ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ထားဝယ္အထူးစီးပြားေရးဇုန္ပထမအ ဆင့္ျဖစ္သည့္ ကန္ေဒၚလာ သန္း ၁၃၀ ေက်ာ္ ကုန္က် မည့္ ႏွစ္လမ္းသြားလမ္းမ တည္ေဆာက္ႏုိင္ေရး ေခ်းေငြကိစၥ ဆံုးျဖတ္ခ်က္ခ်ႏုိင္ရန္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ လာေရာက္စစ္ေဆးေနေၾကာင္း တနသၤာရီတုိင္းေဒသႀကီးအစိုးရအဖြဲ႕ စီမံဘ႑ာဝန္ ႀကီး ဦးၿဖိဳးဝင္းထြန္းက ေျပာသည္။

အဆုိပါလမ္းတည္ေဆာက္ေရး စီမံကိန္းသည္ တနသၤာရီကမ္းေျမာင္ေဒသ ဖြံ႕ၿဖိဳးေရးစီမံကိန္း၏ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ထိုင္းႏုိင္ငံအစိုးရ၏ေခ်း ေငြျဖင့္ တည္ေဆာက္မည္ျဖစ္သည္။

အဆုိပါ စီမံကိန္းအတြက္ ထိုင္းဘတ္ေငြ ၄ ဒသမ ၅ ဘီလီယံ (ကန္ေဒၚလာ ၁၃၃ သန္း) ကို ထိုင္းအစိုးရက ေခ်းရန္ သေဘာ တူၿပီးျဖစ္သည္။ ျမန္မာဘက္မွ လႊတ္ေတာ္သို႔ တင္ျပ၍ အတည္ ျပဳမည္ဟု စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီး ေဒါက္တာသန္းျမင့္က ၂၀၁၇ ဇူလိုင္ တြင္ ေျပာၾကားခဲ့သည္။

လမ္းေဖာက္မည့္ ထိုင္း ႏုိင္ငံနယ္စပ္မွ အထူးစီးပြားေရး ဇုန္ ေျမျပင္အေနအထားမ်ား လာေရာက္စစ္ေဆးရန္ ဒုတိယသမၼတသည္ ထားဝယ္ၿမိဳ႕သုိ႔ ဒီဇင္ဘာ ၂ ရက္တြင္ ေရာက္ရွိခဲ့သည္။

‘‘ထီးခီး (ထိုင္းနယ္စပ္)နဲ႔ ေရ နက္ဆိပ္ကမ္းလမ္း (အထူးစီးပြား ေရးဇုန္)ကို အဆင့္ျမႇင့္ဖို႔ကိစၥေတြ ပါ။ ၫႊန္ၾကားသြားတာက စီးပြား ေရးလုပ္ငန္းေတြ အားေပးျမႇင့္ တင္ေပးဖို႔။ ခရီးသြားလုပ္ငန္းေတြ အားေပးဖို႔။ ပိုၿပီးေတာ့ ထြန္းကား လာေအာင္ ေပါ့ေနာ္’’ဟု တနသၤာ ရီတုိင္းေဒသႀကီး အစိုးရအဖြဲ႕ စီမံဘ႑ာဝန္ႀကီး ဦးၿဖိဳးဝင္းထြန္း က ေျပာသည္။

ဒုတိယသမၼတသည္ ယခင္ အစိုးရလက္ထက္တြင္ ၾကန္႔ၾကာ မႈမ်ားေလ့လာၿပီး အထူးစီးပြား ေရးဇုန္ကို အျမန္ဆံုးအေကာင္အ ထည္ေဖာ္ႏုိင္ရန္ ၫႊန္ၾကားသည္ ဟု အမ်ိဳးသားလႊတ္ေတာ္ကိုယ္ စားလွယ္ ဦးေအာင္ဝင္းက ေျပာ ၾကားသည္။

‘‘အဓိကကေတာ့ ႏွစ္လမ္း သြားကို ဆံုးျဖတ္ေပးႏုိင္ဖုိ႔ ကုိယ္ တုိင္လာေရာက္ၾကည့္႐ႈတာေပါ့။ ေလ်ာ္ေၾကးကိစၥတုိ႔ ဘာတုိ႔က လုပ္ရင္းနဲ႔ နည္းနည္းပဲ က်န္တာ ကို။ သိပ္အမ်ားႀကီးမက်န္ေတာ့ ဘူးေလ။ လမ္းေဖာက္ဖို႔အတြက္ ေနာက္ဆံုး အတည္ျပဳဆံုးျဖတ္ ခ်က္ခ်ႏုိင္ဖို႔ ဒုသမၼတကိုယ္တုိင္ လာေရာက္ၾကည့္႐ႈတာေပါ့’’ဟု ထားဝယ္ အထူးစီးပြားေရးဇုန္ တြဲဖက္အတြင္းေရးမွဴး ဦးမ်ိဳးျမင့္ ဦးက ေျပာသည္။

