ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လူတိုင္း အသားအေရ ႏုပ်ိဳစိုေျပခ်င္ၾကၿပီး ေတာက္ပတဲ့အသားအေရကို ပိုင္ဆိုင္ခ်င္ၾကပါတယ္။ အခုလို ေတာက္ပၾကည္လင္တဲ့အသားအေရကို အမွန္တကယ္ပိုင္ဆိုင္ေစမယ့္ နည္းလမ္းေတြကို မွ်ေ၀ေပးခ်င္ပါတယ္။

၁။ သၾကားကိုသံုးၿပီး အသားအေရကို သန္႔စင္ပါ။ ေရခ်ိဳးေနရင္း ဆပ္ျပာမတိုက္ခင္ သၾကားနဲ႔ ခႏၶာကိုယ္တစ္ခုလံုးကို ပြတ္တုိက္ေပးလိုက္ပါ။ ဆဲလ္ေသေတြကို ဖယ္ရွားေပးမွာျဖစ္ၿပီး သင့္အသားအေရကို ၾကည္လင္လာေစမွာပါ။ တစ္ပတ္ ၂ ႀကိမ္လုပ္ေပးပါ။

၂။ သင့္အသားအေရကို ေန႔တိုင္း Lotion (သုိ႔) ခရင္မ္လိမ္းေပးပါ။

၃။ မ်က္ႏွာေပၚမွာ ကပ္ေနတဲ့ ဘက္တီးရီးယားေတြ၊ အဆီေတြကို ဖယ္ရွားႏိုင္ဖို႔ ညအိပ္ယာမ၀င္ခင္ မ်က္ႏွာကို cleaer (သို႔) ေရေႏြးနဲ႔ ေသခ်ာသစ္ပါ။

၄။ Sunscreen လိမ္းေပးပါ။ အဲဒီလို Sunscreen လိမ္းေပးတာဟာ မ်က္နွာေပၚကအေရးေၾကာင္းေတြ၊ အမည္းစက္ေတြကိုသက္သာေစၿပီးအေရျပားကင္ဆာ ျဖစ္ပြားျခင္းကေန ကာကြယ္ေပးႏိုင္ပါတယ္။

၅။ ေရမ်ားမ်ားေသာက္ပါ။ ေရမ်ားမ်ားေသာက္တာဟာ သင့္အသားအေရကို စိုေျပေစမွာျဖစ္ၿပီး အသားအေရ ၾကည္လင္ေစမွာျဖစ္ပါတယ္။

၆။ တစ္ပတ္ကိုတစ္ ၂ ႀကိမ္ (သို႔) ၃ ႀကိမ္ ညအိပ္ယာမ၀င္ခင္ မ်က္လံုးေအာက္မွာ ရွာေစာင္းလက္ပက္လိမ္းေပးပါ။ မ်က္လံုးနားတစ္၀ိုက္က အေရးေၾကာင္းေတြ သက္သာဖို႔ျဖစ္ပါတယ္။

၇။ စိတ္ဖိစီးမႈကို ရွင္းထုတ္ပါ။ စိတ္ဖိစီးမႈဟာ သင့္ခႏၶာကိုယ္အတြက္သာမက အသားအေရကို အျမန္ဆံုး အိုမင္းရင့္ေရာ္ေစပါတယ္။

၈။ အျပင္ကျပန္လာရင္ မိတ္ကပ္ကို Remover နဲ႔ေသခ်ာဖ်က္ေပးၿပီး မ်က္ႏွာေသခ်ာသစ္ပါ။

၉။ တစ္လကို တစ္ခါ လိေမၼာ္ရည္၊ မုန္လာဥနီ၊ ပန္းသီး၊ သခြားသီးတစ္ျခမ္း နဲ႔ နံနံပင္အားလံုးကို ေရာႀကိတ္ၿပီး ေပါင္းတင္ေပးပါ။

၁၀။ ေလ့က်င့္ခန္းလုပ္ပါ။ ေလ့က်င့္ခန္းလုပ္တာဟာ ဇီ၀ျဖစ္စဥ္ကိုျမင့္တင္ေပးၿပီး ဆဲလ္သစ္ေတြကို ထုတ္လုပ္ေပးပါတယ္။ ဒါ့ေၾကာင့္ အသားအေရကို စိုေျပေစပါတယ္။

၁၁။ အိပ္ေရး၀၀အိပ္ပါ။ အိပ္ေရး၀၀အိပ္တာဟာ သင့္အသားအေရကို ႏုပ်ိဳစိုေျပေစပါတယ္။

၁၂။ မ်က္လံုးအိတ္သက္သာဖို႔အတြက္ လက္ဖက္အိတ္ကို ေရေႏြးနဲ႔ ၃ မိနစ္ေလာက္စိမ္ပါ။ ၿပီးရင္ျပန္ထုတ္ၿပီး ေရခဲေရထဲထည့္စိမ္တာ (သို႔) ေရခဲေသတၱာထဲထည့္ေပးႏိုင္ပါတယ္။ ေအးသြားရင္ မ်က္လံုးေအာက္မွာ ကပ္ေပးထားပါ။

