iMyanmarHouse.com - Best Property Website for Myanmar
×

လီယံေဟာ့စတရာေလးကို ၂၀၀၅ ခုႏွစ္ အေမရိကန္ မိခ်ီဂန္ၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ သူဟာ တျခားကေလးမ်ားနဲ႔ မတူထူးျခားစြာ (၅)လသား အ႐ြယ္မွာ လမ္းေလွ်ာက္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ကမာၻေပၚက ကေလးအမ်ားစုဟာ ပုံမွန္အားျဖင့္ (၁၅) လသားမွ လမ္းေလွ်ာက္ၾကေပမယ့္ လီယံေဟာ့စတရာ ေလးက ပိုေစာလြန္းတယ္လို႔ေျပာရမွာပါ။ ဒါ့အျပင္ သူဟာ (၆)လသားအ႐ြယ္မွာေတာ့ အိမ္မွာ ရွိတဲ့ ႀကိဳးေတြေပၚတြယ္တက္ေနႏိုင္ၿပီပဲ ျဖစ္ပါတယ္။


လီယံေဟာ့စတရာေလးမွာ ယခုလိုသာမန္ကေလးေတြထက္ သန္မာရတဲ့အေၾကာင္းရင္းကို ပညာရွင္မ်ားက ေလ့လာမႈေတြျပဳလုပ္ခဲ့ပါတယ္။ အဆိုပါေလ့လာမႈေတြအရ လီယံေဟာ့စတရာေလးဟာ ေမြးလာကတည္းက Muscle Hypertrophy လို႔ေခၚတဲ့ သန္မာတဲ့ႂကြက္သားေတြနဲ႔ ေမြးဖြားလာခဲ့တာလည္းျဖစ္ပါတယ္။ သူ႔ရဲ႕ ၀မ္းဗိုက္ႂကြက္သားေတြကလည္း မယုံၾကည္ႏိုင္စရာေကာင္းေအာင္ သန္မာလြန္းလွပါတယ္။ အ႐ိုးဖြဲ႕စည္းပုံကေတာ့ ပုံမွန္ပဲျဖစ္ၿပီး သူ႔ရဲ႕အ႐ြယ္နဲ႔မလိုက္ေအာင္ သန္မာလြန္းတဲ့ ႂကြက္သားေတြေၾကာင့္ သာမန္ကေလးေတြထက္ ထူးျခားလြန္းေနတာလဲ ျဖစ္ပါတယ္။



လီယံေဟာ့စတရာေလး (၃)ႏွစ္သားအ႐ြယ္မွာေတာ့ သိပၸံပညာရွင္ေတြဟာ စမ္းသပ္မႈ (၃)ခုျပဳလုပ္ၾကပါတယ္။ လီယံေလးနဲ႔အတူ (၇)ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ႏွင့္ယွဥ္ၿပီး အိပ္ထမတင္ လုပ္ခို္င္းၾကည့္ခဲ့ပါတယ္။ အံ့ၾသစရာေကာင္းတာက လီယံေလးဟာ (၇)ႏွစ္သားကေလးထက္ပိုၿပီး လုပ္ႏိုင္တာကိုကို ေတြ႕ရွိခဲ့ၾကပါတယ္။ အခုအခါမွာေတာ့ လီယံေလးဟာ ကမာၻ႔အသန္မာဆုံးကေလးအျဖစ္ လက္ရွိမွာ စံခ်ိန္တင္ထားႏိုင္ခဲ့ပါတယ္။



ျပန္လည္မွ်ေဝလိုက္ပါ……

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Once A Glance Page

# Unicode Version ျဖင့္ ဖတ္ပါ #
 လီယံဟော့စတရာလေးကို ၂၀၀၅ ခုနှစ် အမေရိကန် မိချီဂန်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူဟာ တခြားကလေးများနဲ့ မတူထူးခြားစွာ (၅)လသား အရွယ်မှာ လမ်းလျှောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်က ကလေးအများစုဟာ ပုံမှန်အားဖြင့် (၁၅) လသားမှ လမ်းလျှောက်ကြပေမယ့် လီယံဟော့စတရာ လေးက ပိုစောလွန်းတယ်လို့ပြောရမှာပါ။ ဒါ့အပြင် သူဟာ (၆)လသားအရွယ်မှာတော့ အိမ်မှာ ရှိတဲ့ ကြိုးတွေပေါ်တွယ်တက်နေနိုင်ပြီပဲ ဖြစ်ပါတယ်။

လီယံဟော့စတရာလေးမှာ ယခုလိုသာမန်ကလေးတွေထက် သန်မာရတဲ့အကြောင်းရင်းကို ပညာရှင်များက လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။ အဆိုပါလေ့လာမှုတွေအရ လီယံဟော့စတရာလေးဟာ မွေးလာကတည်းက Muscle Hypertrophy လို့ခေါ်တဲ့ သန်မာတဲ့ကြွက်သားတွေနဲ့ မွေးဖွားလာခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကလည်း မယုံကြည်နိုင်စရာကောင်းအောင် သန်မာလွန်းလှပါတယ်။ အရိုးဖွဲ့စည်းပုံကတော့ ပုံမှန်ပဲဖြစ်ပြီး သူ့ရဲ့အရွယ်နဲ့မလိုက်အောင် သန်မာလွန်းတဲ့ ကြွက်သားတွေကြောင့် သာမန်ကလေးတွေထက် ထူးခြားလွန်းနေတာလဲ ဖြစ်ပါတယ်။

လီယံဟော့စတရာလေး (၃)နှစ်သားအရွယ်မှာတော့ သိပ္ပံပညာရှင်တွေဟာ စမ်းသပ်မှု (၃)ခုပြုလုပ်ကြပါတယ်။ လီယံလေးနဲ့အတူ (၇)နှစ်အရွယ်ကလေးတစ်ယောက်နှင့်ယှဉ်ပြီး အိပ်ထမတင် လုပ်ခိုင်းကြည့်ခဲ့ပါတယ်။ အံ့သြစရာကောင်းတာက လီယံလေးဟာ (၇)နှစ်သားကလေးထက်ပိုပြီး လုပ်နိုင်တာကိုကို တွေ့ရှိခဲ့ကြပါတယ်။ အခုအခါမှာတော့ လီယံလေးဟာ ကမ္ဘာ့အသန်မာဆုံးကလေးအဖြစ် လက်ရှိမှာ စံချိန်တင်ထားနိုင်ခဲ့ပါတယ်။

ပြန်လည်မျှဝေလိုက်ပါ……

ဖိုးသူတော် (www.phothutaw.com)
Credit: Once A Glance Page

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top