ထိုင္းက ယခုႏွစ္ ေဖေဖာ္ဝါ ရီတြင္ ယင္းေခ်းေငြကိုေပးရန္ ကမ္းလွမ္းခဲ့ၿပီး ယင္းေခ်းေငြသည္ ၈၂ မိုင္ (၁၃၂ ကီလိုမီတာ)ရွည္ လ်ားေသာ ထုိင္းႏုိင္ငံနယ္စပ္ ကန္ခ်နာဘူရီမွ ထားဝယ္အထူး စီးပြားေရးဇုန္သို႔သြားသည့္ လမ္းမႀကီးေဖာက္လုပ္ရန္ ျဖစ္သည္။

‘‘ေခ်းေငြကေတာ့ ဟိုဘက္ ဒီဘက္ ေဆြးေႏြးေနတာကေတာ့ ရွိၿပီးသားပဲေလ။ နဂိုကတည္းက သူတုိ႔က ေပးဖုိ႔အတြက္ မူလက တည္းက ရွိတယ္။ အခုခ်ိန္မွာ ေတာ့ ျပန္ၿပီးေတာ့ ေဆြးေႏြးရမွာ ေပါ့။ အတိအက်ေတာ့ သူတို႔ ဘက္က မေျပာေသးပါဘူး။ ေလ့ လာေနတုန္းပါပဲ။ သူ (ဒုသမၼတ) ကေတာ့ တိုးတက္မႈေတြ၊ ျဖစ္ႏုိင္ ေျခေတြကို ကိုယ္တုိင္ဆင္းၿပီး ေလ့လာတဲ့သေဘာေပါ့’’ ဟု အထူးစီးပြားေရးဇုန္ ေဖာ္ေဆာင္ ေရး ဦးေဆာင္ဝန္ႀကီးဌာနျဖစ္ သည့္ စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန ၫႊန္ ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္စိုးက ေျပာသည္။

ကန္ေဒၚလာ ဘီလီယံ ၅၀ တန္ ထားဝယ္အထူးစီးပြားေရးဇုန္ ကို ၂၀၀၈ တြင္ ျမန္မာ-ထိုင္း ႏွစ္ ႏုိင္ငံအစိုးရတုိ႔ လက္မွတ္ေရးထိုး ခဲ့ၿပီး ထိုင္းႏုိင္ငံဘက္မွ အီတာလ်ံ ထိုင္းကုမၸဏီက စတင္အေကာင္ အထည္ေဖာ္ခဲ့သည္။

၂၀၁၃ တြင္ ဘ႑ာေရးအ ခက္အခဲေၾကာင့္ စီမံကိန္းရပ္ဆုိင္း ခဲ့ၿပီး ၂၀၁၅ ဇူလုိင္က စီမံကိန္း ျပန္လည္စတင္ရန္ ျမန္မာ-ထိုင္း -ဂ်ပန္ သံုးႏုိင္ငံ အစိုးရခ်င္းေဆြး ေႏြးခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ထားဝယ်အထူးစီးပွားရေးဇုန်ပထမအ ဆင့်ဖြစ်သည့် ကန်ဒေါ်လာ သန်း ၁၃၀ ကျော် ကုန်ကျ မည့် နှစ်လမ်းသွားလမ်းမ တည်ဆောက်နိုင်ရေး ချေးငွေကိစ္စ ဆုံးဖြတ်ချက်ချနိုင်ရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လာရောက်စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန် ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။

အဆိုပါလမ်းတည်ဆောက်ရေး စီမံကိန်းသည် တနင်္သာရီကမ်းမြောင်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအစိုးရ၏ချေး ငွေဖြင့် တည်ဆောက်မည်ဖြစ်သည်။

အဆိုပါ စီမံကိန်းအတွက် ထိုင်းဘတ်ငွေ ၄ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၃၃ သန်း) ကို ထိုင်းအစိုးရက ချေးရန် သဘော တူပြီးဖြစ်သည်။ မြန်မာဘက်မှ လွှတ်တော်သို့ တင်ပြ၍ အတည် ပြုမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာသန်းမြင့်က ၂၀၁၇ ဇူလိုင် တွင် ပြောကြားခဲ့သည်။

လမ်းဖောက်မည့် ထိုင်း နိုင်ငံနယ်စပ်မှ အထူးစီးပွားရေး ဇုန် မြေပြင်အနေအထားများ လာရောက်စစ်ဆေးရန် ဒုတိယသမ္မတသည် ထားဝယ်မြို့သို့ ဒီဇင်ဘာ ၂ ရက်တွင် ရောက်ရှိခဲ့သည်။

