စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

လက္ထပ္တယ္ဆိုတာ ထီထိုးသလိုပါပဲ။

ကုိယ့္ထီလက္မွတ္က ေပါက္လည္း ေပါက္နိုင္တယ္။ မေပါက္လည္း မေပါက္နိုင္ဘူး။

ေပါက္ရင္လည္း ဆုႀကီး ေပါက္နိုင္သလို ဆုေသးေသးေလးပဲ ေပါက္တာမ်ိဳးလည္း ျဖစ္နိုင္ပါတယ္။ ေယာက္်ားတစ္ေယာက္ဟာ ထီလက္မွတ္ တစ္ေစာင္နဲ႕တူပါတယ္။

ကြ်န္မရဲ႕ ထီလက္မွတ္နဲ႕ ကြ်န္မသူငယ္ခ်င္းရဲ႕ ထီလက္မွတ္ စုစုေပါင္း ႏွစ္ေစာင္ရွိတယ္ဆိုပါစို႕။

ကြ်န္မသူငယ္ခ်င္းရဲ႕ခ်စ္သူက သာမန္မိသားစုက သာမန္အမ်ိဳးသားတစ္ဦးပါ။ ဒါေပမယ့္ ကြ်န္မသူငယ္ခ်င္းအေပၚ အရမ္းဂရုစိုက္ပါတယ္။

ကြ်န္မသူငယ္ခ်င္းကို မ်က္ႏွာမညိဳေအာင္က အစ အလိုလိုက္ထားတဲ့ ေယာက္်ားမ်ိဳးပါ။ က်န္တဲ့သူငယ္ခ်င္းေတြကလည္း သူတို႕အတြဲကို အရမ္းအားက်ၿပီး စံျပထားရပါတယ္။ အလုပ္လည္း ႀကိဳးစားသလို ႏွစ္ဖက္မိဘခ်င္းကလည္း သေဘာတူေနတာေၾကာင့္ ယူလိုက္ၾကပါတယ္။

ယူၿပီးလို႕ သံုးႏွစ္ေလာက္ၾကာေတာ့ အမ်ိဳးသားဘက္က စၿပီး ေဖာက္ျပန္ပါတယ္။ အရက္ေတြေသာက္လာတယ္။ အလုပ္ကို မေလးစားေတာ့ဘူး။ လင္မယားခ်င္းလည္း အဆင္မေျပေတာ့သလို အျပင္ေလာကနဲ႕လည္း ျပႆနာေတြ ျဖစ္လာပါတယ္။ ကြ်န္မသူငယ္ခ်င္းမွာ မ်က္ရည္နဲ႕မ်က္ခြက္ပါပဲ။ ေနာက္ဆံုး ကေလးမ်က္ႏွာပါ ေထာက္မရေတာ့တဲ့ အခ်ိန္မွာ လင္မယားကြာရွင္းခဲ့ရပါတယ္။

မယူခင္က အရမ္းေကာင္းခဲ့တဲ့ ေယာက္်ားတစ္ေယာက္ဟာ ယူၿပီးမွ ဘာလို႕ အခ်ိဳးေျပာင္းသြားရတာပါလဲ။ ကြ်န္မေျပာခဲ့သလိုဆိုရင္ ကြ်န္မသူငယ္ခ်င္းဟာ ထီမေပါက္ခဲ့ပါဘူး။

ကြ်န္မမွာလည္း ခ်စ္သူရွိခဲ့ပါတယ္။

ကုိယ့္ေပါင္ကုိယ္လွန္ေထာင္းရရင္ ကြ်န္မခ်စ္သူဟာ ကြ်န္မသူငယ္ခ်င္းရဲ႕ခ်စ္သူလို ေယာက္်ားေကာင္း တစ္ေယာက္ေတာ့ မဟုတ္ခဲ့ပါဘူး။ အလုပ္လည္း မႀကိဳးစားပါဘူး။ သာမန္ေယာက္်ားေလးေတြလိုပဲ ေပါ့ေပါ့ေန ေပါ့ေပါ့စားၿပီး ပိုက္ဆံမရွိရင္ ေရေသာက္ ဗိုက္ေမွာက္တတ္တဲ့ လူမ်ိဳးပါ။ ကြ်န္မက အရာရာနီးပါး ဦးေဆာင္သလို ျဖစ္ေနေတာ့ သူကလည္း အလုပ္ကို သိပ္ဂရုမစိုက္ဟန္ ပါပါတယ္။ ကြ်န္မနဲ႕ေတြ႕စဥ္အခါက အလုပ္လုပ္လက္စေပမယ့္ ကြ်န္မနဲ႕ခ်စ္သူေတြျဖစ္ၿပီး ႏွစ္လအၾကာမွာ အလုပ္ထြက္လိုက္ပါတယ္။ သူအလုပ္ၿမဲေအာင္ မလုပ္တာက ကြ်န္မလို အလုပ္နဲ႕လက္နဲ႕ မျပတ္တဲ့သူအတြက္ မ်က္စိ ဆံပင္ေမႊး စူးလာပါေရာ။

