လေဆိပ်အနီး မြေပိုင်ဆိုင်မှုရမည့် လုံးချင်း အရောင်းပြပွဲ
×









Credit: loveshortnote

#Unicode Version#
မိန်းကလေးတွေလိုချင်တဲ့ယောင်္ကျားဆိုတာ..

ပညာရှိပြီး ဂုဏ်ပကာသနတွေ မောက်မာနေတဲ့ ယောကျာ်းမဟုတ်ဘူး... ချစ်သူအပေါ် နားလည်ပေးပြီး ကြင်နာတတ်တဲ့ ယောကျာ်းမျိုး.....

အမြဲတမ်း အရာရာကို အမိန့်ပေးနေတဲ့ ယောကျာ်းမဟုတ်ဘူး... လုပ်သင့်တာကို အကြံပေးပြီး ဆွေးနွေးတတ်တဲ့ ယောကျာ်းမျိုး....

အမြဲတမ်း ပေါ့ပျက်ပျက်တွေးပြီး ချစ်သူကို လေးစားခြင်းမရှိတဲ့ ယောကျာ်းမဟုတ်ဘူး... ချစ်သူနဲ့ ဆိုင်သမျှကိစ္စတိုင်းဟာ သူ့အတွက် အရေးကြီးပါတယ်ဆိုတဲ့ ယောကျာ်းမျိုး.....

ပြသနာတွေ ကြုံလာရင် ဒါ မင်းမဟုတ်လို့ ဆိုပီး ပြောတတ်တဲ့ ခေါင်းရှောင်တတ်တဲ့ ယောကျာ်းမဟုတ်ဘူး... ရှေ့က မားမားမတ်မတ် ရပ်တည်ပြီး တိုင်ပင် ဖြေရှင်းပေးတတ်တဲ့ ယောကျာ်းမျိုး......

ချစ်ပါတယ် ဆိုတဲ့ စကားလေးပြောပြီး အချိုသတ်တတ်တဲ့ ယောကျာ်းမဟုတ်ဘူး... သစ္စာရှိနေမယ် ဆိုပြီး တန်ဖိုးထားတတ်တဲ့ ယောကျာ်းမျိုး.....

အရာအရာကို ကိုယ့်ဘက်က ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ ယောကျာ်းမျိုး မဟုတ်ဘူး... ချစ်သူအတွက် အနစ်နာခံပြီး ဆုံးဖြတ်တတ်တဲ့ ယောကျာ်းမျိုး....

ဖြစ်ချင်တာ ဖြစ် ဆိုတဲ့ ယောကျာ်းမဟုတ်ဘူး... ချစ်သူနှစ်ဦးရဲ့ အနာဂတ်ကို လှပအောင် ကြိုတွေးတတ်တဲ့ ယောကျာ်းမျိုး...

ဖိုးသူတော် (www.phothutaw.com)
Credit: loveshortnote
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top