‘‘ထီးခီး (ထိုင်းနယ်စပ်)နဲ့ ရေ နက်ဆိပ်ကမ်းလမ်း (အထူးစီးပွား ရေးဇုန်)ကို အဆင့်မြှင့်ဖို့ကိစ္စတွေ ပါ။ ညွှန်ကြားသွားတာက စီးပွား ရေးလုပ်ငန်းတွေ အားပေးမြှင့် တင်ပေးဖို့။ ခရီးသွားလုပ်ငန်းတွေ အားပေးဖို့။ ပိုပြီးတော့ ထွန်းကား လာအောင် ပေါ့နော်’’ဟု တနင်္သာ ရီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း က ပြောသည်။

ဒုတိယသမ္မတသည် ယခင် အစိုးရလက်ထက်တွင် ကြန့်ကြာ မှုများလေ့လာပြီး အထူးစီးပွား ရေးဇုန်ကို အမြန်ဆုံးအကောင်အ ထည်ဖော်နိုင်ရန် ညွှန်ကြားသည် ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးအောင်ဝင်းက ပြော ကြားသည်။

‘‘အဓိကကတော့ နှစ်လမ်း သွားကို ဆုံးဖြတ်ပေးနိုင်ဖို့ ကိုယ် တိုင်လာရောက်ကြည့်ရှုတာပေါ့။ လျော်ကြေးကိစ္စတို့ ဘာတို့က လုပ်ရင်းနဲ့ နည်းနည်းပဲ ကျန်တာ ကို။ သိပ်အများကြီးမကျန်တော့ ဘူးလေ။ လမ်းဖောက်ဖို့အတွက် နောက်ဆုံး အတည်ပြုဆုံးဖြတ် ချက်ချနိုင်ဖို့ ဒုသမ္မတကိုယ်တိုင် လာရောက်ကြည့်ရှုတာပေါ့’’ဟု ထားဝယ် အထူးစီးပွားရေးဇုန် တွဲဖက်အတွင်းရေးမှူး ဦးမျိုးမြင့် ဦးက ပြောသည်။

ထိုင်းက ယခုနှစ် ဖေဖော်ဝါ ရီတွင် ယင်းချေးငွေကိုပေးရန် ကမ်းလှမ်းခဲ့ပြီး ယင်းချေးငွေသည် ၈၂ မိုင် (၁၃၂ ကီလိုမီတာ)ရှည် လျားသော ထိုင်းနိုင်ငံနယ်စပ် ကန်ချနာဘူရီမှ ထားဝယ်အထူး စီးပွားရေးဇုန်သို့သွားသည့် လမ်းမကြီးဖောက်လုပ်ရန် ဖြစ်သည်။

‘‘ချေးငွေကတော့ ဟိုဘက် ဒီဘက် ဆွေးနွေးနေတာကတော့ ရှိပြီးသားပဲလေ။ နဂိုကတည်းက သူတို့က ပေးဖို့အတွက် မူလက တည်းက ရှိတယ်။ အခုချိန်မှာ တော့ ပြန်ပြီးတော့ ဆွေးနွေးရမှာ ပေါ့။ အတိအကျတော့ သူတို့ ဘက်က မပြောသေးပါဘူး။ လေ့ လာနေတုန်းပါပဲ။ သူ (ဒုသမ္မတ) ကတော့ တိုးတက်မှုတွေ၊ ဖြစ်နိုင် ခြေတွေကို ကိုယ်တိုင်ဆင်းပြီး လေ့လာတဲ့သဘောပေါ့’’ ဟု အထူးစီးပွားရေးဇုန် ဖော်ဆောင် ရေး ဦးဆောင်ဝန်ကြီးဌာနဖြစ် သည့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။

ကန်ဒေါ်လာ ဘီလီယံ ၅၀ တန် ထားဝယ်အထူးစီးပွားရေးဇုန် ကို ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ် နိုင်ငံအစိုးရတို့ လက်မှတ်ရေးထိုး ခဲ့ပြီး ထိုင်းနိုင်ငံဘက်မှ အီတာလျံ ထိုင်းကုမ္ပဏီက စတင်အကောင် အထည်ဖော်ခဲ့သည်။

၂၀၁၃ တွင် ဘဏ္ဍာရေးအ ခက်အခဲကြောင့် စီမံကိန်းရပ်ဆိုင်း ခဲ့ပြီး ၂၀၁၅ ဇူလိုင်က စီမံကိန်း ပြန်လည်စတင်ရန် မြန်မာ-ထိုင်း -ဂျပန် သုံးနိုင်ငံ အစိုးရချင်းဆွေး နွေးခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top