ေယာက္်ားေလးတစ္ေယာက္ အလုပ္လက္ေၾကာ မတင္းဘဲ ပ်င္းတာ ဘယ္လိုမွ မေကာင္းဘူးလို႕ ကြ်န္မက လက္ခံထားတာပါ။ အရက္လည္း အလြန္အကြ်ံမဟုတ္ေပမယ့္ ပံုမွန္ေသာက္ပါတယ္။ ေဆးလိပ္ေသာက္ပါတယ္။ မိန္းမကိစၥမရွဳပ္ေပမယ့္ တျခားကိစၥေတြမွာလည္း မယ္မယ္ရရ မျဖစ္ေျမာက္ပါဘူး။ ဘြဲ႕လည္းမရေသးေတာ့ ကြ်န္မအိမ္က သေဘာမတူတဲ့ အျပင္ ကြ်န္မကလည္း သူ႕ကို အိမ္ေထာင္ဦးစီးအျဖစ္ ထားရင္ ငါးပါးေမွာက္မွာစိုးတာနဲ႕ ႏွစ္ႏွစ္အၾကာမွာ လမ္းခြဲခဲ့ပါတယ္။

ကြ်န္မနဲ႕ရွိေနစဥ္အခါက ေနခ်င္သလိုေနၿပီး လုပ္ခ်င္တာ လုပ္ခဲ့တဲ့သူက ကြ်န္မနဲ႕ျပတ္ၿပီး တစ္လအၾကာမွာ လူေကာင္းပကတိိ ျဖစ္သြားပါတယ္။ ေက်ာင္းဆက္တက္ပါတယ္။ အလုပ္လည္း တစိုက္မတ္မတ္ ႀကိဳးစားရွာပါတယ္။ အရက္ေတြ ေဆးလိပ္ေတြ ျဖတ္လို႕ လူေကာင္းလည္း ျဖစ္ေနပါၿပီ။

ေနာက္ထပ္ ခ်စ္သူတစ္ေယာက္လည္း ထားပါတယ္။ အဲ့ဒီေကာင္မေလးကိုလည္း အရမ္းဂရုစိုက္ပါတယ္။ သူကေရာ ဘာလို႕အခ်ိဳး ေျပာင္းသြားတာလဲ။

မိန္းကေလးေတြက အတၲႀကီးပါတယ္။ သူငါ့ကိုခ်စ္ရင္ ေျပာင္းလဲလာမွာပဲ။ ငါျပဳျပင္ရင္ ရပါတယ္ဆိုတဲ့ စိတ္မ်ိဳး ရွိေနၾကလို႕ပါ။

တကယ္က သူမ်ားျပင္လို႕ ေျပာင္းလဲတာထက္ ကုိယ့္အသိစိတ္နဲ႕ ကုိယ္ ေျပာင္းလဲတာက ပိုအဖိုးတန္ပါတယ္။ အိမ္ေထာင္ေရးမွာ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးထားေလ ပိုေနာင္တရေလေလ ပါပဲ။ အစတုန္းက ေကာင္းခဲ့တဲ့ ေယာက္်ားေတာင္ လက္ထပ္ၿပီး ေျပာင္းလဲ သြားေသးတာ။ မယူခင္တည္းက ဆိုးသြမ္းေနတယ္ဆိုရင္ ယူၿပီးမွ လိမၼာလာဖို႕ အရမ္းကိုခဲယဥ္းပါတယ္။

