မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×




Source: Sein Nan Daw

Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #
ပရိသတ်တွေအားပေးချစ်ခင်ကြတဲ့ အဆိုတော်တွေထဲမှာ ရွှေထူး တစ်ယောက်လည်း ပါဝင်ပါတယ်။ ယခုလတ်တလော လူမှုကွန်ယက်ပေါ်မှာတော့ အဆိုတော် ရွှေထူးနဲ့ ပတ်သတ်တဲ့ သတင်းတစ်ပုဒ်ဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှုမြင့်တက်လို့နေတာ တွေ့ရပါတယ်။ သတင်းလေးကတော့ ရွှေထူးတစ်ယောက် Myanmar Plaza စိန်နန်းတော်မှာ လက်စွပ်ဝယ်သွားတဲ့ သတင်းဖြစ်ပါတယ်။

စိန်နန်းတော်ရဲ့ facebook page မှာတော့ “Myanmar Plaza စိန်နန်းတော် စိန်ရွှေရတနာ ဆိုင်တွင် လာရောက်အားပေးသော ကိုရွှေထူး ကျေးဇူးအထူးတင်ရှိပါကြောင်း” ဆိုပြီး ရေးသားထားပါတယ်။ ရွှေထူးဟာ ယမင်းဦး ဆိုတဲ့ ချစ်သူကောင်မလေးရှိနေတာကို ပရိသတ်တွေလည်း သိထားကြပြီး ချစ်သူသက်တမ်းကြာမြင့်နေပြီဖြစ်တဲ့ သူတို့စုံတွဲဟာ ပရိသတ်တွေ အားကျရတဲ့ စံပြစုံတွဲတွေထဲမှာ ပါဝင်လို့နေပါတယ်။

LDRS တွေဖြစ်ကြပေမဲ့ ကြည်နူးစရာကောင်းတဲ့ သူတို့နှစ်ဦးကိုတော့ ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်းက လူအချို့ကပါ အားကျ ချစ်ခင်ကြတယ်လို့ သိရပါတယ်။ ပရိသတ်တွေကတော့ ရွှေထူးဝယ်သွားတဲ့ လက်စွပ်လေးနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ ဒီလက်စွပ်လေးကို ဘာကြောင့် ဝယ်သွားတာလည်းဆိုတဲ့ မေးခွန်းတွေကိုတွေ့နေရပြီး အချို့ကတော့ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းတော့မှာလားဆိုပြီး မေးခွန်းတွေ ထုတ်နေကြပါတယ် ပရိသတ်ကြီးရေ…..

Source: Sein Nan Daw

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top