင်များအားလုံး )

(၆) ပီတု ( ယခုဘဝအပါအဝင် ၊ ယခင်ဘဝများမှာ တော်စပ်ခဲ့ဖူးသော.ကျေးဇူးရှိခဲ့ဖူးသော ဖခင်များအားလုံး )

(၇) အာစရိယ ဂုရု ( မိမိအား ယခုဘ၀ ၊ ယခင်ဘဝများတွင် ပညာသင်ကြားပေးခဲ့ဖူးသော သင်ဆရာ၊ မြင်ဆရာ၊ကြားဆရာများအားလုံး )

(၈) သတ္တာ ( မိမိထက် အသက်အရွယ်၊ ဘုန်းသမ္ဘာ
ကြီးရင့်သော ပုဂ္ဂိုလ်ကြီးများ)
.
(၉) ဓမ္မဒေသကာ ( ယခင်ဘ၀ ၊ ယခုဘဝများတွင် မိမိအား ကောင်းကျိုးညွှန်ပြပြီး တရားဟောပြော သွန်သင်ဆုံးမ
ပေးခဲ့ဖူးသော ပုဂ္ဂိိုလ်များ )
.
(၁၀) ဒါယကာ ( ယခုဘ၀ ၊ယခင်ဘဝများတွင် မိမိအား အစာရေစာ၊နေရာထိုင်ခင်း၊အဝတ်အထည်၊ငွေကြေး စသည်ဖြင့် တစ်နည်းမဟုတ်တနည်းဖြင့် ကူညီထောက်ပံ့
ပေးခဲ့ဖူးသော ၊ အခက်အခဲဖြစ်စဉ် ကူညီခဲ့ဖူးသော ကျေးဇူးရှင်များ )
.
စသည်တို့ဖြစ်ပါတယ် ….

ခင်ပွန်းကြီး(၁၀)ပါးအား ပူဇော်ကန်တော့ဖို့ ပြင်ဆင်ပုံ ..

(၁) စားပွဲဝိုင်း တစ်ခုပေါ်တွင် အရွယ်တူ ကြွေပန်းကန်ပြား (၁၀) ချပ်တင်ပါ။ ခလယ်တွင် (၁)ချပ်. ဘေးပတ်ပတ်
လည်တွင် (၉)ချပ် …

(၂) သစ်သီး(၁၀)မျိုးကို ခလယ်က ပန်ကန်ပြားထဲတွင်
(၁၀)မျိုးစလုံးထည့်ပြီး ၊ ဘေးပတ်ပတ်လည်က
ပန်းကန်ပြားတစ်ချပ်စီတွင် တစ်မျိုးစီထည့်ပါ..
.
(၃) ပန်းကန်တစ်ချပ်စီ၏ ဘေးတွင်သောက်တော်ရေ(၁)ခွက်စီ
ချထားပါ.စုစုပေါင်း (၁၀)ခွက်..

(၄) ပန်းကန်တစ်ချပ်စီ၏ ဘေးတွင် ဖယောင်းတိုင်တစ်တိုင်စီ
စိုက်ပါ။ ထွန်းညှိုပါ။ စုစုပေါင်း (၁၀) တိုင်..
.
(၅) ပန်းကန်(၁)ချပ်စီ၏ဘေးတွင် ယပ်(၁)ချောင်းစီကို
ပုလင်း(သို့) ပန်းအိုးလေးများတွင်စိုက်ပြီးချပေးထားပါ။
( ပန်းအိုးတစ်အိုးထဲမှာ (၁၀) ချောင်းစလုံးစုပြီးလည်း
ထည့်နိုင်ပါတယ်)

ခလယ်က ပန်းကန်ပြားဟာမြတ်စွာဘုရားရှင်ကိုယ်တော်
မြတ်ကြီးကို ရွယ်စူးပြီးလှူဒါန်းဖို့ ဖြစ်ပါတယ် …ကျန်တဲ့
ပန်းကန်တွေကတော့ ကျန်တဲ့ ပုဂ္ဂိုလ်ကြီးများအတွက်
ရွယ်စူးလှူ ဒါန်းဖို့ဖြစ်ပါတယ် …

မည်သည့်နေ့၊ မည်သည့်အချိန်တွင်မဆိုပြုလုပ်နိုင်ပါတယ်။(၁၂)နာရီမကျော်ခင်တော့ ပြုလုပ်ဆောင်ရွက်ပါ။ဘုရားစင်ရှေ့မှာပြုလုပ်ရမှာဖြစ်ပါတယ် …

“ စတင်ပူဇော်ကန်တော့ပုံ ”

(၁) ဘုရားကန်တော့ပါ။ ( မိမိကန်တော့တတ်သလို
ကန်တော့ပါ)
(၂) မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တကွ ခင်ပွန်းကြီး
(၁၀)ပါးပုဂ္ဂိုလ်ကြီးများကို ပြင်ဆင်ထားတဲ့ မြေဓါတ်ကို
ကိုယ်စားပြုတဲ့ သစ်သီး(၁၀)မျိူး ၊ရေဓါတ်ကို ကိုယ်စားပြုတဲ့
သောက်တော်ရေ(၁၀)ခွက် ၊ မီးဓါတ်ကို ကိုယ်စားပြုတဲ့
ဖယောင်းတိုင် (၁၀) တိုင် ၊ လေဓါတ်ကို ကိုယ်စားပြုတဲ့
ယပ်(၁၀)လက် တို့ကို ကပ်လှူပူဇော်ပါ ။ ( မိမိစိတ်တိုင်းကျ
ကပ်လှူပူဇော်နိုင်ပါတယ်)
(၃) မေတ္တာပို့ပါ။( မိမိကိုယ်ကို စပြီး ပို့ပါ။ ပြီးလျှင် မိဘနှစ်ပါး၊
ဆရာသခင်များ၊ မိသားစုများ၊ ဆွေများညာတကာများ၊
မိတ်ဆွေများမှနေစတင်ပြီး စင်္ကြာဝဠာတိုက်တစ်သောင်း
ထိရောက်အောင် ပို့ပါ။
(၄) ယခင်ဘ၀ ၊ ယခုဘဝများတွင် ခင်ပွန်းကြီး(၁၀)ပါး
ပုဂ္ဂိုလ်ကြီးများအား ကာယကံ၊ ဝစီကံ၊ မနောကံ
တပါးပါးသောကံဖြင့် ပြစ်မှားကျူးလွန်ခဲ့သောအပြစ်များ
လျော့ပါးစေဖို့ ၊ ကင်းစင်ပေပျောက်စေဖို့အတွက်
အသံထွက်ပြီး ဝန်ချ ကန်တော့တောင်းပန်ပါ။

မိမိစိတ်တိုင်းကျ ပူဇော်ကန်တော့ ဝန်ချတောင်းပန်နိုင်ပါတယ် ။ရင်ထဲမှာ ရှင်းသွားသည် ၊ ပေါ့သွားသည် ၊ ကျေနပ်သွားသည်အထိ ပြုလုပ်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Orginal Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top