မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

၂၀၁၇ ႏိုဝင္ဘာအထိ တစ္ႏိုင္ငံလံုးမွာ သက္ငယ္မုဒိမ္းမႈ ခုနစ္ရာေက်ာ္ ျဖစ္ပြားခဲ့ၿပီး ၿပီးခဲ့တဲ့ ၂၀၁၆ တစ္ႏွစ္လံုးထက္ သက္ငယ္မုဒိမ္းမႈ ျဖစ္ပြားမႈႏႈန္း ၈၂ ခု ပိုမိုျဖစ္ပြားခဲ့တယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံက ဒီဇင္ဘာလ ၉ ရက္မွာ ေၾကညာခဲ့ပါတယ္။

ျမန္မာႏိုင္တစ္ႏိုင္ငံလံုးမွာ ၂၀၁၆ က သက္ငယ္မုဒိမ္း ၆၇၁ မႈ ျဖစ္ပြားၿပီး ၂၀၁၇ ဒီဇင္ဘာ ၉ ရက္အထိ ၇၅၃ မႈ ျဖစ္ပြားခဲ့တယ္လုိ႔ သိရပါတယ္။

၂၀၁၇ ႏိုဝင္ဘာအထိျဖစ္ပြားတဲ့ သက္ငယ္မုဒိမ္းမႈ ၇၅၃ မႈမွာ အသက္ (၂) ႏွစ္ကေန (၅)ႏွစ္ အတြင္း ၂၄ မႈ၊ (၆) ႏွစ္ကေန (၁၀)ႏွစ္ အတြင္း ၇၉ မႈ၊ (၁၁) ႏွစ္ကေန (၁၃)ႏွစ္အတြင္း ၂၂၁ မႈနဲ႔  (၁၄)ႏွစ္ကေန (၁၆)ႏွစ္အတြင္း ၄၂၉ မႈ ျဖစ္ပြားခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

စာရင္းအရ သက္ငယ္မုဒိမ္းမႈေတြက ရန္ကုန္တိုင္းမွာ အမ်ားဆံုးျဖစ္ပြားေနၿပီး ဧရာဝတီတိုင္းမွာ ဒုတိယအမ်ားဆံုးျဖစ္ေနကာ မေကြးတိုင္းမွာ တတိယအမ်ားဆံုး ျဖစ္ပြားေနတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ စစ္ကိုင္းတိုင္းနဲ႔တနသၤာရီတိုင္းတို႔ကလည္း အခင္းျဖစ္ပြားမႈႏႈန္းက စတုတၱေနရာနဲ႔ ပဥၥမေနရာမွာ ရွိေနတယ္လို႔ သိရပါတယ္။

ႏွစ္စဥ္ သက္ငယ္မုဒိမ္းျဖစ္ပြားမႈ အေရအတြက္ထုတ္ျပန္ ခ်က္အရ ၂၀၁၁ ကေန ၂၀၁၇ ႏိုဝင္ဘာအထိ ျမန္မာႏိုင္ငံမွာ ေျခာက္ႏွစ္အတြင္း သက္ငယ္ မုဒိမ္းမႈသံုးေထာင္ခန္႔ (၂,၉၃၇ မႈ) ျဖစ္ပြားခဲ့တာကုိ ေတြ႕ရပါတယ္။

Source : 7DayDaily
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
၂၀၁၇ နိုဝင်ဘာအထိ တစ်နိုင်ငံလုံးမှာ သက်ငယ်မုဒိမ်းမှု ခုနစ်ရာကျော် ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၆ တစ်နှစ်လုံးထက် သက်ငယ်မုဒိမ်းမှု ဖြစ်ပွားမှုနှုန်း ၈၂ ခု ပိုမိုဖြစ်ပွားခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံက ဒီဇင်ဘာလ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်တစ်နိုင်ငံလုံးမှာ ၂၀၁၆ က သက်ငယ်မုဒိမ်း ၆၇၁ မှု ဖြစ်ပွားပြီး ၂၀၁၇ ဒီဇင်ဘာ ၉ ရက်အထိ ၇၅၃ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ နိုဝင်ဘာအထိဖြစ်ပွားတဲ့ သက်ငယ်မုဒိမ်းမှု ၇၅၃ မှုမှာ အသက် (၂) နှစ်ကနေ (၅)နှစ် အတွင်း ၂၄ မှု၊ (၆) နှစ်ကနေ (၁၀)နှစ် အတွင်း ၇၉ မှု၊ (၁၁) နှစ်ကနေ (၁၃)နှစ်အတွင်း ၂၂၁ မှုနဲ့  (၁၄)နှစ်ကနေ (၁၆)နှစ်အတွင်း ၄၂၉ မှု ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စာရင်းအရ သက်ငယ်မုဒိမ်းမှုတွေက ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပွားနေပြီး ဧရာဝတီတိုင်းမှာ ဒုတိယအများဆုံးဖြစ်နေကာ မကွေးတိုင်းမှာ တတိယအများဆုံး ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့တနင်္သာရီတိုင်းတို့ကလည်း အခင်းဖြစ်ပွားမှုနှုန်းက စတုတ္တနေရာနဲ့ ပဉ္စမနေရာမှာ ရှိနေတယ်လို့ သိရပါတယ်။

နှစ်စဉ် သက်ငယ်မုဒိမ်းဖြစ်ပွားမှု အရေအတွက်ထုတ်ပြန် ချက်အရ ၂၀၁၁ ကနေ ၂၀၁၇ နိုဝင်ဘာအထိ မြန်မာနိုင်ငံမှာ ခြောက်နှစ်အတွင်း သက်ငယ် မုဒိမ်းမှုသုံးထောင်ခန့် (၂,၉၃၇ မှု) ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။

Source : 7DayDaily
ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top