iMyanmarHouse.com - Best Property Website for Myanmar
×

မိုက္ကယ္ဂ်က္ဆင္ ပံုတူျပဳလုပ္သူတစ္ဦးဟာ မိုက္ကယ္ဂ်က္ဆင္လို ”ဝင္းပ”တဲ့ အသားအေရရဖို႔အတြက္ အေရျပားေတြကို အက္ဆစ္နဲ႔ေလာင္းခဲ့ပါတယ္။

အသက္ ၃၂ နွစ္အရြယ္ Antonio Gleidson Rodrigues ဟာ ေပါင္၂၀၀၀၀ ခန္႔ တန္ဖိုးရွိ မ်က္နွာျပင္ဆင္မႈေတြကိုျပဳလုပ္ခဲ့ျပီး ကြယ္လြန္သူ မိုက္ကယ္ဂ်က္ဆင္နဲ႔ တူေစရန္အတြက္ နွာေခါင္းပိုင္းဆိုင္ရာ ပလတ္စတစ္ဆာဂ်ရီ ခြဲစိတ္မႈလည္း ျပဳလုပ္ခဲ့ပါတယ္။

ဘရာဇီးနိုင္ငံက Gleidson ဟာ မိုက္ကယ္ဂ်က္ဆင္ ပံုတူသမားေတြထဲမွာ နံပါတ္တစ္ျဖစ္ေၾကာင္း ကိုယ့္ကိုကိုယ္ ေၾကျငာထားသူ ျဖစ္ပါတယ္။
”၂၀၀၉ ခုနွစ္တုန္းက ခြဲစိတ္ခန္းထဲသြားျပီး ကၽြန္ေတာ့္ရဲ႕ နွာေခါင္းဖြဲ႕စည္းပံုကို ျပင္ခဲ့တယ္။

ဒါေၾကာင့္ အျမင့္ဆံုးနုတ္စ္ေတြ ကို ေရာက္ေအာင္ဆိုနိုင္တယ္” လို႔ သူက ေျပာၾကားခဲ့ပါတယ္။

“ဒီမတိုင္ခင္တုန္းက မိုက္ကယ္ဂ်က္ဆင္လို နုတ္စ္ေတြကို ေရာက္ေအာင္ မလုပ္နိုင္ဘူး။ ဒါေပမဲ့ ခြဲစိတ္ျပီးေတာ့ အခု အခ်ိဳ႕နုတ္စ္ေတြကို ဆိုနိုင္ျပီ”လို႔ ၄င္းက ေျပာၾကားခဲ့ပါတယ္။

သူရဲ႕ ပထမဆံုးခြဲစိတ္မႈအျပီးမွာ မ်က္နွာထဲ hyaluronic အက္ဆစ္ေတြ ထိုးခဲ့ပါတယ္။

မ်က္လံုးေအာက္ဘက္ပိုင္း ေနရာေတြ တင္းရင္းလာေစဖို႔ botox ေတြလည္း ထုိးခဲ့ပါတယ္။

မ်က္ခံုးေမႊးမ်ားအတြက္ တက္တူးထုိးခဲ့ျပီး သြားပိုင္းဆိုင္ရာအတြက္ ခြဲစိတ္မႈေတြလည္း ျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ ခြဲစိတ္ျပင္ဆင္မႈေတြ ထပ္လုပ္ဖို႔ သူကရည္ရြယ္ထားတယ္လို႔ ဆိုပါတယ္။

“ကၽြန္ေတာ့္နဖူးကို တက္တူးထုိးျပီး နွာေခါင္းကို ပိုသြယ္သြားေအာင္ လုပ္ခ်င္တယ္” လို႔ ၄င္းကေျပာၾကားခဲ့ပါတယ္။

Gleidson ဟာ မိုက္ကယ္ဂ်က္ဆင္နဲ႔ တူေစရန္အတြက္ ေန႔စဥ္ ၄ နာရီေလာက္ အကေလ့က်င့္တယ္လို႔ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmarlatestnews

# Unicode Version ျဖင့္ ဖတ္ပါ #
မိုက်ကယ်ဂျက်ဆင် ပုံတူပြုလုပ်သူတစ်ဦးဟာ မိုက်ကယ်ဂျက်ဆင်လို ”ဝင်းပ”တဲ့ အသားအရေရဖို့အတွက် အရေပြားတွေကို အက်ဆစ်နဲ့လောင်းခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် Antonio Gleidson Rodrigues ဟာ ပေါင်၂၀၀၀၀ ခန့် တန်ဖိုးရှိ မျက်နှာပြင်ဆင်မှုတွေကိုပြုလုပ်ခဲ့ပြီး ကွယ်လွန်သူ မိုက်ကယ်ဂျက်ဆင်နဲ့ တူစေရန်အတွက် နှာခေါင်းပိုင်းဆိုင်ရာ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုလည်း ပြုလုပ်ခဲ့ပါတယ်။

ဘရာဇီးနိုင်ငံက Gleidson ဟာ မိုက်ကယ်ဂျက်ဆင် ပုံတူသမားတွေထဲမှာ နံပါတ်တစ်ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် ကြေငြာထားသူ ဖြစ်ပါတယ်။
”၂၀၀၉ ခုနှစ်တုန်းက ခွဲစိတ်ခန်းထဲသွားပြီး ကျွန်တော့်ရဲ့ နှာခေါင်းဖွဲ့စည်းပုံကို ပြင်ခဲ့တယ်။

ဒါကြောင့် အမြင့်ဆုံးနုတ်စ်တွေ ကို ရောက်အောင်ဆိုနိုင်တယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

“ဒီမတိုင်ခင်တုန်းက မိုက်ကယ်ဂျက်ဆင်လို နုတ်စ်တွေကို ရောက်အောင် မလုပ်နိုင်ဘူး။ ဒါပေမဲ့ ခွဲစိတ်ပြီးတော့ အခု အချို့နုတ်စ်တွေကို ဆိုနိုင်ပြီ”လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

သူရဲ့ ပထမဆုံးခွဲစိတ်မှုအပြီးမှာ မျက်နှာထဲ hyaluronic အက်ဆစ်တွေ ထိုးခဲ့ပါတယ်။

မျက်လုံးအောက်ဘက်ပိုင်း နေရာတွေ တင်းရင်းလာစေဖို့ botox တွေလည်း ထိုးခဲ့ပါတယ်။

မျက်ခုံးမွှေးများအတွက် တက်တူးထိုးခဲ့ပြီး သွားပိုင်းဆိုင်ရာအတွက် ခွဲစိတ်မှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ခွဲစိတ်ပြင်ဆင်မှုတွေ ထပ်လုပ်ဖို့ သူကရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

“ကျွန်တော့်နဖူးကို တက်တူးထိုးပြီး နှာခေါင်းကို ပိုသွယ်သွားအောင် လုပ်ချင်တယ်” လို့ ၎င်းကပြောကြားခဲ့ပါတယ်။

Gleidson ဟာ မိုက်ကယ်ဂျက်ဆင်နဲ့ တူစေရန်အတွက် နေ့စဉ် ၄ နာရီလောက် အကလေ့ကျင့်တယ်လို့ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmarlatestnews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top