ကြ်န္မလည္း ထီမေပါက္ခဲ့ပါဘူး။ ဒါေပမယ့္ အံ့ၾသဖို႕ေကာင္းတာက ကြ်န္မဆီမွာ ရွိခဲ့ဖူးတဲ့ ထီလက္မွတ္ေလးဟာ ေနာက္ပိုင္ရွင္ဆီမွာ ဆုအႀကီးႀကီး ေပါက္သြားခဲ့ပါတယ္။

ကြ်န္မကေတာ့ ထီလက္မွတ္ေနာက္တစ္ေစာင္ လိုက္ရွာေနဆဲေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mylovemyanmar

#Unicode Version#
လက်ထပ်တယ်ဆိုတာ ထီထိုးသလိုပါပဲ။

ကိုယ့်ထီလက်မှတ်က ပေါက်လည်း ပေါက်နိုင်တယ်။ မပေါက်လည်း မပေါက်နိုင်ဘူး။

ပေါက်ရင်လည်း ဆုကြီး ပေါက်နိုင်သလို ဆုသေးသေးလေးပဲ ပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ယောက်ျားတစ်ယောက်ဟာ ထီလက်မှတ် တစ်စောင်နဲ့တူပါတယ်။

ကျွန်မရဲ့ ထီလက်မှတ်နဲ့ ကျွန်မသူငယ်ချင်းရဲ့ ထီလက်မှတ် စုစုပေါင်း နှစ်စောင်ရှိတယ်ဆိုပါစို့။

ကျွန်မသူငယ်ချင်းရဲ့ချစ်သူက သာမန်မိသားစုက သာမန်အမျိုးသားတစ်ဦးပါ။ ဒါပေမယ့် ကျွန်မသူငယ်ချင်းအပေါ် အရမ်းဂရုစိုက်ပါတယ်။

ကျွန်မသူငယ်ချင်းကို မျက်နှာမညိုအောင်က အစ အလိုလိုက်ထားတဲ့ ယောက်ျားမျိုးပါ။ ကျန်တဲ့သူငယ်ချင်းတွေကလည်း သူတို့အတွဲကို အရမ်းအားကျပြီး စံပြထားရပါတယ်။ အလုပ်လည်း ကြိုးစားသလို နှစ်ဖက်မိဘချင်းကလည်း သဘောတူနေတာကြောင့် ယူလိုက်ကြပါတယ်။

ယူပြီးလို့ သုံးနှစ်လောက်ကြာတော့ အမျိုးသားဘက်က စပြီး ဖောက်ပြန်ပါတယ်။ အရက်တွေသောက်လာတယ်။ အလုပ်ကို မလေးစားတော့ဘူး။ လင်မယားချင်းလည်း အဆင်မပြေတော့သလို အပြင်လောကနဲ့လည်း ပြဿနာတွေ ဖြစ်လာပါတယ်။ ကျွန်မသူငယ်ချင်းမှာ မျက်ရည်နဲ့မျက်ခွက်ပါပဲ။ နောက်ဆုံး ကလေးမျက်နှာပါ ထောက်မရတော့တဲ့ အချိန်မှာ လင်မယားကွာရှင်းခဲ့ရပါတယ်။

မယူခင်က အရမ်းကောင်းခဲ့တဲ့ ယောက်ျားတစ်ယောက်ဟာ ယူပြီးမှ ဘာလို့ အချိုးပြောင်းသွားရတာပါလဲ။ ကျွန်မပြောခဲ့သလိုဆိုရင် ကျွန်မသူငယ်ချင်းဟာ ထီမပေါက်ခဲ့ပါဘူး။

ကျွန်မမှာလည်း ချစ်သူရှိခဲ့ပါတယ်။

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရရင် ကျွန်မချစ်သူဟာ ကျွန်မသူငယ်ချင်းရဲ့ချစ်သူလို ယောက်ျားကောင်း တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ အလုပ်လည်း မကြိုးစားပါဘူး။ သာမန်ယောက်ျားလေးတွေလိုပဲ ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး ပိုက်ဆံမရှိရင် ရေသောက် ဗိုက်မှောက်တတ်တဲ့ လူမျိုးပါ။ ကျွန်မက အရာရာနီးပါး ဦးဆောင်သလို ဖြစ်နေတော့ သူကလည်း အလုပ်ကို သိပ်ဂရုမစိုက်ဟန် ပါပါတယ်။ ကျွန်မနဲ့တွေ့စဉ်အခါက အလုပ်လုပ်လက်စပေမယ့် ကျွန်မနဲ့ချစ်သူတွေဖြစ်ပြီး နှစ်လအကြာမှာ အလုပ်ထွက်လိုက်ပါတယ်။ သူအလုပ်မြဲအောင် မလုပ်တာက ကျွန်မလို အလုပ်နဲ့လက်နဲ့ မပြတ်တဲ့သူအတွက် မျက်စိ ဆံပင်မွှေး စူးလာပါရော။

