ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒီဇင္ဘာ ၂၆ ရက္ ကေန ဒီဇင္ဘာ ၂၈ ရက္အထိ ရန္ကုန္တုိင္းေဒသႀကီး အတြင္းရွိ ၿမဳိ႕နယ္တခ်ဳိ႕မွာ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မယ္လုိ႔ ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပးေ၀ေရးအဖြဲ႕ကေန သိရပါတယ္။

အဆိုပါရက္ပိုင္းအတြင္း ဓာတ္အားခြဲ႐ံုနဲ႔ ဓာတ္အားလုိင္းေတြ ထိန္းသိမ္းျပဳျပင္ျခင္း၊ ဓာတ္အားလုိင္းနဲ႔ မလြတ္ကင္းတဲ့ သစ္ပင္၊ သစ္ကုိင္းေတြ၊ ခုတ္ထြင္ရွင္းလင္းတာကုိ ျပဳလုပ္မွာျဖစ္လို႔ မနက္ ၉ နာရီကေန ေန႔လည္ ၁၂ နာရီအထိ လွ်ပ္စစ္ဓာတ္အား ယာယီ ျပတ္ေတာက္မွာ ျဖစ္ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီးထဲက အင္းစိန္၊ မဂၤလာဒံု၊ လိႈင္သာယာ၊ ေရႊျပည္သာ၊ လွည္းကူး၊ ေမွာ္ဘီ၊ ေထာက္ၾကန္႔၊ တုိက္ႀကီး၊ အေဖ်ာက္၊ ဥကၠံ၊ ေဖာင္ႀကီး၊ ဒါးပိန္၊ အင္းတုိင္၊ ေျမာင္းတကာ၊ ထန္းတပင္၊ လိႈင္၊ အလံု၊ ကမာရြတ္၊ မရမ္းကုန္း၊ ဗဟန္း၊ လမ္းမေတာ္၊ စမ္းေခ်ာင္း၊ ၾကည့္ျမင္တုိင္ ၿမဳိ႕နယ္ေတြမွာရွိတဲ့ ရပ္ကြက္တခ်ဳိ႕မွာ ယာယီဓာတ္အားျပတ္ေတာက္တာေတြ ျဖစ္ေပၚမယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၅ ရက္ ခရစၥမတ္ပြဲေတာ္ေန႔ ညေန ၄ နာရီခြဲ ေက်ာ္ကစၿပီး ႏိုင္ငံေတာ္ဓာတ္အားစနစ္ အျပစ္ျဖစ္ (System Breakdown) ေပၚခဲ့လို႔ တစ္ႏုိင္ငံလုံး ႏွစ္နာရီခန္႔ၾကာ လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့မႈ ျဖစ္ပြားခဲ့ပါေသးတယ္။

မဟာဓာတ္အားလိုင္းစနစ္ System Breakdown ျဖစ္ခ်ိန္မွာ ရန္ကုန္ၿမိဳ႕ေတာ္လွ်ပ္ စစ္ဓာတ္အားေပးေရးေကာ္ပုိေရးရွင္းက ရန္ကုန္တိုင္းရွိ ဓာတ္အားေပးစက္႐ုံေတြကေန လွ်ပ္စစ္ျဖန္႔ျဖဴးေပးဖုိ႔ စီစဥ္ခဲ့ၿပီး ညေန ၆ နာရီေလာက္မွ ရန္ကုန္တိုင္းအတြင္း လွ်ပ္စစ္ဓာတ္အားျပန္လည္ျဖန္႔ ျဖဴးေပးႏိုင္ခဲ့ပါတယ္။

Source : YESC,7DayDaily

Photos : 7DayDaily
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ဒီဇင်ဘာ ၂၆ ရက် ကနေ ဒီဇင်ဘာ ၂၈ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တချို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးဝေရေးအဖွဲ့ကနေ သိရပါတယ်။

အဆိုပါရက်ပိုင်းအတွင်း ဓာတ်အားခွဲရုံနဲ့ ဓာတ်အားလိုင်းတွေ ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနဲ့ မလွတ်ကင်းတဲ့ သစ်ပင်၊ သစ်ကိုင်းတွေ၊ ခုတ်ထွင်ရှင်းလင်းတာကို ပြုလုပ်မှာဖြစ်လို့ မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ လျှပ်စစ်ဓာတ်အား ယာယီ ပြတ်တောက်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲက အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ ထောက်ကြန့်၊ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ထန်းတပင်၊ လှိုင်၊ အလုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ ဗဟန်း၊ လမ်းမတော်၊ စမ်းချောင်း၊ ကြည့်မြင်တိုင် မြို့နယ်တွေမှာရှိတဲ့ ရပ်ကွက်တချို့မှာ ယာယီဓာတ်အားပြတ်တောက်တာတွေ ဖြစ်ပေါ်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်ပွဲတော်နေ့ ညနေ ၄ နာရီခွဲ ကျော်ကစပြီး နိုင်ငံတော်ဓာတ်အားစနစ် အပြစ်ဖြစ် (System Breakdown) ပေါ်ခဲ့လို့ တစ်နိုင်ငံလုံး နှစ်နာရီခန့်ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။

မဟာဓာတ်အားလိုင်းစနစ် System Breakdown ဖြစ်ချိန်မှာ ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ရန်ကုန်တိုင်းရှိ ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဖြန့်ဖြူးပေးဖို့ စီစဉ်ခဲ့ပြီး ညနေ ၆ နာရီလောက်မှ ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့် ဖြူးပေးနိုင်ခဲ့ပါတယ်။

Source : YESC,7DayDaily

Photos : 7DayDaily

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top