၁၃။ အရည္အေသြးေကာင္းတ့ဲ အလွကုန္ပစၥည္းေတြကို သံုးပါ။ အခုလို အရည္အေသြးေကာင္းတဲ့ အလွကုန္ပစၥည္းေတြဟာ သင့္အသားအေရ ထိခိုက္ပ်က္စီးျခင္းကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
လူတိုင်း အသားအရေ နုပျိုစိုပြေချင်ကြပြီး တောက်ပတဲ့အသားအရေကို ပိုင်ဆိုင်ချင်ကြပါတယ်။ အခုလို တောက်ပကြည်လင်တဲ့အသားအရေကို အမှန်တကယ်ပိုင်ဆိုင်စေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ သကြားကိုသုံးပြီး အသားအရေကို သန့်စင်ပါ။ ရေချိုးနေရင်း ဆပ်ပြာမတိုက်ခင် သကြားနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပွတ်တိုက်ပေးလိုက်ပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးမှာဖြစ်ပြီး သင့်အသားအရေကို ကြည်လင်လာစေမှာပါ။ တစ်ပတ် ၂ ကြိမ်လုပ်ပေးပါ။

၂။ သင့်အသားအရေကို နေ့တိုင်း Lotion (သို့) ခရင်မ်လိမ်းပေးပါ။

၃။ မျက်နှာပေါ်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ အဆီတွေကို ဖယ်ရှားနိုင်ဖို့ ညအိပ်ယာမဝင်ခင် မျက်နှာကို cleaer (သို့) ရေနွေးနဲ့ သေချာသစ်ပါ။

၄။ Sunscreen လိမ်းပေးပါ။ အဲဒီလို Sunscreen လိမ်းပေးတာဟာ မျက်နှာပေါ်ကအရေးကြောင်းတွေ၊ အမည်းစက်တွေကိုသက်သာစေပြီးအရေပြားကင်ဆာ ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

၅။ ရေများများသောက်ပါ။ ရေများများသောက်တာဟာ သင့်အသားအရေကို စိုပြေစေမှာဖြစ်ပြီး အသားအရေ ကြည်လင်စေမှာဖြစ်ပါတယ်။

၆။ တစ်ပတ်ကိုတစ် ၂ ကြိမ် (သို့) ၃ ကြိမ် ညအိပ်ယာမဝင်ခင် မျက်လုံးအောက်မှာ ရှာစောင်းလက်ပက်လိမ်းပေးပါ။ မျက်လုံးနားတစ်ဝိုက်က အရေးကြောင်းတွေ သက်သာဖို့ဖြစ်ပါတယ်။

၇။ စိတ်ဖိစီးမှုကို ရှင်းထုတ်ပါ။ စိတ်ဖိစီးမှုဟာ သင့်ခန္ဓာကိုယ်အတွက်သာမက အသားအရေကို အမြန်ဆုံး အိုမင်းရင့်ရော်စေပါတယ်။

၈။ အပြင်ကပြန်လာရင် မိတ်ကပ်ကို Remover နဲ့သေချာဖျက်ပေးပြီး မျက်နှာသေချာသစ်ပါ။

၉။ တစ်လကို တစ်ခါ လိမ္မော်ရည်၊ မုန်လာဥနီ၊ ပန်းသီး၊ သခွားသီးတစ်ခြမ်း နဲ့ နံနံပင်အားလုံးကို ရောကြိတ်ပြီး ပေါင်းတင်ပေးပါ။

၁၀။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးပြီး ဆဲလ်သစ်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒါ့ကြောင့် အသားအရေကို စိုပြေစေပါတယ်။

၁၁။ အိပ်ရေး၀၀အိပ်ပါ။ အိပ်ရေး၀၀အိပ်တာဟာ သင့်အသားအရေကို နုပျိုစိုပြေစေပါတယ်။

၁၂။ မျက်လုံးအိတ်သက်သာဖို့အတွက် လက်ဖက်အိတ်ကို ရေနွေးနဲ့ ၃ မိနစ်လောက်စိမ်ပါ။ ပြီးရင်ပြန်ထုတ်ပြီး ရေခဲရေထဲထည့်စိမ်တာ (သို့) ရေခဲသေတ္တာထဲထည့်ပေးနိုင်ပါတယ်။ အေးသွားရင် မျက်လုံးအောက်မှာ ကပ်ပေးထားပါ။

၁၃။ အရည်အသွေးကောင်းတဲ့ အလှကုန်ပစ္စည်းတွေကို သုံးပါ။ အခုလို အရည်အသွေးကောင်းတဲ့ အလှကုန်ပစ္စည်းတွေဟာ သင့်အသားအရေ ထိခိုက်ပျက်စီးခြင်းကို လျှော့ချပေးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top