AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

 ျမန္မာႏုိင္ငံ ႐ုပ္ရွင္အ စည္းအ႐ံုးမွ ထုတ္လုပ္၍ စက္မႈ အေျခခံအလႊာ သာေရးနာေရးအ သင္းမွ စီစဥ္သည့္ ‘ေတာေပါက္ ၿမိဳ႕ေပါက္’ အမည္ရဇာတ္ကား သည္ စက္မႈလက္မႈအလႊာ လုပ္ သားမ်ားအတြက္ ရန္ပံုေငြရရွိေရး႐ိုက္ကူးမည့္ ဇာတ္ကားျဖစ္၍ အႏုပညာေၾကးမယူဘဲ လက္ခံ႐ိုက္ ကူးမည္ျဖစ္ေၾကာင္း သ႐ုပ္ေဆာင္ျမင့္ျမတ္က ေျပာသည္။

‘‘႐ုပ္ရွင္ေလာကမွာဆုိ စက္ မႈအလႊာက လုပ္အားခအနည္း ဆံုး၊ အပင္ပန္းဆံုးဆုိေတာ့ တကယ္ကို ေလးစားစရာေကာင္း တဲ့ ပုဂၢိဳလ္ေတြပါ။ သူတုိ႔မွာ ကြၽန္ ေတာ္တုိ႔ ထင္ထားတာထက္ကို အခက္အခဲေတြလည္း အမ်ားႀကီး ရွိၾကပါတယ္။ အဲဒါေၾကာင့္ ဒီ ကားေလးကို႐ိုက္ၿပီး ရတဲ့ဝင္ေငြနဲ႔ ေထာက္ပံ့မႈေတြရွိမယ္။ ဒီကား ေလးက ပရဟိတကားဆုိရင္ လည္း မမွားပါဘူး။ ဒီထဲမွာ ပါဝင္ တဲ့ သ႐ုပ္ေဆာင္ေတာ္ေတာ္မ်ား မ်ား အႏုပညာေၾကးလံုးဝမယူၾက ဘူး။ ကင္မရာေတြကအစေပါ့။ ဒီကရတဲ့ဝင္ေငြကိုလည္း တကယ့္ ကို စက္မႈအလႊာအတြက္ အက်ိဳး ရွိမယ့္ အစီအစဥ္ေတြအမ်ားႀကီး လည္း ဆြဲထားတယ္။ အရမ္းကို မြန္ျမတ္တဲ့ကားပါ’’ဟု ၎က ေျပာသည္။

အဆုိပါ ဇာတ္ကားမွရရွိမည့္ ရန္ပံုေငြမ်ားကို စက္မႈလက္မႈအ လႊာအတြက္ အေထာက္အကူျဖစ္ ေစမည့္ အလုပ္႐ံုေဆြးေႏြးပြဲမ်ား၊ သာေရးနာေရးအျပင္ စက္မႈအ လႊာ မိသားစုဝင္သားသမီးမ်ား၏ ပညာေရးအတြက္ ေထာက္ပံ့မႈ မ်ား၊ ဘာသာစကားတတ္ကြၽမ္း နားလည္ေအာင္ သင္ၾကားေပး မည့္ အစီအစဥ္မ်ား၌ အသံုးျပဳ မည္ျဖစ္သည္။

‘ေတာေပါက္ၿမိဳ႕ေပါက္’ ဇာတ္ကားကုိ ဒါ႐ိုက္တာ ကိုေဇာ္ (အ႐ုဏ္ဦး)က ႐ိုက္ကူး၍ ျမင့္ျမတ္္၊ေက်ာ္ေက်ာ္ဗုိ၊ ညီထြဋ္ေခါင္၊ မင္းရာဇာ၊ ခင္လိႈင္၊ ခုိင္သင္းၾကည္၊သြန္းဆက္၊မုန္း၊ ေရႊပိုးအိမ္၊ တကၠသိုလ္ဂြမ္းပံုႏွင့္  အျခားအႏုပညာ ရွင္မ်ားစြာပါဝင္ၿပီး ဇန္နဝါရီ၅ ရက္တြင္ ေရးၿမိဳ႕၌  စတင္႐ိုက္ကူး မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
 မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးမှ ထုတ်လုပ်၍ စက်မှု အခြေခံအလွှာ သာရေးနာရေးအ သင်းမှ စီစဉ်သည့် ‘တောပေါက် မြို့ပေါက်’ အမည်ရဇာတ်ကား သည် စက်မှုလက်မှုအလွှာ လုပ် သားများအတွက် ရန်ပုံငွေရရှိရေးရိုက်ကူးမည့် ဇာတ်ကားဖြစ်၍ အနုပညာကြေးမယူဘဲ လက်ခံရိုက် ကူးမည်ဖြစ်ကြောင်း သရုပ်ဆောင်မြင့်မြတ်က ပြောသည်။

‘‘ရုပ်ရှင်လောကမှာဆို စက် မှုအလွှာက လုပ်အားခအနည်း ဆုံး၊ အပင်ပန်းဆုံးဆိုတော့ တကယ်ကို လေးစားစရာကောင်း တဲ့ ပုဂ္ဂိုလ်တွေပါ။ သူတို့မှာ ကျွန် တော်တို့ ထင်ထားတာထက်ကို အခက်အခဲတွေလည်း အများကြီး ရှိကြပါတယ်။ အဲဒါကြောင့် ဒီ ကားလေးကိုရိုက်ပြီး ရတဲ့ဝင်ငွေနဲ့ ထောက်ပံ့မှုတွေရှိမယ်။ ဒီကား လေးက ပရဟိတကားဆိုရင် လည်း မမှားပါဘူး။ ဒီထဲမှာ ပါဝင် တဲ့ သရုပ်ဆောင်တော်တော်များ များ အနုပညာကြေးလုံးဝမယူကြ ဘူး။ ကင်မရာတွေကအစပေါ့။ ဒီကရတဲ့ဝင်ငွေကိုလည်း တကယ့် ကို စက်မှုအလွှာအတွက် အကျိုး ရှိမယ့် အစီအစဉ်တွေအများကြီး လည်း ဆွဲထားတယ်။ အရမ်းကို မွန်မြတ်တဲ့ကားပါ’’ဟု ၎င်းက ပြောသည်။

အဆိုပါ ဇာတ်ကားမှရရှိမည့် ရန်ပုံငွေများကို စက်မှုလက်မှုအ လွှာအတွက် အထောက်အကူဖြစ် စေမည့် အလုပ်ရုံဆွေးနွေးပွဲများ၊ သာရေးနာရေးအပြင် စက်မှုအ လွှာ မိသားစုဝင်သားသမီးများ၏ ပညာရေးအတွက် ထောက်ပံ့မှု များ၊ ဘာသာစကားတတ်ကျွမ်း နားလည်အောင် သင်ကြားပေး မည့် အစီအစဉ်များ၌ အသုံးပြု မည်ဖြစ်သည်။

‘တောပေါက်မြို့ပေါက်’ ဇာတ်ကားကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူး၍ မြင့်မြတ်၊ကျော်ကျော်ဗို၊ ညီထွဋ်ခေါင်၊ မင်းရာဇာ၊ ခင်လှိုင်၊ ခိုင်သင်းကြည်၊သွန်းဆက်၊မုန်း၊ ရွှေပိုးအိမ်၊ တက္ကသိုလ်ဂွမ်းပုံနှင့်  အခြားအနုပညာ ရှင်များစွာပါဝင်ပြီး ဇန်နဝါရီ၅ ရက်တွင် ရေးမြို့၌  စတင်ရိုက်ကူး မည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top