ယောက်ျားလေးတစ်ယောက် အလုပ်လက်ကြော မတင်းဘဲ ပျင်းတာ ဘယ်လိုမှ မကောင်းဘူးလို့ ကျွန်မက လက်ခံထားတာပါ။ အရက်လည်း အလွန်အကျွံမဟုတ်ပေမယ့် ပုံမှန်သောက်ပါတယ်။ ဆေးလိပ်သောက်ပါတယ်။ မိန်းမကိစ္စမရှုပ်ပေမယ့် တခြားကိစ္စတွေမှာလည်း မယ်မယ်ရရ မဖြစ်မြောက်ပါဘူး။ ဘွဲ့လည်းမရသေးတော့ ကျွန်မအိမ်က သဘောမတူတဲ့ အပြင် ကျွန်မကလည်း သူ့ကို အိမ်ထောင်ဦးစီးအဖြစ် ထားရင် ငါးပါးမှောက်မှာစိုးတာနဲ့ နှစ်နှစ်အကြာမှာ လမ်းခွဲခဲ့ပါတယ်။

ကျွန်မနဲ့ရှိနေစဉ်အခါက နေချင်သလိုနေပြီး လုပ်ချင်တာ လုပ်ခဲ့တဲ့သူက ကျွန်မနဲ့ပြတ်ပြီး တစ်လအကြာမှာ လူကောင်းပကတိ ဖြစ်သွားပါတယ်။ ကျောင်းဆက်တက်ပါတယ်။ အလုပ်လည်း တစိုက်မတ်မတ် ကြိုးစားရှာပါတယ်။ အရက်တွေ ဆေးလိပ်တွေ ဖြတ်လို့ လူကောင်းလည်း ဖြစ်နေပါပြီ။

နောက်ထပ် ချစ်သူတစ်ယောက်လည်း ထားပါတယ်။ အဲ့ဒီကောင်မလေးကိုလည်း အရမ်းဂရုစိုက်ပါတယ်။ သူကရော ဘာလို့အချိုး ပြောင်းသွားတာလဲ။

မိန်းကလေးတွေက အတ္တကြီးပါတယ်။ သူငါ့ကိုချစ်ရင် ပြောင်းလဲလာမှာပဲ။ ငါပြုပြင်ရင် ရပါတယ်ဆိုတဲ့ စိတ်မျိုး ရှိနေကြလို့ပါ။

တကယ်က သူများပြင်လို့ ပြောင်းလဲတာထက် ကိုယ့်အသိစိတ်နဲ့ ကိုယ် ပြောင်းလဲတာက ပိုအဖိုးတန်ပါတယ်။ အိမ်ထောင်ရေးမှာ မျှော်လင့်ချက်ကြီးကြီးထားလေ ပိုနောင်တရလေလေ ပါပဲ။ အစတုန်းက ကောင်းခဲ့တဲ့ ယောက်ျားတောင် လက်ထပ်ပြီး ပြောင်းလဲ သွားသေးတာ။ မယူခင်တည်းက ဆိုးသွမ်းနေတယ်ဆိုရင် ယူပြီးမှ လိမ္မာလာဖို့ အရမ်းကိုခဲယဉ်းပါတယ်။

ကျွန်မလည်း ထီမပေါက်ခဲ့ပါဘူး။ ဒါပေမယ့် အံ့သြဖို့ကောင်းတာက ကျွန်မဆီမှာ ရှိခဲ့ဖူးတဲ့ ထီလက်မှတ်လေးဟာ နောက်ပိုင်ရှင်ဆီမှာ ဆုအကြီးကြီး ပေါက်သွားခဲ့ပါတယ်။

ကျွန်မကတော့ ထီလက်မှတ်နောက်တစ်စောင် လိုက်ရှာနေဆဲပေါ့။


ဖိုးသူတော် (www.phothutaw.com)
Credit: mylovemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top