ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပဲခူးတိုင္းေဒသၾကီး၊ ျဖဴးျမိဳ႕နယ္၊ ေဇယ်ဝတီျမိဳ႕ေဟာင္းဘုရားၾကီးအေရွ႕ဘက္ လွည္းလမ္းေဘးက ေညာင္ပင္မွာ ဒီဇင္ဘာ(၄)ရက္ ညပိုင္းက အမ်ိဳးသမီးတစ္ဦး ဆဲြၾကိဳးခ်ေသဆံုးမႈျဖစ္ပြားခဲ့တယ္လို႔သိရပါတယ္။

 ျဖစ္စဥ္မွာ အမ်ိဳးသမီးတစ္ဦးဟာ ဘုရားၾကီးဝင္း အေရွ႕ဘက္လွည္းလမ္းေဘးရွိ ေညာင္ပင္ကိုင္းမွာ (၁၀)ေပအရွည္ခန္႔ရွိ ပလပ္စတစ္ၾကိဳးလံုးနဲ႔ ဆဲြၾကိဳးခ်ေသဆံုးေနတာျဖစ္တယ္လို႔သိရပါတယ္။

 ေသဆံုးသူဟာ ေဇယ်ဝတီျမိဳ႕၊ လယ္ျပင္ၾကီးေျမာက္ရြာေနသူ အသက္(၂၁)ႏွစ္အရြယ္ အမ်ဳိးသမီးတစ္ဦးျဖစ္ျပီး လြန္ခဲ့တဲ့(၁၅)ရက္ခန္႔က တစ္ရြာထဲေန လူငယ္တစ္ဦးနဲ႔ ေပါင္းသင္းေနထိုင္စဥ္ ေဆြမ်ဳိးေတြက သေဘာမတူတာေၾကာင့္ ေနအိမ္ကိုျပန္လည္ေခၚေဆာင္တဲ့ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးတယ္လို႔ ရဲမွတ္တမ္းအရသိရပါတယ္။

အဲဒီေနာက္ ဒီဇင္ဘာ(၄)ရက္ မြန္းလြဲပိုင္းမွာ ေပ်ာက္ဆံုးသြားခဲ့ရာက အခုလိုေသဆံုးေနတာကိုေတြ႕ရွိ ရတာျဖစ္ပါတယ္။ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး ေဇယ်ဝတီနယ္ေျမရဲစခန္းက ေသမႈေသခင္းအရ အမႈဖြင့္ေဆာင္ရြက္ထားျပီး စံုစမ္းစစ္ေဆးေနတယ္လို႔ သိရပါတယ္။ ဒီသတင္းကို ပဲ့ကိုင္ရွင္(ေညာင္ေလးပင္) ေပးပို႔တာျဖစ္ပါတယ္။

Central News Bureau
https://www.facebook.com/skynetcnb
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ဟောင်းဘုရားကြီးအရှေ့ဘက် လှည်းလမ်းဘေးက ညောင်ပင်မှာ ဒီဇင်ဘာ(၄)ရက် ညပိုင်းက အမျိုးသမီးတစ်ဦး ဆွဲကြိုးချသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

 ဖြစ်စဉ်မှာ အမျိုးသမီးတစ်ဦးဟာ ဘုရားကြီးဝင်း အရှေ့ဘက်လှည်းလမ်းဘေးရှိ ညောင်ပင်ကိုင်းမှာ (၁၀)ပေအရှည်ခန့်ရှိ ပလပ်စတစ်ကြိုးလုံးနဲ့ ဆွဲကြိုးချသေဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။

 သေဆုံးသူဟာ ဇေယျဝတီမြို့၊ လယ်ပြင်ကြီးမြောက်ရွာနေသူ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့(၁၅)ရက်ခန့်က တစ်ရွာထဲနေ လူငယ်တစ်ဦးနဲ့ ပေါင်းသင်းနေထိုင်စဉ် ဆွေမျိုးတွေက သဘောမတူတာကြောင့် နေအိမ်ကိုပြန်လည်ခေါ်ဆောင်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးတယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

အဲဒီနောက် ဒီဇင်ဘာ(၄)ရက် မွန်းလွဲပိုင်းမှာ ပျောက်ဆုံးသွားခဲ့ရာက အခုလိုသေဆုံးနေတာကိုတွေ့ရှိ ရတာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဇေယျဝတီနယ်မြေရဲစခန်းက သေမှုသေခင်းအရ အမှုဖွင့်ဆောင်ရွက်ထားပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ပဲ့ကိုင်ရှင်(ညောင်လေးပင်) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top